ငလျင်လမ်းကြောင်း တစ်လျှောက် အဆောက်အအုံများပြန်မဆောက်ကြရန်သတိပေး

 1651

ပုံစာ။ ။ ပညာရှင်များ ငလျင်ကြောကို တိုင်းတာနေစဥ◌်
ပုံ။ ။ Psc Myanmar Off-road
သက်ပိုင် (NP News)မေ-၂၀
အင်အားပြင်းငလျင်ဒဏ်ခံစားခဲ့ရသော ဒေသများမှပြည်သူများအနေဖြင့် ငလျင်ဖြတ်သန်းရာ လမ်းကြောင်းတစ်လျှောက်တွင် အဆောက်အအုံ များပြန်မဆောက်ကြရန် ငလျင်ပညာရှင်များက သတိပေးပြောကြားမှုမျးရှိသည်။
မန္တလေးငလျင်လှုပ်ခတ်ခဲ့ရာ လမ်းကြောင်း တစ်လျှောက်တွင် မြစ်၊ ချောင်း၊ ရေအိုင်နှင့် လျှိုများ ရှိနေပြီး ငလျင်လှုပ်ခတ်ပြီးနောက် မြေအောက်တွင် မည်သို့ ပြောင်းလဲမှုများရှိနေသည်ကို မသိနိုင်သည့် အတွက် အဆိုပါ ဖြတ်သန်းရာလမ်းကြောင်းတစ်လျှောက်တွင် နေအိမ်များ ပြန်လည်မဆောက်သင့် ကြောင်း မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းအဖွဲ့ဝင် ပါမောက္ခဒေါက်တာစန္ဒီချစ်ကိုက ပြောသည်။
“ငလျင်ကြောင့် ပျက်စီးသွားတဲ့ အဆောက်အအုံတွေကို ငလျင်ကြောဖြတ်သွားတဲ့ လမ်းကြောင်း ပေါ်မှာ ခွမဆောက်ကြဖို့လိုပါတယ်။ ဘာလို့လဲဆိုတော့ စစ်ကိုင်းပြတ်ရွေ့က ငလျင် မလှုပ်တာတောင် (၁)နှစ်ကို (၂) စင်တီမီတာလောက် ရွေ့တယ်ဆိုပြီး စာတမ်းတွေမှာ ဖော်ပြထားပါတယ်။ ဒါကြောင့် ဒီ လှုပ်သွားတဲ့ ငလျင်လမ်းကြောင်းကိုတော့ မဖြစ်မနေရှောင်ဖို့အတွက် အကြံပြုတာပါ” ဟု ၎င်းက ဆိုသည်။
ငလျင်ပြတ်ရွေ့ပေါ်တွင် နေထိုင်ခြင်းထက် မနေထိုင်ခြင်းက ပိုမိုကောင်းမွန်ကြောင်းနှင့် အကယ် ၍ မဖြစ်မနေ ပြန်လည်နေထိုင်မည်ဆိုပါက အဆောက်အအုံများကို ငလျင်ဒဏ်ခံနိုင်သည့် အဆောက် အအုံအဖြစ် တည်ဆောက်ရမည်ဖြစ်ကြောင်း မြေငလျင်ပညာရှင်တစ်ဦးက ပြောသည်။
“ငလျင်က လူကိုသတ်တာမဟုတ်ဘူး၊ အဆောက်အအုံက လူကိုသတ်တာဆိုတဲ့ အဆိုတစ်ခု လည်း ရှိပါတယ်။ ဒါကြောင့် ငလျင်ကြောပေါ်မှာ မဆောက်တာတော့ အကောင်းဆုံးပေါ့။ ဒါပေမဲ့ မဖြစ် မနေဆောက်ရတော့မယ်ဆိုရင်တော့ ငလျင် ဒဏ်ခံနိုင်အောင်နဲ့ ငလျင်ဖြစ်လာရင် ဘယ်လို ရင်ဆိုင်မယ် ဆိုတာတွေကိုပါ ကြိုတင်စီစဉ်ထားဖိ့လိုပါလိမ့်မယ်” ဟု ၎င်းကပြောသည်။
မန္တလေးငလျင်ကြောင့် ကမ္ဘာပေါ်တွင် အရှည်ဆုံးပြတ်ရွေ့ကြောင်းတစ်ခု ဖြစ်ပေါ်ခဲ့ပြီး အဆိုပါ ပြတ်ရွေ့ကြောမှာ ကီမီတာ (၄၆၀) အထိ ရှည် လျားကာ ရွှေဘိုဘက်မှစတင်ကာ ပျော်ဘွယ်၊ ရမည်း သင်း၊ နေပြည်တော်ကိုဖြတ်၍ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဘူမိသိပ္ပံအသင်း၏ အင်အား ပြင်း ငလျင်ကြီးလှုပ်ခတ်ပြီးနောက်ပိုင်း ဘူမိသိပ္ပံဆိုင်ရာ ကနဦးလေ့လာတွေ့ရှိချက်များအရ သိရသည်။

Zawgyi Version:
ငလ်င္လမ္းေၾကာင္း တစ္ေလွ်ာက္ အေဆာက္အအုံမ်ားျပန္မေဆာက္ၾကရန္သတိေပး
သက္ပိုင္ (NP News)ေမ-၂၀
အင္အားျပင္းငလ်င္ဒဏ္ခံစားခဲ့ရေသာ ေဒသမ်ားမွျပည္သူမ်ားအေနျဖင့္ ငလ်င္ျဖတ္သန္းရာ လမ္းေၾကာင္းတစ္ေလွ်ာက္တြင္ အေဆာက္အအုံ မ်ားျပန္မေဆာက္ၾကရန္ ငလ်င္ပညာရွင္မ်ားက သတိေပးေျပာၾကားမႈမ်းရွိသည္။
မႏၲေလးငလ်င္လႈပ္ခတ္ခဲ့ရာ လမ္းေၾကာင္း တစ္ေလွ်ာက္တြင္ ျမစ္၊ ေခ်ာင္း၊ ေရအိုင္ႏွင့္ လွ်ိဳမ်ား ရွိေနၿပီး ငလ်င္လႈပ္ခတ္ၿပီးေနာက္ ေျမေအာက္တြင္ မည္သို႔ ေျပာင္းလဲမႈမ်ားရွိေနသည္ကို မသိႏိုင္သည့္ အတြက္ အဆိုပါ ျဖတ္သန္းရာလမ္းေၾကာင္းတစ္ေလွ်ာက္တြင္ ေနအိမ္မ်ား ျပန္လည္မေဆာက္သင့္ ေၾကာင္း ျမန္မာႏိုင္ငံ ဘူမိသိပၸံအသင္းအဖြဲ႕ဝင္ ပါေမာကၡေဒါက္တာစႏၵီခ်စ္ကိုက ေျပာသည္။
“ငလ်င္ေၾကာင့္ ပ်က္စီးသြားတဲ့ အေဆာက္အအုံေတြကို ငလ်င္ေၾကာျဖတ္သြားတဲ့ လမ္းေၾကာင္း ေပၚမွာ ခြမေဆာက္ၾကဖို႔လိုပါတယ္။ ဘာလို႔လဲဆိုေတာ့ စစ္ကိုင္းျပတ္ေ႐ြ႕က ငလ်င္ မလႈပ္တာေတာင္ (၁)ႏွစ္ကို (၂) စင္တီမီတာေလာက္ ေ႐ြ႕တယ္ဆိုၿပီး စာတမ္းေတြမွာ ေဖာ္ျပထားပါတယ္။ ဒါေၾကာင့္ ဒီ လႈပ္သြားတဲ့ ငလ်င္လမ္းေၾကာင္းကိုေတာ့ မျဖစ္မေနေရွာင္ဖို႔အတြက္ အႀကံျပဳတာပါ” ဟု ၎က ဆိုသည္။
ငလ်င္ျပတ္ေ႐ြ႕ေပၚတြင္ ေနထိုင္ျခင္းထက္ မေနထိုင္ျခင္းက ပိုမိုေကာင္းမြန္ေၾကာင္းႏွင့္ အကယ္ ၍ မျဖစ္မေန ျပန္လည္ေနထိုင္မည္ဆိုပါက အေဆာက္အအုံမ်ားကို ငလ်င္ဒဏ္ခံႏိုင္သည့္ အေဆာက္ အအုံအျဖစ္ တည္ေဆာက္ရမည္ျဖစ္ေၾကာင္း ေျမငလ်င္ပညာရွင္တစ္ဦးက ေျပာသည္။
“ငလ်င္က လူကိုသတ္တာမဟုတ္ဘူး၊ အေဆာက္အအုံက လူကိုသတ္တာဆိုတဲ့ အဆိုတစ္ခု လည္း ရွိပါတယ္။ ဒါေၾကာင့္ ငလ်င္ေၾကာေပၚမွာ မေဆာက္တာေတာ့ အေကာင္းဆုံးေပါ့။ ဒါေပမဲ့ မျဖစ္ မေနေဆာက္ရေတာ့မယ္ဆိုရင္ေတာ့ ငလ်င္ ဒဏ္ခံႏိုင္ေအာင္နဲ႔ ငလ်င္ျဖစ္လာရင္ ဘယ္လို ရင္ဆိုင္မယ္ ဆိုတာေတြကိုပါ ႀကိဳတင္စီစဥ္ထားဖိ့လိုပါလိမ့္မယ္” ဟု ၎ကေျပာသည္။
မႏၲေလးငလ်င္ေၾကာင့္ ကမာၻေပၚတြင္ အရွည္ဆုံးျပတ္ေ႐ြ႕ေၾကာင္းတစ္ခု ျဖစ္ေပၚခဲ့ၿပီး အဆိုပါ ျပတ္ေ႐ြ႕ေၾကာမွာ ကီမီတာ (၄၆၀) အထိ ရွည္ လ်ားကာ ေ႐ႊဘိုဘက္မွစတင္ကာ ေပ်ာ္ဘြယ္၊ ရမည္း သင္း၊ ေနျပည္ေတာ္ကိုျဖတ္၍ ျဖစ္ေပၚလာခဲ့ျခင္းျဖစ္ေၾကာင္း ျမန္မာႏိုင္ငံဘူမိသိပၸံအသင္း၏ အင္အား ျပင္း ငလ်င္ႀကီးလႈပ္ခတ္ၿပီးေနာက္ပိုင္း ဘူမိသိပၸံဆိုင္ရာ ကနဦးေလ့လာေတြ႕ရွိခ်က္မ်ားအရ သိရသည္။

Related news

© 2021. All rights reserved.