ကား မူဝါဒ မတည်ငြိမ်ခြင်းကြောင့် EV SKD များ လာမည့် (၂) နှစ် အကြာတွင် အပြီးသတ် ရပ်နား သွားနိုင်ဟုဆို

1997

သန့်ဇင် (NP News)မေ-၂၁
EV နှင့် ဆီကား မူဝါဒ မတည်ငြိမ်ခြင်းကြောင့် EV SKD များအရောင်းနှေးကာ လာမည့် နှစ်နှစ် အကြာတွင် အပြီးသတ်ရပ်နားသွားနိုင်ကြောင်း ကားလောကအသိုင်းအဝိုင်းက NP News သို့ သုံးသပ် ပြောဆိုထားသည်။
Pilot Project အဖြစ်လုပ်ဆောင်ခဲ့သည့် နှစ်နှစ်ကျော်ကာလအတွင်း လက်ရှိအချိန်အထိ ပြည်ပမှ EV ကားအစီးလိုက် တင်သွင်းခြင်း (CBU) ကုမ္ပဏီ (၈၀)ကျော်ရှိပြီး တစ်စိတ်တစ်ပိုင်း တပ်ဆင်ထုတ်လုပ် မှု (SKD) ကုမ္ပဏီမှာ (၄) ခုခန့်သာရှိ ကြောင်း သိရသည်။ သို့သော် Pilot Project ထပ်မံ သတ်တမ်းတိုး ခြင်းကြောင့် EV SKD ကုမ္ပဏီများအနေဖြင့် ကားအစီးရေ တင်သွင်းခွင့်များစွာရရှိထားသော (CBU) ကုမ္ပဏီများ၏ EV ကားများ ဈေးကွက်အတွင်း မြန်ဆန်စွာရရှိရောင်းချနေရခြင်းကြောင့် ရင်းနှီးမြုပ်နှံမှု များစွာလုပ်ထားရသည့် EV SKD ကုမ္ပဏီများမှာ အခက်ခဲတွေ့နေကြောင်း အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။
“ပေါ်လစီကတော့ (၂၀၂၄)ခုနှစ်ကစပြီး SKD ကိုစပြောင်းတယ်။ CBU တွေကို ဦးစားမပေးတော့ ဘူး။ လျှော့မယ်။ ဒါက ဟိုးအရင် Pilot Project စတည်းက ကြေညာခဲ့သလိုမျိုး လုပ်ထားခဲ့တာပေါ့နော်။ သို့သော်ငြားလည်း အခု (၂၀၂၅) ထဲရောက်သွားတော့ Pilot Projectကို နောက်တစ်နှစ် သတ်တမ်းတိုးပါ တယ်ဆိုပြီး ကြေညာလိုက်တယ်။ ကြေညာလိုက်တော့ တချို့သူတွေအားလုံးက SKD သွားရမယ်ဆိုပြီး တော့ SKD ကိုဦးတည်ပြီးသွားနေတဲ့သူတွေ ရှိတယ်ပေါ့နော်။ အခုကျွန်တော်တို့က ဘယ်လိုဖြစ်သွားလဲ ဆိုတော့ CBU သွင်းလည်းဒါပဲ။ SKD သွင်းလည်းဒါပဲ။ CBU သွင်းတဲ့သူက အရေအတွက် နည်းနည်းသွင်း ပေါ့။ နည်းနည်းသွင်းပြီးတော့ Investment လည်းမရှိဘူး။ အဲဒီလိုပုံစံမျိုးနဲ့ သွား နေကြတာ။ SKD သမား တွေကကျတော့ စက်ရုံကြီးတွေရင်း၊ ပစ္စည်းတွေဝယ်။ နောက်ပြီး အော်ဒါတင် အစီး (၃၀ဝ) (၄၀ဝ) နဲ့ သွားလိုက်တဲ့ အချိန်မှာ Pilot Project က နောက်တစ်နှစ် သတ်တမ်းတိုးတော့ SKD သမားတွေက အကုန်ပက်လက်လေး တွေဖြစ်သွားတာပေါ့” ဟု ၎င်းကပြောသည်။ ထို့ပြင် EV ပေါ်လစီအရ အခွန်အခ အနေဖြင့်လည်း EV SKD ကုမ္ပဏီများနှင့် EV CBU ကုမ္ပဏီများ တန်းတူ အခွင့် အရေးရရှိနေခြင်းက ရင်းနှီးမြှုပ်နှံမှုများစွာ လုပ်ဆောင်ထားရသည့် EV SKD များအတွက် များစွာနစ်ရကြောင်းလည်း ၎င်းက ဆိုသည်။ “ EV CBU သွင်းတဲ့သူကလည်း ဒီဈေးပဲ။ ဒီအခွန်ပဲ။ SKD ကို လုပ်တဲ့သူကလည်း ဒီအခွန်ပဲ ဆို တော့ အဲဒီလိုဆိုတော့ SKD ကား လုပ်မိတဲ့သူတွေက မှားသယောင် ယောင်တွေ ဖြစ်ကုန်တာပေါ့။ နောက်ပြီး Polit Project ကိုလည်း သက်တမ်း မတိုးတင်နိုင်တော့ဘူး။ ပြီးသွားပြီ အခွန်ကောက် စရာရှိ တာကော။ အနည်ဆုံးတော့ EV SKD ကို ရန်ကုန်လိုင်စင်ရှိတဲ့ EV တွေ လမ်း တံတားကြေးပေး စရာမလို ဘူး။ အဲဒီလို တစ်ခုခုလေးလုပ်ပေးရင်တောင် လူတွေကနည်းနည်းလေး စိတ်သက်သာတာပေါ့။ အခုက CBU သွင်းတဲ့သူလည်း ကုမ္ပဏီလည်း အခွန်ပေးစရာမလိုဘူး။ SKD လုပ်တဲ့သူလည်း အခွန်ပေးစရာ မလိုဘူးဆိုတော့ ဘာမှလည်းမထူးတော့ဘူးလေ” ဟု ၎င်းက ဆက်ပြော သည်။ အဆိုပါ ကိစ္စရပ်များ သည် ပေါ်လစီ မတည်ငြိမ်ခြင်းကြောင့်ထွက်ပေါ်လာသည့်ဘေးထွက်ဆိုးကျိုး များဖြစ်ပြီး လက်ရှိ အခြေနေအတိုင်း ဆက်လက်ရပ်တည်သွားပါက EV SKD ကုမ္ပဏီများသည် နောင် နှစ်နှစ်အကြာအထိ ပင် ရပ်တည်နိုင်တော့မည်မထင်ကြောင်း ကား အသိုင်းအဝိုင်း သတင်းရင်းမြစ်က သုံးသပ်ပြော ဆိုထားသည်။
“ပေါ်လစီက မတည်ငြိမ်ဘူး။ ပြောရင်ပြောတဲ့အတိုင်းလည်း မလုပ်ဘူးလေ။ SKD ထုတ်တဲ့ သူတွေက ဒီအချိန်မှာ စက်ရုံတစ်ရုံဆောက်ဖို့ဆို တော်ရုံတန်ရုံဘယ်လိုဆောက်နိုင်မှာတုံး BYD တွေ ဘာတွေပဲ စက်ရုံဆောက်ဦး။ စက်ရုံဆောက်ခတင်ပဲ ဒေါ်လာ(၄)(၅) သန်းကုန်တယ်။ မကုန်ဘူးဆိုတာ တောင် အခုလက်ရှိဆောက်လုပ်ရေး ကုန်ကျစရိတ်နဲ့ သိန်း(၈)သောင်းသိန်း (၁) သိန်း ကုန်တယ်။ အဲဒီမှ စက်ရုံကြီးဆောက်ပြီးကာမှ ကားမရောက်သေးဘူး။ ကား part တွေထပ်ဝယ်ရဦးမှာ။ ဝယ်ပြီးတော့မှ အဲဒီ ကား ကို ထုတ်ပြီးမှရောင်းရမယ်ဆိုတော့ အကုန်အကြပ်ရိုက်နေတာပေါ့။ ပေါ်လစီမငြိမ် တာပေါ့”ဟု ၎င်း ကဆိုသည်။ လက်ရှိ ကား ဈေးကွက်အတွင်း ကျပ် သိန်း (၃၀ဝ)နှင့် (၁၅၀ဝ) ကြားကားများ အရောင်း အဝယ် ပုံမှန်ဖြစ်နေပြီး ဆီကား SKD များမှာ အရောင်းရ ဆုံးအဖြစ် နံပါတ် (၁) နေတွင်ရပ်တည်နေပြီး ပြည်ပမှအလုံးလိုက် တင်သွင်းသည့် EV CBU မှာ နံပါတ် (၂)နှင့် ပြည်တွင်းတွင် တစ်စိတ်တစ်ပိုင်းတပ် ဆင်သည့် EV SKD ကားများမှာ နံပါတ် (၃) နေရာတွင်သာ ရပ်တည်နေရကြောင်း သိရသည်။

Zawgyi Version:
ကား မူဝါဒ မတည္ၿငိမ္ျခင္းေၾကာင့္ EV SKD မ်ား လာမည့္ (၂) ႏွစ္ အၾကာတြင္ အၿပီးသတ္ ရပ္နား သြားႏိုင္ဟုဆို
သန႔္ဇင္ (NP News)ေမ-၂၁
EV ႏွင့္ ဆီကား မူဝါဒ မတည္ၿငိမ္ျခင္းေၾကာင့္ EV SKD မ်ားအေရာင္းေႏွးကာ လာမည့္ ႏွစ္ႏွစ္ အၾကာတြင္ အၿပီးသတ္ရပ္နားသြားႏိုင္ေၾကာင္း ကားေလာကအသိုင္းအဝိုင္းက NP News သို႔ သုံးသပ္ ေျပာဆိုထားသည္။
Pilot Project အျဖစ္လုပ္ေဆာင္ခဲ့သည့္ ႏွစ္ႏွစ္ေက်ာ္ကာလအတြင္း လက္ရွိအခ်ိန္အထိ ျပည္ပမွ EV ကားအစီးလိုက္ တင္သြင္းျခင္း (CBU) ကုမၸဏီ (၈၀)ေက်ာ္ရွိၿပီး တစ္စိတ္တစ္ပိုင္း တပ္ဆင္ထုတ္လုပ္ မႈ (SKD) ကုမၸဏီမွာ (၄) ခုခန႔္သာရွိ ေၾကာင္း သိရသည္။ သို႔ေသာ္ Pilot Project ထပ္မံ သတ္တမ္းတိုး ျခင္းေၾကာင့္ EV SKD ကုမၸဏီမ်ားအေနျဖင့္ ကားအစီးေရ တင္သြင္းခြင့္မ်ားစြာရရွိထားေသာ (CBU) ကုမၸဏီမ်ား၏ EV ကားမ်ား ေဈးကြက္အတြင္း ျမန္ဆန္စြာရရွိေရာင္းခ်ေနရျခင္းေၾကာင့္ ရင္းႏွီးျမဳပ္ႏွံမႈ မ်ားစြာလုပ္ထားရသည့္ EV SKD ကုမၸဏီမ်ားမွာ အခက္ခဲေတြ႕ေနေၾကာင္း အထက္ပါ သတင္းရင္းျမစ္က ဆိုသည္။
“ေပၚလစီကေတာ့ (၂၀၂၄)ခုႏွစ္ကစၿပီး SKD ကိုစေျပာင္းတယ္။ CBU ေတြကို ဦးစားမေပးေတာ့ ဘူး။ ေလွ်ာ့မယ္။ ဒါက ဟိုးအရင္ Pilot Project စတည္းက ေၾကညာခဲ့သလိုမ်ိဳး လုပ္ထားခဲ့တာေပါ့ေနာ္။ သို႔ေသာ္ျငားလည္း အခု (၂၀၂၅) ထဲေရာက္သြားေတာ့ Pilot Projectကို ေနာက္တစ္ႏွစ္ သတ္တမ္းတိုးပါ တယ္ဆိုၿပီး ေၾကညာလိုက္တယ္။ ေၾကညာလိုက္ေတာ့ တခ်ိဳ႕သူေတြအားလုံးက SKD သြားရမယ္ဆိုၿပီး ေတာ့ SKD ကိုဦးတည္ၿပီးသြားေနတဲ့သူေတြ ရွိတယ္ေပါ့ေနာ္။ အခုကြၽန္ေတာ္တို႔က ဘယ္လိုျဖစ္သြားလဲ ဆိုေတာ့ CBU သြင္းလည္းဒါပဲ။ SKD သြင္းလည္းဒါပဲ။ CBU သြင္းတဲ့သူက အေရအတြက္ နည္းနည္းသြင္း ေပါ့။ နည္းနည္းသြင္းၿပီးေတာ့ Investment လည္းမရွိဘူး။ အဲဒီလိုပုံစံမ်ိဳးနဲ႔ သြား ေနၾကတာ။ SKD သမား ေတြကက်ေတာ့ စက္႐ုံႀကီးေတြရင္း၊ ပစၥည္းေတြဝယ္။ ေနာက္ၿပီး ေအာ္ဒါတင္ အစီး (၃၀ဝ) (၄၀ဝ) နဲ႔ သြားလိုက္တဲ့ အခ်ိန္မွာ Pilot Project က ေနာက္တစ္ႏွစ္ သတ္တမ္းတိုးေတာ့ SKD သမားေတြက အကုန္ပက္လက္ေလး ေတြျဖစ္သြားတာေပါ့” ဟု ၎ကေျပာသည္။ ထို႔ျပင္ EV ေပၚလစီအရ အခြန္အခ အေနျဖင့္လည္း EV SKD ကုမၸဏီမ်ားႏွင့္ EV CBU ကုမၸဏီမ်ား တန္းတူ အခြင့္ အေရးရရွိေနျခင္းက ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားစြာ လုပ္ေဆာင္ထားရသည့္ EV SKD မ်ားအတြက္ မ်ားစြာနစ္ရေၾကာင္းလည္း ၎က ဆိုသည္။ “ EV CBU သြင္းတဲ့သူကလည္း ဒီေဈးပဲ။ ဒီအခြန္ပဲ။ SKD ကို လုပ္တဲ့သူကလည္း ဒီအခြန္ပဲ ဆို ေတာ့ အဲဒီလိုဆိုေတာ့ SKD ကား လုပ္မိတဲ့သူေတြက မွားသေယာင္ ေယာင္ေတြ ျဖစ္ကုန္တာေပါ့။ ေနာက္ၿပီး Polit Project ကိုလည္း သက္တမ္း မတိုးတင္ႏိုင္ေတာ့ဘူး။ ၿပီးသြားၿပီ အခြန္ေကာက္ စရာရွိ တာေကာ။ အနည္ဆုံးေတာ့ EV SKD ကို ရန္ကုန္လိုင္စင္ရွိတဲ့ EV ေတြ လမ္း တံတားေၾကးေပး စရာမလို ဘူး။ အဲဒီလို တစ္ခုခုေလးလုပ္ေပးရင္ေတာင္ လူေတြကနည္းနည္းေလး စိတ္သက္သာတာေပါ့။ အခုက CBU သြင္းတဲ့သူလည္း ကုမၸဏီလည္း အခြန္ေပးစရာမလိုဘူး။ SKD လုပ္တဲ့သူလည္း အခြန္ေပးစရာ မလိုဘူးဆိုေတာ့ ဘာမွလည္းမထူးေတာ့ဘူးေလ” ဟု ၎က ဆက္ေျပာ သည္။ အဆိုပါ ကိစၥရပ္မ်ား သည္ ေပၚလစီ မတည္ၿငိမ္ျခင္းေၾကာင့္ထြက္ေပၚလာသည့္ေဘးထြက္ဆိုးက်ိဳး မ်ားျဖစ္ၿပီး လက္ရွိ အေျခေနအတိုင္း ဆက္လက္ရပ္တည္သြားပါက EV SKD ကုမၸဏီမ်ားသည္ ေနာင္ ႏွစ္ႏွစ္အၾကာအထိ ပင္ ရပ္တည္ႏိုင္ေတာ့မည္မထင္ေၾကာင္း ကား အသိုင္းအဝိုင္း သတင္းရင္းျမစ္က သုံးသပ္ေျပာ ဆိုထားသည္။
“ေပၚလစီက မတည္ၿငိမ္ဘူး။ ေျပာရင္ေျပာတဲ့အတိုင္းလည္း မလုပ္ဘူးေလ။ SKD ထုတ္တဲ့ သူေတြက ဒီအခ်ိန္မွာ စက္႐ုံတစ္႐ုံေဆာက္ဖို႔ဆို ေတာ္႐ုံတန္႐ုံဘယ္လိုေဆာက္ႏိုင္မွာတုံး BYD ေတြ ဘာေတြပဲ စက္႐ုံေဆာက္ဦး။ စက္႐ုံေဆာက္ခတင္ပဲ ေဒၚလာ(၄)(၅) သန္းကုန္တယ္။ မကုန္ဘူးဆိုတာ ေတာင္ အခုလက္ရွိေဆာက္လုပ္ေရး ကုန္က်စရိတ္နဲ႔ သိန္း(၈)ေသာင္းသိန္း (၁) သိန္း ကုန္တယ္။ အဲဒီမွ စက္႐ုံႀကီးေဆာက္ၿပီးကာမွ ကားမေရာက္ေသးဘူး။ ကား part ေတြထပ္ဝယ္ရဦးမွာ။ ဝယ္ၿပီးေတာ့မွ အဲဒီ ကား ကို ထုတ္ၿပီးမွေရာင္းရမယ္ဆိုေတာ့ အကုန္အၾကပ္႐ိုက္ေနတာေပါ့။ ေပၚလစီမၿငိမ္ တာေပါ့”ဟု ၎ ကဆိုသည္။ လက္ရွိ ကား ေဈးကြက္အတြင္း က်ပ္ သိန္း (၃၀ဝ)ႏွင့္ (၁၅၀ဝ) ၾကားကားမ်ား အေရာင္း အဝယ္ ပုံမွန္ျဖစ္ေနၿပီး ဆီကား SKD မ်ားမွာ အေရာင္းရ ဆုံးအျဖစ္ နံပါတ္ (၁) ေနတြင္ရပ္တည္ေနၿပီး ျပည္ပမွအလုံးလိုက္ တင္သြင္းသည့္ EV CBU မွာ နံပါတ္ (၂)ႏွင့္ ျပည္တြင္းတြင္ တစ္စိတ္တစ္ပိုင္းတပ္ ဆင္သည့္ EV SKD ကားမ်ားမွာ နံပါတ္ (၃) ေနရာတြင္သာ ရပ္တည္ေနရေၾကာင္း သိရသည္။