ငလျင်ကြောင့် ကြန့်ကြာခဲ့သည့် ပထမဆုံး ဖွဲနုဆီစက်ကို ဒီဇင်ဘာတွင် အပြီးတည်မည်

 322

စော (NP News)မေ-၂၁
မြန်မာ့ပထမဆုံး ဖွဲနုဆီစက်ရုံတည်ဆောက် ခြင်းလုပ်ငန်းစဉ်မှာ ငလျင်ကြောင့် ကြန့်ကြာခဲ့သော် လည်း ဒီဇင်ဘာလအတွင်း အပြီးလုပ်ရန် ရည်မှန်း ထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က NP News ကို ပြောသည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ဦးဆောင်မှုဖြင့် ပြီးခဲ့သည့် (၂၀၂၄) ခုနှစ် ဖေဖော်ဝါရီတွင် နေပြည်တော် ပျဉ်းမနားမြို့နယ်ရှိ MAPCO ဆန်စက်ဝန်း၌ မြန်မာနိုင်ငံ၏ ပထမဆုံး ဖွဲနုဆီကြမ်း နှင့် ဆီချောပါဝင်သည့်စက်ရုံကို စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။
“သုံးထပ်အဆောက်အအုံဆို အကုန်ဖြိုချ ရမှာ။ ဖွဲနုဆီစက်က ပေါက်ကွဲနိုင်တဲ့ပစ္စည်းပါတယ်။ ပေါက်ကွဲနိုင်တဲ့ပစ္စည်းပါ‌တော့ ပြန်မွမ်းမံတာထက် စာရင် အသစ်ပြန်ဆောက်လိုက်တာ စိတ်ချရတယ် ပေါ့။ ကော်လံတိုင်တွေ အကုန်ပြန်ဖျက်ရမှာ။ လတ်တလောကတော့ ဘိလပ်မြေအခက်အခဲရှိတယ်။ ကိုယ်တွေက ဘိလပ်မြေအများကြီးသုံးမှာဆိုတော့”ဟု ဦးရဲမင်းအောင်က ပြောသည်။
လက်ရှိတွင် အိန္ဒိယအင်ဂျင်နီယာများဖြင့် တည်ဆောက်ရေးလုပ်ငန်းများကို မရပ်ဘဲ ဆက်လက် လုပ်ဆောင်လျက်ရှိပြီး ဘိလပ်မြေအသုံးပြုရန် မလိုသည့် လုပ်ငန်းများကိုလည်း လုပ်ဆောင်လျက်ရှိ ကြောင်း သိရသည်။ “ပထမတော့ ကိုယ်တို့ Target က စက်တင်တာ၊ အောက်တိုဘာမှာဖွင့်မယ့် Target ပဲ။ အခုကတော့ စက်တင်တာ၊ အောက်တိုဘာ ဘယ်လိုမှ မဖွင့်နိုင်ဘူး။ ကံကောင်းရင်တော့ ဒီဇင်ဘာ ပေါ့။ နည်းနည်းနောက်ကျမယ်ဆိုရင်တော့ နောက်နှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီ ကူးသွားလိမ့်မယ်။ Timeline က သုံးလကနေ လေးလလောက် နောက်ကျသွားနိုင်တာပေါ့။ ဒါလည်း Construction Material တွေ ရဲ့အခြေအနေပေါ်မှာလည်း မူတည်တာပေါ့ ”ဟု ၎င်းကဆက်လက်ပြောသည်။
လက်ရှိတွင် ဖွဲနုစက်ရုံတည်ဆောက်ခြင်းလုပ်ငန်း (၆၀) ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်ကြောင်း ၎င်းကဆိုသည်။ အဆိုပါ ဖွဲနုဆီကြမ်းနှင့် ဆီချောပါ ဝင်သည့် စက်ရုံသည် တစ်နှစ်လျှင် ဆီကြမ်းတန်ချိန် (၉၀ဝဝ) နှင့် ဆီချောတန်ချိန် (၆၃၀ဝ) စုစုပေါင်း တန်ချိန် (၁၅၃၀ဝ) ခန့်ကို ထုတ်လုပ်နိုင်မည်ဖြစ်ပြီး နေပြည်တော်အပါအဝင် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း နှင့် ပဲခူးတိုင်းတို့တွင် စက်ရုံပေါင်း (၁၀) ရုံ တည် ဆောက်သွားရန် စီစဉ်ထားကြောင်း သိရသည်။
အဆိုပါစက်ရုံများမှထွက်ရှိလာသည့် ဆီများကို ပြည်တွင်းဈေးကွက်တွင် ရောင်းချသွားမည် ဖြစ် ပြီး ပိုလျှံပါက အဓိကကအားဖြင့် ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံနှင့် ဥရောပနိုင်ငံများသို့ တင်ပို့သွားမည်ဖြစ် ကြောင်း သိရသည်။

Zawgyi Version:
ငလ်င္ေၾကာင့္ ၾကန႔္ၾကာခဲ့သည့္ ပထမဆုံး ဖြဲႏုဆီစက္ကို ဒီဇင္ဘာတြင္ အၿပီးတည္မည္
ေစာ (NP News)ေမ-၂၁
ျမန္မာ့ပထမဆုံး ဖြဲႏုဆီစက္႐ုံတည္ေဆာက္ ျခင္းလုပ္ငန္းစဥ္မွာ ငလ်င္ေၾကာင့္ ၾကန႔္ၾကာခဲ့ေသာ္ လည္း ဒီဇင္ဘာလအတြင္း အၿပီးလုပ္ရန္ ရည္မွန္း ထားေၾကာင္း ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္ ဥကၠ႒ ဦးရဲမင္းေအာင္က NP News ကို ေျပာသည္။
ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္၏ ဦးေဆာင္မႈျဖင့္ ၿပီးခဲ့သည့္ (၂၀၂၄) ခုႏွစ္ ေဖေဖာ္ဝါရီတြင္ ေနျပည္ေတာ္ ပ်ဥ္းမနားၿမိဳ႕နယ္ရွိ MAPCO ဆန္စက္ဝန္း၌ ျမန္မာႏိုင္ငံ၏ ပထမဆုံး ဖြဲႏုဆီၾကမ္း ႏွင့္ ဆီေခ်ာပါဝင္သည့္စက္႐ုံကို စတင္အေကာင္အထည္ေဖာ္ခဲ့ျခင္းျဖစ္သည္။
“သုံးထပ္အေဆာက္အအုံဆို အကုန္ၿဖိဳခ် ရမွာ။ ဖြဲႏုဆီစက္က ေပါက္ကြဲႏိုင္တဲ့ပစၥည္းပါတယ္။ ေပါက္ကြဲႏိုင္တဲ့ပစၥည္းပါ‌ေတာ့ ျပန္မြမ္းမံတာထက္ စာရင္ အသစ္ျပန္ေဆာက္လိုက္တာ စိတ္ခ်ရတယ္ ေပါ့။ ေကာ္လံတိုင္ေတြ အကုန္ျပန္ဖ်က္ရမွာ။ လတ္တေလာကေတာ့ ဘိလပ္ေျမအခက္အခဲရွိတယ္။ ကိုယ္ေတြက ဘိလပ္ေျမအမ်ားႀကီးသုံးမွာဆိုေတာ့”ဟု ဦးရဲမင္းေအာင္က ေျပာသည္။
လက္ရွိတြင္ အိႏၵိယအင္ဂ်င္နီယာမ်ားျဖင့္ တည္ေဆာက္ေရးလုပ္ငန္းမ်ားကို မရပ္ဘဲ ဆက္လက္ လုပ္ေဆာင္လ်က္ရွိၿပီး ဘိလပ္ေျမအသုံးျပဳရန္ မလိုသည့္ လုပ္ငန္းမ်ားကိုလည္း လုပ္ေဆာင္လ်က္ရွိ ေၾကာင္း သိရသည္။ “ပထမေတာ့ ကိုယ္တို႔ Target က စက္တင္တာ၊ ေအာက္တိုဘာမွာဖြင့္မယ့္ Target ပဲ။ အခုကေတာ့ စက္တင္တာ၊ ေအာက္တိုဘာ ဘယ္လိုမွ မဖြင့္ႏိုင္ဘူး။ ကံေကာင္းရင္ေတာ့ ဒီဇင္ဘာ ေပါ့။ နည္းနည္းေနာက္က်မယ္ဆိုရင္ေတာ့ ေနာက္ႏွစ္ ဇန္နဝါရီ၊ ေဖေဖာ္ဝါရီ ကူးသြားလိမ့္မယ္။ Timeline က သုံးလကေန ေလးလေလာက္ ေနာက္က်သြားႏိုင္တာေပါ့။ ဒါလည္း Construction Material ေတြ ရဲ႕အေျခအေနေပၚမွာလည္း မူတည္တာေပါ့ ”ဟု ၎ကဆက္လက္ေျပာသည္။
လက္ရွိတြင္ ဖြဲႏုစက္႐ုံတည္ေဆာက္ျခင္းလုပ္ငန္း (၆၀) ရာခိုင္ႏႈန္းအထိ ၿပီးစီးေနၿပီျဖစ္ေၾကာင္း ၎ကဆိုသည္။ အဆိုပါ ဖြဲႏုဆီၾကမ္းႏွင့္ ဆီေခ်ာပါ ဝင္သည့္ စက္႐ုံသည္ တစ္ႏွစ္လွ်င္ ဆီၾကမ္းတန္ခ်ိန္ (၉၀ဝဝ) ႏွင့္ ဆီေခ်ာတန္ခ်ိန္ (၆၃၀ဝ) စုစုေပါင္း တန္ခ်ိန္ (၁၅၃၀ဝ) ခန႔္ကို ထုတ္လုပ္ႏိုင္မည္ျဖစ္ၿပီး ေနျပည္ေတာ္အပါအဝင္ ဧရာဝတီတိုင္း၊ ရန္ကုန္တိုင္း ႏွင့္ ပဲခူးတိုင္းတို႔တြင္ စက္႐ုံေပါင္း (၁၀) ႐ုံ တည္ ေဆာက္သြားရန္ စီစဥ္ထားေၾကာင္း သိရသည္။
အဆိုပါစက္႐ုံမ်ားမွထြက္ရွိလာသည့္ ဆီမ်ားကို ျပည္တြင္းေဈးကြက္တြင္ ေရာင္းခ်သြားမည္ ျဖစ္ ၿပီး ပိုလွ်ံပါက အဓိကကအားျဖင့္ ဂ်ပန္ႏိုင္ငံ၊ ကိုရီးယားႏိုင္ငံႏွင့္ ဥေရာပႏိုင္ငံမ်ားသို႔ တင္ပို႔သြားမည္ျဖစ္ ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.