ပျက်စီးမှုနည်းသော ရှေးဟောင်းအဆောက်အအုံများကို ပြန်လည်ပြုပြင်လိုပါက အတွေ့အကြုံရှိသော ကန်ထရိုက်များဖြင့် ပြင်ဆင်ခွင့်ပြုသွားမည်

 155

စော(NP News)- မေ ၂၁

ပျက်စီးမှုနည်းသော ရှေးဟောင်းအမွေအနှစ်အဆောက်အအုံများကို ပြန်လည်ပြုပြင်လိုပါက ဥပဒေနှင့်အညီ ကြိုတင်ခွင့်ပြုချက်တင်ပြ၍ အတွေ့အကြုံရှိသော ကန်ထရိုက်များဖြင့် ပြင်ဆင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ထုတ်ပြန်ချက်အရ သိရသည်။

မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် သာသနိကအဆောက်အအုံများနှင့် ရှေးဟောင်းအမွေအနှစ်အဆောက်အအုံများ ပြန်လည်ပြုပြင်ထိန်းသိမ်းနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ ၁၉ရက်နေ့က သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန လောကနတ်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က ငလျင်ကြောင့် ရှေးဟောင်းအဆောက်အအုံ၊ ဘုရား၊ စေတီ၊ ဘုန်းကြီးကျောင်း၊ သိမ်၊ ဇရပ်နှင့် မြို့ရိုး၊ ပြအိုးပြာသာဒ် စသည် (၁၇၈၁) လုံးနှင့် ဘုရား၊ စေတီ၊ သာသနိကအဆောက် အအုံ (၄၉၉၈) လုံး စုစုပေါင်း ၆၇၇၉ လုံး ထိခိုက်ပျက်စီးခဲ့သည်ကို တွေ့ရှိရကြောင်း ပြောကြားခဲ့သည်။

ထို့ကြောင့် ပြုပြင်ရမည့် အဆောက်အအုံများပြားသည့်အတွက် ပြုပြင်ရာတွင် ရှေးဟောင်းလက်ရာ တန်ဖိုးကျန်ရှိနေသေးသည့် ရှေးဟောင်းအဆောက်အအုံများကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ကြီးကြပ်ပေးပြီး ကျွမ်းကျင်အဖွဲ့များကိုပါ ပူးပေါင်းဆောင်ရွက်စေမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပြည်သူလူထုကိုးကွယ်လျက်ရှိသည့် ရှေးဟောင်းစေတီ၊ ပုထိုး၊ ဂူဘုရားများကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနကကြီးကြပ်ပြီး သက်ဆိုင်ရာဂေါပကအဖွဲ့များ၊ လုပ်ငန်းအတွေ့အကြုံရှိသူများကို ခွင့်ပြုဆောင်ရွက်စေမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က ပြောသည်။

အဆိုပါ ရှေးဟောင်းအမွေအနှစ် စေတီ၊ ပုထိုး၊ ဂူဘုရားများကို ပြုပြင်ထိန်းသိမ်းရေးဆောင်ရွက်ရာတွင် ပထမဦးစားပေးအနေဖြင့် ယဉ်ကျေးမှုအမွေအနှစ် တန်ဖိုးနည်းပါးသော (သို့မဟုတ်) ပျက်စီးမှုနည်းပါးသော ရှေးဟောင်းအဆောက်အအုံများ၊ ရွှေဆေးသုတ်ထားသည့် စေတီပုထိုးများကို ပြန်လည်ပြုပြင်လိုပါက အလှူရှင်များ၊ ဂေါပကများ၊ အဖွဲ့အစည်းများအနေဖြင့် ဦးစီးဌာနသို့ ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေးဥပဒေနှင့်အညီ ကြိုတင်ခွင့်ပြုချက်တင်ပြပြီး ခွင့်ပြုချက်အတိုင်း အတွေ့အကြုံရှိသော ကန်ထရိုက်များဖြင့် ပြင်ဆင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ပ်က္စီးမႈနည္းေသာ ေရွးေဟာင္းအေဆာက္အအုံမ်ားကို ျပန္လည္ျပဳျပင္လိုပါက အေတြ႕အႀကဳံရွိေသာ ကန္ထ႐ိုက္မ်ားျဖင့္ ျပင္ဆင္ခြင့္ျပဳသြားမည္

ေစာ(NP News)- ေမ ၂၁

ပ်က္စီးမႈနည္းေသာ ေရွးေဟာင္းအေမြအႏွစ္အေဆာက္အအုံမ်ားကို ျပန္လည္ျပဳျပင္လိုပါက ဥပေဒႏွင့္အညီ ႀကိဳတင္ခြင့္ျပဳခ်က္တင္ျပ၍ အေတြ႕အႀကဳံရွိေသာ ကန္ထ႐ိုက္မ်ားျဖင့္ ျပင္ဆင္ခြင့္ျပဳသြားမည္ျဖစ္ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ထုတ္ျပန္ခ်က္အရ သိရသည္။

မႏၲေလးငလ်င္ႀကီးေၾကာင့္ ထိခိုက္ပ်က္စီးခဲ့သည့္ သာသနိကအေဆာက္အအုံမ်ားႏွင့္ ေရွးေဟာင္းအေမြအႏွစ္အေဆာက္အအုံမ်ား ျပန္လည္ျပဳျပင္ထိန္းသိမ္းႏိုင္ေရးအတြက္ လုပ္ငန္းညႇိႏႈိင္းအစည္းအေဝးကို ေမလ ၁၉ရက္ေန႔က သာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီးဌာန ေလာကနတ္ခန္းမ၌ က်င္းပခဲ့ေၾကာင္း သိရသည္။

အဆိုပါအစည္းအေဝးတြင္ သာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးတင္ဦးလြင္က ငလ်င္ေၾကာင့္ ေရွးေဟာင္းအေဆာက္အအုံ၊ ဘုရား၊ ေစတီ၊ ဘုန္းႀကီးေက်ာင္း၊ သိမ္၊ ဇရပ္ႏွင့္ ၿမိဳ႕႐ိုး၊ ျပအိုးျပာသာဒ္ စသည္ (၁၇၈၁) လုံးႏွင့္ ဘုရား၊ ေစတီ၊ သာသနိကအေဆာက္ အအုံ (၄၉၉၈) လုံး စုစုေပါင္း ၆၇၇၉ လုံး ထိခိုက္ပ်က္စီးခဲ့သည္ကို ေတြ႕ရွိရေၾကာင္း ေျပာၾကားခဲ့သည္။

ထို႔ေၾကာင့္ ျပဳျပင္ရမည့္ အေဆာက္အအုံမ်ားျပားသည့္အတြက္ ျပဳျပင္ရာတြင္ ေရွးေဟာင္းလက္ရာ တန္ဖိုးက်န္ရွိေနေသးသည့္ ေရွးေဟာင္းအေဆာက္အအုံမ်ားကို ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာနမွ ႀကီးၾကပ္ေပးၿပီး ကြၽမ္းက်င္အဖြဲ႕မ်ားကိုပါ ပူးေပါင္းေဆာင္႐ြက္ေစမည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ ျပည္သူလူထုကိုးကြယ္လ်က္ရွိသည့္ ေရွးေဟာင္းေစတီ၊ ပုထိုး၊ ဂူဘုရားမ်ားကို ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာနကႀကီးၾကပ္ၿပီး သက္ဆိုင္ရာေဂါပကအဖြဲ႕မ်ား၊ လုပ္ငန္းအေတြ႕အႀကဳံရွိသူမ်ားကို ခြင့္ျပဳေဆာင္႐ြက္ေစမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီး ဦးတင္ဦးလြင္က ေျပာသည္။

အဆိုပါ ေရွးေဟာင္းအေမြအႏွစ္ ေစတီ၊ ပုထိုး၊ ဂူဘုရားမ်ားကို ျပဳျပင္ထိန္းသိမ္းေရးေဆာင္႐ြက္ရာတြင္ ပထမဦးစားေပးအေနျဖင့္ ယဥ္ေက်းမႈအေမြအႏွစ္ တန္ဖိုးနည္းပါးေသာ (သို႔မဟုတ္) ပ်က္စီးမႈနည္းပါးေသာ ေရွးေဟာင္းအေဆာက္အအုံမ်ား၊ ေ႐ႊေဆးသုတ္ထားသည့္ ေစတီပုထိုးမ်ားကို ျပန္လည္ျပဳျပင္လိုပါက အလႉရွင္မ်ား၊ ေဂါပကမ်ား၊ အဖြဲ႕အစည္းမ်ားအေနျဖင့္ ဦးစီးဌာနသို႔ ေရွးေဟာင္းအေဆာက္အအုံမ်ား ကာကြယ္ထိန္းသိမ္းေရးဥပေဒႏွင့္အညီ ႀကိဳတင္ခြင့္ျပဳခ်က္တင္ျပၿပီး ခြင့္ျပဳခ်က္အတိုင္း အေတြ႕အႀကဳံရွိေသာ ကန္ထ႐ိုက္မ်ားျဖင့္ ျပင္ဆင္ခြင့္ျပဳသြားမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.