ကုန်သွယ်မှု၊ရင်းနှီးမြှုပ်နှံမှုတွေကို ပိုမိုနက်ရှိုင်းလာအောင်လုပ်ဆောင်ဖို့ တရုတ်နဲ့ပါကစ္စတန်တို့ သဘောတူ

72

Pika(NP News)-မေ ၂၂
တရုတ်နဲ့ပါကစ္စတန်နိုင်ငံတို့ဟာ နှစ်နိုင်ငံကြားကုန်သွယ်မှုနဲ့ရင်းနှီးမြှုပ်နှံမှုတွေကို ပိုမိုနက်ရှိုင်းလာအောင်လုပ်ဆောင်ဖို့ သဘောတူညီခဲ့ကြတယ်လို့ ပါကစ္စတန်အစိုးရကပြောကြားခဲ့ပါတယ်။အမေရိကန်က ကြားဝင်စေ့စပ်ပေးမှုနဲ့အတူ အိန္ဒိယနဲ့ပါကစ္စတန်ကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရရှိခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ ယခုလိုသဘောတူညီချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဧပြီလ(၂၂)ရက်နေ့က ကတ်ရှ်မီးယားပြည်နယ်မှာ လူ(၂၆)ဦးကိုသေဆုံးစေခဲ့တဲ့ အကြမ်းဖက်မှုတစ်ခုဖြစ်ပွားခဲ့ပြီးနောက် အိန္ဒိယနဲ့ပါကစ္စတန်ကြား တင်းမာမှုတွေ မြင့်တက်လာခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီအကြမ်းဖက်တိုက်ခိုက်မှုကို ပါကစ္စတန်က ပံ့ပိုးပေးမှုတွေလုပ်ဆောင်ခဲ့တယ်လို့ အိန္ဒိယဘက်ကစွပ်စွဲပြောဆိုခဲ့ပေမယ့်လည်း ပါကစ္စတန်အစိုးရဘက်က အိန္ဒိယရဲ့ပြောဆိုချက်တွေကို ငြင်းဆန်ပယ်ချခဲ့တယ်လို့လည်းသိရပါတယ်။ဒါ့ပြင် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး Ishaq Darဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယီနဲ့ တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ တွေ့ဆုံခဲ့တယ်လို့လည်း သိရပါတယ်။ တွေ့ဆုံဆွေးနွေးမှုတွေကနေတစ်ဆင့် ကွဲပြားခြားနားမှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့နဲ့ ကျယ်ပြန့်ပြီး ရေရှည်တည်တံ့တဲ့ အပစ်အခတ်ရပ်စဲရေးရရှိဖို့အတွက် ပါကစ္စတန်နဲ့ အိန္ဒိယတို့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို တရုတ်နိုင်ငံကထောက်ခံတယ်လို့လည်း ဝမ်ယီကပြောကြားခဲ့ပါတယ်။

Zawgyi Version:
ကုန္သြယ္မႈ၊ရင္းႏွီးျမႇဳပ္ႏွံမႈေတြကို ပိုမိုနက္ရႈိင္းလာေအာင္လုပ္ေဆာင္ဖို႔ တ႐ုတ္နဲ႔ပါကစၥတန္တို႔ သေဘာတူ
Pika(NP News)-ေမ ၂၂
တ႐ုတ္နဲ႔ပါကစၥတန္ႏိုင္ငံတို႔ဟာ ႏွစ္ႏိုင္ငံၾကားကုန္သြယ္မႈနဲ႔ရင္းႏွီးျမႇဳပ္ႏွံမႈေတြကို ပိုမိုနက္ရႈိင္းလာေအာင္လုပ္ေဆာင္ဖို႔ သေဘာတူညီခဲ့ၾကတယ္လို႔ ပါကစၥတန္အစိုးရကေျပာၾကားခဲ့ပါတယ္။အေမရိကန္က ၾကားဝင္ေစ့စပ္ေပးမႈနဲ႔အတူ အိႏၵိယနဲ႔ပါကစၥတန္ၾကား အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ရရွိခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာ ယခုလိုသေဘာတူညီခ်က္ထြက္ေပၚလာတာျဖစ္ပါတယ္။ၿပီးခဲ့တဲ့ဧၿပီလ(၂၂)ရက္ေန႔က ကတ္ရွ္မီးယားျပည္နယ္မွာ လူ(၂၆)ဦးကိုေသဆုံးေစခဲ့တဲ့ အၾကမ္းဖက္မႈတစ္ခုျဖစ္ပြားခဲ့ၿပီးေနာက္ အိႏၵိယနဲ႔ပါကစၥတန္ၾကား တင္းမာမႈေတြ ျမင့္တက္လာခဲ့တာလည္းျဖစ္ပါတယ္။အဲ့ဒီအၾကမ္းဖက္တိုက္ခိုက္မႈကို ပါကစၥတန္က ပံ့ပိုးေပးမႈေတြလုပ္ေဆာင္ခဲ့တယ္လို႔ အိႏၵိယဘက္ကစြပ္စြဲေျပာဆိုခဲ့ေပမယ့္လည္း ပါကစၥတန္အစိုးရဘက္က အိႏၵိယရဲ႕ေျပာဆိုခ်က္ေတြကို ျငင္းဆန္ပယ္ခ်ခဲ့တယ္လို႔လည္းသိရပါတယ္။ဒါ့ျပင္ ပါကစၥတန္ႏိုင္ငံျခားေရးဝန္ႀကီး Ishaq Darဟာ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဝမ္ယီနဲ႔ တ႐ုတ္ႏိုင္ငံ ေဘဂ်င္းၿမိဳ႕မွာ ေတြ႕ဆုံခဲ့တယ္လို႔လည္း သိရပါတယ္။ ေတြ႕ဆုံေဆြးေႏြးမႈေတြကေနတစ္ဆင့္ ကြဲျပားျခားနားမႈေတြကို ကိုင္တြယ္ေျဖရွင္းဖို႔နဲ႔ က်ယ္ျပန႔္ၿပီး ေရရွည္တည္တံ့တဲ့ အပစ္အခတ္ရပ္စဲေရးရရွိဖို႔အတြက္ ပါကစၥတန္နဲ႔ အိႏၵိယတို႔ရဲ႕ ႀကိဳးပမ္းအားထုတ္မႈေတြကို တ႐ုတ္ႏိုင္ငံကေထာက္ခံတယ္လို႔လည္း ဝမ္ယီကေျပာၾကားခဲ့ပါတယ္။