ပြည်ပသို့တစ်လအတွင်းရေထွက်ကုန်တင်ပို့မှု တန်ချိန်သုံးသောင်း နီးပါးရှိနေ

244
NP News မေလ (၂၃) ရက်
ပြည်ပသို့ ရေထွက်ကုန်ပစ္စည်းများတင်ပို့လျက်ရှိရာ ၂၀၂၅-၂၆ ဘဏ္ဍာနှစ်စ ဧပြီလတစ်လတွင်း ငါးတင်ပို့မှု မက်ထရစ်တန် ၃၀,၀၀၀ နီးပါးရှိခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၉ သန်းကျော် ရရှိထားကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
ယင်းကာလအတွင်း ပုံမှန်ကုန်သွယ်မှုမှ ငါးမက်ထရစ်တန် ၁၀,၂၃၁ ဒသမ ၄၁၆ တင်ပို့ခဲ့ပြီး ကန်ဒေါ်လာ ၁၃ ဒသမ ၆၇၃ သန်းဖြင့်လည်းကောင်း၊ နယ်စပ်ကုန်သွယ်မှုမှ ငါးမက်ထရစ်တန် ၁၉,၆၄၀ ဒသမ ၇၆၇ တင်ပို့ခဲ့ပြီး ကန်ဒေါ်လာ ၁၅ ဒသမ ၇၉၄ သန်းဖြင့်လည်းကောင်း အသီးသီးရရှိထားရာ စုစုပေါင်း ငါးမက်ထရစ်တန် ၂၉,၈၇၂ ဒသမ ၁၈၃ တင်ပို့နိုင်ခဲ့ပြီး ကန်ဒေါ်လာ ၂၉ ဒသမ ၄၆၇ သန်းရရှိခဲ့ကြောင်း သိရသည်။
ပြည်ပသို့တင်ပို့ခဲ့မှုသည် ၂၀၂၄-၂၅ ဘဏ္ဍာနှစ်ကာလတူနှင့် နှိုင်းယှဉ်ပါကငါးမက်ထရစ်တန် ၂၆၂၀ ဒသမ ၂၉၅ ပိုမိုတင်ပို့နိုင်ခဲ့ပြီး ကန်ဒေါ်လာ သုည ဒသမ ၉၁၄ သန်းပိုမိုရရှိခဲ့ကြောင်းငါးလုပ်ငန်းဦးစီးဌာန၏ တာဝန်ရှိသူတစ်ဦးမှ ပြောကြားသည်။
မြန်မာနိုင်ငံမှ ရေထွက်ကုန်များဖြစ်သည့် ငါး၊ ပုစွန်များကို တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန် စတဲ့ နိုင်ငံပေါင်း ၄၀ ကျော်သို့ တင်ပို့လျက်ရှိကြောင်းသိရသည်။

Zawgyi Version:
ျပည္ပသို႔တစ္လအတြင္းေရထြက္ကုန္တင္ပို႔မႈ တန္ခ်ိန္သုံးေသာင္း နီးပါးရွိေန
NP News ေမလ (၂၃) ရက္
ျပည္ပသို႔ ေရထြက္ကုန္ပစၥည္းမ်ားတင္ပို႔လ်က္ရွိရာ ၂၀၂၅-၂၆ ဘ႑ာႏွစ္စ ဧၿပီလတစ္လတြင္း ငါးတင္ပို႔မႈ မက္ထရစ္တန္ ၃၀,၀၀၀ နီးပါးရွိခဲ့ၿပီး အေမရိကန္ေဒၚလာ ၂၉ သန္းေက်ာ္ ရရွိထားေၾကာင္း ငါးလုပ္ငန္းဦးစီးဌာနမွ သိရသည္။
ယင္းကာလအတြင္း ပုံမွန္ကုန္သြယ္မႈမွ ငါးမက္ထရစ္တန္ ၁၀,၂၃၁ ဒသမ ၄၁၆ တင္ပို႔ခဲ့ၿပီး ကန္ေဒၚလာ ၁၃ ဒသမ ၆၇၃ သန္းျဖင့္လည္းေကာင္း၊ နယ္စပ္ကုန္သြယ္မႈမွ ငါးမက္ထရစ္တန္ ၁၉,၆၄၀ ဒသမ ၇၆၇ တင္ပို႔ခဲ့ၿပီး ကန္ေဒၚလာ ၁၅ ဒသမ ၇၉၄ သန္းျဖင့္လည္းေကာင္း အသီးသီးရရွိထားရာ စုစုေပါင္း ငါးမက္ထရစ္တန္ ၂၉,၈၇၂ ဒသမ ၁၈၃ တင္ပို႔ႏိုင္ခဲ့ၿပီး ကန္ေဒၚလာ ၂၉ ဒသမ ၄၆၇ သန္းရရွိခဲ့ေၾကာင္း သိရသည္။
ျပည္ပသို႔တင္ပို႔ခဲ့မႈသည္ ၂၀၂၄-၂၅ ဘ႑ာႏွစ္ကာလတူႏွင့္ ႏႈိင္းယွဥ္ပါကငါးမက္ထရစ္တန္ ၂၆၂၀ ဒသမ ၂၉၅ ပိုမိုတင္ပို႔ႏိုင္ခဲ့ၿပီး ကန္ေဒၚလာ သုည ဒသမ ၉၁၄ သန္းပိုမိုရရွိခဲ့ေၾကာင္းငါးလုပ္ငန္းဦးစီးဌာန၏ တာဝန္ရွိသူတစ္ဦးမွ ေျပာၾကားသည္။
ျမန္မာႏိုင္ငံမွ ေရထြက္ကုန္မ်ားျဖစ္သည့္ ငါး၊ ပုစြန္မ်ားကို တ႐ုတ္၊ ထိုင္း၊ ဘဂၤလားေဒ့ရွ္၊ ဂ်ပန္ စတဲ့ ႏိုင္ငံေပါင္း ၄၀ ေက်ာ္သို႔ တင္ပို႔လ်က္ရွိေၾကာင္းသိရသည္။