အစ္စရေးသံရုံးဝန်ထမ်းနှစ်ဦး အသတ်ခံရပြီးနောက် အမေရိကန်မှာ လုံခြုံရေးတွေ တင်းကြပ်

 224

Pika (NP News) - မေ ၂၅

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့တစ်ဝှမ်းက စာသင်ကျောင်းတွေနဲ့ဘာသာရေးအဆောက်အဦးတွေမှာ ရဲတပ်ဖွဲ့က လုံခြုံရေးတွေကို တိုးမြှင့်ချထားခဲ့တယ်လို့ သိရပါတယ်။ ဂျူးပြတိုက်အပြင်ဘက်မှာ အစ္စရေးသံရုံးဝန်ထမ်းနှစ်ဦး သေနတ်နဲ့ပစ်သတ်ခံခဲ့ရပြီးနောက် ယခုလိုလုံခြုံရေးတင်းကြပ်မှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
အစ္စရေးသံရုံးဝန်ထမ်းနှစ်ဦး အသတ်ခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး အသက်(၃၁)နှစ်အရွယ် ချီကာဂို အမျိုးသားတစ်ဦး ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ရဲတပ်ဖွဲ့အကြီးအကဲ ပါမီလာစမစ်က “ဝါရှင်တန်ဒီစီမြို့တစ်ဝှမ်းမှာ တရားဥပဒေစိုးမိုးရေးအရာရှိတွေ တိုးလာတာ ကို တွေ့မြင်ကြရပါလိမ့်မယ်။ စာသင်ကျောင်းတွေနဲ့ ဘာသာရေးအဆောက်အဦးလိုမျိုးနေရာတွေမှာ လုံခြုံရေးကို တိုးမြှင့်ထားပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် အစ္စရေးဝန်ထမ်းနှစ်ဦးသေဆုံးစေခဲ့တဲ့ဖြစ်ရပ်ကို အကြမ်းဖက်လုပ်ရပ်နဲ့ အမုန်းတရားဆိုင်ရာ ရာဇဝတ်မှု တစ်ခုအဖြစ် စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ဝါရှင်တန်ဒီစီမြို့က အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

Zawgyi Version:
အစၥေရးသံ႐ုံးဝန္ထမ္းႏွစ္ဦး အသတ္ခံရၿပီးေနာက္ အေမရိကန္မွာ လုံၿခဳံေရးေတြ တင္းၾကပ္
Pika (NP News) - ေမ ၂၅

အေမရိကန္ႏိုင္ငံ ဝါရွင္တန္ဒီစီၿမိဳ႕တစ္ဝွမ္းက စာသင္ေက်ာင္းေတြနဲ႔ဘာသာေရးအေဆာက္အဦးေတြမွာ ရဲတပ္ဖြဲ႕က လုံၿခဳံေရးေတြကို တိုးျမႇင့္ခ်ထားခဲ့တယ္လို႔ သိရပါတယ္။ ဂ်ဴးျပတိုက္အျပင္ဘက္မွာ အစၥေရးသံ႐ုံးဝန္ထမ္းႏွစ္ဦး ေသနတ္နဲ႔ပစ္သတ္ခံခဲ့ရၿပီးေနာက္ ယခုလိုလုံၿခဳံေရးတင္းၾကပ္မႈေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
အစၥေရးသံ႐ုံးဝန္ထမ္းႏွစ္ဦး အသတ္ခံရတဲ့ျဖစ္စဥ္နဲ႔ပတ္သက္ၿပီး အသက္(၃၁)ႏွစ္အ႐ြယ္ ခ်ီကာဂို အမ်ိဳးသားတစ္ဦး ကို ရဲတပ္ဖြဲ႕က ဖမ္းဆီးခဲ့တယ္လို႔ သိရပါတယ္။
ရဲတပ္ဖြဲ႕အႀကီးအကဲ ပါမီလာစမစ္က “ဝါရွင္တန္ဒီစီၿမိဳ႕တစ္ဝွမ္းမွာ တရားဥပေဒစိုးမိုးေရးအရာရွိေတြ တိုးလာတာ ကို ေတြ႕ျမင္ၾကရပါလိမ့္မယ္။ စာသင္ေက်ာင္းေတြနဲ႔ ဘာသာေရးအေဆာက္အဦးလိုမ်ိဳးေနရာေတြမွာ လုံၿခဳံေရးကို တိုးျမႇင့္ထားပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ အစၥေရးဝန္ထမ္းႏွစ္ဦးေသဆုံးေစခဲ့တဲ့ျဖစ္ရပ္ကို အၾကမ္းဖက္လုပ္ရပ္နဲ႔ အမုန္းတရားဆိုင္ရာ ရာဇဝတ္မႈ တစ္ခုအျဖစ္ စုံစမ္းစစ္ေဆးမႈေတြ ဆက္လက္လုပ္ေဆာင္ေနတယ္လို႔ ဝါရွင္တန္ဒီစီၿမိဳ႕က အာဏာပိုင္ေတြက ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.