ဩစတြေးလျမှာ ရေကြီးမှုကြောင့် ပိတ်မိနေသူတွေကို အာဏာပိုင်တွေက ရဟတ်ယာဉ်နဲ့ ထောက်ပံ့ရေးပစ္စည်းများ ဝေမျှပေး

226

ရောင်နီ (NP News) - မေ ၂၆
ဩစတြေးလျနိုင်ငံ၊ အရှေ့တောင်ပိုင်း၊ နယူးဆောက်ဝေးပြည်နယ်မှာ မေလ ၂၅ ရက်က ရေကြီးရေလျှံမှု ကြောင့် ထောင်နဲ့ချီတဲ့ နေထိုင်သူတွေ ပိတ်မိနေကြပြီး အစိုးရက ရဟတ်ယာဉ်သုံးကာ ပိတ်မိနေသူတွေဆီ အစာ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။
ဩစတြေးလျရဲ့လူနေထိုင်မှု အများဆုံးပြည်နယ်ဖြစ်တဲ့ နယူးဆောက်ဝေးမှာ ရက်ပိုင်းအတွင်း ရေလွှမ်းမိုးမှု တွေကြောင့် လူ ၅ ဦး သေဆုံးပြီး မြို့တွေမှာ လမ်းကြောင်းတွေ ပြတ်တောက်ကာ နေအိမ်တွေ ပျက်စီးခဲ့ရပါတယ်။ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် အိမ်ခြေ ၁၀,၀၀၀ ထက်မနည်း ပျက်စီးသွားနိုင်တယ်လို့ အာဏာပိုင်တွေက ခန့်မှန်းထားပါတယ်။ အပြင်းအထန် ထိခိုက်မှု ရှိခဲ့တဲ့ နေရာကတော့ကျေးလက်ဒေသ ဂီနီ ဖြစ်ပြီး ရေလွှမ်းမိုးမှု ကြောင့် အစာရေစာပြတ်လပ်နေတယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။ ရေကြီးမှုကြောင့် ပိတ်မိနေသူ လူဦးရေ ၃၂,၀၀၀ ခန့် ရှိနိုင်ပြီး နယူးဆောက်ဝေးလ်အစိုးရက အရေးပေါ် အစားအစာ၊ တိရစ္ဆာန်ဆေးကုသရေး စောင့်ရှောက် မှု၊ စီမံခန့်ခွဲရေး အကြံဉာဏ်တွေကို ဝေဟင်မှ ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးလျက်ရှိတယ်လို့ ပြည်နယ် စိုက်ပျိုးရေးဝန်ကြီး တာရာမိုရီတာတီက ထုတ်ပြန်ခဲ့ပါတယ်။ အစာရေစာ ပို့ဖို့အတွက် ရဟတ်ယာဉ် ၄၃ စင်းနဲ့ စက် ကိရိယာ ၁၃၀ ခန့် အသုံးပြုထားတယ်လို့ သိရပါတယ်။
ဩစတြေးလျဟာ တောမီးလောင်ကျွမ်းမှုနဲ့ ရေကြီးရေလျှံမှု စတဲ့ သဘာဝဘေးအန္တရာယ်တွေကို ၂၀၂၁ ခုနှစ်နောက်ပိုင်း ခပ်စိပ်စိပ် ကြုံတွေ့နေရပါတယ်။

Zawgyi Version:
ဩစေၾတးလ်မွာ ေရႀကီးမႈေၾကာင့္ ပိတ္မိေနသူေတြကို အာဏာပိုင္ေတြက ရဟတ္ယာဥ္နဲ႔ ေထာက္ပံ့ေရးပစၥည္းမ်ား ေဝမွ်ေပး
ေရာင္နီ (NP News) - ေမ ၂၆
ဩစေၾတးလ်ႏိုင္ငံ၊ အေရွ႕ေတာင္ပိုင္း၊ နယူးေဆာက္ေဝးျပည္နယ္မွာ ေမလ ၂၅ ရက္က ေရႀကီးေရလွ်ံမႈ ေၾကာင့္ ေထာင္နဲ႔ခ်ီတဲ့ ေနထိုင္သူေတြ ပိတ္မိေနၾကၿပီး အစိုးရက ရဟတ္ယာဥ္သုံးကာ ပိတ္မိေနသူေတြဆီ အစာ ေပးပို႔ခဲ့တယ္လို႔ သိရပါတယ္။
ဩစေၾတးလ်ရဲ႕လူေနထိုင္မႈ အမ်ားဆုံးျပည္နယ္ျဖစ္တဲ့ နယူးေဆာက္ေဝးမွာ ရက္ပိုင္းအတြင္း ေရလႊမ္းမိုးမႈ ေတြေၾကာင့္ လူ ၅ ဦး ေသဆုံးၿပီး ၿမိဳ႕ေတြမွာ လမ္းေၾကာင္းေတြ ျပတ္ေတာက္ကာ ေနအိမ္ေတြ ပ်က္စီးခဲ့ရပါတယ္။ မိုးအဆက္မျပတ္ ႐ြာသြန္းမႈေၾကာင့္ အိမ္ေျခ ၁၀,၀၀၀ ထက္မနည္း ပ်က္စီးသြားႏိုင္တယ္လို႔ အာဏာပိုင္ေတြက ခန႔္မွန္းထားပါတယ္။ အျပင္းအထန္ ထိခိုက္မႈ ရွိခဲ့တဲ့ ေနရာကေတာ့ေက်းလက္ေဒသ ဂီနီ ျဖစ္ၿပီး ေရလႊမ္းမိုးမႈ ေၾကာင့္ အစာေရစာျပတ္လပ္ေနတယ္လို႔ အာဏာပိုင္ေတြက ဆိုပါတယ္။ ေရႀကီးမႈေၾကာင့္ ပိတ္မိေနသူ လူဦးေရ ၃၂,၀၀၀ ခန႔္ ရွိႏိုင္ၿပီး နယူးေဆာက္ေဝးလ္အစိုးရက အေရးေပၚ အစားအစာ၊ တိရစာၦန္ေဆးကုသေရး ေစာင့္ေရွာက္ မႈ၊ စီမံခန႔္ခြဲေရး အႀကံဉာဏ္ေတြကို ေဝဟင္မွ ပံ့ပိုးကူညီမႈမ်ား ေဆာင္႐ြက္ေပးလ်က္ရွိတယ္လို႔ ျပည္နယ္ စိုက္ပ်ိဳးေရးဝန္ႀကီး တာရာမိုရီတာတီက ထုတ္ျပန္ခဲ့ပါတယ္။ အစာေရစာ ပို႔ဖို႔အတြက္ ရဟတ္ယာဥ္ ၄၃ စင္းနဲ႔ စက္ ကိရိယာ ၁၃၀ ခန႔္ အသုံးျပဳထားတယ္လို႔ သိရပါတယ္။
ဩစေၾတးလ်ဟာ ေတာမီးေလာင္ကြၽမ္းမႈနဲ႔ ေရႀကီးေရလွ်ံမႈ စတဲ့ သဘာဝေဘးအႏၲရာယ္ေတြကို ၂၀၂၁ ခုႏွစ္ေနာက္ပိုင္း ခပ္စိပ္စိပ္ ႀကဳံေတြ႕ေနရပါတယ္။