ဥရောပက ဖျက်ဆီးခံရလိမ့်မယ်လို့ ဂျာမန်အဓိပတိဟောင်း သတိပေး

 199

Pika (NP News) - မေ ၂၇

တင်းကျပ်တဲ့အမျိုးသားရွှေ့ပြောင်းနေထိုင်မှုနဲ့ နယ်စပ်ထိန်းချုပ်ရေးမူဝါဒတွေဟာ ဥရောပသမဂ္ဂကို ပျက်စီးစေလိမ့် မယ်လို့ ဂျာမန်အဓိပတိဟောင်း Angela Merkel က သတိပေးပြောဆိုခဲ့ပါတယ်။
ခိုလှုံခွင့်တောင်းခံသူတွေ ဝင်ရောက်လာမှုကို တားဆီးဖို့ ဂျာမနီအစိုးရရဲ့လှုပ်ရှားမှုထွက်ပေါ်လာပြီးနောက် Angela Merkel ရဲ့သတိပေးပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ Angela Merkel ဟာ Southwestern Press ဖိုရမ်အတွင်း ယခုလိုမှတ်ချက်ပြုပြောဆိုခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
Angela Merkel က “ဂျာမနီ-သြစတြီးယား ဒါမှမဟုတ် ဂျာမနီ-ပိုလန်နယ်စပ်မှာ တရားမ၀င် ရွှေ့ပြောင်းနေထိုင်မှု တွေကို ပြတ်ပြတ်သားသား တိုက်ဖျက်နိုင်မယ်လို့ ကျွန်မ မယုံကြည်ပါဘူး။ ဥရောပသမဂ္ဂရဲ့ဖြေရှင်းချက်တွေကို ကျွန်မအမြဲတမ်းထောက်ခံခဲ့တာပါ” လို့ ပြောခဲ့ပါတယ်။
ယခုလအစောပိုင်းမှာ ဂျာမနီပြည်ထဲရေးဝန်ကြီး Alexander Dobrindt မိတ်ဆက်ခဲ့တဲ့ မူဝါဒအသစ်တွေဟာ ဂျာမနီနိုင်ငံရဲ့နယ်မြေအားလုံးမှာ ခိုလှုံခွင့်တောင်းခံမှုတွေကို တားမြစ်ထားတယ်လို့လည်း သိရပါတယ်။ ဒါပေမယ့်လည်း ခြွင်းချက်အနေနဲ့ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ အခြားထိခိုက်လွယ်တဲ့ လူတွေအတွက် ခိုလှုံခွင့်တောင်းခံမှုတွေကို တားမြစ်ထားတာမျိုးတော့ မရှိဘူးလို့ သိရပါတယ်။

Zawgyi Version:
ဥေရာပက ဖ်က္ဆီးခံရလိမ့္မယ္လို႔ ဂ်ာမန္အဓိပတိေဟာင္း သတိေပး
Pika (NP News) - ေမ ၂၇

တင္းက်ပ္တဲ့အမ်ိဳးသားေ႐ႊ႕ေျပာင္းေနထိုင္မႈနဲ႔ နယ္စပ္ထိန္းခ်ဳပ္ေရးမူဝါဒေတြဟာ ဥေရာပသမဂၢကို ပ်က္စီးေစလိမ့္ မယ္လို႔ ဂ်ာမန္အဓိပတိေဟာင္း Angela Merkel က သတိေပးေျပာဆိုခဲ့ပါတယ္။
ခိုလႈံခြင့္ေတာင္းခံသူေတြ ဝင္ေရာက္လာမႈကို တားဆီးဖို႔ ဂ်ာမနီအစိုးရရဲ႕လႈပ္ရွားမႈထြက္ေပၚလာၿပီးေနာက္ Angela Merkel ရဲ႕သတိေပးေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ Angela Merkel ဟာ Southwestern Press ဖိုရမ္အတြင္း ယခုလိုမွတ္ခ်က္ျပဳေျပာဆိုခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။
Angela Merkel က “ဂ်ာမနီ-ၾသစႀတီးယား ဒါမွမဟုတ္ ဂ်ာမနီ-ပိုလန္နယ္စပ္မွာ တရားမ၀င္ ေ႐ႊ႕ေျပာင္းေနထိုင္မႈ ေတြကို ျပတ္ျပတ္သားသား တိုက္ဖ်က္ႏိုင္မယ္လို႔ ကြၽန္မ မယုံၾကည္ပါဘူး။ ဥေရာပသမဂၢရဲ႕ေျဖရွင္းခ်က္ေတြကို ကြၽန္မအၿမဲတမ္းေထာက္ခံခဲ့တာပါ” လို႔ ေျပာခဲ့ပါတယ္။
ယခုလအေစာပိုင္းမွာ ဂ်ာမနီျပည္ထဲေရးဝန္ႀကီး Alexander Dobrindt မိတ္ဆက္ခဲ့တဲ့ မူဝါဒအသစ္ေတြဟာ ဂ်ာမနီႏိုင္ငံရဲ႕နယ္ေျမအားလုံးမွာ ခိုလႈံခြင့္ေတာင္းခံမႈေတြကို တားျမစ္ထားတယ္လို႔လည္း သိရပါတယ္။ ဒါေပမယ့္လည္း ႁခြင္းခ်က္အေနနဲ႔ ကေလးငယ္ေတြ၊ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးေတြနဲ႔ အျခားထိခိုက္လြယ္တဲ့ လူေတြအတြက္ ခိုလႈံခြင့္ေတာင္းခံမႈေတြကို တားျမစ္ထားတာမ်ိဳးေတာ့ မရွိဘူးလို႔ သိရပါတယ္။

Related news

© 2021. All rights reserved.