အမေရိကန်ရဲ့အကူအညီတွေကို ဆုံးရှုံးခဲ့ရမယ်ဆိုရင် ယူကရိန်းက ဘာမှတတ်နိုင်မှာမဟုတ်ဘူးလို့ ယူကရိန်း အကြံပေးပြော

 217

Pika (NP News) - မေ ၂၇
ရုရှားနဲ့ဖြစ်ပွားနေတဲ့ ပဋိပက္ခမှာ အမေရိကန်ရဲ့အကူအညီတွေကို ဆုံးရှုံးခဲ့ရမယ်ဆိုရင် ယူကရိန်းက ဘာမှ တတ်နိုင်မှာမဟုတ်ဘူးလို့ ယူကရိန်းသမ္မတဇီလန်စကီးအကြံပေး မီခေးလ်ပိုဒိုလိယက်က ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် အမေရိကန်ရဲ့ကူညီပံ့ပိုးပေးမှုတွေဟာ ယူကရိန်းရဲ့စစ်ပွဲဆိုင်ရာကြိုးပမ်းအားထုတ်မှုတွေအတွက် မရှိမဖြစ် လိုအပ်တယ်လို့လည်း မီခေးလ်ပိုဒိုလိယက်က ပြောကြားခဲ့ပါတယ်။
ယခင်အမေရိကန်အစိုးရလက်ထက်တုန်းက အမေရိကန်ဟာ ယူကရိန်းအတွက် အကြီးမားဆုံးပံ့ပိုးကူညီပေးခဲ့တဲ့ နိုင်ငံဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။ ဒါပေမယ့်လည်း လက်ရှိဒေါ်နယ်ထရမ့်အစိုးရလက်ထက်မှာ အမေရိကန် ဟာ ယူကရိန်းအတွက် စစ်ရေးအကူအညီအသစ်တွေကို အတည်ပြုပေးတာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။
ရုရှားနဲ့ယူကရိန်းကြားဖြစ်ပွားနေတဲ့ ပဋိပက္ခကို အချိန်(၂၄)နာရီအတွင်း ပြီးဆုံးသွားအောင် လုပ်ဆောင်ပေးမယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ကတိပြုခဲ့ပေမယ့်လည်း လက်ရှိအချိန်အထိတော့ သိသာထင်ရှားတဲ့ရလဒ် ထွက်ပေါ်လာတာမျိုးတော့ မရှိသေးဘူးလို့ သိရပါတယ်။
ဒေါ်နယ်ထရမ့်ဟာ ရုရှားနဲ့ယူကရိန်းကြား ငြိမ်းချမ်းရေးရယူနိုင်ဖို့အတွက် ကြိုးပမ်းအားထုတ်မှုတွေကို ဆက်တိုက် လုပ်ဆောင်နေပေမယ့်လည်း နှစ်ဘက်စလုံးဟာ အကျဉ်းသားအပြန်အလှန်လဲလှယ်မှုကလွဲပြီး သဘောတူညီချက် တစ်ခုကိုတောင် ရယူနိုင်တာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။

Zawgyi Version:
အေမရိကန္ရဲ႕အကူအညီေတြကို ဆုံးရႈံးခဲ့ရမယ္ဆိုရင္ ယူကရိန္းက ဘာမွတတ္ႏိုင္မွာမဟုတ္ဘူးလို႔ ယူကရိန္း အႀကံေပးေျပာ
Pika (NP News) - ေမ ၂၇
႐ုရွားနဲ႔ျဖစ္ပြားေနတဲ့ ပဋိပကၡမွာ အေမရိကန္ရဲ႕အကူအညီေတြကို ဆုံးရႈံးခဲ့ရမယ္ဆိုရင္ ယူကရိန္းက ဘာမွ တတ္ႏိုင္မွာမဟုတ္ဘူးလို႔ ယူကရိန္းသမၼတဇီလန္စကီးအႀကံေပး မီေခးလ္ပိုဒိုလိယက္က ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ အေမရိကန္ရဲ႕ကူညီပံ့ပိုးေပးမႈေတြဟာ ယူကရိန္းရဲ႕စစ္ပြဲဆိုင္ရာႀကိဳးပမ္းအားထုတ္မႈေတြအတြက္ မရွိမျဖစ္ လိုအပ္တယ္လို႔လည္း မီေခးလ္ပိုဒိုလိယက္က ေျပာၾကားခဲ့ပါတယ္။
ယခင္အေမရိကန္အစိုးရလက္ထက္တုန္းက အေမရိကန္ဟာ ယူကရိန္းအတြက္ အႀကီးမားဆုံးပံ့ပိုးကူညီေပးခဲ့တဲ့ ႏိုင္ငံျဖစ္ခဲ့တယ္လို႔လည္း သိရပါတယ္။ ဒါေပမယ့္လည္း လက္ရွိေဒၚနယ္ထရမ့္အစိုးရလက္ထက္မွာ အေမရိကန္ ဟာ ယူကရိန္းအတြက္ စစ္ေရးအကူအညီအသစ္ေတြကို အတည္ျပဳေပးတာမ်ိဳး မရွိေသးဘူးလို႔လည္း သိရပါတယ္။
႐ုရွားနဲ႔ယူကရိန္းၾကားျဖစ္ပြားေနတဲ့ ပဋိပကၡကို အခ်ိန္(၂၄)နာရီအတြင္း ၿပီးဆုံးသြားေအာင္ လုပ္ေဆာင္ေပးမယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ကတိျပဳခဲ့ေပမယ့္လည္း လက္ရွိအခ်ိန္အထိေတာ့ သိသာထင္ရွားတဲ့ရလဒ္ ထြက္ေပၚလာတာမ်ိဳးေတာ့ မရွိေသးဘူးလို႔ သိရပါတယ္။
ေဒၚနယ္ထရမ့္ဟာ ႐ုရွားနဲ႔ယူကရိန္းၾကား ၿငိမ္းခ်မ္းေရးရယူႏိုင္ဖို႔အတြက္ ႀကိဳးပမ္းအားထုတ္မႈေတြကို ဆက္တိုက္ လုပ္ေဆာင္ေနေပမယ့္လည္း ႏွစ္ဘက္စလုံးဟာ အက်ဥ္းသားအျပန္အလွန္လဲလွယ္မႈကလြဲၿပီး သေဘာတူညီခ်က္ တစ္ခုကိုေတာင္ ရယူႏိုင္တာမ်ိဳး မရွိေသးဘူးလို႔လည္း သိရပါတယ္။

https://www.rt.com/russia/618112-ukraine-us-quit-podoliak/

Related news

© 2021. All rights reserved.