အေးခဲသောဆောင်းရာသီအတွက် ကြိုတင်ပြင်ဆင်ထားရန် ဥရောပသမဂ္ဂကို Gazprom ကုမ္ပဏီ သတိပေး

 43

Pika (NP News) - စက်တင်ဘာ ၁၄
အေးခဲသောဆောင်းရာသီအတွက် ကြိုတင်ပြင်ဆင်ထားရန် ဥရောပသမဂ္ဂကို Gazprom ကုမ္ပဏီစီအီးအို အလက်ဆေးမီလာက သတိပေးပြောဆိုခဲ့ကြောင်း သိရသည်။ ထို့ပြင် ဥရောပသမဂ္ဂသည် ကြီးမားသော ဓါတ်ငွေ့ပြတ်လတ်မှုများနှင့် ရင်ဆိုင်ရနိုင်ကြောင်း အလက်ဆေးမီလာက သတိပေးပြောဆိုခဲ့သည်။
ပြီးခဲ့သည့်ဆောင်းရာသီတွင် ဥရောပသိုလှောင်ရုံများမှ ထုတ်ယူခဲ့သောဓါတ်ငွေ့များ၏ သုံးပုံပုံ နှစ်ပုံခန့်ကို ပြီးခဲ့သည့် ဩဂုတ်လကုန်တွင် ပြန်လည်ဖြည့်တင်းခဲ့ပြီးပြီဖြစ်ကြောင်း Gas Infrastructure Europe (GIE) မှ ဒေတာအချက် အလက်များကို ကိုးကားပြီး Gazprom ကုမ္ပဏီက ထုတ်ပြန်ပြောကြားခဲ့သည်။ယခင်က ဥရောပသမဂ္ဂ၏ အဓိကထောက်ပံ့သူဖြစ်ခဲ့သည့် Gazprom ကုမ္ပဏီသည် အနောက်အုပ်စုနိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများနှင့် Nord Stream ပိုက်လိုင်းများ ဖောက်ခွဲခံရမှုကို ကြုံတွေ့ခဲ့ရပြီးနောက် ဥရောပသမဂ္ဂသို့တင်ပို့မှုများကို သိသိသာသာ လျှော့ချခဲ့ကြောင်း သိရသည်။
ရုရှား-ယူကရိန်းပဋိပက္ခမဖြစ်ပွားမီနှင့် ဥရောပသမဂ္ဂ၏ တစ်ဖက်သတ်ပိတ်ဆို့အရေးယူမှုများ မချမှတ်မီ ရုရှား၏ သဘာဝဓါတ်ငွေ့တင်ပို့မှုသည် ဥရောပသမဂ္ဂ၏ စုစုပေါင်းထောက်ပံ့မှု၏ (၄၀)ရာခိုင်နှုန်းခန့် ရှိကြောင်း သိရသည်။ အလက်ဆေးမီလာက “အခြေအနေတွေက တစ်ဖြည်းဖြည်းပိုဆိုးလာတာကို ကျွန်တော်တို့တွေ့မြင်နေရပါတယ်။ အဲဒါက ကျွန်တော်တို့ပြောနေတဲ့အရာပဲဖြစ်ပါတယ်။ ပုံမှန်ဆောင်းရာသီကို ရောက်လာပြီဆိုရင် တကယ့်ပြဿနာ ကို ကြုံတွေ့ရပါလိမ့်မယ်” ဟု သတိပေးပြောဆိုခဲ့သည်။
ထို့ပြင် မြေအောက်ဓါတ်ငွေ့သိုလှောင်မှု ပြန်လည်ဖြည့်တင်းရာတွင် စိန်ခေါ်မှု၏အတိုင်းအတာကို ဥရောပသမဂ္ဂက အပြည့်အဝနားမလည်ကြောင်းနှင့် အဆိုပါပြဿနာကိုဖြေရှင်းရန် အချိန်အနည်းငယ်သာကျန်ရှိတော့ကြောင်း အလက်ဆေးမီလာက သတိပေးပြောဆိုခဲ့သည်။

Zawgyi Version:
ေအးခဲေသာေဆာင္းရာသီအတြက္ ႀကိဳတင္ျပင္ဆင္ထားရန္ ဥေရာပသမဂၢကို Gazprom ကုမၸဏီ သတိေပး
Pika (NP News) - စက္တင္ဘာ ၁၄
ေအးခဲေသာေဆာင္းရာသီအတြက္ ႀကိဳတင္ျပင္ဆင္ထားရန္ ဥေရာပသမဂၢကို Gazprom ကုမၸဏီစီအီးအို အလက္ေဆးမီလာက သတိေပးေျပာဆိုခဲ့ေၾကာင္း သိရသည္။ ထို႔ျပင္ ဥေရာပသမဂၢသည္ ႀကီးမားေသာ ဓါတ္ေငြ႕ျပတ္လတ္မႈမ်ားႏွင့္ ရင္ဆိုင္ရႏိုင္ေၾကာင္း အလက္ေဆးမီလာက သတိေပးေျပာဆိုခဲ့သည္။
ၿပီးခဲ့သည့္ေဆာင္းရာသီတြင္ ဥေရာပသိုေလွာင္႐ုံမ်ားမွ ထုတ္ယူခဲ့ေသာဓါတ္ေငြ႕မ်ား၏ သုံးပုံပုံ ႏွစ္ပုံခန႔္ကို ၿပီးခဲ့သည့္ ဩဂုတ္လကုန္တြင္ ျပန္လည္ျဖည့္တင္းခဲ့ၿပီးၿပီျဖစ္ေၾကာင္း Gas Infrastructure Europe (GIE) မွ ေဒတာအခ်က္ အလက္မ်ားကို ကိုးကားၿပီး Gazprom ကုမၸဏီက ထုတ္ျပန္ေျပာၾကားခဲ့သည္။ယခင္က ဥေရာပသမဂၢ၏ အဓိကေထာက္ပံ့သူျဖစ္ခဲ့သည့္ Gazprom ကုမၸဏီသည္ အေနာက္အုပ္စုႏိုင္ငံမ်ား၏ ပိတ္ဆို႔အေရးယူမႈမ်ားႏွင့္ Nord Stream ပိုက္လိုင္းမ်ား ေဖာက္ခြဲခံရမႈကို ႀကဳံေတြ႕ခဲ့ရၿပီးေနာက္ ဥေရာပသမဂၢသို႔တင္ပို႔မႈမ်ားကို သိသိသာသာ ေလွ်ာ့ခ်ခဲ့ေၾကာင္း သိရသည္။
႐ုရွား-ယူကရိန္းပဋိပကၡမျဖစ္ပြားမီႏွင့္ ဥေရာပသမဂၢ၏ တစ္ဖက္သတ္ပိတ္ဆို႔အေရးယူမႈမ်ား မခ်မွတ္မီ ႐ုရွား၏ သဘာဝဓါတ္ေငြ႕တင္ပို႔မႈသည္ ဥေရာပသမဂၢ၏ စုစုေပါင္းေထာက္ပံ့မႈ၏ (၄၀)ရာခိုင္ႏႈန္းခန႔္ ရွိေၾကာင္း သိရသည္။ အလက္ေဆးမီလာက “အေျခအေနေတြက တစ္ျဖည္းျဖည္းပိုဆိုးလာတာကို ကြၽန္ေတာ္တို႔ေတြ႕ျမင္ေနရပါတယ္။ အဲဒါက ကြၽန္ေတာ္တို႔ေျပာေနတဲ့အရာပဲျဖစ္ပါတယ္။ ပုံမွန္ေဆာင္းရာသီကို ေရာက္လာၿပီဆိုရင္ တကယ့္ျပႆနာ ကို ႀကဳံေတြ႕ရပါလိမ့္မယ္” ဟု သတိေပးေျပာဆိုခဲ့သည္။
ထို႔ျပင္ ေျမေအာက္ဓါတ္ေငြ႕သိုေလွာင္မႈ ျပန္လည္ျဖည့္တင္းရာတြင္ စိန္ေခၚမႈ၏အတိုင္းအတာကို ဥေရာပသမဂၢက အျပည့္အဝနားမလည္ေၾကာင္းႏွင့္ အဆိုပါျပႆနာကိုေျဖရွင္းရန္ အခ်ိန္အနည္းငယ္သာက်န္ရွိေတာ့ေၾကာင္း အလက္ေဆးမီလာက သတိေပးေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.