အေဝါမီလိဂ်ပါတီကို ပိတ်ပင်ခြင်းနဲ့အတူ ဘင်္ဂလားဒေ့ရှ်ရဲ့ဒီမိုကရေစီတည်ဆောက်ရေး အလားအလာ

395

တင်ဇာ (NP News) - မေ ၂၇
ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ကြားဖြတ်အစိုးရခေါင်းဆောင် နိုဘယ်လ်ဆုရှင် မိုဟာမက်ယူနွတ်စ် ဦး ဆောင်ပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေအရ (၂၀၂၅) ခုနှစ် မေလ (၁၀) ရက်မှာ အေဝါမီလိဂ်ပါတီ ကို ရွေးကောက်ပွဲဝင်ရောက်ဖို့ တားမြစ်လိုက်တာဟာ နိုင်ငံရေးမှာ သမိုင်းမှတ်တမ်းတစ်ခုဖြစ်လာပါပြီ။ ရွေး ကောက်ပွဲကော်မရှင်က ပါတီရဲ့မှတ်ပုံတင်ကိုပယ်ဖျက် လိုက်ပြီး လာမယ့် နိုင်ငံတော်ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ခွင့်ကို ပိတ်ပင်လိုက်ပါတယ်။ ဒီလုပ်ရပ်ဟာ လွတ်လပ်ရေးရပြီးကတည်းက နိုင်ငံရဲ့ အဓိက ကျတဲ့ ပါတီတစ်ခုကို ဘေးဖယ်ထားလိုက်တာဖြစ်တယ်။ ဒီ တားမြစ်ချက်ဟာ ခေတ် တစ်ခုရဲ့အဆုံးသတ် ကိုသာမက နိုင်ငံရေးအရတင်းမာပြီး အယူဝါဒအရ မတည်ငြိမ်တဲ့အသွင်ကူးပြောင်းမှုရဲ့အစလို့လည်း ဆို နိုင်တယ်။
(၁၉၄၉) ခုနှစ်မှာတည်ထောင်ခဲ့တဲ့ အေဝါမီလိဂ်ဟာ သာမန်နိုင်ငံရေးပါတီတစ်ခုထက် ပိုပါတယ်။ ဒီပါတီဟာ ဘင်္ဂါလီအမျိုးသားရေးဝါဒရဲ့သင်္ကေတနဲ့ အနောက်ပါကစ္စတန်ကိုဆန့်ကျင်တဲ့ လွတ်မြောက် ရေးတိုက်ပွဲရဲ့ ရှေ့တန်းတပ်ဦးအဖြစ်တည်ရှိခဲ့ပြီး (၁၉၇၁) ခုနှစ်မှာ နိုင်ငံရဲ့လွတ်လပ်ရေးကို ရယူပေးရာ မှာလည်း ပါဝင်ခဲ့တယ်။ ရှိတ်မူဂျီဘူရ်ရာမန်နဲ့နောက်ပိုင်းမှာ သူ့သမီး ရှိတ်ဟာဆီနာတို့ရဲ့ဦးဆောင်မှု အောက်မှာ ဒီပါတီဟာ တုနှိုင်းမဲ့ နိုင်ငံရေးတရားဝင်မှုနဲ့ ကျယ်ပြန့်တဲ့ထောက်ခံမှုကိုရရှိခဲ့တယ်။ အာဏာ ထူထောင်နိုင်ခဲ့ချိန် (၂၀ဝ၉)ခုနှစ်ကစလို့ ပါတီကျဆုံးခန်းဝင်ချိန် (၂၀၂၄) ခုနှစ်အထိ အေဝါမီလိဂ်ပါတီဟာ လွတ်လပ်ရေးရပြီးနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးကို ပုံဖော်ဖန်တီးခဲ့ပါတယ်။
ပါတီပြိုလဲသွားတာဟာ ထိပ်ဆုံးရောက်ခဲ့တုန်းကလိုပဲ အံ့မခန်းဖြစ်ခဲ့တယ်။ (၂၀၂၄) ခုနှစ် ဇန်နဝါ ရီလမှာ လူအများအပြားက မသမာတဲ့ရွေးကောက်ပွဲလို့သတ်မှတ်ခဲ့တဲ့ ဟာစီနာရဲ့ စတုတ္ထမြောက် ဆက် တိုက်သက်တမ်းဟာ ကျောင်းသားဦးဆောင်တဲ့ အုံကြွမှုတွေကိုဖြစ်ပေါ်စေခဲ့တယ်။ အလုပ်အကိုင် ခွဲတမ်း မညီမျှတာတွေနဲ့ စီးပွားရေးမညီမျှမှုတွေလို မကျေနပ်ချက်တွေကနေစတင်ခဲ့တဲ့ ဆန္ဒပြမှုတွေဟာ အာ ဏာရှင်ဆန့်ကျင်တဲ့ အပြည့်အဝလှုပ်ရှားမှုတစ်ခု အဖြစ် လျင်မြန်စွာပြောင်းလဲသွားခဲ့တယ်။ အစိုးရရဲ့ နှိမ်နင်းမှုဟာ လူပေါင်း (၁၄၀ဝ)ကျော်သေဆုံးခဲ့ပြီး ဟာစီနာရဲ့အာဏာကိုအဆုံးသတ်စေခဲ့တဲ့ဖြစ်ရပ်တွေ ဆက်တိုက်ဖြစ်ပေါ်စေခဲ့တယ်။
အာဝါမီလိဂ်ပါတီကို ပိတ်ပင်တာကို အကြမ်းဖက်နှိမ်နင်းတာအဖြစ်မကြည့်သင့်ဘဲ ဘင်္ဂလား ဒေ့ရှ်ရဲ့ နိုင်ငံရေးအရဖယ်ထုတ်ခြင်းနဲ့ လက်စားချေခြင်းဓလေ့အဖြစ်လည်း ထည့်သွင်းစဉ်းစားသင့်တယ်။ ဒီအလေ့အထရဲ့အရင်းအမြစ်ကို လေ့လာကြည့်လိုက်တော့ မူဂျီဘူရ်ရာမန်ကိုယ်တိုင် အာဏာရှင်စနစ်ဆီ ပြောင်းလဲသွားတဲ့လမ်းကြောင်းကို ခြေရာခံနိုင်တယ်။ သူဟာ (၁၉၇၅) ခုနှစ်မှာ တစ်ပါတီစနစ်ဖြစ်တဲ့ BaKSAL (Bangladesh Krishak Sramik Awami League) စနစ်ကို တည်ထောင်ခဲ့တယ်။ စစ်ပြီးခေတ် ရဲ့ ရှုပ်ထွေးနေတဲ့အခြေအနေမှာ အာဏာကိုစုစည်းဖို့ရည်ရွယ်တဲ့ဒီလုပ်ဆောင်မှုဟာ နောက်ပိုင်း အစိုးရ တွေအတွက် လမ်းကြောင်းသတ်မှတ်ပေးခဲ့သလိုဖြစ်နေတယ်။ အာဏာရလာတဲ့အခါမှာ အတိုက်အခံနဲ့ အတူယှဉ်တွဲထိန်းညှိမယ့်အစား ဖယ်ရှားပစ်ဖို့ပဲဖြစ်လာတယ်။
နောက်ပိုင်းမှာတော့ Ziaur Rahmanနဲ့ H M Ershad တို့လိုစစ်ခေါင်းဆောင်တွေက စစ်အုပ်ချုပ် ရေးဥပဒေကိုပြဋ္ဌာန်းပြီး အစ္စလာမ္မစ်နိုင်ငံရေးအင်အားစုတွေကို ပြန်လည်မြေတောင်မြှောက်ပေးခြင်း အား ဖြင့် အာဝါမီလိဂ်ကို အားလျော့အောင်လုပ်ဖို့ ကြိုးပမ်းလာခဲ့ကြတယ်။ လွတ်မြောက်ရေးလိုလားတဲ့ အင်အားစုတွေနဲ့ လွတ်မြောက်ရေးကိုဆန့်ကျင်တဲ့ အင်အားစုတွေကြားက အားပြိုင်တိုက်ပွဲတွေဟာ ဘင်္ဂ လားဒေ့ရှ်နိုင်ငံရေးမှာ အမြဲတမ်း ထင်ထင်ပေါ်ပေါ်ဖြစ်ခဲ့တယ်။ အဓိကပါတီကြီးနှစ်ခုဖြစ်တဲ့ အာဝါမီလိဂ်နဲ့ ဘီအန်ပီ(ဘင်္ဂလားဒေ့ရှ်အမျိုးသားရေးပါတီ)တို့ဟာ အလျှော့ပေးဖို့၊ ဆွေးနွေးညှိနှိုင်းဖို့ ဒါမှမဟုတ် သဘောတူညီမှု ရယူဖို့မရှိတဲ့အကျိုးအမြတ်မရှိတိုက်ပွဲတွေမှာ ပြင်းထန်တဲ့ပြိုင်ဘက်တွေအဖြစ် ခိုင်မာစွာ ရပ်တည်ခဲ့ကြတယ်။
ရှိတ်ဟာစီနာရဲ့ (၁၅)နှစ်ကြာအုပ်ချုပ်မှု ဟာ သိသာထင်ရှားတဲ့ စီးပွားရေးအောင်မြင်မှုတွေကို ပေးခဲ့တယ်။ ဘင်္ဂလားဒေ့ရှ်ရဲ့ GDP ဟာ ခိုင်မာစွာ တိုးတက်ခဲ့တယ်၊ အခြေခံအဆောက်အအုံတွေ တိုး တက်လာခဲ့တယ်။ ဆင်းရဲမွဲတေမှုနှုန်းတွေကျဆင်းခဲ့ တယ်။ ဒါပေမဲ့လည်း ဒီအောင်မြင်မှုတွေနဲ့အတူ အာ ဏာရှင်စနစ်ဆီ ခြေလှမ်းနေတာမျိုးလည်းရှိလာပါ တယ်။ (၂၀၁၁)ခုနှစ်မှာ ရွေးကောက်ပွဲအတွက် ကြား နေအိမ်စောင့်စနစ်ကိုဖျက်သိမ်းတာ၊ အတိုက်အခံပါ တီတွေကို နှိမ်နင်းတာ၊ လွတ်လပ်တဲ့မီဒီယာတွေကို ချုပ်ကိုင်တာ၊ ဝေဖန်သူတွေနုတ်ဆိတ်သွားအောင် ဒီ ဂျစ်တယ်လုံခြုံရေးဥပဒေတွေကိုအသုံးပြုတာ။ ဒီအချက်တွေစုပေါင်းပြီးနောက် ဘင်္ဂလားဒေ့ရှ်ကို လက်တွေ့မှာ တစ်ပါတီနိုင်ငံအဖြစ်ပြောင်းလဲစေခဲ့တယ်။
ဒါ့ပြင် (၂၀ဝ၉) ခုနှစ်မှာ (၁၉၇၁)ပဋိပက္ခက စစ်ရာဇဝတ်ကောင်တွေကိုတရားစွဲဆိုဖို့ရည်ရွယ်ပြီး နိုင်ငံတကာရာဇဝတ်ခုံရုံးကိုတည်ထောင်ခဲ့ တာဟာ တိုင်းပြည်ကို ပိုပြီးတော့ကွဲပြားစေခဲ့တယ်။ လွတ် မြောက်ရေးလိုလားတဲ့ပြည်သူတွေကြားမှာရေ ပန်းစားပေမယ့်လည်း အများစုက ဘီအန်ပီနဲ့မဟာမိတ် ဖြစ်တဲ့ ဂျာမတ်-အီ-အစ္စလာမီခေါင်းဆောင်တွေ ကို ခုံရုံးက အဓိကထားတာကို ဝေဖန်သူတွေက ဘက် လိုက်ပြီး လက်စားချေလိုတဲ့သဘောလို့ မြင်ခဲ့ကြတယ်။ သမိုင်းဝင်အနာတရတွေကိုကုစားမယ့် အစား ခုံရုံးဟာ အဲဒီအနာတရတွေ ကိုပိုဆိုးစေခဲ့တယ်။ နှစ်ဖက်စလုံးဟာ လမ်းမတွေပေါ်မှာ ထိပ်တိုက်တွေ့ဆုံ ခဲ့ကြပြီး လူ့အဖွဲ့အစည်းရဲ့ကွဲပြားခြားနားမှုကို အန္တရာယ်ရှိလောက်အောင် ကျယ်ပြန့်စေခဲ့တယ်။
(၂၀၂၄) ခုနှစ် ဩဂုတ်လမှာ ဟာစီနာကို ဖြုတ်ချပြီးတဲ့နောက် ဒီမိုကရေစီပြန်လည်တည်ထောင် ဖို့ရည်ရွယ်ချက်နဲ့ မိုဟာမက်ယူနွတ်စ်ကို အိမ်စောင့် အစိုးရအကြီးအကဲအဖြစ် ခန့်အပ်ခဲ့တယ်။ ဒါပေမဲ့ အေဝါမီလိဂ်ပါတီရဲ့ ရွေးကောက်ပွဲမှတ်ပုံတင်ခြင်းကို ရပ်ဆိုင်းတာက နိုင်ငံရေးစနစ်ကိုတုန်လှုပ်စေခဲ့ တယ်။ (၂၀၂၄)ခုနှစ် လူထုအုံကြွမှုအတွင်း အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုတွေမှာ အေဝါမီလိဂ်ပါတီက အဓိကအခန်းကဏ္ဍကနေပါဝင်ခဲ့တယ်ဆိုပြီး ယာယီအစိုးရက ပြင်ဆင်ထားတဲ့ အကြမ်းဖက်တိုက်ဖျက် ရေး ဥပဒေကို အကြောင်းပြချက်အဖြစ်အသုံးပြုခဲ့တယ်။ ဒါ့ပြင် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးကို လည်း လူပုဂ္ဂိုလ်တွေသာမက အဖွဲ့အစည်းတွေကိုလည်း တရားစွဲဆိုနိုင်ဖို့ အခွင့်အာဏာပေးခဲ့တယ်။ ဒီလိုနဲ့ အေဝါမီလိဂ်ပါတီကို လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် ပါတီအဖွဲ့အစည်း တစ်ခုအနေနဲ့ တရားစွဲဆိုနိုင်ဖို့ လမ်းဖွင့်ပေးခဲ့တယ်။
အဲဒီလိုအခြေအနေက စိုးရိမ်စရာကောင်းတယ်။ ဒီမိုကရေစီလမ်းစဉ်ကူးပြောင်းမယ်ဆိုတဲ့ အိမ် စောင့်အစိုးရက နိုင်ငံတော်ကိုတည်ထောင်ရာမှာ အဓိကအခန်းကဏ္ဍကနေပါဝင်ခဲ့တဲ့ပါတီတစ်ခုကို တရားစွဲဆိုနေတာဖြစ်တယ်။ အေဝါမီလိဂ်ပါတီကိုထောက်ခံသူတွေက အဲဒီပိတ်ပင်မှုဟာ နိုင်ငံရေး အကြောင်းပြချက်အရ လုပ်ဆောင်ခြင်းသာဖြစ်ပြီး အန္တရာယ်ရှိ ကြောင်းရှုတ်ချခဲ့တယ်။ ဟာစီနာကိုဝေဖန် သူတွေတောင် ထောက်ခံမှုအခြေခံရှိနေသေးတဲ့ နိုင်ငံရေးပါတီတစ်ခုလုံးကိုပိတ်ပင်တာက တရားမျှတမှုရှိ သလား သို့မဟုတ် ဒီမိုကရေစီနည်းကျပါသလားလို့ မေးခွန်းထုတ်ခဲ့တယ်။
ကြားဖြတ်အစိုးရရဲ့ အုပ်ချုပ်ရေးအမိန့်နဲ့ ဒီတားမြစ်ချက်ဟာ အာဏာသက်ရောက်လာခဲ့ပါပြီ။ (၁၉၉၆)ခုနှစ်မှာ (၁၃)ကြိမ်မြောက် ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုပြင်ဆင်တဲ့ဥပဒေနဲ့အတူ ပါတီမဲ့ကြားဖြတ် အစိုးရစနစ်(CTG)ကိုစတင်ခဲ့တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၅၈)ခ-ဃ အရ CTG ဟာ ယာယီ ဖြစ်ရ မယ်၊ ကြားနေရမယ်၊ ဘက်မလိုက်ရဘူး၊ လွှတ်တော်ဖျက်သိမ်းပြီး ရက်ပေါင်း (၉၀)အတွင်း လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲတွေကျင်းပဖို့ အဓိကတာဝန်ရှိတယ်။ (၂၀၁၁)ခုနှစ်မှာ (၁၅) ကြိမ် မြောက်ဖွဲ့ စည်းပုံ အခြေခံဥပဒေကိုပြင်ဆင်မှုမှာ ဒီပြဋ္ဌာန်းချက်ကိုပယ်ဖျက်ခဲ့တယ်။ ဒီပုဒ်မကို ဖယ်ရှားလိုက်တာက ပုဒ်မ (၁၄၁) က-ဂ အရ အရေးပေါ် အခြေအနေကို တရားဝင်ကြေညာခြင်းမရှိရင် ဒါမှမဟုတ် တရားဝင် စစ်အုပ်ချုပ်ရေးမကြေညာရင် ကြား ဖြတ်အစိုးရ ဒါမှမဟုတ် ယာယီအစိုးရဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ တရားဝင်မှုမရှိဘူးလို့ဆိုလိုပါတယ်။ ဒါကြောင့် ဒီကြားဖြတ်အစိုးရရဲ့ သဘော သဘာဝဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုကျော်လွန်ပြီး လုပ်ဆောင်နေတာဖြစ်တယ်။ ဒါကြောင့်မို့လည်း အေဝါမီလိဂ်ပါတီကို ပိတ်ပင်တာဟာ အာဏာမဲ့လုပ်ရပ်တစ်ခုအဖြစ်ရှုမြင်နိုင်တယ်။
ပြည်သူ့ဆန္ဒမပါဘဲ ဒီကြားဖြတ်အစိုးရဟာ မူလတန်းနဲ့အလယ်တန်းကျောင်းတွေရဲ့ အမျိုးသား သင်ရိုးညွှန်းတမ်းနဲ့ ပြဋ္ဌာန်းစာအုပ်တွေကိုလည်း ပြင် ဆင်ခဲ့တယ်။ ပြဋ္ဌာန်းစာအုပ်အသစ်တွေမှာ (၁၉၇၁) ခုနှစ် မတ်လ (၂၆) ရက် ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေး ကြေညာချက်ကို ဇီယာအူရ်ရာမန်ကြောင့်လို့ဖော်ပြ ထားပြီး ရှိတ်မူဂျီဘူရ်ရာမန်နဲ့ဆက်စပ်နေတဲ့ “နိုင်ငံတော်ဖခင်”ဆိုတဲ့အမည်ကိုဖယ်ရှားလိုက်တယ်။ ကြား ဖြတ်အစိုးရဟာ ဒုတိယအကြိမ်မြောက် ဖွဲ့စည်းပုံ အခြေခံဥပဒေကိုရေးဆွဲဖို့ အဖွဲ့ဝင်ကိုးဦးပါဝင်တဲ့ ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး ကော်မရှင်ကိုလည်းဖွဲ့စည်းခဲ့တယ်။
ဒါ့ပြင် အေဝါမီလိဂ်ပါတီကို ပိတ်ပင်ခြင်းက အိမ်နီးချင်းပါကစ္စတန်မှာဖြစ်ပွားခဲ့တဲ့အခြေအနေနဲ့ တူညီနေကြောင်း နှိုင်းယှဉ်လေ့လာမိတယ်။ (၂၀၂၃) ခုနှစ်မှာ ဝန်ကြီးချုပ်အင်မရန်ခန်ကို အာဏာက ဖယ် ရှားပြီးတဲ့နောက် သူရဲ့ PTI ပါတီကို စနစ်တကျချေမှုန်းဖို့ အစိုးရကလုပ်ဆောင်ခဲ့တယ်။ အစုလိုက်အပြုံ လိုက် ဖမ်းဆီးခြင်း၊ ရွေးကောက်ပွဲဝင်ရောက်ဖို့ အရည်အချင်းပျက်ပြယ်စေတာနဲ့ ပါတီရဲ့ရွေးကောက်ပွဲ သင်္ကေတကို ပြန်လည်ရုပ်သိမ်းတာတို့ဟာ PTI ကို ဖယ်ထုတ်ဖို့အသုံးပြုခဲ့တဲ့နည်းဗျူဟာတွေ ဖြစ်တယ်။ ဘင်္ဂလားဒေ့ရှ်ရော၊ ပါကစ္စတန်ရောဟာ နိုင်ငံရေးပြိုင် ဘက်တွေကိုဖယ်ထုတ်ဖို့အတွက် တရားဥပဒေ ဒါမှမဟုတ် အမျိုးသားလုံခြုံရေးမူဘောင်တွေကို အကာအကွယ်အဖြစ်အသုံးပြုခဲ့တယ်။
ပါကစ္စတန်ရဲ့လမ်းစဉ်ကိုလိုက်နေတဲ့ ဘင်္ဂလားဒေ့ရှ်အနေနဲ့ ပါကစ္စတန်ကြုံတွေ့နေရတဲ့ ရေရှည် ဆိုးကျိုးတွေကနေ သင်ခန်းစာယူသင့်ပါတယ်။ ပါကစ္စတန်မှာဆိုရင် စိတ်ပျက်အားလျော့နေတဲ့ လူငယ် တွေ၊ နိုင်ငံရေးအစွန်းရောက်မှုတွေနဲ့ ဒီမိုကရေ စီအဖွဲ့အစည်းတွေအပေါ် ယုံကြည်မှုလျော့နည်းလာတာ တွေဖြစ်ပေါ်နေပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာလည်း အလားတူအခြေအနေကို ရင်ဆိုင်ရနိုင်ပါတယ်။ အကယ်၍ အေဝါမီလိဂ်ပါတီရဲ့ သန်းပေါင်းများစွာသောထောက်ခံသူတွေဟာ အမြဲတမ်း မဲပေးပိုင်ခွင့် ဆုံးရှုံးရတယ်လို့ခံစားလာရမယ်ဆိုရင် ပြည်တွင်းအုံကြွမှုတွေ ဒါမှမဟုတ် ဒီမိုကရေစီအစဉ်အလာ ပြိုကွဲသွားတာမျိုးတွေအထိ ဖြစ်ပေါ်လာနိုင်ပါတယ်။
အေဝါမီလိဂ်ပါတီကိုပိတ်ပင်လိုက်တာဟာ အာဏာရှင်ဆန်တဲ့လုပ်ရပ်တွေအတွက် လက်စားချေ မှုဖြစ်သလို မရေရာတဲ့နယ်ပယ်ထဲကို အန္တရာယ်ရှိတဲ့ခုန်ဆင်းမှုလည်းဖြစ်ပါတယ်။ ရှိတ်ဟာစီနာ အစိုးရ ဟာ ဒီမိုက ရေစီကိုဖိနှိပ်ခဲ့တယ်ဆိုတာငြင်းလို့မရပေမယ့် ဖြေရှင်းနည်းဟာ အကြီးဆုံးနိုင်ငံရေးပါတီကို ဖယ်ထုတ်လိုက်တဲ့ မျိုးဆက်ပါမကျန်ချေမှုန်းမယ့် မူဝါဒမျိုးမဖြစ်သင့်ပါဘူး။ စစ်ရာဇဝတ်မှုတွေ ဒါမှ မဟုတ် ဖိနှိပ်မှုတွေအတွက် တရားမျှတမှုတွေကို ပွင့်လင်းမြင်သာတဲ့လုပ်ငန်းစဉ်တွေကတစ်ဆင့် ဆောင်ရွက်ရပါမယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ အရေးကြီးတဲ့အခြေအနေတစ်ခုမှာ ရောက်ရှိနေပါတယ်။ အရေးတကြီး လိုအပ်နေတာဟာ အသွင်ကူးပြောင်းရေးအုပ် ချုပ်မှုတစ်ခုတည်းမဟုတ်ဘဲ ဒီမိုကရေစီပြန်လည် တည်ဆောက်ရေး၊ အဖွဲ့အစည်းတွေ ပြန်လည်ထူထောင်ရေး၊ အားလုံးပါဝင်တဲ့ဆွေးနွေးမှုတွေ မြှင့်တင်ရေးနဲ့ ရွေးကောက်ပွဲယုံကြည်ကိုးစားမှုကို ပြန်လည်တည်ဆောက်ရေးတွေပဲဖြစ်တယ်။ အေဝါမီလိဂ်ပါတီဟာ အားနည်းချက်တွေရှိပေမယ့် အဲဒီလုပ်ငန်းစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ရပါမယ်။ အဲဒီပါတီမပါဘဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဒီမိုကရေစီကို စိတ်ကူးကြည့်တာဟာ သမိုင်းကို လျစ်လျူရှုရာရောက်ပြီး လွန်ခဲ့တဲ့ ဆယ်စုနှစ်ရဲ့အမှားတွေကို ထပ်ခါတလဲလဲလုပ်မိနိုင်တဲ့ အန္တရာယ်ရှိနေတယ်လို့ သုံးသပ်မိပါတယ်။
zawgyi version
ေအဝါမီလိဂ္ပါတီကို ပိတ္ပင္ျခင္းနဲ႔အတူ ဘဂၤလားေဒ့ရွ္ရဲ႕ဒီမိုကေရစီတည္ေဆာက္ေရး အလားအလာ
တင္ဇာ (NP News) - ေမ ၂၇
ဘဂၤလားေဒ့ရွ္ႏိုင္ငံရဲ႕ ၾကားျဖတ္အစိုးရေခါင္းေဆာင္ ႏိုဘယ္လ္ဆုရွင္ မိုဟာမက္ယူႏြတ္စ္ ဦး ေဆာင္ၿပီး အၾကမ္းဖက္တိုက္ဖ်က္ေရးဥပေဒအရ (၂၀၂၅) ခုႏွစ္ ေမလ (၁၀) ရက္မွာ ေအဝါမီလိဂ္ပါတီ ကို ေ႐ြးေကာက္ပြဲဝင္ေရာက္ဖို႔ တားျမစ္လိုက္တာဟာ ႏိုင္ငံေရးမွာ သမိုင္းမွတ္တမ္းတစ္ခုျဖစ္လာပါၿပီ။ ေ႐ြး ေကာက္ပြဲေကာ္မရွင္က ပါတီရဲ႕မွတ္ပုံတင္ကိုပယ္ဖ်က္ လိုက္ၿပီး လာမယ့္ ႏိုင္ငံေတာ္ေ႐ြးေကာက္ပြဲမွာ ပါဝင္ ယွဥ္ၿပိဳင္ခြင့္ကို ပိတ္ပင္လိုက္ပါတယ္။ ဒီလုပ္ရပ္ဟာ လြတ္လပ္ေရးရၿပီးကတည္းက ႏိုင္ငံရဲ႕ အဓိက က်တဲ့ ပါတီတစ္ခုကို ေဘးဖယ္ထားလိုက္တာျဖစ္တယ္။ ဒီ တားျမစ္ခ်က္ဟာ ေခတ္ တစ္ခုရဲ႕အဆုံးသတ္ ကိုသာမက ႏိုင္ငံေရးအရတင္းမာၿပီး အယူဝါဒအရ မတည္ၿငိမ္တဲ့အသြင္ကူးေျပာင္းမႈရဲ႕အစလို႔လည္း ဆို ႏိုင္တယ္။
(၁၉၄၉) ခုႏွစ္မွာတည္ေထာင္ခဲ့တဲ့ ေအဝါမီလိဂ္ဟာ သာမန္ႏိုင္ငံေရးပါတီတစ္ခုထက္ ပိုပါတယ္။ ဒီပါတီဟာ ဘဂၤါလီအမ်ိဳးသားေရးဝါဒရဲ႕သေကၤတနဲ႔ အေနာက္ပါကစၥတန္ကိုဆန႔္က်င္တဲ့ လြတ္ေျမာက္ ေရးတိုက္ပြဲရဲ႕ ေရွ႕တန္းတပ္ဦးအျဖစ္တည္ရွိခဲ့ၿပီး (၁၉၇၁) ခုႏွစ္မွာ ႏိုင္ငံရဲ႕လြတ္လပ္ေရးကို ရယူေပးရာ မွာလည္း ပါဝင္ခဲ့တယ္။ ရွိတ္မူဂ်ီဘူရ္ရာမန္နဲ႔ေနာက္ပိုင္းမွာ သူ႔သမီး ရွိတ္ဟာဆီနာတို႔ရဲ႕ဦးေဆာင္မႈ ေအာက္မွာ ဒီပါတီဟာ တုႏႈိင္းမဲ့ ႏိုင္ငံေရးတရားဝင္မႈနဲ႔ က်ယ္ျပန႔္တဲ့ေထာက္ခံမႈကိုရရွိခဲ့တယ္။ အာဏာ ထူေထာင္ႏိုင္ခဲ့ခ်ိန္ (၂၀ဝ၉)ခုႏွစ္ကစလို႔ ပါတီက်ဆုံးခန္းဝင္ခ်ိန္ (၂၀၂၄) ခုႏွစ္အထိ ေအဝါမီလိဂ္ပါတီဟာ လြတ္လပ္ေရးရၿပီးေနာက္ပိုင္း ဘဂၤလားေဒ့ရွ္ႏိုင္ငံေရးကို ပုံေဖာ္ဖန္တီးခဲ့ပါတယ္။
ပါတီၿပိဳလဲသြားတာဟာ ထိပ္ဆုံးေရာက္ခဲ့တုန္းကလိုပဲ အံ့မခန္းျဖစ္ခဲ့တယ္။ (၂၀၂၄) ခုႏွစ္ ဇန္နဝါ ရီလမွာ လူအမ်ားအျပားက မသမာတဲ့ေ႐ြးေကာက္ပြဲလို႔သတ္မွတ္ခဲ့တဲ့ ဟာစီနာရဲ႕ စတုတၳေျမာက္ ဆက္ တိုက္သက္တမ္းဟာ ေက်ာင္းသားဦးေဆာင္တဲ့ အုံႂကြမႈေတြကိုျဖစ္ေပၚေစခဲ့တယ္။ အလုပ္အကိုင္ ခြဲတမ္း မညီမွ်တာေတြနဲ႔ စီးပြားေရးမညီမွ်မႈေတြလို မေက်နပ္ခ်က္ေတြကေနစတင္ခဲ့တဲ့ ဆႏၵျပမႈေတြဟာ အာ ဏာရွင္ဆန႔္က်င္တဲ့ အျပည့္အဝလႈပ္ရွားမႈတစ္ခု အျဖစ္ လ်င္ျမန္စြာေျပာင္းလဲသြားခဲ့တယ္။ အစိုးရရဲ႕ ႏွိမ္နင္းမႈဟာ လူေပါင္း (၁၄၀ဝ)ေက်ာ္ေသဆုံးခဲ့ၿပီး ဟာစီနာရဲ႕အာဏာကိုအဆုံးသတ္ေစခဲ့တဲ့ျဖစ္ရပ္ေတြ ဆက္တိုက္ျဖစ္ေပၚေစခဲ့တယ္။
အာဝါမီလိဂ္ပါတီကို ပိတ္ပင္တာကို အၾကမ္းဖက္ႏွိမ္နင္းတာအျဖစ္မၾကည့္သင့္ဘဲ ဘဂၤလား ေဒ့ရွ္ရဲ႕ ႏိုင္ငံေရးအရဖယ္ထုတ္ျခင္းနဲ႔ လက္စားေခ်ျခင္းဓေလ့အျဖစ္လည္း ထည့္သြင္းစဥ္းစားသင့္တယ္။ ဒီအေလ့အထရဲ႕အရင္းအျမစ္ကို ေလ့လာၾကည့္လိုက္ေတာ့ မူဂ်ီဘူရ္ရာမန္ကိုယ္တိုင္ အာဏာရွင္စနစ္ဆီ ေျပာင္းလဲသြားတဲ့လမ္းေၾကာင္းကို ေျခရာခံႏိုင္တယ္။ သူဟာ (၁၉၇၅) ခုႏွစ္မွာ တစ္ပါတီစနစ္ျဖစ္တဲ့ BaKSAL (Bangladesh Krishak Sramik Awami League) စနစ္ကို တည္ေထာင္ခဲ့တယ္။ စစ္ၿပီးေခတ္ ရဲ႕ ရႈပ္ေထြးေနတဲ့အေျခအေနမွာ အာဏာကိုစုစည္းဖို႔ရည္႐ြယ္တဲ့ဒီလုပ္ေဆာင္မႈဟာ ေနာက္ပိုင္း အစိုးရ ေတြအတြက္ လမ္းေၾကာင္းသတ္မွတ္ေပးခဲ့သလိုျဖစ္ေနတယ္။ အာဏာရလာတဲ့အခါမွာ အတိုက္အခံနဲ႔ အတူယွဥ္တြဲထိန္းညႇိမယ့္အစား ဖယ္ရွားပစ္ဖို႔ပဲျဖစ္လာတယ္။
ေနာက္ပိုင္းမွာေတာ့ Ziaur Rahmanနဲ႔ H M Ershad တို႔လိုစစ္ေခါင္းေဆာင္ေတြက စစ္အုပ္ခ်ဳပ္ ေရးဥပေဒကိုျပ႒ာန္းၿပီး အစၥလာမၼစ္ႏိုင္ငံေရးအင္အားစုေတြကို ျပန္လည္ေျမေတာင္ေျမႇာက္ေပးျခင္း အား ျဖင့္ အာဝါမီလိဂ္ကို အားေလ်ာ့ေအာင္လုပ္ဖို႔ ႀကိဳးပမ္းလာခဲ့ၾကတယ္။ လြတ္ေျမာက္ေရးလိုလားတဲ့ အင္အားစုေတြနဲ႔ လြတ္ေျမာက္ေရးကိုဆန႔္က်င္တဲ့ အင္အားစုေတြၾကားက အားၿပိဳင္တိုက္ပြဲေတြဟာ ဘဂၤ လားေဒ့ရွ္ႏိုင္ငံေရးမွာ အၿမဲတမ္း ထင္ထင္ေပၚေပၚျဖစ္ခဲ့တယ္။ အဓိကပါတီႀကီးႏွစ္ခုျဖစ္တဲ့ အာဝါမီလိဂ္နဲ႔ ဘီအန္ပီ(ဘဂၤလားေဒ့ရွ္အမ်ိဳးသားေရးပါတီ)တို႔ဟာ အေလွ်ာ့ေပးဖို႔၊ ေဆြးေႏြးညႇိႏႈိင္းဖို႔ ဒါမွမဟုတ္ သေဘာတူညီမႈ ရယူဖို႔မရွိတဲ့အက်ိဳးအျမတ္မရွိတိုက္ပြဲေတြမွာ ျပင္းထန္တဲ့ၿပိဳင္ဘက္ေတြအျဖစ္ ခိုင္မာစြာ ရပ္တည္ခဲ့ၾကတယ္။
ရွိတ္ဟာစီနာရဲ႕ (၁၅)ႏွစ္ၾကာအုပ္ခ်ဳပ္မႈ ဟာ သိသာထင္ရွားတဲ့ စီးပြားေရးေအာင္ျမင္မႈေတြကို ေပးခဲ့တယ္။ ဘဂၤလားေဒ့ရွ္ရဲ႕ GDP ဟာ ခိုင္မာစြာ တိုးတက္ခဲ့တယ္၊ အေျခခံအေဆာက္အအုံေတြ တိုး တက္လာခဲ့တယ္။ ဆင္းရဲမြဲေတမႈႏႈန္းေတြက်ဆင္းခဲ့ တယ္။ ဒါေပမဲ့လည္း ဒီေအာင္ျမင္မႈေတြနဲ႔အတူ အာ ဏာရွင္စနစ္ဆီ ေျခလွမ္းေနတာမ်ိဳးလည္းရွိလာပါ တယ္။ (၂၀၁၁)ခုႏွစ္မွာ ေ႐ြးေကာက္ပြဲအတြက္ ၾကား ေနအိမ္ေစာင့္စနစ္ကိုဖ်က္သိမ္းတာ၊ အတိုက္အခံပါ တီေတြကို ႏွိမ္နင္းတာ၊ လြတ္လပ္တဲ့မီဒီယာေတြကို ခ်ဳပ္ကိုင္တာ၊ ေဝဖန္သူေတြႏုတ္ဆိတ္သြားေအာင္ ဒီ ဂ်စ္တယ္လုံၿခဳံေရးဥပေဒေတြကိုအသုံးျပဳတာ။ ဒီအခ်က္ေတြစုေပါင္းၿပီးေနာက္ ဘဂၤလားေဒ့ရွ္ကို လက္ေတြ႕မွာ တစ္ပါတီႏိုင္ငံအျဖစ္ေျပာင္းလဲေစခဲ့တယ္။
ဒါ့ျပင္ (၂၀ဝ၉) ခုႏွစ္မွာ (၁၉၇၁)ပဋိပကၡက စစ္ရာဇဝတ္ေကာင္ေတြကိုတရားစြဲဆိုဖို႔ရည္႐ြယ္ၿပီး ႏိုင္ငံတကာရာဇဝတ္ခုံ႐ုံးကိုတည္ေထာင္ခဲ့ တာဟာ တိုင္းျပည္ကို ပိုၿပီးေတာ့ကြဲျပားေစခဲ့တယ္။ လြတ္ ေျမာက္ေရးလိုလားတဲ့ျပည္သူေတြၾကားမွာေရ ပန္းစားေပမယ့္လည္း အမ်ားစုက ဘီအန္ပီနဲ႔မဟာမိတ္ ျဖစ္တဲ့ ဂ်ာမတ္-အီ-အစၥလာမီေခါင္းေဆာင္ေတြ ကို ခုံ႐ုံးက အဓိကထားတာကို ေဝဖန္သူေတြက ဘက္ လိုက္ၿပီး လက္စားေခ်လိုတဲ့သေဘာလို႔ ျမင္ခဲ့ၾကတယ္။ သမိုင္းဝင္အနာတရေတြကိုကုစားမယ့္ အစား ခုံ႐ုံးဟာ အဲဒီအနာတရေတြ ကိုပိုဆိုးေစခဲ့တယ္။ ႏွစ္ဖက္စလုံးဟာ လမ္းမေတြေပၚမွာ ထိပ္တိုက္ေတြ႕ဆုံ ခဲ့ၾကၿပီး လူ႔အဖြဲ႕အစည္းရဲ႕ကြဲျပားျခားနားမႈကို အႏၲရာယ္ရွိေလာက္ေအာင္ က်ယ္ျပန႔္ေစခဲ့တယ္။
(၂၀၂၄) ခုႏွစ္ ဩဂုတ္လမွာ ဟာစီနာကို ျဖဳတ္ခ်ၿပီးတဲ့ေနာက္ ဒီမိုကေရစီျပန္လည္တည္ေထာင္ ဖို႔ရည္႐ြယ္ခ်က္နဲ႔ မိုဟာမက္ယူႏြတ္စ္ကို အိမ္ေစာင့္ အစိုးရအႀကီးအကဲအျဖစ္ ခန႔္အပ္ခဲ့တယ္။ ဒါေပမဲ့ ေအဝါမီလိဂ္ပါတီရဲ႕ ေ႐ြးေကာက္ပြဲမွတ္ပုံတင္ျခင္းကို ရပ္ဆိုင္းတာက ႏိုင္ငံေရးစနစ္ကိုတုန္လႈပ္ေစခဲ့ တယ္။ (၂၀၂၄)ခုႏွစ္ လူထုအုံႂကြမႈအတြင္း အစုလိုက္ အၿပဳံလိုက္သတ္ျဖတ္မႈေတြမွာ ေအဝါမီလိဂ္ပါတီက အဓိကအခန္းက႑ကေနပါဝင္ခဲ့တယ္ဆိုၿပီး ယာယီအစိုးရက ျပင္ဆင္ထားတဲ့ အၾကမ္းဖက္တိုက္ဖ်က္ ေရး ဥပေဒကို အေၾကာင္းျပခ်က္အျဖစ္အသုံးျပဳခဲ့တယ္။ ဒါ့ျပင္ အျပည္ျပည္ဆိုင္ရာ ရာဇဝတ္ခုံ႐ုံးကို လည္း လူပုဂၢိဳလ္ေတြသာမက အဖြဲ႕အစည္းေတြကိုလည္း တရားစြဲဆိုႏိုင္ဖို႔ အခြင့္အာဏာေပးခဲ့တယ္။ ဒီလိုနဲ႔ ေအဝါမီလိဂ္ပါတီကို လူသားမ်ိဳးႏြယ္အေပၚက်ဴးလြန္တဲ့ ရာဇဝတ္မႈေတြအတြက္ ပါတီအဖြဲ႕အစည္း တစ္ခုအေနနဲ႔ တရားစြဲဆိုႏိုင္ဖို႔ လမ္းဖြင့္ေပးခဲ့တယ္။
အဲဒီလိုအေျခအေနက စိုးရိမ္စရာေကာင္းတယ္။ ဒီမိုကေရစီလမ္းစဥ္ကူးေျပာင္းမယ္ဆိုတဲ့ အိမ္ ေစာင့္အစိုးရက ႏိုင္ငံေတာ္ကိုတည္ေထာင္ရာမွာ အဓိကအခန္းက႑ကေနပါဝင္ခဲ့တဲ့ပါတီတစ္ခုကို တရားစြဲဆိုေနတာျဖစ္တယ္။ ေအဝါမီလိဂ္ပါတီကိုေထာက္ခံသူေတြက အဲဒီပိတ္ပင္မႈဟာ ႏိုင္ငံေရး အေၾကာင္းျပခ်က္အရ လုပ္ေဆာင္ျခင္းသာျဖစ္ၿပီး အႏၲရာယ္ရွိ ေၾကာင္းရႈတ္ခ်ခဲ့တယ္။ ဟာစီနာကိုေဝဖန္ သူေတြေတာင္ ေထာက္ခံမႈအေျခခံရွိေနေသးတဲ့ ႏိုင္ငံေရးပါတီတစ္ခုလုံးကိုပိတ္ပင္တာက တရားမွ်တမႈရွိ သလား သို႔မဟုတ္ ဒီမိုကေရစီနည္းက်ပါသလားလို႔ ေမးခြန္းထုတ္ခဲ့တယ္။
ၾကားျဖတ္အစိုးရရဲ႕ အုပ္ခ်ဳပ္ေရးအမိန႔္နဲ႔ ဒီတားျမစ္ခ်က္ဟာ အာဏာသက္ေရာက္လာခဲ့ပါၿပီ။ (၁၉၉၆)ခုႏွစ္မွာ (၁၃)ႀကိမ္ေျမာက္ ဖြဲ႕စည္းပုံအေျခခံ ဥပေဒကိုျပင္ဆင္တဲ့ဥပေဒနဲ႔အတူ ပါတီမဲ့ၾကားျဖတ္ အစိုးရစနစ္(CTG)ကိုစတင္ခဲ့တယ္။ ဖြဲ႕စည္းပုံအေျခခံဥပေဒပုဒ္မ (၅၈)ခ-ဃ အရ CTG ဟာ ယာယီ ျဖစ္ရ မယ္၊ ၾကားေနရမယ္၊ ဘက္မလိုက္ရဘူး၊ လႊတ္ေတာ္ဖ်က္သိမ္းၿပီး ရက္ေပါင္း (၉၀)အတြင္း လြတ္လပ္ၿပီး တရားမွ်တတဲ့ေ႐ြးေကာက္ပြဲေတြက်င္းပဖို႔ အဓိကတာဝန္ရွိတယ္။ (၂၀၁၁)ခုႏွစ္မွာ (၁၅) ႀကိမ္ ေျမာက္ဖြဲ႕ စည္းပုံ အေျခခံဥပေဒကိုျပင္ဆင္မႈမွာ ဒီျပ႒ာန္းခ်က္ကိုပယ္ဖ်က္ခဲ့တယ္။ ဒီပုဒ္မကို ဖယ္ရွားလိုက္တာက ပုဒ္မ (၁၄၁) က-ဂ အရ အေရးေပၚ အေျခအေနကို တရားဝင္ေၾကညာျခင္းမရွိရင္ ဒါမွမဟုတ္ တရားဝင္ စစ္အုပ္ခ်ဳပ္ေရးမေၾကညာရင္ ၾကား ျဖတ္အစိုးရ ဒါမွမဟုတ္ ယာယီအစိုးရဟာ ဖြဲ႕စည္းပုံ အေျခခံဥပေဒ အရ တရားဝင္မႈမရွိဘူးလို႔ဆိုလိုပါတယ္။ ဒါေၾကာင့္ ဒီၾကားျဖတ္အစိုးရရဲ႕ သေဘာ သဘာဝဟာ ဖြဲ႕စည္းပုံ အေျခခံဥပေဒကိုေက်ာ္လြန္ၿပီး လုပ္ေဆာင္ေနတာျဖစ္တယ္။ ဒါေၾကာင့္မို႔လည္း ေအဝါမီလိဂ္ပါတီကို ပိတ္ပင္တာဟာ အာဏာမဲ့လုပ္ရပ္တစ္ခုအျဖစ္ရႈျမင္ႏိုင္တယ္။
ျပည္သူ႔ဆႏၵမပါဘဲ ဒီၾကားျဖတ္အစိုးရဟာ မူလတန္းနဲ႔အလယ္တန္းေက်ာင္းေတြရဲ႕ အမ်ိဳးသား သင္႐ိုးၫႊန္းတမ္းနဲ႔ ျပ႒ာန္းစာအုပ္ေတြကိုလည္း ျပင္ ဆင္ခဲ့တယ္။ ျပ႒ာန္းစာအုပ္အသစ္ေတြမွာ (၁၉၇၁) ခုႏွစ္ မတ္လ (၂၆) ရက္ ဘဂၤလားေဒ့ရွ္ လြတ္လပ္ေရး ေၾကညာခ်က္ကို ဇီယာအူရ္ရာမန္ေၾကာင့္လို႔ေဖာ္ျပ ထားၿပီး ရွိတ္မူဂ်ီဘူရ္ရာမန္နဲ႔ဆက္စပ္ေနတဲ့ “ႏိုင္ငံေတာ္ဖခင္”ဆိုတဲ့အမည္ကိုဖယ္ရွားလိုက္တယ္။ ၾကား ျဖတ္အစိုးရဟာ ဒုတိယအႀကိမ္ေျမာက္ ဖြဲ႕စည္းပုံ အေျခခံဥပေဒကိုေရးဆြဲဖို႔ အဖြဲ႕ဝင္ကိုးဦးပါဝင္တဲ့ ဖြဲ႕ စည္းပုံအေျခခံဥပေဒ ျပဳျပင္ေျပာင္းလဲေရး ေကာ္မရွင္ကိုလည္းဖြဲ႕စည္းခဲ့တယ္။
ဒါ့ျပင္ ေအဝါမီလိဂ္ပါတီကို ပိတ္ပင္ျခင္းက အိမ္နီးခ်င္းပါကစၥတန္မွာျဖစ္ပြားခဲ့တဲ့အေျခအေနနဲ႔ တူညီေနေၾကာင္း ႏႈိင္းယွဥ္ေလ့လာမိတယ္။ (၂၀၂၃) ခုႏွစ္မွာ ဝန္ႀကီးခ်ဳပ္အင္မရန္ခန္ကို အာဏာက ဖယ္ ရွားၿပီးတဲ့ေနာက္ သူရဲ႕ PTI ပါတီကို စနစ္တက်ေခ်မႈန္းဖို႔ အစိုးရကလုပ္ေဆာင္ခဲ့တယ္။ အစုလိုက္အၿပဳံ လိုက္ ဖမ္းဆီးျခင္း၊ ေ႐ြးေကာက္ပြဲဝင္ေရာက္ဖို႔ အရည္အခ်င္းပ်က္ျပယ္ေစတာနဲ႔ ပါတီရဲ႕ေ႐ြးေကာက္ပြဲ သေကၤတကို ျပန္လည္႐ုပ္သိမ္းတာတို႔ဟာ PTI ကို ဖယ္ထုတ္ဖို႔အသုံးျပဳခဲ့တဲ့နည္းဗ်ဴဟာေတြ ျဖစ္တယ္။ ဘဂၤလားေဒ့ရွ္ေရာ၊ ပါကစၥတန္ေရာဟာ ႏိုင္ငံေရးၿပိဳင္ ဘက္ေတြကိုဖယ္ထုတ္ဖို႔အတြက္ တရားဥပေဒ ဒါမွမဟုတ္ အမ်ိဳးသားလုံၿခဳံေရးမူေဘာင္ေတြကို အကာအကြယ္အျဖစ္အသုံးျပဳခဲ့တယ္။
ပါကစၥတန္ရဲ႕လမ္းစဥ္ကိုလိုက္ေနတဲ့ ဘဂၤလားေဒ့ရွ္အေနနဲ႔ ပါကစၥတန္ႀကဳံေတြ႕ေနရတဲ့ ေရရွည္ ဆိုးက်ိဳးေတြကေန သင္ခန္းစာယူသင့္ပါတယ္။ ပါကစၥတန္မွာဆိုရင္ စိတ္ပ်က္အားေလ်ာ့ေနတဲ့ လူငယ္ ေတြ၊ ႏိုင္ငံေရးအစြန္းေရာက္မႈေတြနဲ႔ ဒီမိုကေရ စီအဖြဲ႕အစည္းေတြအေပၚ ယုံၾကည္မႈေလ်ာ့နည္းလာတာ ေတြျဖစ္ေပၚေနပါတယ္။ ဘဂၤလားေဒ့ရွ္ႏိုင္ငံဟာလည္း အလားတူအေျခအေနကို ရင္ဆိုင္ရႏိုင္ပါတယ္။ အကယ္၍ ေအဝါမီလိဂ္ပါတီရဲ႕ သန္းေပါင္းမ်ားစြာေသာေထာက္ခံသူေတြဟာ အၿမဲတမ္း မဲေပးပိုင္ခြင့္ ဆုံးရႈံးရတယ္လို႔ခံစားလာရမယ္ဆိုရင္ ျပည္တြင္းအုံႂကြမႈေတြ ဒါမွမဟုတ္ ဒီမိုကေရစီအစဥ္အလာ ၿပိဳကြဲသြားတာမ်ိဳးေတြအထိ ျဖစ္ေပၚလာႏိုင္ပါတယ္။
ေအဝါမီလိဂ္ပါတီကိုပိတ္ပင္လိုက္တာဟာ အာဏာရွင္ဆန္တဲ့လုပ္ရပ္ေတြအတြက္ လက္စားေခ် မႈျဖစ္သလို မေရရာတဲ့နယ္ပယ္ထဲကို အႏၲရာယ္ရွိတဲ့ခုန္ဆင္းမႈလည္းျဖစ္ပါတယ္။ ရွိတ္ဟာစီနာ အစိုးရ ဟာ ဒီမိုက ေရစီကိုဖိႏွိပ္ခဲ့တယ္ဆိုတာျငင္းလို႔မရေပမယ့္ ေျဖရွင္းနည္းဟာ အႀကီးဆုံးႏိုင္ငံေရးပါတီကို ဖယ္ထုတ္လိုက္တဲ့ မ်ိဳးဆက္ပါမက်န္ေခ်မႈန္းမယ့္ မူဝါဒမ်ိဳးမျဖစ္သင့္ပါဘူး။ စစ္ရာဇဝတ္မႈေတြ ဒါမွ မဟုတ္ ဖိႏွိပ္မႈေတြအတြက္ တရားမွ်တမႈေတြကို ပြင့္လင္းျမင္သာတဲ့လုပ္ငန္းစဥ္ေတြကတစ္ဆင့္ ေဆာင္႐ြက္ရပါမယ္။
ဘဂၤလားေဒ့ရွ္ႏိုင္ငံဟာ အေရးႀကီးတဲ့အေျခအေနတစ္ခုမွာ ေရာက္ရွိေနပါတယ္။ အေရးတႀကီး လိုအပ္ေနတာဟာ အသြင္ကူးေျပာင္းေရးအုပ္ ခ်ဳပ္မႈတစ္ခုတည္းမဟုတ္ဘဲ ဒီမိုကေရစီျပန္လည္ တည္ေဆာက္ေရး၊ အဖြဲ႕အစည္းေတြ ျပန္လည္ထူေထာင္ေရး၊ အားလုံးပါဝင္တဲ့ေဆြးေႏြးမႈေတြ ျမႇင့္တင္ေရးနဲ႔ ေ႐ြးေကာက္ပြဲယုံၾကည္ကိုးစားမႈကို ျပန္လည္တည္ေဆာက္ေရးေတြပဲျဖစ္တယ္။ ေအဝါမီလိဂ္ပါတီဟာ အားနည္းခ်က္ေတြရွိေပမယ့္ အဲဒီလုပ္ငန္းစဥ္ရဲ႕ အစိတ္အပိုင္းတစ္ခုျဖစ္ရပါမယ္။ အဲဒီပါတီမပါဘဲ ဘဂၤလားေဒ့ရွ္ႏိုင္ငံရဲ႕ ဒီမိုကေရစီကို စိတ္ကူးၾကည့္တာဟာ သမိုင္းကို လ်စ္လ်ဴရႈရာေရာက္ၿပီး လြန္ခဲ့တဲ့ ဆယ္စုႏွစ္ရဲ႕အမွားေတြကို ထပ္ခါတလဲလဲလုပ္မိႏိုင္တဲ့ အႏၲရာယ္ရွိေနတယ္လို႔ သုံးသပ္မိပါတယ္။