Sky Villa ကွန်ဒို အခန်းတစ်ခန်းတည်းမှ အမျိုးသမီး (၃) ဦးရုပ်အလောင်းထုတ်ယူရရှိ

854

ချယ်ရီ (NP News) - မေ ၂၇
မန္တလေးငလျင်ကြီးကြောင့် ပြိုကျပျက်စီးခဲ့သော မန္တလေးမြို့၊ Sky Villa ကွန်ဒိုရှိ အခန်းတစ်ခန်းတည်းအတွင်းမှ အမျိုးသမီး (၃)ဦး၏ ရုပ်အလောင်းကို ထုတ်ယူရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ယနေ့ (မေလ ၂၇ ရက်)တွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ယန္တရားများနှင့်အတူ Sky Villa ကွန်ဒိုမှ ကျန်ရှိနေသော ရုပ်အလောင်းများ ရှာဖွေရန်အတွက် (B) အဆောင်အား ဖယ်ရှားရှင်းလင်းခြင်းနှင့် ရုပ်အလောင်းထုတ်ယူနိုင်ရေးဆောင်ရွက်လျက်ရှိရာ (B) ဆောင်၊ အခန်းအမှတ် (J 4) မှ မ(၁)ဦးကို နံနက် (၉)နာရီ (၂၀)မိနစ်အချိန်ခန့်၌ လည်းကောင်း ၊ နံနက် (၉)နာရီ ၃၅ မိနစ်အချိန်ခန့်တွင် မ(၁)ဦးနှင့် (၉)နာရီ (၄၅)မိနစ်အချိန်ခန့်တွင် မ(၁)ဦး စုစုပေါင်း မ(၃)ဦး၏ ရုပ်အလောင်းတို့ကို ထုတ်ယူရရှိခဲ့ကြောင်း သိရသည်။
Sky Villa ကွန်ဒိုမှ ပြီးခဲ့သည့် (မေလ ၁၈ ရက်မှ ယနေ့ မေလ ၂၇ ရက်အထိ)၊ (၁၀) ရက်တာအတွင်း သေဆုံးသူရုပ်အလောင်း အမျိုးသား (၃)ဦး၊ အမျိုးသမီး (၆)ဦး စုစုပေါင်း (၉)ဦး ရှာဖွေထုတ်ဖော်ရရှိခဲ့ကြောင်း သိရသည်။
ထို့အတူ ယမန်နေ့ (မေလ၂၆ ရက်)ကလည်း (B) အဆောင်၊ အခန်းအမှတ် (J 4) မှ မြန်မာငွေ (၁,၄၂၆)သိန်းကျပ်ကို တွေ့ရှိခဲ့ပြီး ပစ္စည်းလက်ခံလွှဲပြောင်းရေးအဖွဲ့မှတဆင့် ပိုင်ရှင်ဖြစ်သူထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

Zawgyi Version:
Sky Villa ကြန္ဒို အခန္းတစ္ခန္းတည္းမွ အမ်ိဳးသမီး (၃) ဦး႐ုပ္အေလာင္းထုတ္ယူရရွိ
ခ်ယ္ရီ (NP News) - ေမ ၂၇
မႏၲေလးငလ်င္ႀကီးေၾကာင့္ ၿပိဳက်ပ်က္စီးခဲ့ေသာ မႏၲေလးၿမိဳ႕၊ Sky Villa ကြန္ဒိုရွိ အခန္းတစ္ခန္းတည္းအတြင္းမွ အမ်ိဳးသမီး (၃)ဦး၏ ႐ုပ္အေလာင္းကို ထုတ္ယူရရွိခဲ့ေၾကာင္း ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ယေန႔ (ေမလ ၂၇ ရက္)တြင္ ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕မွ ယႏၲရားမ်ားႏွင့္အတူ Sky Villa ကြန္ဒိုမွ က်န္ရွိေနေသာ ႐ုပ္အေလာင္းမ်ား ရွာေဖြရန္အတြက္ (B) အေဆာင္အား ဖယ္ရွားရွင္းလင္းျခင္းႏွင့္ ႐ုပ္အေလာင္းထုတ္ယူႏိုင္ေရးေဆာင္႐ြက္လ်က္ရွိရာ (B) ေဆာင္၊ အခန္းအမွတ္ (J 4) မွ မ(၁)ဦးကို နံနက္ (၉)နာရီ (၂၀)မိနစ္အခ်ိန္ခန႔္၌ လည္းေကာင္း ၊ နံနက္ (၉)နာရီ ၃၅ မိနစ္အခ်ိန္ခန႔္တြင္ မ(၁)ဦးႏွင့္ (၉)နာရီ (၄၅)မိနစ္အခ်ိန္ခန႔္တြင္ မ(၁)ဦး စုစုေပါင္း မ(၃)ဦး၏ ႐ုပ္အေလာင္းတို႔ကို ထုတ္ယူရရွိခဲ့ေၾကာင္း သိရသည္။
Sky Villa ကြန္ဒိုမွ ၿပီးခဲ့သည့္ (ေမလ ၁၈ ရက္မွ ယေန႔ ေမလ ၂၇ ရက္အထိ)၊ (၁၀) ရက္တာအတြင္း ေသဆုံးသူ႐ုပ္အေလာင္း အမ်ိဳးသား (၃)ဦး၊ အမ်ိဳးသမီး (၆)ဦး စုစုေပါင္း (၉)ဦး ရွာေဖြထုတ္ေဖာ္ရရွိခဲ့ေၾကာင္း သိရသည္။
ထို႔အတူ ယမန္ေန႔ (ေမလ၂၆ ရက္)ကလည္း (B) အေဆာင္၊ အခန္းအမွတ္ (J 4) မွ ျမန္မာေငြ (၁,၄၂၆)သိန္းက်ပ္ကို ေတြ႕ရွိခဲ့ၿပီး ပစၥည္းလက္ခံလႊဲေျပာင္းေရးအဖြဲ႕မွတဆင့္ ပိုင္ရွင္ျဖစ္သူထံ လႊဲေျပာင္းေပးအပ္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။