မန္တလေးငလျင်ကြီးကြောင့် လူနေအိမ်(၅၁၀၀၀)ကျော်ထိခိုက်ပျက်စီးခဲ့ဟု နစကဥက္ကဋ္ဌကဆို

156

သန့်ဇင်(NP News)-မေ ၃၀
မတ်လ ၂၈ရက်ကလှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် လူနေအိမ်(၅၁၀၀၀)ကျော်ထိခိုက်ပျက်စီးခဲ့ကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
နစကဥက္ကဋ္ဌက ယမန်နေ့(မေလ ၂၉ရက်)၊ မွန်းလွဲပိုင်းက နေပြည်တော်၊ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သော မန္တလေးငလျင်ကြီး ကြောင့် ဘေးဒဏ်သင့်ခဲ့ရသည့် ပြည်သူများအား စေတနာရှင်၊ အလှူရှင်များက ဒုတိယအကြိမ်မြောက် အလှူငွေများ ပေးအပ်လှူဒါန်းပွဲတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ကြောင်း သိရသည်။
ငလျင်ကြီးဖြစ်ပေါ်ခဲ့မှုကြောင့် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ် (၁၀) ခုရှိ ရပ်ကွက် ၃၇၄ ခု၊ ကျေးရွာအုပ်စု ၉၄၄ စု၊ ကျေးရွာ ၂,၀၈၁ ရွာ၊ အိမ်ထောင်စု ၁၆၂,၁၆၇၊ လူဦးရေ စုစုပေါင်း ၅၀၆,၀၆၉ ဦး ဘေးသင့်ခဲ့ကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
အဆိုပါ မန္တလေးငလျင်ကြီးကြောင့် သေဆုံးသူ ၃,၇၃၉ ဦး၊ ပျောက်ဆုံး သူ ၆၈ ဦးနှင့် ဒဏ်ရာရသူ ၅,၁၀၄ ဦး ရှိခဲ့ကြောင်းလည်း နစကဥက္ကဋ္ဌက ဆိုသည်။
နေအိမ်၊ အဆောက်အဦနှင့် အခြားထိခိုက်ပျက်စီးမှုများအနေဖြင့် လူနေအိမ် ၅၁,၂၁၀ လုံး၊ လမ်းလုပ်ငန်း ၄၃၁ ခု၊ တံတား ၁၀၃ စင်း၊ ရထားလမ်းပျက်စီးနေရာ ၈၃ နေရာနှင့် ရထားလမ်းတံတား ၁၁ စင်း၊ မိုဘိုင်းဆက်သွယ်ရေးစခန်း ၆,၇၃၀ ခု၊ မဟာဓာတ်အားလိုင်း ၁၀ လိုင်း၊ ဓာတ်အားလိုင်းတိုင် ၃,၄၃၅ တိုင်၊ ဆည်မြောင်း ၅၉၄ ခု၊ တာတမံ ၆ ခုတို့ ထိခိုက်ပျက်စီးခဲ့ကြောင်း နစကဥက္ကဋ္ဌက ထည့်သွင်း ပြောကြားခဲ့သည်။
ထို့ပြင် ဌာနအဆောက်အဦ ၁၁,၃၃၈ လုံး၊ ဆေးရုံ ၃၈၄ ရုံ၊ ဆေးခန်း ၃၆၄ ခန်း၊ ရှေးဟောင်းအဆောက်အဦနှင့် ပြတိုက် ၁၆၆ ခု၊ အခြေခံပညာကျောင်း ၂,၄၀၉ ကျောင်း၊ အဆင့်မြင့်ပညာကျောင်း ၇၂ ကျောင်း၊ ပုဂ္ဂလိကစာသင်ကျောင်း ၉၀၊ ဘုရားစေတီ ၆,၄၆၉ ဆူ၊ ဘုန်းကြီးကျောင်း သီလရှင်ကျောင်းနှင့် အခြားဘာသာရေးအဆောက်အဦ ၅,၅၈၈ ခု၊ ပုဂ္ဂလိကစက်ရုံအလုပ်ရုံ ၃၄၄ ခု၊ သီးနှံ ၇၈ ဒသမ ၅ ဧက၊ တိရစ္ဆာန် ၁၃၃,၇၀၀ ကောင် ထိခိုက်ပျက်စီးခဲ့ရကြောင်းလည်း နစကဥက္ကဋ္ဌက ပြောသည်။
အဆိုပါငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး စုစုပေါင်းငွေကျပ် (၃,၈၀၄ ဒသမ ၅၄၉) ဘီလျံ ဆုံးရှုံးနစ်နာခဲ့ကြောင်းလည်း နစက ဥက္ကဋ္ဌက ဆိုသည်။
ထို့နောက် ပေးအပ်လှူဒါန်းပွဲ အခမ်းအနားတွင် ငလျင်ဘေးသင့်ပြည်သူ့များအတွက် အိမ်ခန်း ၁၆ ခန်းပါ ၄ ခန်းတွဲ ၄ ထပ်တိုက်အဆောက် အဦ တစ်လုံးလျင် ငွေကျပ်သိန်း (၂၀၀၀၀) နှုန်းဖြင့် အလုံးပေါင်း (၅၁) လုံးအပါအဝင် စုစုပေါင်းတန်ဖိုး ငွေကျပ် (၁၃၁ ဒသမ ၅၃) ဘီလျံနှင့် အမေရိကန် ဒေါ်လာ (၂၃၁၄၉၀၀)လှူးဒါန်းခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်ချက်အရ သိရသည်

Zawgyi Version:
မႏၲေလးငလ်င္ႀကီးေၾကာင့္ လူေနအိမ္(၅၁၀၀၀)ေက်ာ္ထိခိုက္ပ်က္စီးခဲ့ဟု နစကဥကၠ႒ကဆို
သန႔္ဇင္(NP News)-ေမ ၃၀
မတ္လ ၂၈ရက္ကလႈပ္ခတ္ခဲ့ေသာ မႏၲေလးငလ်င္ႀကီးေၾကာင့္ လူေနအိမ္(၅၁၀၀၀)ေက်ာ္ထိခိုက္ပ်က္စီးခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံ အုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒ ၊ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္၊ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။
နစကဥကၠ႒က ယမန္ေန႔(ေမလ ၂၉ရက္)၊ မြန္းလြဲပိုင္းက ေနျပည္ေတာ္၊ ဘုရင့္ေနာင္ရိပ္သာဧည့္ခန္းမေဆာင္၌ က်င္းပျပဳလုပ္ခဲ့ေသာ မႏၲေလးငလ်င္ႀကီး ေၾကာင့္ ေဘးဒဏ္သင့္ခဲ့ရသည့္ ျပည္သူမ်ားအား ေစတနာရွင္၊ အလႉရွင္မ်ားက ဒုတိယအႀကိမ္ေျမာက္ အလႉေငြမ်ား ေပးအပ္လႉဒါန္းပြဲတြင္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ငလ်င္ႀကီးျဖစ္ေပၚခဲ့မႈေၾကာင့္ ေနျပည္ေတာ္ေကာင္စီအပါအဝင္ တိုင္းေဒသႀကီး၊ ျပည္နယ္ (၁၀) ခုရွိ ရပ္ကြက္ ၃၇၄ ခု၊ ေက်း႐ြာအုပ္စု ၉၄၄ စု၊ ေက်း႐ြာ ၂,၀၈၁ ႐ြာ၊ အိမ္ေထာင္စု ၁၆၂,၁၆၇၊ လူဦးေရ စုစုေပါင္း ၅၀၆,၀၆၉ ဦး ေဘးသင့္ခဲ့ေၾကာင္း နစကဥကၠ႒က ေျပာသည္။
အဆိုပါ မႏၲေလးငလ်င္ႀကီးေၾကာင့္ ေသဆုံးသူ ၃,၇၃၉ ဦး၊ ေပ်ာက္ဆုံး သူ ၆၈ ဦးႏွင့္ ဒဏ္ရာရသူ ၅,၁၀၄ ဦး ရွိခဲ့ေၾကာင္းလည္း နစကဥကၠ႒က ဆိုသည္။
ေနအိမ္၊ အေဆာက္အဦႏွင့္ အျခားထိခိုက္ပ်က္စီးမႈမ်ားအေနျဖင့္ လူေနအိမ္ ၅၁,၂၁၀ လုံး၊ လမ္းလုပ္ငန္း ၄၃၁ ခု၊ တံတား ၁၀၃ စင္း၊ ရထားလမ္းပ်က္စီးေနရာ ၈၃ ေနရာႏွင့္ ရထားလမ္းတံတား ၁၁ စင္း၊ မိုဘိုင္းဆက္သြယ္ေရးစခန္း ၆,၇၃၀ ခု၊ မဟာဓာတ္အားလိုင္း ၁၀ လိုင္း၊ ဓာတ္အားလိုင္းတိုင္ ၃,၄၃၅ တိုင္၊ ဆည္ေျမာင္း ၅၉၄ ခု၊ တာတမံ ၆ ခုတို႔ ထိခိုက္ပ်က္စီးခဲ့ေၾကာင္း နစကဥကၠ႒က ထည့္သြင္း ေျပာၾကားခဲ့သည္။
ထို႔ျပင္ ဌာနအေဆာက္အဦ ၁၁,၃၃၈ လုံး၊ ေဆး႐ုံ ၃၈၄ ႐ုံ၊ ေဆးခန္း ၃၆၄ ခန္း၊ ေရွးေဟာင္းအေဆာက္အဦႏွင့္ ျပတိုက္ ၁၆၆ ခု၊ အေျခခံပညာေက်ာင္း ၂,၄၀၉ ေက်ာင္း၊ အဆင့္ျမင့္ပညာေက်ာင္း ၇၂ ေက်ာင္း၊ ပုဂၢလိကစာသင္ေက်ာင္း ၉၀၊ ဘုရားေစတီ ၆,၄၆၉ ဆူ၊ ဘုန္းႀကီးေက်ာင္း သီလရွင္ေက်ာင္းႏွင့္ အျခားဘာသာေရးအေဆာက္အဦ ၅,၅၈၈ ခု၊ ပုဂၢလိကစက္႐ုံအလုပ္႐ုံ ၃၄၄ ခု၊ သီးႏွံ ၇၈ ဒသမ ၅ ဧက၊ တိရစာၦန္ ၁၃၃,၇၀၀ ေကာင္ ထိခိုက္ပ်က္စီးခဲ့ရေၾကာင္းလည္း နစကဥကၠ႒က ေျပာသည္။
အဆိုပါငလ်င္ႀကီးေၾကာင့္ ပ်က္စီးဆုံးရႈံးမႈတန္ဖိုး စုစုေပါင္းေငြက်ပ္ (၃,၈၀၄ ဒသမ ၅၄၉) ဘီလ်ံ ဆုံးရႈံးနစ္နာခဲ့ေၾကာင္းလည္း နစက ဥကၠ႒က ဆိုသည္။
ထို႔ေနာက္ ေပးအပ္လႉဒါန္းပြဲ အခမ္းအနားတြင္ ငလ်င္ေဘးသင့္ျပည္သူ႔မ်ားအတြက္ အိမ္ခန္း ၁၆ ခန္းပါ ၄ ခန္းတြဲ ၄ ထပ္တိုက္အေဆာက္ အဦ တစ္လုံးလ်င္ ေငြက်ပ္သိန္း (၂၀၀၀၀) ႏႈန္းျဖင့္ အလုံးေပါင္း (၅၁) လုံးအပါအဝင္ စုစုေပါင္းတန္ဖိုး ေငြက်ပ္ (၁၃၁ ဒသမ ၅၃) ဘီလ်ံႏွင့္ အေမရိကန္ ေဒၚလာ (၂၃၁၄၉၀၀)လႉးဒါန္းခဲ့ေၾကာင္း နစက၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္