မုန်တိုင်းငယ်မှာ ကုန်းတွင်းပိုင်းသို့ ဝင်ရောက်ပြီးနောက် အားလျော့သွားပြီ ဖြစ်

 516

သက်ပိုင် (NP News) / မေ - ၃၁
မြန်မာနိုင်ငံရှိ နေရာအတော်များများကို မိုးကောင်းစေခဲ့သည့် မုန်တိုင်ငယ်မှာ ကုန်းတွင်းပိုင်းသို့ ဝင်ရောက်ကာ အားလျော့သွားပြီ ဖြစ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန က သတင်းထုတ်ပြန်ထားသည်။
ယနေ့ (မေလ ၃၁ ရက်) နံနက်ပိုင်း ၅ နာရီခွဲ အချိန် တိုင်းထွာချက်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာ မြို့(Dhaka)၏ မြောက်ဘက်မှ ကုန်းတွင်းပိုင်းဒေသများကို ဖြတ်ကျော်ခဲ့သော မုန်တိုင်းငယ်(Depression) သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ် ကုန်းတွင်းပိုင်း ဒေသများသို့ ရောက်ရှိခဲ့ကာ လေဖိအားနည်းရပ်ဝန်း(Low Pressure Area) အဖြစ်သို့ အားလျော့ သွားခဲ့ပြီးဖြစ်ကြောင်း ဖော်ပြထားသည်။
ယင်း မုန်တိုင်းငယ်၏ အရှိန်ကြောင့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့ အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးမှုများ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။
မုန်တိုင်းမှာ လေဖိအားနည်း ရပ်ဝန်း(Low Pressure Area)အဖြစ်သို့ အားလျော့သွားခဲ့ပြီ ဖြစ်သော်လည်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့ တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေကြောင်းလည်း သိရသည်။

Zawgyi Version:
မုန္တိုင္းငယ္မွာ ကုန္းတြင္းပိုင္းသို႔ ဝင္ေရာက္ၿပီးေနာက္ အားေလ်ာ့သြားၿပီ ျဖစ္
သက္ပိုင္ (NP News) / ေမ - ၃၁
ျမန္မာႏိုင္ငံရွိ ေနရာအေတာ္မ်ားမ်ားကို မိုးေကာင္းေစခဲ့သည့္ မုန္တိုင္ငယ္မွာ ကုန္းတြင္းပိုင္းသို႔ ဝင္ေရာက္ကာ အားေလ်ာ့သြားၿပီ ျဖစ္ေၾကာင္း မိုးေလဝသ ႏွင့္ ဇလေဗဒၫႊန္ၾကားမႈ ဦးစီးဌာန က သတင္းထုတ္ျပန္ထားသည္။
ယေန႔ (ေမလ ၃၁ ရက္) နံနက္ပိုင္း ၅ နာရီခြဲ အခ်ိန္ တိုင္းထြာခ်က္အရ ဘဂၤလားေဒ့ရွ္ႏိုင္ငံ၊ ဒါကာ ၿမိဳ႕(Dhaka)၏ ေျမာက္ဘက္မွ ကုန္းတြင္းပိုင္းေဒသမ်ားကို ျဖတ္ေက်ာ္ခဲ့ေသာ မုန္တိုင္းငယ္(Depression) သည္ ေျမာက္-အေရွ႕ေျမာက္ဘက္သို႔ ေ႐ြ႕လ်ားခဲ့ၿပီး၊ အိႏၵိယႏိုင္ငံ၊ အာသံျပည္နယ္ ကုန္းတြင္းပိုင္း ေဒသမ်ားသို႔ ေရာက္ရွိခဲ့ကာ ေလဖိအားနည္းရပ္ဝန္း(Low Pressure Area) အျဖစ္သို႔ အားေလ်ာ့ သြားခဲ့ၿပီးျဖစ္ေၾကာင္း ေဖာ္ျပထားသည္။
ယင္း မုန္တိုင္းငယ္၏ အရွိန္ေၾကာင့္ ေနျပည္ေတာ္၊ ရန္ကုန္တိုင္းေဒသႀကီး၊ မႏၲေလးတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊ စစ္ကိုင္းတိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ တနသၤာရီ တိုင္းေဒသႀကီး၊ ကခ်င္ျပည္နယ္၊ ကယားျပည္နယ္၊ ကရင္ျပည္နယ္၊ ခ်င္းျပည္နယ္၊ မြန္ျပည္နယ္၊ ရခိုင္ျပည္နယ္ႏွင့္ ရွမ္းျပည္နယ္တို႔တြင္ ေနရာစိပ္စိပ္မွ ေနရာအႏွံ႔ အျပား မိုးထစ္ခ်ဳန္း႐ြာၿပီး၊ အခ်ိဳ႕ေဒသမ်ားတြင္ ေဒသအလိုက္ႏွင့္ ေနရာကြက္၍ မိုးႀကီးမႈမ်ား ျဖစ္ေပၚေနျခင္း ျဖစ္သည္။
မုန္တိုင္းမွာ ေလဖိအားနည္း ရပ္ဝန္း(Low Pressure Area)အျဖစ္သို႔ အားေလ်ာ့သြားခဲ့ၿပီ ျဖစ္ေသာ္လည္း ကပၸလီပင္လယ္ျပင္ႏွင့္ ဘဂၤလားပင္လယ္ေအာ္တို႔ တြင္ မုတ္သုံေလ အားေကာင္းရာမွ အားအလြန္ေကာင္းေနေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.