စပါးဈေးကြောင့် ဧရာဝတီတိုင်းမှ လယ်သမားများ အရှုံးနှင့် ရင်ဆိုင်နေရသည့်အပြင် ရွှေခရုဒဏ်ကိုပါ ကြုံနေရ

503

သန့်ဇင် (NP News) - ဇွန် ၁ဝ
မြန်မာနိုင်ငံ၏ စပါးကျီဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လယ်သမားများအနေဖြင့် လက်ရှိကာလ စပါးဈေးကျဆင်းလာခြင်းနှင့် သွင်းအားစုများ ဈေးတက်ခြင်းကြောင့် အရှုံးနှင့် ရင်ဆိုင်နေ ရသည့်အပြင် အချို့နေရာများတွင် စပါးဖျက် ရွှေခရုဒဏ်ကိုလည်း ရင်ဆိုင်နေရကြောင်း NP News က ဆက်သွယ်မေးမြန်းထားချက်အရ သိရသည်။
ပြီးခဲ့သည့်ကာလ နွေစပါးရာသီ ပြီးဆုံးသွားပြီးနောက် လက်ရှိစပါးဈေးကွက်တွင် နွေစပါးဈေး အ ရောင်းအဝယ်အေးလျက်ရှိပြီး ရက် (၉၀) စပါးမှာ တင်း(၁၀ဝ)လျှင် ငွေကျပ် (၁၀ဝဝဝ၀ဝ) ဝန်းကျင်နှင့် ပေါ်ဆန်းများတွင်မူငွေကျပ် (၁၉၀ဝဝဝ၀)သာ ပေါက်ဈေးရှိနေကြောင်းသိရသည်။
“အဝယ်တွေက မလိုက်တော့ဘူး။ အဟောင်းတွေဆိုရင် အဝယ်မရှိတော့ဘူး။ ဈေးကွက်မရှိလို့ လေ။ အခုဆိုရင် နွေစပါးတွေပဲ အရောင်းအဝယ်နည်းနည်းရှိတယ်။ အဲဒါတောင် စပါးမသန့်ရင် မဝယ် ဘူး။ ရက် (၉၀)စပါးကိုတစ်တင်း (၁၀ဝဝဝ) ကျပ်ကနေ (၁၂၀ဝဝ)ကျော်ပဲ ရောင်းရတယ်။ ပေါ်ဆန်းတို့ဆို ရင်တော့ (၁၉၀ဝဝ) ဝန်းကျင်ပဲရှိတယ်” ဟု လယ်သမားတစ်ဦးက ဆိုသည်။
ထို့ပြင် သွင်းအားစုများဖြစ်သည့် ဓာတ်မြေဩ ဇာဈေးနှုန်းကြီးမြင့်ခြင်းနှင့် သဘာဝဘေး အန္တရာယ်ကို ကြုံခဲ့ရသည်သာမက လက်ရှိတွင်လည်း ရွှေခရုဒဏ်ကို ဧရာဝတီတိုင်းဒေသကြီးမှ စပါးအထွက်များသည့် မြို့နယ် သုံးမြို့နယ်ခန့်တွင် ကြုံနေရကြောင်း သိရသည်။
“ဧရာဝတီတိုင်းမှာဆိုရင် ကျိုက်လတ်၊ မအူပင်၊ ဒေးဒရဲမြို့နယ်တွေမှာ ရွှေခရုကိုက်တာတော် တော် များတယ်။ အဲဒီဒေသတွေက တော်တော်ပျက်စီးသွား ပြီ”ဟု အခြားလယ်သမားတစ်ဦးကဆိုသည်။ ရွှေခရုများကို ဖျက်ဆီးရန်အတွက် ပိုးသတ်ဆေးများ သုံးသော်လည်း အဆင်မပြေသည့်အခြေအနေရှိပြီး ကျန်လယ်ကွက်များသို့ ကူးစက်ခြင်းများလည်း ရှိနေကြောင်းသိရသည်။
“ရွှေခရုတွေက ဘယ်လောက်ထိဆိုးလဲဆိုရင် ပိုးသတ်ဆေးတွေ သုံးတယ်ပေါ့နော်။ အဲဒီမှာလည်း (၅၀) ရာခိုင်နှုန်းလောက်ပဲ သေတယ်။ ကျန်တဲ့ (၅၀) ရာခိုင်နှုန်းက မသေဘူးပေါ့နော်။ ကိုယ်က ကိုယ့် လယ်က ခရုကိုလိုက်သတ်လိုက်ပေမယ့် ကျန်တဲ့ လယ်ကခရုကထပ်ပြီးဝင်ပြန်ရော အဲဒီလိုရှိနေတယ်” ဟု ၎င်းကပြောသည်။
လက်ရှိ မိုးသီးနှံစိုက်ပျိုးရာ ရာသီသို့ရောက်ရှိလာပြီဖြစ်ပြီး စပါးစိုက်ပျိုး တောင်သူများအတွက် စပါးခင်းများအတွင်း ဖျက်အားကောင်းသည့် ရွှေခရုသည်လည်း အဓိကပြဿနာဖြစ်နေကြောင်း ၎င်းက ထပ်မံပြောသည်။
“သွင်းအားစုဈေးနှုန်းတွေနဲ့ လုပ်ငန်းစရိတ်တွေကို ရင်ဆိုင်ပြီးတဲ့အခါမှာ နောက်တစ်ခါထပ်ပြီး ကြုံရတာက ရွှေခရုတွေ ဖျက်ဆီးတာကို ထပ်ပြီးရင်ဆိုင်ရတယ်။ ဒီခရုတွေဒဏ်ကို ဘယ်လောက်ထိ ရင်ဆိုင်ရလည်းဆိုရင် စပါးကြဲထားပြီး (၁) လသားလေးတွေဆိုရင် တစ်ညတည်းနဲ့ တစ်ဧကလောက်က ကုန်သွားရော။ လယ်သမားတွေက အဲဒီရွှေခရုကိုက်တဲ့ ပြဿနာကိုတော်တော်များများရင်ဆိုင်ကြုံတွေ့ နေရတယ်”ဟု ၎င်းက ဆိုသည်။
zawgyi version
စပါးေဈးေၾကာင့္ ဧရာဝတီတိုင္းမွ လယ္သမားမ်ား အရႈံးႏွင့္ ရင္ဆိုင္ေနရသည့္အျပင္ ေ႐ႊခ႐ုဒဏ္ကိုပါ ႀကဳံေနရ
သန႔္ဇင္ (NP News) - ဇြန္ ၁ဝ
ျမန္မာႏိုင္ငံ၏ စပါးက်ီျဖစ္သည့္ ဧရာဝတီတိုင္းေဒသႀကီးအတြင္းရွိ လယ္သမားမ်ားအေနျဖင့္ လက္ရွိကာလ စပါးေဈးက်ဆင္းလာျခင္းႏွင့္ သြင္းအားစုမ်ား ေဈးတက္ျခင္းေၾကာင့္ အရႈံးႏွင့္ ရင္ဆိုင္ေန ရသည့္အျပင္ အခ်ိဳ႕ေနရာမ်ားတြင္ စပါးဖ်က္ ေ႐ႊခ႐ုဒဏ္ကိုလည္း ရင္ဆိုင္ေနရေၾကာင္း NP News က ဆက္သြယ္ေမးျမန္းထားခ်က္အရ သိရသည္။
ၿပီးခဲ့သည့္ကာလ ေႏြစပါးရာသီ ၿပီးဆုံးသြားၿပီးေနာက္ လက္ရွိစပါးေဈးကြက္တြင္ ေႏြစပါးေဈး အ ေရာင္းအဝယ္ေအးလ်က္ရွိၿပီး ရက္ (၉၀) စပါးမွာ တင္း(၁၀ဝ)လွ်င္ ေငြက်ပ္ (၁၀ဝဝဝ၀ဝ) ဝန္းက်င္ႏွင့္ ေပၚဆန္းမ်ားတြင္မူေငြက်ပ္ (၁၉၀ဝဝဝ၀)သာ ေပါက္ေဈးရွိေနေၾကာင္းသိရသည္။
“အဝယ္ေတြက မလိုက္ေတာ့ဘူး။ အေဟာင္းေတြဆိုရင္ အဝယ္မရွိေတာ့ဘူး။ ေဈးကြက္မရွိလို႔ ေလ။ အခုဆိုရင္ ေႏြစပါးေတြပဲ အေရာင္းအဝယ္နည္းနည္းရွိတယ္။ အဲဒါေတာင္ စပါးမသန႔္ရင္ မဝယ္ ဘူး။ ရက္ (၉၀)စပါးကိုတစ္တင္း (၁၀ဝဝဝ) က်ပ္ကေန (၁၂၀ဝဝ)ေက်ာ္ပဲ ေရာင္းရတယ္။ ေပၚဆန္းတို႔ဆို ရင္ေတာ့ (၁၉၀ဝဝ) ဝန္းက်င္ပဲရွိတယ္” ဟု လယ္သမားတစ္ဦးက ဆိုသည္။
ထို႔ျပင္ သြင္းအားစုမ်ားျဖစ္သည့္ ဓာတ္ေျမဩ ဇာေဈးႏႈန္းႀကီးျမင့္ျခင္းႏွင့္ သဘာဝေဘး အႏၲရာယ္ကို ႀကဳံခဲ့ရသည္သာမက လက္ရွိတြင္လည္း ေ႐ႊခ႐ုဒဏ္ကို ဧရာဝတီတိုင္းေဒသႀကီးမွ စပါးအထြက္မ်ားသည့္ ၿမိဳ႕နယ္ သုံးၿမိဳ႕နယ္ခန႔္တြင္ ႀကဳံေနရေၾကာင္း သိရသည္။
“ဧရာဝတီတိုင္းမွာဆိုရင္ က်ိဳက္လတ္၊ မအူပင္၊ ေဒးဒရဲၿမိဳ႕နယ္ေတြမွာ ေ႐ႊခ႐ုကိုက္တာေတာ္ ေတာ္ မ်ားတယ္။ အဲဒီေဒသေတြက ေတာ္ေတာ္ပ်က္စီးသြား ၿပီ”ဟု အျခားလယ္သမားတစ္ဦးကဆိုသည္။ ေ႐ႊခ႐ုမ်ားကို ဖ်က္ဆီးရန္အတြက္ ပိုးသတ္ေဆးမ်ား သုံးေသာ္လည္း အဆင္မေျပသည့္အေျခအေနရွိၿပီး က်န္လယ္ကြက္မ်ားသို႔ ကူးစက္ျခင္းမ်ားလည္း ရွိေနေၾကာင္းသိရသည္။
“ေ႐ႊခ႐ုေတြက ဘယ္ေလာက္ထိဆိုးလဲဆိုရင္ ပိုးသတ္ေဆးေတြ သုံးတယ္ေပါ့ေနာ္။ အဲဒီမွာလည္း (၅၀) ရာခိုင္ႏႈန္းေလာက္ပဲ ေသတယ္။ က်န္တဲ့ (၅၀) ရာခိုင္ႏႈန္းက မေသဘူးေပါ့ေနာ္။ ကိုယ္က ကိုယ့္ လယ္က ခ႐ုကိုလိုက္သတ္လိုက္ေပမယ့္ က်န္တဲ့ လယ္ကခ႐ုကထပ္ၿပီးဝင္ျပန္ေရာ အဲဒီလိုရွိေနတယ္” ဟု ၎ကေျပာသည္။
လက္ရွိ မိုးသီးႏွံစိုက္ပ်ိဳးရာ ရာသီသို႔ေရာက္ရွိလာၿပီျဖစ္ၿပီး စပါးစိုက္ပ်ိဳး ေတာင္သူမ်ားအတြက္ စပါးခင္းမ်ားအတြင္း ဖ်က္အားေကာင္းသည့္ ေ႐ႊခ႐ုသည္လည္း အဓိကျပႆနာျဖစ္ေနေၾကာင္း ၎က ထပ္မံေျပာသည္။
“သြင္းအားစုေဈးႏႈန္းေတြနဲ႔ လုပ္ငန္းစရိတ္ေတြကို ရင္ဆိုင္ၿပီးတဲ့အခါမွာ ေနာက္တစ္ခါထပ္ၿပီး ႀကဳံရတာက ေ႐ႊခ႐ုေတြ ဖ်က္ဆီးတာကို ထပ္ၿပီးရင္ဆိုင္ရတယ္။ ဒီခ႐ုေတြဒဏ္ကို ဘယ္ေလာက္ထိ ရင္ဆိုင္ရလည္းဆိုရင္ စပါးႀကဲထားၿပီး (၁) လသားေလးေတြဆိုရင္ တစ္ညတည္းနဲ႔ တစ္ဧကေလာက္က ကုန္သြားေရာ။ လယ္သမားေတြက အဲဒီေ႐ႊခ႐ုကိုက္တဲ့ ျပႆနာကိုေတာ္ေတာ္မ်ားမ်ားရင္ဆိုင္ႀကဳံေတြ႕ ေနရတယ္”ဟု ၎က ဆိုသည္။