အိန္ဒုမြစ်ရေစာချုပ်ကို အိန္ဒိယ တရားဝင် ဖျက်သိမ်းနိုင်သလား ဥပဒေကြောင်းအရ သုံးသပ်ကြည့်ခြင်း

 334

တင်ဇာ (NP News) - ဇွန် ၁ဝ

ဆယ်စုနှစ် ခြောက်ခုကျော်ကြာအောင် အိန္ဒုမြစ်ရေ သဘောတူစာချုပ် (Indus Waters Treaty - IWT) က အိန္ဒိယနဲ့ ပါကစ္စတန်ကြား ပူးပေါင်းဆောင်ရွက်မှုရဲ့ ရှားရှားပါးပါး မီးရှူးတန်ဆောင်တစ်ခုအဖြစ် တည်ရှိနေခဲ့ပါတယ်။ သူတို့ နှစ်နိုင်ငံကြားပဋိပက္ခတွေကြောင့် စစ်မြေပြင်မှာ သွေးတွေ စွန်းထင်းခဲ့ရပေ မယ့် ဒီစာချုပ်ကတော့ တည်မြဲနေခဲ့တာပါ။ ဒါပေမဲ့ ဒီကနေ့မှာတော့ နယူးဒေလီမှာ (၁၉၆၀) ပြည့်နှစ်က ချုပ်ဆိုခဲ့တဲ့ ဒီသဘောတူညီချက်ကို ချိုးဖျက်ဖို့ ဖိအားတွေ တိုးလာနေပါတယ်။ ကက်ရှ်မီးယားမှာ မကြာ သေးခင်က ဖြစ်ပွားခဲ့တဲ့တိုက်ခိုက်မှုတစ်ခုကြောင့် IWT ကို ပထမဆုံးအကြိမ်အဖြစ် ဆိုင်းငံ့လိုက်ရပါ တယ်။ ဒီနေရာမှာ အဓိက မေးခွန်းကတော့ အိန္ဒိယအနေနဲ့ IWT ကို ဥပဒေအရ ဖျက်သိမ်းနိုင်ပါသလား ဆိုတာပါပဲ။

ကမ္ဘာ့ဘဏ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ (၁၉၆၀) ပြည့်နှစ်မှာ လက်မှတ်ရေးထိုးခဲ့တဲ့ ဒီသဘောတူ စာချုပ်ဟာ အိန္ဒုမြစ်ရေစနစ်ကို နှစ်နိုင်ငံကြား ခွဲဝေပေးခဲ့ပြီး ပါကစ္စတန်ကို အနောက်ဘက်မြစ် သုံးသွယ် ရဲ့ ထိန်းချုပ်ခွင့်ပေးခဲ့ပါတယ်။ အပြန်အလှန်အနေနဲ့ အိန္ဒိယကတော့ အရှေ့ဘက်မြစ်တွေကို အရေးပါတဲ့ ကန့်သတ်ချက်တွေနဲ့အတူ ပိုင်ဆိုင်ခွင့်ရရှိခဲ့ပါတယ်။ အိန္ဒုမြစ်ရေ သဘောတူစာချုပ်ဟာ တင်းတင်းကျပ် ကျပ် ရေးဆွဲထားတဲ့ပုံစံကြောင့် ထင်ရှားပါတယ်။ ဒီစာချုပ်ကို အမြဲတမ်းတည်မြဲဖို့အတွက် ရည်ရွယ်ခဲ့ပြီး ဘယ်ဘက်ကမှ သဘောတူစာချုပ်ကနေ ထွက်ခွာနိုင်တဲ့ ထွက်ပေါက်အပိုဒ် မပါဝင်ခဲ့ပါဘူး။ ဒီစာချုပ်မှာ “ရည်ရွယ်ချက်အတွက် သင့်လျော်စွာ အတည်ပြုထားတဲ့ သဘောတူစာချုပ်ဖြင့် အဆုံးသတ်သည်အထိ အသက်ဝင်နေမယ်” လို့ ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။ ဒါက အိန္ဒိယနဲ့ ပါကစ္စတန် နှစ်နိုင်ငံလုံး က အဲဒီစာချုပ်ကိုအစားထိုးဖို့ ပဋိညာဉ် အသစ်တစ်ခုကို လက်မှတ်မထိုးမချင်း အဆုံးသတ်နိုင်မှာ မဟုတ် ဘူးလို့ ဆိုလိုတာပါပဲ။

IWT မှာ သဘောတူစာချုပ်ကနေ နုတ်ထွက်ခွင့်ဆိုင်ရာပြဋ္ဌာန်းချက် တိတိကျကျမပါဝင်တဲ့ အတွက် အိန္ဒိယကနေ ဒီစာချုပ်ကို ဖျက်သိမ်းတာ ဒါမှမဟုတ် ပြင်ဆင်တာမျိုးလုပ်မယ်ဆိုရင် နိုင်ငံ တကာ ဥပဒေ၊ အထူးသဖြင့် စာချုပ်များဆိုင်ရာ ဗီယင်နာ သဘောတူညီချက် (VCLT) အပေါ် အခြေခံ ရမှာပဲ ဖြစ်ပါတယ်။ အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ VCLT မှာ အဖွဲ့ဝင်နိုင်ငံတွေ မဟုတ်ကြပေမယ့် VCLT ရဲ့ ပြဋ္ဌာန်းချက်အများစုကို အပြည်ပြည်ဆိုင်ရာ ဓလေ့ထုံးတမ်းဥပဒေအဖြစ် သတ်မှတ်ထားတာကြောင့် စာချုပ်ကနေ နုတ်ထွက်ဖို့အတွက် အခြေခံအကြောင်းအရင်းအနေနဲ့ အသုံးပြုနိုင်ပါတယ်။ VCLT ရဲ့ ပုဒ်မ ၅၆ (၁) မှာ IWT လိုမျိုး စာချုပ်ရပ်စဲခြင်း ဒါမှမဟုတ် နုတ်ထွက်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက် မပါဝင်တဲ့ စာချုပ်တွေကို ဖော်ပြထားပါတယ်။ ပုဒ်မ ၅၆ (၂) အရ နုတ်ထွက်မှု အကျိုးသက်ရောက်ခြင်း မရှိခင် အနည်းဆုံး (၁၂) လ ကြိုတင်အကြောင်းကြားဖို့ လိုအပ်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။ (၂၀၂၃) ခုနှစ်၊ ဇန်နဝါရီလမှာ အိန္ဒိယကနေ စာချုပ်ကို “ပြင်ဆင်လိုကြောင်း” ပါကစ္စတန်ကို တရားဝင် အကြောင်းကြား ခဲ့ပါတယ်။ ဒါဟာ အခြေခံအားဖြင့် သံတမန်ရေးရာ အကြောင်းကြားချက်တစ်ရပ်ဖြစ်ပြီး အိန္ဒိယက စိတ် ကျေနပ်မှုမရှိတာကြောင့် စည်းကမ်းချက်တွေကို ပြန်လည်ညှိနှိုင်းလိုတယ်ဆိုတဲ့ သဘောကို ပုဒ်မ ၅၆ နဲ့ ၆၅ ရဲ့ ပြဋ္ဌာန်းချက်နဲ့အညီ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ အဓိကသက်ဆိုင်တဲ့ အချက် နှစ်ချက်ကတော့ “အနှစ်သာရ ပျက်ကွက်မှု” ပုဒ်မ ၆၀ နဲ့ “အခြေအနေများ သိသာစွာပြောင်းလဲခြင်း” ပုဒ်မ ၆၂ တို့ပဲ ဖြစ်ပါတယ်။ ဒီအချက်နှစ်ချက်ထဲက တစ်ခုခု ကို အိန္ဒိယကနေ ကိုးကားနိုင်ပေမယ့် သိသာ ထင်ရှားတဲ့ သတိပြုစရာ အချက်တွေတော့ ရှိပါတယ်။ အနှစ်သာရ ပျက်ကွက်မှုဆိုတာ စာချုပ်ကို လုံးဝငြင်းပယ်တာ ဒါမှမဟုတ် စာချုပ်ရဲ့ ရည်ရွယ်ချက်နဲ့ အနှစ်သာရအတွက် မရှိမဖြစ်လိုအပ်တဲ့ပြဋ္ဌာန်းချက်ကို ချိုးဖောက်တာကို ဆိုလိုပါတယ်။ ပါကစ္စတန်ရဲ့ ရန်လိုတဲ့ လုပ်ဆောင်မှုတွေ (ရေခွဲဝေမှု မူဘောင်ပြင်ပက) ဟာ စာချုပ်ကို အခြေခံတဲ့ ပူးပေါင်းဆောင် ရွက်မှုကို ထိခိုက်စေခဲ့တာပဲ ဖြစ်ပါတယ်။

VCLT ရဲ့ ပုဒ်မ ၆၂၊ “rebus sic stantibus” ဆိုတဲ့ ပြဋ္ဌာန်းချက်အရ မူလစာချုပ်ချုပ်ဆိုစဉ်က သဘောတူညီချက်ရဲ့ မရှိမဖြစ် အခြေခံဖြစ်ခဲ့တဲ့အခြေအနေတွေမှာ ကြိုမမြင်နိုင်တဲ့ ကြီးမားတဲ့ ပြောင်း လဲမှုတွေရှိလာပြီး လုပ်ဆောင်ရမယ့် ဝတ္တရားအတိုင်းအတာကို လုံးဝပြောင်းလဲပစ်လိုက်ပြီဆိုရင် စာချုပ် ကို ရပ်စဲခွင့်ရှိပါတယ်။ ဒီနေရာမှာ အိန္ဒိယရဲ့အခြေအနေက လုံခြုံရေးဆိုင်ရာကိစ္စတွေထက် ပတ်ဝန်းကျင် ဆိုင်ရာနဲ့ လက်တွေ့ကျတဲ့ပြောင်းလဲမှုတွေအပေါ် အခြေခံပြီးချပြမယ်ဆိုရင် အကြောင်းအရာအရ ပိုပြီး ခိုင်မာတယ်လို့ ဆိုနိုင် ပါတယ်။ ဥပမာအားဖြင့် ရာသီဥတုပြောင်းလဲမှုဟာ (၁၉၆၀) ပြည့်နှစ်တုန်းက မတွေးထားခဲ့တဲ့ ပုံစံမျိုးနဲ့ အိန္ဒုမြစ်ဝှမ်းရဲ့ရေလမ်းကြောင်းကို သိသိသာသာ ပြောင်းလဲပစ်ခဲ့ပါတယ်။ IWT ကို မြစ်ရေစီးဆင်းမှုပုံစံတွေနဲ့ ရေရရှိနိုင်မှုဆိုင်ရာ ယူဆချက်တွေအောက်မှာ ညှိနှိုင်းခဲ့တာဖြစ်ပြီး ဆယ်စု နှစ် ခြောက်ခုကြာ လူဦးရေတိုးတက်မှုနဲ့ ရာသီဥတုပြောင်းလဲမှုတွေက အဲဒီယူဆချက်တွေကို ပြောင်းလဲ ပျက်စီးစေခဲ့ပါတယ်။ ဒါ့ကြောင့် ပုဒ်မ ၆၂ အရ အိန္ဒိယဟာ (၁၉၆၀) ပြည့် နှစ်က သဘောတူညီခဲ့တဲ့ “မရှိ မဖြစ် အခြေခံ” ဖြစ်တဲ့ တည်ငြိမ်တဲ့ မြစ်ရေစီးဆင်းမှုနဲ့ ပူးပေါင်းဆောင်ရွက်တတ်တဲ့ အိမ်နီးချင်းဆိုတာ မရှိတော့ဘူးလို့ စောဒက တက်နိုင်ပါတယ်။

သမိုင်းမှာ လက်ခံနိုင်စရာမရှိတော့ဘူး ဒါမှမဟုတ် တစ်ဖက်သတ်ဆန်တယ်လို့ မြင်လာတဲ့အခါ စာချုပ်တွေကို တရားဝင် ဒါမှမဟုတ် တရားမဝင် ဖျက်သိမ်းခဲ့တဲ့ စံနမူနာတွေ အများအပြား ရှိခဲ့ဖူးပါ တယ်။ အမေရိကန်ဟာ (၂၀၂၀) ပြည့်နှစ်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကနေ နုတ်ထွက်ဖို့ ကြိုး ပမ်းခဲ့ပါတယ်။ အမေရိကန်ရှေ့နေတွေက စာချုပ်ကနေနုတ်ထွက်ခွင့် ပြဋ္ဌာန်းချက်မပါဝင်တဲ့ စာချုပ်တွေ အတွက် VCLT ရဲ့ ပုဒ်မ ၅၆ ကို ထောက်ပြခဲ့ပါတယ်။ (၂၀၂၀) ပြည့်နှစ်၊ ဇူလိုင်လ (၆) ရက် အကြောင်း ကြားစာမှာ အကျိုးသက် ရောက်မယ့်ရက်ကို (၂၀၂၁) ခုနှစ် ဇူလိုင်လ (၆) ရက်အဖြစ် သတ်မှတ်ခဲ့ပြီး ဒါ ဟာ ပုဒ်မ ၅၆ (၂) အရ လိုအပ်တဲ့ (၁၂) လ ကြိုတင်အကြောင်းကြားခြင်းနဲ့ အတိအကျ ကိုက်ညီခဲ့ပါတယ်။ အကြောင်းကြားစာရဲ့ သက်တမ်းမကုန်ခင် (၂၀၂၁) ခုနှစ် ဇန်နဝါရီလ (၂၀) ရက်မှာ သမ္မတဘိုင်ဒန်က နုတ်ထွက်မှုကို တရားဝင်ရုပ်သိမ်းခဲ့ပါတယ်။ ဒီဥပမာဟာ နုတ်ထွက်မှုကို နောက်ဆုံးမှာရုပ်သိမ်းခဲ့ပေမယ့် လုပ်ငန်းစဉ်အတိုင်း လက်တွေ့လိုက်နာခဲ့တယ်ဆိုတာကို ပြသခဲ့ပါတယ်။

အလားတူပဲ အရှေ့အလယ်ပိုင်း ကာကွယ်ရေးစာချုပ်ဖြစ်တဲ့ ဘဂ္ဂဒက်စာချုပ် (၁၉၅၅) မှာ တိကျ တဲ့ နုတ်ထွက်ခွင့် ပြဋ္ဌာန်းချက် မပါဝင်ခဲ့ပါဘူး။ ဒါပေမဲ့ အီရတ်ဟာ တော်လှန်ရေးအစိုးရ အပြောင်းအလဲ ပြီးနောက် အောင်မြင်စွာ နုတ်ထွက်နိုင်ခဲ့ပါတယ်။ ဒါကြောင့် အီရတ်ရဲ့ နုတ်ထွက်မှုဟာ စာချုပ်ကို လက်ခံ ထိန်းသိမ်းသူနဲ့ တခြားအဖွဲ့ဝင်နိုင်ငံတွေက ပြီးမြောက်ကြောင်း အသိအမှတ်ပြုခြင်း ခံခဲ့ရပါတယ်။ ဒါဟာ အခြေအနေတွေ သိသိသာသာ ပြောင်းလဲသွား တာကို ထင်ဟပ်ပြီး နိုင်ငံရဲ့အဓိက အကျိုးစီးပွားနဲ့ မကိုက် ညီတော့တဲ့ စာချုပ်ကို ရပ်စဲဖို့အတွက် VCLT ပုဒ်မ ၆၂ (အခြေအနေများ သိသာစွာပြောင်းလဲခြင်း) ကို ကိုးကားခဲ့တာနဲ့ ဆင်တူပါတယ်။

ပါကစ္စတန်က အိန္ဒိယရဲ့ IWT ဖျက်သိမ်းခြင်းကို ရနိုင်သမျှ နိုင်ငံတကာ ဖိုရမ်တိုင်း ဥပမာ - ကုလ သမဂ္ဂ၊ တရုတ်နဲ့ တူရကီလို မိတ်ဆွေနိုင်ငံတွေအပြင် နိုင်ငံတကာတရားရုံး (ICJ) အထိ ယူဆောင်သွားပြီး အကူအညီတောင်းဖို့ သေချာသလောက်ပါပဲ။ ဒီလို နှစ်ဖက်စလုံးက ဒီစာချုပ်နဲ့ပတ်သက်ပြီး အကြီး အကျယ် ငြင်းခုံစရာတွေဖြစ်နိုင်တာကြောင့် အိန္ဒိယအတွက် ဂုဏ်သိက္ခာပိုင်းအရ ထိခိုက်မှုတွေလည်း ရှိလာနိုင်ပါတယ်။

မဟာဗျူဟာရှုထောင့်ကနေကြည့်ရင် IWT ကို ဖျက်သိမ်းတာဟာ အိန္ဒိယအတွက် အခွင့်အလမ်း ရော စွန့်စားမှုပါ နှစ်မျိုးစလုံးရှိလာနိုင်ပါတယ်။ တစ်ဖက်မှာ အိန္ဒိယဟာ အိန္ဒုမြစ်ရေကို သူ့စိတ်ကြိုက် အသုံးပြုနိုင်ဖို့ လွတ်လပ်သွားမှာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ တခြားတစ်ဖက်မှာလည်း ပါကစ္စတန်က ရေဖြတ် တောက်တာဟာ စစ်ဖြစ်ရခြင်းရဲ့ အကြောင်းရင်းဖြစ်တယ်လို့ဆုံးဖြတ်ပြီး စစ်ရေးပဋိပက္ခကို ဦးတည်စေနိုင်ပါတယ်။

နိုင်ငံတကာဆက်ဆံရေးတွေဟာ ခံစားချက်နဲ့ လည်ပတ်တာမဟုတ်ဘဲ အင်အား၊ ရှင်သန်မှုနဲ့ အမျိုးသားအကျိုးစီးပွားဆိုတဲ့ အေးစက်တဲ့ တွက်ချက်မှုနဲ့ လည်ပတ်တာပဲ ဖြစ်ပါတယ်။ လက်တွေ့ဝါဒ ရှုထောင့်ကနေကြည့်ရင် စာချုပ်တွေဟာ အဆင်ပြေစေတဲ့ ယန္တရားတွေဖြစ်ပြီး နိုင်ငံတစ်နိုင်ငံရဲ့ အရေး ပါတဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနေသမျှ ကာလပတ်လုံး တည်မြဲနေနိုင်ပါတယ်။ တစ်ချိန်က ပါကစ္စတန်နဲ့ ဆက်ဆံရေးခိုင်မြဲခြင်းရဲ့သင်္ကေတဖြစ်ခဲ့တဲ့ ဒီစာချုပ်ဟာ ခုချိန်မှာတော့ အိန္ဒိယရဲ့ ကိုယ်ပိုင် သဘာဝ သယံဇာတတွေကို စီမံခန့်ခွဲနိုင်စွမ်း၊ ပတ်ဝန်းကျင်ဆိုင်ရာ လုံခြုံရေးကို ကာကွယ်နိုင်စွမ်းနဲ့ ရန်လိုတဲ့လှုံ့ဆော်မှုတွေကို တားဆီးနိုင်စွမ်းကို ဖန်တီးသွားမယ့် မဟာဗျူဟာမြောက်တာဝန်တစ်ခုလို ပိုပိုပြီး ဖြစ်လာပါတယ်။ လိုအပ်လာရင် အိန္ဒိယဟာ အိန္ဒုမြစ်ရေစာချုပ်ကို တရားဝင် ဂုဏ်သိက္ခာရှိစွာ ဖျက်သိမ်းနိုင်ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ စည်းမျဉ်းကို ချိုးဖောက်တာ မဟုတ်ဘဲ အချုပ်အခြာအာဏာ ရဲ့ ပထမဆုံးအခြေခံမူကို ပြန်လည်အတည်ပြုခြင်းသာ ဖြစ်ပါတယ်။ အဲဒီမူကတော့ သဘောတူညီချက် တွေဟာ ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးအတွက် ကိရိယာတွေသာဖြစ်သင့်ပြီး မဟာဗျူဟာမြောက် ထောက်ချောက်တွေ မဟုတ်ဘူးဆိုတာပဲ ဖြစ်ပါတယ်။

zawgyi version
အိႏၵဳျမစ္ေရစာခ်ဳပ္ကို အိႏၵိယ တရားဝင္ ဖ်က္သိမ္းႏိုင္သလား ဥပေဒေၾကာင္းအရ သုံးသပ္ၾကည့္ျခင္း
တင္ဇာ (NP News) - ဇြန္ ၁ဝ

ဆယ္စုႏွစ္ ေျခာက္ခုေက်ာ္ၾကာေအာင္ အိႏၵဳျမစ္ေရ သေဘာတူစာခ်ဳပ္ (Indus Waters Treaty - IWT) က အိႏၵိယနဲ႔ ပါကစၥတန္ၾကား ပူးေပါင္းေဆာင္႐ြက္မႈရဲ႕ ရွားရွားပါးပါး မီးရႉးတန္ေဆာင္တစ္ခုအျဖစ္ တည္ရွိေနခဲ့ပါတယ္။ သူတို႔ ႏွစ္ႏိုင္ငံၾကားပဋိပကၡေတြေၾကာင့္ စစ္ေျမျပင္မွာ ေသြးေတြ စြန္းထင္းခဲ့ရေပ မယ့္ ဒီစာခ်ဳပ္ကေတာ့ တည္ၿမဲေနခဲ့တာပါ။ ဒါေပမဲ့ ဒီကေန႔မွာေတာ့ နယူးေဒလီမွာ (၁၉၆၀) ျပည့္ႏွစ္က ခ်ဳပ္ဆိုခဲ့တဲ့ ဒီသေဘာတူညီခ်က္ကို ခ်ိဳးဖ်က္ဖို႔ ဖိအားေတြ တိုးလာေနပါတယ္။ ကက္ရွ္မီးယားမွာ မၾကာ ေသးခင္က ျဖစ္ပြားခဲ့တဲ့တိုက္ခိုက္မႈတစ္ခုေၾကာင့္ IWT ကို ပထမဆုံးအႀကိမ္အျဖစ္ ဆိုင္းငံ့လိုက္ရပါ တယ္။ ဒီေနရာမွာ အဓိက ေမးခြန္းကေတာ့ အိႏၵိယအေနနဲ႔ IWT ကို ဥပေဒအရ ဖ်က္သိမ္းႏိုင္ပါသလား ဆိုတာပါပဲ။

ကမာၻ႔ဘဏ္ရဲ႕ ၾကားဝင္ေစ့စပ္မႈနဲ႔ (၁၉၆၀) ျပည့္ႏွစ္မွာ လက္မွတ္ေရးထိုးခဲ့တဲ့ ဒီသေဘာတူ စာခ်ဳပ္ဟာ အိႏၵဳျမစ္ေရစနစ္ကို ႏွစ္ႏိုင္ငံၾကား ခြဲေဝေပးခဲ့ၿပီး ပါကစၥတန္ကို အေနာက္ဘက္ျမစ္ သုံးသြယ္ ရဲ႕ ထိန္းခ်ဳပ္ခြင့္ေပးခဲ့ပါတယ္။ အျပန္အလွန္အေနနဲ႔ အိႏၵိယကေတာ့ အေရွ႕ဘက္ျမစ္ေတြကို အေရးပါတဲ့ ကန႔္သတ္ခ်က္ေတြနဲ႔အတူ ပိုင္ဆိုင္ခြင့္ရရွိခဲ့ပါတယ္။ အိႏၵဳျမစ္ေရ သေဘာတူစာခ်ဳပ္ဟာ တင္းတင္းက်ပ္ က်ပ္ ေရးဆြဲထားတဲ့ပုံစံေၾကာင့္ ထင္ရွားပါတယ္။ ဒီစာခ်ဳပ္ကို အၿမဲတမ္းတည္ၿမဲဖို႔အတြက္ ရည္႐ြယ္ခဲ့ၿပီး ဘယ္ဘက္ကမွ သေဘာတူစာခ်ဳပ္ကေန ထြက္ခြာႏိုင္တဲ့ ထြက္ေပါက္အပိုဒ္ မပါဝင္ခဲ့ပါဘူး။ ဒီစာခ်ဳပ္မွာ “ရည္႐ြယ္ခ်က္အတြက္ သင့္ေလ်ာ္စြာ အတည္ျပဳထားတဲ့ သေဘာတူစာခ်ဳပ္ျဖင့္ အဆုံးသတ္သည္အထိ အသက္ဝင္ေနမယ္” လို႔ ရွင္းရွင္းလင္းလင္း ေဖာ္ျပထားပါတယ္။ ဒါက အိႏၵိယနဲ႔ ပါကစၥတန္ ႏွစ္ႏိုင္ငံလုံး က အဲဒီစာခ်ဳပ္ကိုအစားထိုးဖို႔ ပဋိညာဥ္ အသစ္တစ္ခုကို လက္မွတ္မထိုးမခ်င္း အဆုံးသတ္ႏိုင္မွာ မဟုတ္ ဘူးလို႔ ဆိုလိုတာပါပဲ။

IWT မွာ သေဘာတူစာခ်ဳပ္ကေန ႏုတ္ထြက္ခြင့္ဆိုင္ရာျပ႒ာန္းခ်က္ တိတိက်က်မပါဝင္တဲ့ အတြက္ အိႏၵိယကေန ဒီစာခ်ဳပ္ကို ဖ်က္သိမ္းတာ ဒါမွမဟုတ္ ျပင္ဆင္တာမ်ိဳးလုပ္မယ္ဆိုရင္ ႏိုင္ငံ တကာ ဥပေဒ၊ အထူးသျဖင့္ စာခ်ဳပ္မ်ားဆိုင္ရာ ဗီယင္နာ သေဘာတူညီခ်က္ (VCLT) အေပၚ အေျခခံ ရမွာပဲ ျဖစ္ပါတယ္။ အိႏၵိယနဲ႔ ပါကစၥတန္တို႔ဟာ VCLT မွာ အဖြဲ႕ဝင္ႏိုင္ငံေတြ မဟုတ္ၾကေပမယ့္ VCLT ရဲ႕ ျပ႒ာန္းခ်က္အမ်ားစုကို အျပည္ျပည္ဆိုင္ရာ ဓေလ့ထုံးတမ္းဥပေဒအျဖစ္ သတ္မွတ္ထားတာေၾကာင့္ စာခ်ဳပ္ကေန ႏုတ္ထြက္ဖို႔အတြက္ အေျခခံအေၾကာင္းအရင္းအေနနဲ႔ အသုံးျပဳႏိုင္ပါတယ္။ VCLT ရဲ႕ ပုဒ္မ ၅၆ (၁) မွာ IWT လိုမ်ိဳး စာခ်ဳပ္ရပ္စဲျခင္း ဒါမွမဟုတ္ ႏုတ္ထြက္ျခင္းဆိုင္ရာ ျပ႒ာန္းခ်က္ မပါဝင္တဲ့ စာခ်ဳပ္ေတြကို ေဖာ္ျပထားပါတယ္။ ပုဒ္မ ၅၆ (၂) အရ ႏုတ္ထြက္မႈ အက်ိဳးသက္ေရာက္ျခင္း မရွိခင္ အနည္းဆုံး (၁၂) လ ႀကိဳတင္အေၾကာင္းၾကားဖို႔ လိုအပ္တယ္လို႔ ျပ႒ာန္းထားပါတယ္။ (၂၀၂၃) ခုႏွစ္၊ ဇန္နဝါရီလမွာ အိႏၵိယကေန စာခ်ဳပ္ကို “ျပင္ဆင္လိုေၾကာင္း” ပါကစၥတန္ကို တရားဝင္ အေၾကာင္းၾကား ခဲ့ပါတယ္။ ဒါဟာ အေျခခံအားျဖင့္ သံတမန္ေရးရာ အေၾကာင္းၾကားခ်က္တစ္ရပ္ျဖစ္ၿပီး အိႏၵိယက စိတ္ ေက်နပ္မႈမရွိတာေၾကာင့္ စည္းကမ္းခ်က္ေတြကို ျပန္လည္ညႇိႏႈိင္းလိုတယ္ဆိုတဲ့ သေဘာကို ပုဒ္မ ၅၆ နဲ႔ ၆၅ ရဲ႕ ျပ႒ာန္းခ်က္နဲ႔အညီ ေျပာၾကားခဲ့တာပဲ ျဖစ္ပါတယ္။

ဒီေနရာမွာ အဓိကသက္ဆိုင္တဲ့ အခ်က္ ႏွစ္ခ်က္ကေတာ့ “အႏွစ္သာရ ပ်က္ကြက္မႈ” ပုဒ္မ ၆၀ နဲ႔ “အေျခအေနမ်ား သိသာစြာေျပာင္းလဲျခင္း” ပုဒ္မ ၆၂ တို႔ပဲ ျဖစ္ပါတယ္။ ဒီအခ်က္ႏွစ္ခ်က္ထဲက တစ္ခုခု ကို အိႏၵိယကေန ကိုးကားႏိုင္ေပမယ့္ သိသာ ထင္ရွားတဲ့ သတိျပဳစရာ အခ်က္ေတြေတာ့ ရွိပါတယ္။ အႏွစ္သာရ ပ်က္ကြက္မႈဆိုတာ စာခ်ဳပ္ကို လုံးဝျငင္းပယ္တာ ဒါမွမဟုတ္ စာခ်ဳပ္ရဲ႕ ရည္႐ြယ္ခ်က္နဲ႔ အႏွစ္သာရအတြက္ မရွိမျဖစ္လိုအပ္တဲ့ျပ႒ာန္းခ်က္ကို ခ်ိဳးေဖာက္တာကို ဆိုလိုပါတယ္။ ပါကစၥတန္ရဲ႕ ရန္လိုတဲ့ လုပ္ေဆာင္မႈေတြ (ေရခြဲေဝမႈ မူေဘာင္ျပင္ပက) ဟာ စာခ်ဳပ္ကို အေျခခံတဲ့ ပူးေပါင္းေဆာင္ ႐ြက္မႈကို ထိခိုက္ေစခဲ့တာပဲ ျဖစ္ပါတယ္။

VCLT ရဲ႕ ပုဒ္မ ၆၂၊ “rebus sic stantibus” ဆိုတဲ့ ျပ႒ာန္းခ်က္အရ မူလစာခ်ဳပ္ခ်ဳပ္ဆိုစဥ္က သေဘာတူညီခ်က္ရဲ႕ မရွိမျဖစ္ အေျခခံျဖစ္ခဲ့တဲ့အေျခအေနေတြမွာ ႀကိဳမျမင္ႏိုင္တဲ့ ႀကီးမားတဲ့ ေျပာင္း လဲမႈေတြရွိလာၿပီး လုပ္ေဆာင္ရမယ့္ ဝတၱရားအတိုင္းအတာကို လုံးဝေျပာင္းလဲပစ္လိုက္ၿပီဆိုရင္ စာခ်ဳပ္ ကို ရပ္စဲခြင့္ရွိပါတယ္။ ဒီေနရာမွာ အိႏၵိယရဲ႕အေျခအေနက လုံၿခဳံေရးဆိုင္ရာကိစၥေတြထက္ ပတ္ဝန္းက်င္ ဆိုင္ရာနဲ႔ လက္ေတြ႕က်တဲ့ေျပာင္းလဲမႈေတြအေပၚ အေျခခံၿပီးခ်ျပမယ္ဆိုရင္ အေၾကာင္းအရာအရ ပိုၿပီး ခိုင္မာတယ္လို႔ ဆိုႏိုင္ ပါတယ္။ ဥပမာအားျဖင့္ ရာသီဥတုေျပာင္းလဲမႈဟာ (၁၉၆၀) ျပည့္ႏွစ္တုန္းက မေတြးထားခဲ့တဲ့ ပုံစံမ်ိဳးနဲ႔ အိႏၵဳျမစ္ဝွမ္းရဲ႕ေရလမ္းေၾကာင္းကို သိသိသာသာ ေျပာင္းလဲပစ္ခဲ့ပါတယ္။ IWT ကို ျမစ္ေရစီးဆင္းမႈပုံစံေတြနဲ႔ ေရရရွိႏိုင္မႈဆိုင္ရာ ယူဆခ်က္ေတြေအာက္မွာ ညႇိႏႈိင္းခဲ့တာျဖစ္ၿပီး ဆယ္စု ႏွစ္ ေျခာက္ခုၾကာ လူဦးေရတိုးတက္မႈနဲ႔ ရာသီဥတုေျပာင္းလဲမႈေတြက အဲဒီယူဆခ်က္ေတြကို ေျပာင္းလဲ ပ်က္စီးေစခဲ့ပါတယ္။ ဒါ့ေၾကာင့္ ပုဒ္မ ၆၂ အရ အိႏၵိယဟာ (၁၉၆၀) ျပည့္ ႏွစ္က သေဘာတူညီခဲ့တဲ့ “မရွိ မျဖစ္ အေျခခံ” ျဖစ္တဲ့ တည္ၿငိမ္တဲ့ ျမစ္ေရစီးဆင္းမႈနဲ႔ ပူးေပါင္းေဆာင္႐ြက္တတ္တဲ့ အိမ္နီးခ်င္းဆိုတာ မရွိေတာ့ဘူးလို႔ ေစာဒက တက္ႏိုင္ပါတယ္။

သမိုင္းမွာ လက္ခံႏိုင္စရာမရွိေတာ့ဘူး ဒါမွမဟုတ္ တစ္ဖက္သတ္ဆန္တယ္လို႔ ျမင္လာတဲ့အခါ စာခ်ဳပ္ေတြကို တရားဝင္ ဒါမွမဟုတ္ တရားမဝင္ ဖ်က္သိမ္းခဲ့တဲ့ စံနမူနာေတြ အမ်ားအျပား ရွိခဲ့ဖူးပါ တယ္။ အေမရိကန္ဟာ (၂၀၂၀) ျပည့္ႏွစ္မွာ ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) ကေန ႏုတ္ထြက္ဖို႔ ႀကိဳး ပမ္းခဲ့ပါတယ္။ အေမရိကန္ေရွ႕ေနေတြက စာခ်ဳပ္ကေနႏုတ္ထြက္ခြင့္ ျပ႒ာန္းခ်က္မပါဝင္တဲ့ စာခ်ဳပ္ေတြ အတြက္ VCLT ရဲ႕ ပုဒ္မ ၅၆ ကို ေထာက္ျပခဲ့ပါတယ္။ (၂၀၂၀) ျပည့္ႏွစ္၊ ဇူလိုင္လ (၆) ရက္ အေၾကာင္း ၾကားစာမွာ အက်ိဳးသက္ ေရာက္မယ့္ရက္ကို (၂၀၂၁) ခုႏွစ္ ဇူလိုင္လ (၆) ရက္အျဖစ္ သတ္မွတ္ခဲ့ၿပီး ဒါ ဟာ ပုဒ္မ ၅၆ (၂) အရ လိုအပ္တဲ့ (၁၂) လ ႀကိဳတင္အေၾကာင္းၾကားျခင္းနဲ႔ အတိအက် ကိုက္ညီခဲ့ပါတယ္။ အေၾကာင္းၾကားစာရဲ႕ သက္တမ္းမကုန္ခင္ (၂၀၂၁) ခုႏွစ္ ဇန္နဝါရီလ (၂၀) ရက္မွာ သမၼတဘိုင္ဒန္က ႏုတ္ထြက္မႈကို တရားဝင္႐ုပ္သိမ္းခဲ့ပါတယ္။ ဒီဥပမာဟာ ႏုတ္ထြက္မႈကို ေနာက္ဆုံးမွာ႐ုပ္သိမ္းခဲ့ေပမယ့္ လုပ္ငန္းစဥ္အတိုင္း လက္ေတြ႕လိုက္နာခဲ့တယ္ဆိုတာကို ျပသခဲ့ပါတယ္။

အလားတူပဲ အေရွ႕အလယ္ပိုင္း ကာကြယ္ေရးစာခ်ဳပ္ျဖစ္တဲ့ ဘဂၢဒက္စာခ်ဳပ္ (၁၉၅၅) မွာ တိက် တဲ့ ႏုတ္ထြက္ခြင့္ ျပ႒ာန္းခ်က္ မပါဝင္ခဲ့ပါဘူး။ ဒါေပမဲ့ အီရတ္ဟာ ေတာ္လွန္ေရးအစိုးရ အေျပာင္းအလဲ ၿပီးေနာက္ ေအာင္ျမင္စြာ ႏုတ္ထြက္ႏိုင္ခဲ့ပါတယ္။ ဒါေၾကာင့္ အီရတ္ရဲ႕ ႏုတ္ထြက္မႈဟာ စာခ်ဳပ္ကို လက္ခံ ထိန္းသိမ္းသူနဲ႔ တျခားအဖြဲ႕ဝင္ႏိုင္ငံေတြက ၿပီးေျမာက္ေၾကာင္း အသိအမွတ္ျပဳျခင္း ခံခဲ့ရပါတယ္။ ဒါဟာ အေျခအေနေတြ သိသိသာသာ ေျပာင္းလဲသြား တာကို ထင္ဟပ္ၿပီး ႏိုင္ငံရဲ႕အဓိက အက်ိဳးစီးပြားနဲ႔ မကိုက္ ညီေတာ့တဲ့ စာခ်ဳပ္ကို ရပ္စဲဖို႔အတြက္ VCLT ပုဒ္မ ၆၂ (အေျခအေနမ်ား သိသာစြာေျပာင္းလဲျခင္း) ကို ကိုးကားခဲ့တာနဲ႔ ဆင္တူပါတယ္။

ပါကစၥတန္က အိႏၵိယရဲ႕ IWT ဖ်က္သိမ္းျခင္းကို ရႏိုင္သမွ် ႏိုင္ငံတကာ ဖိုရမ္တိုင္း ဥပမာ - ကုလ သမဂၢ၊ တ႐ုတ္နဲ႔ တူရကီလို မိတ္ေဆြႏိုင္ငံေတြအျပင္ ႏိုင္ငံတကာတရား႐ုံး (ICJ) အထိ ယူေဆာင္သြားၿပီး အကူအညီေတာင္းဖို႔ ေသခ်ာသေလာက္ပါပဲ။ ဒီလို ႏွစ္ဖက္စလုံးက ဒီစာခ်ဳပ္နဲ႔ပတ္သက္ၿပီး အႀကီး အက်ယ္ ျငင္းခုံစရာေတြျဖစ္ႏိုင္တာေၾကာင့္ အိႏၵိယအတြက္ ဂုဏ္သိကၡာပိုင္းအရ ထိခိုက္မႈေတြလည္း ရွိလာႏိုင္ပါတယ္။

မဟာဗ်ဴဟာရႈေထာင့္ကေနၾကည့္ရင္ IWT ကို ဖ်က္သိမ္းတာဟာ အိႏၵိယအတြက္ အခြင့္အလမ္း ေရာ စြန႔္စားမႈပါ ႏွစ္မ်ိဳးစလုံးရွိလာႏိုင္ပါတယ္။ တစ္ဖက္မွာ အိႏၵိယဟာ အိႏၵဳျမစ္ေရကို သူ႔စိတ္ႀကိဳက္ အသုံးျပဳႏိုင္ဖို႔ လြတ္လပ္သြားမွာပဲ ျဖစ္ပါတယ္။ ဒါေပမဲ့ တျခားတစ္ဖက္မွာလည္း ပါကစၥတန္က ေရျဖတ္ ေတာက္တာဟာ စစ္ျဖစ္ရျခင္းရဲ႕ အေၾကာင္းရင္းျဖစ္တယ္လို႔ဆုံးျဖတ္ၿပီး စစ္ေရးပဋိပကၡကို ဦးတည္ေစႏိုင္ပါတယ္။

ႏိုင္ငံတကာဆက္ဆံေရးေတြဟာ ခံစားခ်က္နဲ႔ လည္ပတ္တာမဟုတ္ဘဲ အင္အား၊ ရွင္သန္မႈနဲ႔ အမ်ိဳးသားအက်ိဳးစီးပြားဆိုတဲ့ ေအးစက္တဲ့ တြက္ခ်က္မႈနဲ႔ လည္ပတ္တာပဲ ျဖစ္ပါတယ္။ လက္ေတြ႕ဝါဒ ရႈေထာင့္ကေနၾကည့္ရင္ စာခ်ဳပ္ေတြဟာ အဆင္ေျပေစတဲ့ ယႏၲရားေတြျဖစ္ၿပီး ႏိုင္ငံတစ္ႏိုင္ငံရဲ႕ အေရး ပါတဲ့လိုအပ္ခ်က္ေတြကို ျဖည့္ဆည္းေပးေနသမွ် ကာလပတ္လုံး တည္ၿမဲေနႏိုင္ပါတယ္။ တစ္ခ်ိန္က ပါကစၥတန္နဲ႔ ဆက္ဆံေရးခိုင္ၿမဲျခင္းရဲ႕သေကၤတျဖစ္ခဲ့တဲ့ ဒီစာခ်ဳပ္ဟာ ခုခ်ိန္မွာေတာ့ အိႏၵိယရဲ႕ ကိုယ္ပိုင္ သဘာဝ သယံဇာတေတြကို စီမံခန႔္ခြဲႏိုင္စြမ္း၊ ပတ္ဝန္းက်င္ဆိုင္ရာ လုံၿခဳံေရးကို ကာကြယ္ႏိုင္စြမ္းနဲ႔ ရန္လိုတဲ့လႈံ႕ေဆာ္မႈေတြကို တားဆီးႏိုင္စြမ္းကို ဖန္တီးသြားမယ့္ မဟာဗ်ဴဟာေျမာက္တာဝန္တစ္ခုလို ပိုပိုၿပီး ျဖစ္လာပါတယ္။ လိုအပ္လာရင္ အိႏၵိယဟာ အိႏၵဳျမစ္ေရစာခ်ဳပ္ကို တရားဝင္ ဂုဏ္သိကၡာရွိစြာ ဖ်က္သိမ္းႏိုင္ပါတယ္။ ဒီဆုံးျဖတ္ခ်က္ဟာ စည္းမ်ဥ္းကို ခ်ိဳးေဖာက္တာ မဟုတ္ဘဲ အခ်ဳပ္အျခာအာဏာ ရဲ႕ ပထမဆုံးအေျခခံမူကို ျပန္လည္အတည္ျပဳျခင္းသာ ျဖစ္ပါတယ္။ အဲဒီမူကေတာ့ သေဘာတူညီခ်က္ ေတြဟာ ၿငိမ္းခ်မ္းေရးနဲ႔ သာယာဝေျပာေရးအတြက္ ကိရိယာေတြသာျဖစ္သင့္ၿပီး မဟာဗ်ဴဟာေျမာက္ ေထာက္ေခ်ာက္ေတြ မဟုတ္ဘူးဆိုတာပဲ ျဖစ္ပါတယ္။

Related news

© 2021. All rights reserved.