ဓာတ်အားလိုင်း ACSR ကြိုးဆွဲခြင်းလုပ်ငန်းကြောင့် ထောက်ကြန့်နှင့် မင်္ဂလာဒုံတို့တွင် ယနေ့ ယာယီဓာတ်အားပြတ်တောက်မည်

1407

စော (NP News) - ဇွန် ၁၂
ဓာတ်အားလိုင်းACSRကြိုးဆွဲခြင်းလုပ်ငန်းကြောင့် ထောက်ကြန့်မြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ်တို့ရှိ ရပ်ကွက်အချို့၌ ယနေ့ (ဇွန်လ ၁၂ ရက်) တွင် ယာယီဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)က ယနေ့ (ဇွန်လ ၁၂ ရက်) တွင် အသိပေးထုတ်ပြန် ထားခြင်းဖြစ်သည်။
230kV အရှေ့ဒဂုံ - လှော်ကားဓာတ်အားလိုင်း ACSR ကြိုးဆွဲခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိရာ တိုင်အမှတ် (၈၅ မှ ၈၇) ကြား၊ ACSR ကြိုးဆွဲခြင်း၊ Rough Sagging ပြုလုပ်ခြင်း၊ Final Sagging ပြုလုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက် နိုင်ရန်အတွက် 33kV လှော်ကား - ပုလဲ (၁၊၂) ဓာတ်အားလိုင်းအား ဖြတ်ကျော်၍ လုပ်ငန်းဆောင်ရွက်မည်ဖြစ် ကြောင်း သိရသည်။
ထိုသိုဆောင်ရွက်မည်ဖြစ်ရာ လွတ်ကင်းမှုမရှိသော 33kV လှော်ကား - ပုလဲ (၁၊၂) ဓာတ်အားလိုင်းအားယနေ့ (ဇွန်လ ၁၂ ရက်)၊ နံနက် (၁၀)နာရီမှ မွန်းလွဲ (၃)နာရီအချိန်အထိ ဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းဆောင်ရွက်နေစဉ် ထောက်ကြန့်မြို့နှင့် မင်္ဂလာဒုံမြို့နယ်တို့၏ ရပ်ကွက်နေရာအချို့နှင့် စက်မှုဇုန် အချို့တို့တွင် အချိန်ပိုင်း ယာယီဓာတ်အားပြတ်တောက်မှုရှိမည်ဖြစ်ပါကြောင်း ထုတ်ပြန်ချက်အရသိရသည်။
ထို့ပြင် ဓာတ်အားပြတ်တောက်ချိန် ကြာမြင့်မှုမရှိစေရေးနှင့် ဓာတ်အားပြတ် ဧရိယာလျော့နည်းစေရေးအတွက် အလေးထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းလည်း လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) မှ အသိပေးထားသည်။

Zawgyi Version:
ဓာတ္အားလိုင္း ACSR ႀကိဳးဆြဲျခင္းလုပ္ငန္းေၾကာင့္ ေထာက္ၾကန႔္ႏွင့္ မဂၤလာဒုံတို႔တြင္ ယေန႔ ယာယီဓာတ္အားျပတ္ေတာက္မည္
ေစာ (NP News) - ဇြန္ ၁၂
ဓာတ္အားလိုင္းACSRႀကိဳးဆြဲျခင္းလုပ္ငန္းေၾကာင့္ ေထာက္ၾကန႔္ၿမိဳ႕နယ္ႏွင့္ မဂၤလာဒုံၿမိဳ႕နယ္တို႔ရွိ ရပ္ကြက္အခ်ိဳ႕၌ ယေန႔ (ဇြန္လ ၁၂ ရက္) တြင္ ယာယီဓာတ္အားျပတ္ေတာက္မည္ျဖစ္ေၾကာင္း သိရသည္။
ရန္ကုန္လွ်ပ္စစ္ဓာတ္အားေပးေရးေကာ္ပိုေရးရွင္း(YESC)က ယေန႔ (ဇြန္လ ၁၂ ရက္) တြင္ အသိေပးထုတ္ျပန္ ထားျခင္းျဖစ္သည္။
230kV အေရွ႕ဒဂုံ - ေလွာ္ကားဓာတ္အားလိုင္း ACSR ႀကိဳးဆြဲျခင္းလုပ္ငန္းေဆာင္႐ြက္လ်က္ရွိရာ တိုင္အမွတ္ (၈၅ မွ ၈၇) ၾကား၊ ACSR ႀကိဳးဆြဲျခင္း၊ Rough Sagging ျပဳလုပ္ျခင္း၊ Final Sagging ျပဳလုပ္ျခင္း လုပ္ငန္းမ်ား ေဆာင္႐ြက္ ႏိုင္ရန္အတြက္ 33kV ေလွာ္ကား - ပုလဲ (၁၊၂) ဓာတ္အားလိုင္းအား ျဖတ္ေက်ာ္၍ လုပ္ငန္းေဆာင္႐ြက္မည္ျဖစ္ ေၾကာင္း သိရသည္။
ထိုသိုေဆာင္႐ြက္မည္ျဖစ္ရာ လြတ္ကင္းမႈမရွိေသာ 33kV ေလွာ္ကား - ပုလဲ (၁၊၂) ဓာတ္အားလိုင္းအားယေန႔ (ဇြန္လ ၁၂ ရက္)၊ နံနက္ (၁၀)နာရီမွ မြန္းလြဲ (၃)နာရီအခ်ိန္အထိ ဓာတ္အားပိတ္၍ လုပ္ငန္းေဆာင္႐ြက္သြားမည္ျဖစ္ ေၾကာင္း သိရသည္။
အဆိုပါ လုပ္ငန္းေဆာင္႐ြက္ေနစဥ္ ေထာက္ၾကန႔္ၿမိဳ႕ႏွင့္ မဂၤလာဒုံၿမိဳ႕နယ္တို႔၏ ရပ္ကြက္ေနရာအခ်ိဳ႕ႏွင့္ စက္မႈဇုန္ အခ်ိဳ႕တို႔တြင္ အခ်ိန္ပိုင္း ယာယီဓာတ္အားျပတ္ေတာက္မႈရွိမည္ျဖစ္ပါေၾကာင္း ထုတ္ျပန္ခ်က္အရသိရသည္။
ထို႔ျပင္ ဓာတ္အားျပတ္ေတာက္ခ်ိန္ ၾကာျမင့္မႈမရွိေစေရးႏွင့္ ဓာတ္အားျပတ္ ဧရိယာေလ်ာ့နည္းေစေရးအတြက္ အေလးထားေဆာင္႐ြက္သြားမည္ျဖစ္ပါေၾကာင္းလည္း လွ်ပ္စစ္ဓာတ္အားေပးေရးေကာ္ပိုေရးရွင္း (YESC) မွ အသိေပးထားသည္။