နေပြည်တော်ရှိ မြို့နယ်ရှစ်ခုမှသမဝါယမအသင်းသားတောင်သူများအား မျိုးနှင့်သွင်းအားစုကျပ်သန်း ၂၂၀ကျော်ဖိုး ထောက်ပံ့ရန်စီစဉ်နေ

193

သက်ပိုင်(NP News) - ဇွန် ၁၂
နေပြည်တော်ရှိ မြို့နယ်ရှစ်ခုမှသမဝါယမအသင်းသားတောင်သူများအား မျိုးနှင့်သွင်းအားစုကျပ်သန်း ၂၂၀ကျော်ဖိုး ထောက်ပံ့ရန်စီစဉ်နေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၏သတင်းထုတ်ပြန်ချက်အရ သိရသည်။
နေပြည်တော်သမဝါယမဦးစီးဌာန၏ အစည်းအဝေးခန်းမ၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့် နိုင်ငံတော်ထောက်ပံ့ငွေတို့ဖြင့် ဆောင်ရွက်သည့် မိုးစပါးစိုက်ပျိုးရေးစီမံကိန်းတွင် ပန်းတိုင်ရည်မှန်းချက်အထွက်နှုန်းရရှိစေရေးအတွက် ပြုလုပ်ခဲ့သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဆွေးနွေးခဲ့ကြကြောင်း အဆိုပါထုတ်ပြန်ချက်တွင်ပါရှိသည်။
ထို့အပြင် သမဝါယမကဏ္ဍအနေဖြင့် နေပြည်တော်ရှိ မြို့နယ်ရှစ်မြို့နယ်ရှိ သမဝါယမအသင်းသားတောင်သူများသို့ တစ်ဧကလျှင် ကျပ် ၂ ဒသမ ၅ သိန်းနှင့်ညီမျှသော မျိုး၊ သွင်းအားစု တန်ဖိုးငွေကျပ် ၂၂၈၃ ဒသမ ၉၇၄ သန်းအား သမဝါယမအသင်း/ အသင်းသားတောင်သူများ၏ စိုက်ဧက ၉၁၃၅ ဒသမ ၈၉၆ ဧကအတွက် ပံ့ပိုးဆောင်ရွက်ပေးမည့် အခြေအနေများကို ဆွေးနွေးပြောကြားခဲ့ကြောင်း ထုတ်ပြန်အရ သိရသည်။
လက်ရှိတွင် အမြတ်ငွေရရန်ပင် ခက်ခဲလာသည့် တောင်သူ၊ လယ်သမားများအတွက် အစိုးရအနေဖြင့် စိုက်ပျိုးစရိတ်များ ကို နှစ်တို၊ နှစ်ရှည်စီမံကိန်းဖြင့် ချေးငွေပေးသင့်ကြောင်း စိုက်ပျိုးရေးပညာရှင်အချို့က NP News သတင်းဌာနသို့ သုံးသပ်ပြောဆို ထားသည်။

Zawgyi Version:
ေနျပည္ေတာ္ရွိ ၿမိဳ႕နယ္ရွစ္ခုမွသမဝါယမအသင္းသားေတာင္သူမ်ားအား မ်ိဳးႏွင့္သြင္းအားစုက်ပ္သန္း ၂၂၀ေက်ာ္ဖိုး ေထာက္ပံ့ရန္စီစဥ္ေန
သက္ပိုင္(NP News) - ဇြန္ ၁၂
ေနျပည္ေတာ္ရွိ ၿမိဳ႕နယ္ရွစ္ခုမွသမဝါယမအသင္းသားေတာင္သူမ်ားအား မ်ိဳးႏွင့္သြင္းအားစုက်ပ္သန္း ၂၂၀ေက်ာ္ဖိုး ေထာက္ပံ့ရန္စီစဥ္ေနေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ၏သတင္းထုတ္ျပန္ခ်က္အရ သိရသည္။
ေနျပည္ေတာ္သမဝါယမဦးစီးဌာန၏ အစည္းအေဝးခန္းမ၌ ၂၀၂၅-၂၀၂၆ ဘ႑ာႏွစ္ ႏိုင္ငံ့စီးပြားျမႇင့္တင္ေရးရန္ပုံေငြႏွင့္ ႏိုင္ငံေတာ္ေထာက္ပံ့ေငြတို႔ျဖင့္ ေဆာင္႐ြက္သည့္ မိုးစပါးစိုက္ပ်ိဳးေရးစီမံကိန္းတြင္ ပန္းတိုင္ရည္မွန္းခ်က္အထြက္ႏႈန္းရရွိေစေရးအတြက္ ျပဳလုပ္ခဲ့သည့္ လုပ္ငန္းညႇိႏႈိင္းအစည္းအေဝးတြင္ ေဆြးေႏြးခဲ့ၾကေၾကာင္း အဆိုပါထုတ္ျပန္ခ်က္တြင္ပါရွိသည္။
ထို႔အျပင္ သမဝါယမက႑အေနျဖင့္ ေနျပည္ေတာ္ရွိ ၿမိဳ႕နယ္ရွစ္ၿမိဳ႕နယ္ရွိ သမဝါယမအသင္းသားေတာင္သူမ်ားသို႔ တစ္ဧကလွ်င္ က်ပ္ ၂ ဒသမ ၅ သိန္းႏွင့္ညီမွ်ေသာ မ်ိဳး၊ သြင္းအားစု တန္ဖိုးေငြက်ပ္ ၂၂၈၃ ဒသမ ၉၇၄ သန္းအား သမဝါယမအသင္း/ အသင္းသားေတာင္သူမ်ား၏ စိုက္ဧက ၉၁၃၅ ဒသမ ၈၉၆ ဧကအတြက္ ပံ့ပိုးေဆာင္႐ြက္ေပးမည့္ အေျခအေနမ်ားကို ေဆြးေႏြးေျပာၾကားခဲ့ေၾကာင္း ထုတ္ျပန္အရ သိရသည္။
လက္ရွိတြင္ အျမတ္ေငြရရန္ပင္ ခက္ခဲလာသည့္ ေတာင္သူ၊ လယ္သမားမ်ားအတြက္ အစိုးရအေနျဖင့္ စိုက္ပ်ိဳးစရိတ္မ်ား ကို ႏွစ္တို၊ ႏွစ္ရွည္စီမံကိန္းျဖင့္ ေခ်းေငြေပးသင့္ေၾကာင္း စိုက္ပ်ိဳးေရးပညာရွင္အခ်ိဳ႕က NP News သတင္းဌာနသို႔ သုံးသပ္ေျပာဆို ထားသည္။