ကျောက်သေတ္တာစေတီကြီးပြုတ်ကျမည့်ဘေးကြောင့် ပြောင်းရွှေ့ခဲ့ရသူများကို လာမည့် (၂) ရက်အတွင်း ပြန်လည်နေထိုင်ခွင့်ပြုထား

222

စော(NP News)- ဇွန် ၁၅
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို၊ စုကြီးရပ်ကွက်ရှိ ရွှေသာလျောင်းတောင်စောင်းပေါ်မှ ကျောက်သေတ္တာစေတီကြီးပြုတ်ကျမည့် အန္တရာယ်ကြောင့် ပြောင်းရွှေ့ခဲ့ရသူများကို လာမည့် ဇွန်လ (၁၇) ရက်အတွင်း ပြန်လည်နေထိုင်ခွင့်ပြုထားကြောင်း ဒေသခံ ကိုဇော်သူဟိန်းက NP Newsကိုပြောသည်။
မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့ပြီးနောက် ကျောက်သေတ္တာစေတီကြီးသည် (၃၀) ဒီဂရီခန့် တိမ်းစောင်းသွားခဲ့သဖြင့် အောက်သို့ပြုတ်ကျရန် (၈၀) ရာခိုင်နှုန်း ရှိသည်ဟု အာဏာပိုင်များက သတ်မှတ်ခဲ့ကြောင်း သိရသည်။
ကျောက်တုံးကြီး ပြုတ်ကျပါက ထိခိုက်နိုင်ခြေရှိသည့် လေးမျက်နှာဘုရားလမ်း၊ ရွှေသာလျောင်းတောင်ခြေ၊ စျေးလမ်း စသည့် နေရာများမှ ပြည်သူများက ယာယီ ပြောင်းရွေ့ခဲ့ရခြင်းဖြစ်သည်။
“အရေးကြီးတဲ့ အိမ်(၇)အိမ်ကတော့ ဖယ်ရမယ်ထင်တယ်။ ဈေးကြီးကတော့ဖွင့်မှာ အဲဒီနားပတ်ဝန်းကျင် နည်းနည်းဝေးတာတွေနေရမယ်။ အခုလာမည့် အင်္ဂါနေ့ကို စျေးကြီးတော့ စဖွင့်မယ်။ အဲဒီအောက်တည့်တည့်က ဘုန်ကြီးကျောင်းအပါအဝင် (၇)အိမ်လောက်တော့ Alarm ပေးထားတယ်ထင်တယ်။ မနေရဘူးလို့ကြားတယ်။ ပြုပြင်လို့မရဘူးသေးဘူး။ အစီအစဉ်ဆွဲတုန်း ရှိသေးတယ်”ဟု ၎င်းကပြောသည်။
ဒေသခံများ၏ အသက်အန္တရာယ်စိုးရိမ်ရသည့်အတွက် ကျောက်တုံးကြီးကို မိုင်းဖြင့်ဖောက်ခွဲရန် စီမံဆောင်ရွက်ခဲ့သော်လည်း ရှေးမူမပြတ်ပြုပြင်ထိန်းသိမ်းသွားမည့်အစီအစဉ်ကို ပြောင်းလဲဆောင်ရွက်ခဲ့ကြပြီး တိုင်ပင်ဆွေးနွေးနေသည့် အခြေအနေသာရှိနေသေးကြောင်း သိရသည်။

Zawgyi Version:
ေက်ာက္ေသတၱာေစတီႀကီးအႏၲရာယ္ေၾကာင့္ ေျပာင္းေ႐ႊ႕ခဲ့ရသူမ်ားကို လာမည့္ (၂) ရက္အတြင္း ျပန္လည္ေနထိုင္ခြင့္ျပဳထား
ေစာ(NP News)- ဇြန္ ၁၅
မႏၲေလးတိုင္းေဒသႀကီး ေက်ာက္ဆည္ၿမိဳ၊ စုႀကီးရပ္ကြက္ရွိ ေ႐ႊသာေလ်ာင္းေတာင္ေစာင္းေပၚမွ ေက်ာက္ေသတၱာေစတီႀကီးအႏၲရာယ္ေၾကာင့္ ေျပာင္းေ႐ႊ႕ခဲ့ရသူမ်ားကို လာမည့္ ဇြန္လ (၁၇) ရက္အတြင္း ျပန္လည္ေနထိုင္ခြင့္ျပဳထားေၾကာင္း ေဒသခံ ကိုေဇာ္သူဟိန္းက NP Newsကိုေျပာသည္။
မႏၲေလးငလ်င္ႀကီးလႈပ္ခတ္ခဲ့ၿပီးေနာက္ ေက်ာက္ေသတၱာေစတီႀကီးသည္ (၃၀) ဒီဂရီခန႔္ တိမ္းေစာင္းသြားခဲ့သျဖင့္ ေအာက္သို႔ျပဳတ္က်ရန္ (၈၀) ရာခိုင္ႏႈန္း ရွိသည္ဟု အာဏာပိုင္မ်ားက သတ္မွတ္ခဲ့ေၾကာင္း သိရသည္။
ေက်ာက္တုံးႀကီး ျပဳတ္က်ပါက ထိခိုက္ႏိုင္ေျခရွိသည့္ ေလးမ်က္ႏွာဘုရားလမ္း၊ ေ႐ႊသာေလ်ာင္းေတာင္ေျခ၊ ေစ်းလမ္း စသည့္ ေနရာမ်ားမွ ျပည္သူမ်ားက ယာယီ ေျပာင္းေ႐ြ႕ခဲ့ရျခင္းျဖစ္သည္။
“အေရးႀကီးတဲ့ အိမ္(၇)အိမ္ကေတာ့ ဖယ္ရမယ္ထင္တယ္။ ေဈးႀကီးကေတာ့ဖြင့္မွာ အဲဒီနားပတ္ဝန္းက်င္ နည္းနည္းေဝးတာေတြေနရမယ္။ အခုလာမည့္ အဂၤါေန႔ကို ေစ်းႀကီးေတာ့ စဖြင့္မယ္။ အဲဒီေအာက္တည့္တည့္က ဘုန္ႀကီးေက်ာင္းအပါအဝင္ (၇)အိမ္ေလာက္ေတာ့ Alarm ေပးထားတယ္ထင္တယ္။ မေနရဘူးလို႔ၾကားတယ္။ ျပဳျပင္လို႔မရဘူးေသးဘူး။ အစီအစဥ္ဆြဲတုန္း ရွိေသးတယ္”ဟု ၎ကေျပာသည္။
ေဒသခံမ်ား၏ အသက္အႏၲရာယ္စိုးရိမ္ရသည့္အတြက္ ေက်ာက္တုံးႀကီးကို မိုင္းျဖင့္ေဖာက္ခြဲရန္ စီမံေဆာင္႐ြက္ခဲ့ေသာ္လည္း ေရွးမူမျပတ္ျပဳျပင္ထိန္းသိမ္းသြားမည့္အစီအစဥ္ကို ေျပာင္းလဲေဆာင္႐ြက္ခဲ့ၾကၿပီး တိုင္ပင္ေဆြးေႏြးေနသည့္ အေျခအေနသာရွိေနေသးေၾကာင္း သိရသည္။