ငလျင်ဒဏ်သင့် မြန်မာ အတွက် လူသားချင်း စာနာမှု အကူအညီ အဖြစ် ADB က ဒေါ်လာ သန်း (၁၀၀) ကူညီမည်

263

စော (NP News)-ဇွန်၁၈
ငလျင်ဒဏ်သင့် မြန်မာ အတွက် လူသားချင်း စာနာမှု အကူအညီ အဖြစ် ဒေါ်လာ သန်း ၁၀၀ ကူညီမည် ဖြစ်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က ထုတ်ပြန်ကြေငြာထားသည်။
မြန်မာပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်ရန်နှင့် ရေရှည်ခံနိုင်ရည်ရှိသည့် ရပ်ရွာများ တည်ဆောက်ရန်အတွက် အမေရိကန်ဒေါ်လာ သန်း ၁၀၀ တန်ဖိုးရှိ အထောက်အပံ့ အစီအစဉ်တစ်ရပ်ကို အာရှဖွံ့ဖြိုးရေးရန်ပုံငွေ (ADF) မှ အတည်ပြုလိုက်ပြီ ဖြစ်ကြောင်း နှင့် ယခု အထောက်အပံ့သည် ငလျင်လှုပ်ပြီးနောက် ပေးအပ်ခဲ့သည့် အမေရိကန်ဒေါ်လာ ၃ သန်းတန်ဖိုးရှိ အရေးပေါ် ကယ်ဆယ်ရေး ထောက်ပံ့ကြေးပြီးနောက် ထပ်မံ၍ ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။
“ဒီ အမေရိကန်ဒေါ်လာ သန်း ၁၀၀ တန်ဖိုးရှိ အထောက်အပံ့ အစီအစဉ်ဟာ ADB က မြန်မာပြည်သူတွေအတွက် ပေးအပ်တဲ့ အကြီးမားဆုံး ထောက်ပံ့ကြေး ဖြစ်ပါတယ်။ ဒီရန်ပုံငွေတွေနဲ့ အရေးပေါ် လိုအပ်နေတဲ့ မိသားစုတွေအတွက် အစားအစာ၊ ရေ၊ အမိုးအကာနဲ့ ဆေးဝါးတွေ ထောက်ပံ့ပေးသွားမှာ ဖြစ်သလို ရေရှည် အသက်မွေးဝမ်းကျောင်းမှု၊ အလုပ်အကိုင်နဲ့ ရပ်ရွာ ခံနိုင်ရည်ရှိမှုတွေကိုလည်း ပံ့ပိုးပေးသွားမှာပါ” ဟု ADB ၏ ဥက္ကဋ္ဌ Masato Kanda က ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။
ငလျင်မလှုပ်မီက ကုလသမဂ္ဂ၏ ၂၀၂၅ ခုနှစ် မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှု လိုအပ်ချက်နှင့် တုံ့ပြန်ရေး စီမံချက် (2025 Humanitarian Needs and Response Plan) အရ လူပေါင်း ၄.၃ သန်းသည် အရေးပေါ် အကူအညီနှင့် လူမှုကာကွယ်မှုများ လိုအပ်နေကြောင်း ခန့်မှန်းထားရာ ငလျင်ကြောင့် ထိုအရေအတွက်သည် ၆.၃ သန်းအထိ မြင့်တက်လာခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ယခု အထောက်အပံ့ အစီအစဉ်အောက်တွင် ADB သည် အရေးပေါ် အမိုးအကာ၊ ရေနှင့် မိလ္လာ ဝန်ဆောင်မှုများ၊ အစားအစာ၊ အမျိုးသမီးများအတွက် မရှိမဖြစ်လိုအပ်သော ကျန်းမာရေး ပစ္စည်းများနှင့် စိတ်ဒဏ်ရာ ကုသမှုဆိုင်ရာ အကြံဉာဏ်ပေးခြင်းတို့ကို လျင်မြန်သော လိုအပ်ချက် ဆန်းစစ်ချက်များဖြင့် လမ်းညွှန်၍ ပံ့ပိုးပေးမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် ယာယီသင်ကြားရေး နေရာများကို ပြုပြင်ခြင်း၊ ရပ်ရွာ စာကြည့်တိုက်များအား ပစ္စည်းကိရိယာများ ဖြည့်ဆည်းပေးခြင်း၊ ပညာရေးဆိုင်ရာ သင်တန်းများ ပေးခြင်းနှင့် ငွေကြေးနှင့် ပစ္စည်း ထောက်ပံ့မှုများ နှစ်မျိုးလုံးကို ပေးအပ်သွားမည် ဖြစ်ကြောင်း ရေးသားထားသည်။
ထိုမျှသာမက လယ်ယာသုံးလမ်းများ၊ ဆည်မြောင်းနှင့် ရေနုတ်မြောင်းစနစ်များ၊ ရေသန့်စင်ရေး အခြေခံအဆောက်အအုံများကို အဆင့်မြှင့်တင်ပေးမည်ဖြစ်ပြီး ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ သင်တန်းများကိုလည်း အိမ်ထောင်စုများအား ပို့ချနည်ဟု ဖော်ပြထားသည်။
ထောက်ပံ့ငွေများကို ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (United Nations Development Programme)၊ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (United Nations Children’s Fund) နှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (World Food Programme) တို့မှတစ်ဆင့် ပေးအပ်သွားမည် ဖြစ်ကြောင်း ရေးသားထားသည်။

Zawgyi Version:
ငလ်င္ဒဏ္သင့္ ျမန္မာ အတြက္ လူသားခ်င္း စာနာမႈ အကူအညီ အျဖစ္ ADB က ေဒၚလာ သန္း ၁၀၀ ကူညီမည္
ေစာ (NP News)
ငလ်င္ဒဏ္သင့္ ျမန္မာ အတြက္ လူသားခ်င္း စာနာမႈ အကူအညီ အျဖစ္ ေဒၚလာ သန္း ၁၀၀ ကူညီမည္ ျဖစ္ေၾကာင္း အာရွဖြံ႕ၿဖိဳးေရးဘဏ္ (ADB) က ထုတ္ျပန္ေၾကျငာထားသည္။
ျမန္မာျပည္သူမ်ားအတြက္ လူသားခ်င္းစာနာေထာက္ထားမႈ အကူအညီမ်ား ေပးအပ္ရန္ႏွင့္ ေရရွည္ခံႏိုင္ရည္ရွိသည့္ ရပ္႐ြာမ်ား တည္ေဆာက္ရန္အတြက္ အေမရိကန္ေဒၚလာ သန္း ၁၀၀ တန္ဖိုးရွိ အေထာက္အပံ့ အစီအစဥ္တစ္ရပ္ကို အာရွဖြံ႕ၿဖိဳးေရးရန္ပုံေငြ (ADF) မွ အတည္ျပဳလိုက္ၿပီ ျဖစ္ေၾကာင္း ႏွင့္ ယခု အေထာက္အပံ့သည္ ငလ်င္လႈပ္ၿပီးေနာက္ ေပးအပ္ခဲ့သည့္ အေမရိကန္ေဒၚလာ ၃ သန္းတန္ဖိုးရွိ အေရးေပၚ ကယ္ဆယ္ေရး ေထာက္ပံ့ေၾကးၿပီးေနာက္ ထပ္မံ၍ ထြက္ေပၚလာျခင္း ျဖစ္ေၾကာင္း ေဖာ္ျပထားသည္။
“ဒီ အေမရိကန္ေဒၚလာ သန္း ၁၀၀ တန္ဖိုးရွိ အေထာက္အပံ့ အစီအစဥ္ဟာ ADB က ျမန္မာျပည္သူေတြအတြက္ ေပးအပ္တဲ့ အႀကီးမားဆုံး ေထာက္ပံ့ေၾကး ျဖစ္ပါတယ္။ ဒီရန္ပုံေငြေတြနဲ႔ အေရးေပၚ လိုအပ္ေနတဲ့ မိသားစုေတြအတြက္ အစားအစာ၊ ေရ၊ အမိုးအကာနဲ႔ ေဆးဝါးေတြ ေထာက္ပံ့ေပးသြားမွာ ျဖစ္သလို ေရရွည္ အသက္ေမြးဝမ္းေက်ာင္းမႈ၊ အလုပ္အကိုင္နဲ႔ ရပ္႐ြာ ခံႏိုင္ရည္ရွိမႈေတြကိုလည္း ပံ့ပိုးေပးသြားမွာပါ” ဟု ADB ၏ ဥကၠ႒ Masato Kanda က ထုတ္ျပန္ခ်က္အတြင္း ေဖာ္ျပထားသည္။
ငလ်င္မလႈပ္မီက ကုလသမဂၢ၏ ၂၀၂၅ ခုႏွစ္ ျမန္မာႏိုင္ငံအတြက္ လူသားခ်င္းစာနာေထာက္ထားမႈ လိုအပ္ခ်က္ႏွင့္ တုံ႔ျပန္ေရး စီမံခ်က္ (2025 Humanitarian Needs and Response Plan) အရ လူေပါင္း ၄.၃ သန္းသည္ အေရးေပၚ အကူအညီႏွင့္ လူမႈကာကြယ္မႈမ်ား လိုအပ္ေနေၾကာင္း ခန႔္မွန္းထားရာ ငလ်င္ေၾကာင့္ ထိုအေရအတြက္သည္ ၆.၃ သန္းအထိ ျမင့္တက္လာခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေရးသားထားသည္။
ယခု အေထာက္အပံ့ အစီအစဥ္ေအာက္တြင္ ADB သည္ အေရးေပၚ အမိုးအကာ၊ ေရႏွင့္ မိလႅာ ဝန္ေဆာင္မႈမ်ား၊ အစားအစာ၊ အမ်ိဳးသမီးမ်ားအတြက္ မရွိမျဖစ္လိုအပ္ေသာ က်န္းမာေရး ပစၥည္းမ်ားႏွင့္ စိတ္ဒဏ္ရာ ကုသမႈဆိုင္ရာ အႀကံဉာဏ္ေပးျခင္းတို႔ကို လ်င္ျမန္ေသာ လိုအပ္ခ်က္ ဆန္းစစ္ခ်က္မ်ားျဖင့္ လမ္းၫႊန္၍ ပံ့ပိုးေပးမည္ ျဖစ္ေၾကာင္း ေဖာ္ျပထားသည္။
ထို႔ျပင္ ယာယီသင္ၾကားေရး ေနရာမ်ားကို ျပဳျပင္ျခင္း၊ ရပ္႐ြာ စာၾကည့္တိုက္မ်ားအား ပစၥည္းကိရိယာမ်ား ျဖည့္ဆည္းေပးျခင္း၊ ပညာေရးဆိုင္ရာ သင္တန္းမ်ား ေပးျခင္းႏွင့္ ေငြေၾကးႏွင့္ ပစၥည္း ေထာက္ပံ့မႈမ်ား ႏွစ္မ်ိဳးလုံးကို ေပးအပ္သြားမည္ ျဖစ္ေၾကာင္း ေရးသားထားသည္။
ထိုမွ်သာမက လယ္ယာသုံးလမ္းမ်ား၊ ဆည္ေျမာင္းႏွင့္ ေရႏုတ္ေျမာင္းစနစ္မ်ား၊ ေရသန႔္စင္ေရး အေျခခံအေဆာက္အအုံမ်ားကို အဆင့္ျမႇင့္တင္ေပးမည္ျဖစ္ၿပီး ရာသီဥတုေျပာင္းလဲမႈႏွင့္ သဘာဝေဘးအႏၲရာယ္ စီမံခန႔္ခြဲမႈဆိုင္ရာ သင္တန္းမ်ားကိုလည္း အိမ္ေထာင္စုမ်ားအား ပို႔ခ်နည္ဟု ေဖာ္ျပထားသည္။
ေထာက္ပံ့ေငြမ်ားကို ကုလသမဂၢဖြံ႕ၿဖိဳးမႈ အစီအစဥ္ (United Nations Development Programme)၊ ကုလသမဂၢ ကေလးမ်ားရန္ပုံေငြအဖြဲ႕ (United Nations Children’s Fund) ႏွင့္ ကမာၻ႔စားနပ္ရိကၡာအစီအစဥ္ (World Food Programme) တို႔မွတစ္ဆင့္ ေပးအပ္သြားမည္ ျဖစ္ေၾကာင္း ေရးသားထားသည္။