ဂျပန်တွင် သတင်းစာပို့ရင်းကျောင်းတက်နိုင်မည့် သတင်းစာစကော်လားရှစ်ကို စိတ်ဝင်စားသူများပြား

 67

မြတ် (NP News) - ဇွန် ၂၁

ဂျပန်နိုင်ငံတွင် သတင်းစာပို့ရင်းကျောင်းတက်ရောက်နိုင်မည့် ပညာသင်ဆု (Asahi Shimbun Scholarship) အတွက် လျှောက်လွှာများကို MAJA Education Centreမှ စတင်ခေါ်ယူနေရာ စိတ်ဝင်စားသူ များပြားနေကြောင်း သိရသည်။
MAJA Education Centre က ၎င်းတို့ ၏ လူမှုကွန်ယက်ဖေ့စ်ဘွတ်ခ်စာမျက်နှာက တဆင့်ခေါ်ယူခဲ့ရာ စိတ်ဝင်တစား မှတ်ချက်ပေးသူများပြားကြောင်း တွေ့မြင်ရသည့်အပြင် အချို့ကလည်း ၎င်းတို့နှင့် နီးစပ်သူများ အတွက် ပြန်လည်မျှဝေခြင်းများကို အများအပြား ပြုလုပ်ခဲ့ကြကြောင်း တွေ့မြင်ရသည်။
ယခုခေါ်ယူမည့် သတင်းစာစကော်လားရှစ်မှာ ၂၀၂၆ ခုနှစ်၊ (၄)လပိုင်းအတွက် ခေါ်ယူခြင်းဖြစ်ပြီး သတ်မှတ် လိုအပ်ချက်များနှင့်ပြည့်စုံသူ မည်သူမဆိုလျှောက်ထားနိုင်ကြောင်း သိရသည်။
လိုအပ်ချက်များအနေဖြင့် JLPT(N4)နှင့်အထက် အောင်မြင်ရန်၊ ၂၀၂၆ ဧပြီတွင် အသက် (၁၈) နှစ် နှင့် (၂၅) နှစ် ကြားရှိရန်၊ ပညာအရည်အချင်းအနေဖြင့် စနစ်သစ် ၁၂ တန်းအောင်မြင်ရန် (သို့) စနစ်ဟောင်း တက္ကသိုလ် ပထမနှစ်နှင့်အထက် အောင်မြင်ရန်၊ အိမ်ထောင်မရှိသူ၊ တက်တူး (လုံးဝ) မရှိသူနှင့် ကျန်းမာရေးကောင်းမွန် ကြံ့ခိုင်သူဖြစ်ရန် လိုအပ်ကြောင်း သိရသည်။
ထို့ပြင် Passport (PV / PE) ကိုင်ထားသူ၊ Passport လျှောက်ထားဆဲ (သို့) Passport လျှောက်ထား/ လဲလှယ်ရန်အတွက် QR code ရရှိထားသူဖြစ်ရန်နှင့် ဆိုင်ကယ်လိုင်စင် (က) လိုင်စင် ရှိရန် လိုအပ်ကြောင်း သိရသည်။
ဂျပန်နိုင်ငံသို့ ကျောင်းဗီဇာ (သို့) တခြားသော ဗီဇာများဖြင့် လျှောက်ထားပြီးသူများ၊ COE Rejected ဖြစ်ထားဖူးသူ များ လျှောက်ထားခွင့်မရှိကြောင်း MAJA Education Centre မှ ဖော်ပြထားသည်။
လျှောက်လွှာလက်ခံမည့်ကာလမှာ ဇွန်လ(၁၈)ရက်မှ ဇူလိုင်လ(၁၂)ရက်အထိဖြစ်ပြီး သတ်မှတ် လိုအပ်ချက်များနှင့် ပြည့်စုံသူများအနေဖြင့် Google Form Link : https://forms.gle/hGCSNr332KtQ56jk7 ကို ဖြည့်စွက်ကာ လျှောက်ထားနိုင်ကြောင်း နှင့် လျှောက်ထားပြီးသူများအား Scholarship နှင့်သက်ဆိုင်သည့် အသေးစိတ်အစီအစဥ် များကို Google Form တွင်ဖြည့်သွင်းထားသော Gmail များမှတစ်ဆင့် ဆက်သွယ်ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ဂ်ပန္တြင္ သတင္းစာပို႔ရင္းေက်ာင္းတက္ႏိုင္မည့္ သတင္းစာစေကာ္လားရွစ္ကို စိတ္ဝင္စားသူမ်ားျပား
ျမတ္ (NP News) - ဇြန္ ၂၁

ဂ်ပန္ႏိုင္ငံတြင္ သတင္းစာပို႔ရင္းေက်ာင္းတက္ေရာက္ႏိုင္မည့္ ပညာသင္ဆု (Asahi Shimbun Scholarship) အတြက္ ေလွ်ာက္လႊာမ်ားကို MAJA Education Centreမွ စတင္ေခၚယူေနရာ စိတ္ဝင္စားသူ မ်ားျပားေနေၾကာင္း သိရသည္။
MAJA Education Centre က ၎တို႔ ၏ လူမႈကြန္ယက္ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာက တဆင့္ေခၚယူခဲ့ရာ စိတ္ဝင္တစား မွတ္ခ်က္ေပးသူမ်ားျပားေၾကာင္း ေတြ႕ျမင္ရသည့္အျပင္ အခ်ိဳ႕ကလည္း ၎တို႔ႏွင့္ နီးစပ္သူမ်ား အတြက္ ျပန္လည္မွ်ေဝျခင္းမ်ားကို အမ်ားအျပား ျပဳလုပ္ခဲ့ၾကေၾကာင္း ေတြ႕ျမင္ရသည္။
ယခုေခၚယူမည့္ သတင္းစာစေကာ္လားရွစ္မွာ ၂၀၂၆ ခုႏွစ္၊ (၄)လပိုင္းအတြက္ ေခၚယူျခင္းျဖစ္ၿပီး သတ္မွတ္ လိုအပ္ခ်က္မ်ားႏွင့္ျပည့္စုံသူ မည္သူမဆိုေလွ်ာက္ထားႏိုင္ေၾကာင္း သိရသည္။
လိုအပ္ခ်က္မ်ားအေနျဖင့္ JLPT(N4)ႏွင့္အထက္ ေအာင္ျမင္ရန္၊ ၂၀၂၆ ဧၿပီတြင္ အသက္ (၁၈) ႏွစ္ ႏွင့္ (၂၅) ႏွစ္ ၾကားရွိရန္၊ ပညာအရည္အခ်င္းအေနျဖင့္ စနစ္သစ္ ၁၂ တန္းေအာင္ျမင္ရန္ (သို႔) စနစ္ေဟာင္း တကၠသိုလ္ ပထမႏွစ္ႏွင့္အထက္ ေအာင္ျမင္ရန္၊ အိမ္ေထာင္မရွိသူ၊ တက္တူး (လုံးဝ) မရွိသူႏွင့္ က်န္းမာေရးေကာင္းမြန္ ႀကံ့ခိုင္သူျဖစ္ရန္ လိုအပ္ေၾကာင္း သိရသည္။
ထို႔ျပင္ Passport (PV / PE) ကိုင္ထားသူ၊ Passport ေလွ်ာက္ထားဆဲ (သို႔) Passport ေလွ်ာက္ထား/ လဲလွယ္ရန္အတြက္ QR code ရရွိထားသူျဖစ္ရန္ႏွင့္ ဆိုင္ကယ္လိုင္စင္ (က) လိုင္စင္ ရွိရန္ လိုအပ္ေၾကာင္း သိရသည္။
ဂ်ပန္ႏိုင္ငံသို႔ ေက်ာင္းဗီဇာ (သို႔) တျခားေသာ ဗီဇာမ်ားျဖင့္ ေလွ်ာက္ထားၿပီးသူမ်ား၊ COE Rejected ျဖစ္ထားဖူးသူ မ်ား ေလွ်ာက္ထားခြင့္မရွိေၾကာင္း MAJA Education Centre မွ ေဖာ္ျပထားသည္။
ေလွ်ာက္လႊာလက္ခံမည့္ကာလမွာ ဇြန္လ(၁၈)ရက္မွ ဇူလိုင္လ(၁၂)ရက္အထိျဖစ္ၿပီး သတ္မွတ္ လိုအပ္ခ်က္မ်ားႏွင့္ ျပည့္စုံသူမ်ားအေနျဖင့္ Google Form Link : https://forms.gle/hGCSNr332KtQ56jk7 ကို ျဖည့္စြက္ကာ ေလွ်ာက္ထားႏိုင္ေၾကာင္း ႏွင့္ ေလွ်ာက္ထားၿပီးသူမ်ားအား Scholarship ႏွင့္သက္ဆိုင္သည့္ အေသးစိတ္အစီအစဥ္ မ်ားကို Google Form တြင္ျဖည့္သြင္းထားေသာ Gmail မ်ားမွတစ္ဆင့္ ဆက္သြယ္ေပးပို႔သြားမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.