မလေးရှားနိုင်ငံမှာ ၂၀၂၅ ခုနှစ်အတွင်း ပထမဆုံး Covid-19 ကြောင့် သေဆုံးမှုရှိလာ

160
ရောင်နီ (NP News) - ဇွန် ၂၁
မလေးရှားနိုင်ငဲမှာ ၂၀၂၅ ခုနှစ်အတွင်း ပထမဆုံး Covid-19 ကူးစက်သေဆုံးမှုတွေ့ရှိလာရပြီဖြစ်တယ်လို့ သိရပါ တယ်။
လူနာဟာ နိုင်ငံမှာ ကိုဗစ်ကူးစက်မှုတွေ ပြန်လည်မြင့်တက်လာချိန်၊ သီတင်း ၂၄ ပတ်မြောက်ဖြစ်တဲ့ ဇွန်လ ၈ ရက်မှ ဇွန်လ ၁၅ ရက် သီတင်းပတ်မှာ သေဆုံးသွားခဲ့တာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ လူနာဟာ နှလုံးရောဂါနဲ့ ဆီးချိုရောဂါ ပြင်းပြင်းထန်ထန်ခံစားနေရသူဖြစ်ပြီး ဒုတိယ အကြိမ်မြောက် ကာကွယ်ဆေးလည်း ထိုးနှံထားခြင်း မရှိဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနက ဇွန် ၁၉ ရက်မှာ ထုတ်ပြန်လာပါတယ်။
ဒါပေမယ့် ကိုဗစ်ကြောင့် သေဆုံးနှုန်းဟာ ၂၀၂၄ ခုနှစ်နဲ့နှိုင်းယှဉ်ရင် ၅၇ ရာခိုင်နှုန်း သိသိသာသာ ကျဆင်းနေဆဲ ဖြစ်တယ်လို့ ၎င်းက ထပ်လောင်းပြောကြားပါတယ်။ ၂၀၂၅ ရဲ့လက်ရှိအချိန်အထိအတွင်း မလေးရှားနိုင်ငံမှာ COVID-19 ကူးစက်ခံရသူ စုစုပေါင်း ၂၁,၇၃၈ ဦးရှိပြီဖြစ်တယ်လို့ သိရပါတယ်။
Zawgyi Version:
မေလးရွားႏိုင္ငံမွာ ၂၀၂၅ ခုႏွစ္အတြင္း ပထမဆုံး Covid-19 ေၾကာင့္ ေသဆုံးမႈရွိလာ
ေရာင္နီ (NP News) - ဇြန္ ၂၁
မေလးရွားႏိုင္ငဲမွာ ၂၀၂၅ ခုႏွစ္အတြင္း ပထမဆုံး Covid-19 ကူးစက္ေသဆုံးမႈေတြ႕ရွိလာရၿပီျဖစ္တယ္လို႔ သိရပါ တယ္။
လူနာဟာ ႏိုင္ငံမွာ ကိုဗစ္ကူးစက္မႈေတြ ျပန္လည္ျမင့္တက္လာခ်ိန္၊ သီတင္း ၂၄ ပတ္ေျမာက္ျဖစ္တဲ့ ဇြန္လ ၈ ရက္မွ ဇြန္လ ၁၅ ရက္ သီတင္းပတ္မွာ ေသဆုံးသြားခဲ့တာျဖစ္တယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနက ေျပာပါတယ္။ လူနာဟာ ႏွလုံးေရာဂါနဲ႔ ဆီးခ်ိဳေရာဂါ ျပင္းျပင္းထန္ထန္ခံစားေနရသူျဖစ္ၿပီး ဒုတိယ အႀကိမ္ေျမာက္ ကာကြယ္ေဆးလည္း ထိုးႏွံထားျခင္း မရွိဘူးလို႔ က်န္းမာေရးဝန္ႀကီးဌာနက ဇြန္ ၁၉ ရက္မွာ ထုတ္ျပန္လာပါတယ္။
ဒါေပမယ့္ ကိုဗစ္ေၾကာင့္ ေသဆုံးႏႈန္းဟာ ၂၀၂၄ ခုႏွစ္နဲ႔ႏႈိင္းယွဥ္ရင္ ၅၇ ရာခိုင္ႏႈန္း သိသိသာသာ က်ဆင္းေနဆဲ ျဖစ္တယ္လို႔ ၎က ထပ္ေလာင္းေျပာၾကားပါတယ္။ ၂၀၂၅ ရဲ႕လက္ရွိအခ်ိန္အထိအတြင္း မေလးရွားႏိုင္ငံမွာ COVID-19 ကူးစက္ခံရသူ စုစုေပါင္း ၂၁,၇၃၈ ဦးရွိၿပီျဖစ္တယ္လို႔ သိရပါတယ္။