ပုသိမ်ကြီးနှင့်မြဝတီတို့တွင် ဇွန်လအတွင်း ဝန်းကျင်လေထုအရည်အသွေး လိမ္မော်ရောင်အဆင့်ဖြစ်ခဲ့

153

စော(NP News)- ဇွန် ၂၃
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်နှင့် ကရင်ပြည်နယ်၊ မြဝတီမြို့တို့တွင် ဇွန်လ (၁)မှ (၁၅)ရက်အတွင်း ဝန်းကျင်လေထုအရည်အသွေးသည် ခံနိုင်ရည်နည်းပါးသူများသာ ထိခိုက်နိုင်သောအဆင့်ဖြစ်သော လိမ္မော်ရောင်အဆင့် သတ်မှတ်ခဲ့ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။
အဆိုပါဦးစီးဌာနအနေဖြင့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ Sampling Point နေရာများတွင် ဝန်းကျင်လေထု အရည်အသွေးကို အဓိက Parameterများဖြင့် ပုံမှန်တိုင်းတာပြီး လေ့လာဆန်းစစ်လျက်ရှိကြောင်း သိရသည်။
ထို့သို့လေ့လာဆန်စစ်ရာတွင် ထုတ်ပြန်ချက်အရ မန္တလေးတိုင်းရှိ ပုသိမ်ကြီးမြို့နယ်တွင်၂.၅မိုက်ခရွန်အရွယ်ရှိသော အမှုန်အမွှားများသည် ခံနိုင်ရည်နည်းပါးသူများသာ ထိခိုက်နိုင်သောအဆင့် (လိမ္မော်ရောင်) သတ်မှတ်ထားကာ ပြီးခဲ့သည့် မေလ ၁၅ရက်မှ ၃၁ရက်နေ့အထိ ထုတ်ပြန်ချက်တွင် ၂.၅မိုက်ခရွန်အရွယ်ရှိသော အမှုန်အမွှားများသည် ကျန်းမာရေးကိုထိခိုက်စေသောအဆင့်(အနီရောင်) သတ်မှတ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ဆာလဖာဒိုင်အောက်ဆိုက်နှင့် နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက်သည် ခံနိုင်ရည်နည်းပါးသူများသာ ထိခိုက်နိုင်သောအဆင့် (လိမ္မော်ရောင်) သတ်မှတ်ထားကြောင်း သိရသည်။
အဆိုပါ လေထုအရည်အသွေး ညွှန်းကိန်း (AQI) အဆင့်ကို သတ်မှတ်ရာတွင် (ဝ-၅၀)သည် လေထုအရည် အသွေးကောင်းမွန် သောအဆင့်(အစိမ်း ရောင်)၊ (၅၁-၁၀ဝ) သည် လက်ခံနိုင် သောလေထုအရည် အသွေးရှိ သည့်အဆင့် (အဝါရောင်)နှင့် (၁၀၁-၁၅၀)သည် ခံနိုင်ရည်နည်းပါးသူများအတွက် ကျန်းမာရေးကိုထိခိုက်စေနိုင် သောအဆင့် (လိမ္မော်ရောင်)တို့ သတ်မှတ်ထားကြောင်း သိရသည်။
ထို့ပြင် (၁၅၁-၂၀ဝ)သည် ကျန်းမာရေးကို ထိခိုက်စေနိုင်သောအဆင့် (အနီရောင်)၊ (၂၀၁- ၃၀ဝ) ကျန်းမာရေးကိုအလွန်ထိခိုက်စေနိုင်သော အဆင့် (ခရမ်းရောင်)နှင့် (၃၁၀-၅၀ဝ) ကျန်းမာရေးအ တွက် ဘေးအန္တရာယ်ရှိသော အဆင့် (အနီရင့်ရောင်)ဟူ၍ သတ်မှတ်ထားသည်။
လေထုအပူချိန်၊ လေတိုက်နှုန်း၊ လေတိုက်ခတ်ရာလမ်းကြောင်း၊ စိုထိုင်းမှု၊ မိုးရွာသွန်းမှုအခြေအ ခြအနေ၊ မော်တော်ယာဉ်အသုံးပြုမှုအခြေအနေ၊ ပူပြင်းခြောက်သွေ့မှုကြောင့် ဖုန်မှုန့်ပျံ့လွင့်မှု၊ စက်ရုံများမှ ထုတ်လွှတ်အခိုးအငွေ့များ ထုတ်လွှတ်မှုအခြေအနေနှင့် ဝန်းကျင်လေထုအရည်အသွေးတိုင်းတာသည့် နေရာအနီးဝန်းကျင် အခြေအနေတို့အပေါ်မူတည်၍ တိုင်းတာရရှိသည့် ဝန်းကျင်လေထုအရည်အသွေးရလဒ် များသည် ပြောင်းလဲမှုရှိနိုင်ပါကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက သုံးသပ်ထားသည်။
ပုံစာ - ဝန်းကျင်လေထု အရည်အသွေး တိုင်းတာစစ်ဆေးခြင်းများ ဆောင်ရွက်နေသည့်ပုံ

Zawgyi Version:
ပုသိမ္ႀကီးႏွင့္ျမဝတီတို႔တြင္ ဇြန္လအတြင္း ဝန္းက်င္ေလထုအရည္အေသြးသည္ လိေမၼာ္ေရာင္အဆင့္ျဖစ္ခဲ့
ေစာ(NP News)- ဇြန္ ၂၃
မႏၲေလးတိုင္းေဒသႀကီး၊ ပုသိမ္ႀကီးၿမိဳ႕နယ္ႏွင့္ ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕တို႔တြင္ ဇြန္လ (၁)မွ (၁၅)ရက္အတြင္း ဝန္းက်င္ေလထုအရည္အေသြးသည္ ခံႏိုင္ရည္နည္းပါးသူမ်ားသာ ထိခိုက္ႏိုင္ေသာအဆင့္ျဖစ္ေသာ လိေမၼာ္ေရာင္အဆင့္ သတ္မွတ္ခဲ့ေၾကာင္း ပတ္ဝန္းက်င္ထိန္းသိမ္းေရးဦးစီးဌာနက ထုတ္ျပန္ထားသည္။
အဆိုပါဦးစီးဌာနအေနျဖင့္ ျပည္ေထာင္စုနယ္ေျမ၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားရွိ Sampling Point ေနရာမ်ားတြင္ ဝန္းက်င္ေလထု အရည္အေသြးကို အဓိက Parameterမ်ားျဖင့္ ပုံမွန္တိုင္းတာၿပီး ေလ့လာဆန္းစစ္လ်က္ရွိေၾကာင္း သိရသည္။
ထို႔သို႔ေလ့လာဆန္စစ္ရာတြင္ ထုတ္ျပန္ခ်က္အရ မႏၲေလးတိုင္းရွိ ပုသိမ္ႀကီးၿမိဳ႕နယ္တြင္၂.၅မိုက္ခ႐ြန္အ႐ြယ္ရွိေသာ အမႈန္အမႊားမ်ားသည္ ခံႏိုင္ရည္နည္းပါးသူမ်ားသာ ထိခိုက္ႏိုင္ေသာအဆင့္ (လိေမၼာ္ေရာင္) သတ္မွတ္ထားကာ ၿပီးခဲ့သည့္ ေမလ ၁၅ရက္မွ ၃၁ရက္ေန႔အထိ ထုတ္ျပန္ခ်က္တြင္ ၂.၅မိုက္ခ႐ြန္အ႐ြယ္ရွိေသာ အမႈန္အမႊားမ်ားသည္ က်န္းမာေရးကိုထိခိုက္ေစေသာအဆင့္(အနီေရာင္) သတ္မွတ္ခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕တြင္ ဆာလဖာဒိုင္ေအာက္ဆိုက္ႏွင့္ ႏိုက္ထ႐ိုဂ်င္ဒိုင္ေအာက္ဆိုက္သည္ ခံႏိုင္ရည္နည္းပါးသူမ်ားသာ ထိခိုက္ႏိုင္ေသာအဆင့္ (လိေမၼာ္ေရာင္) သတ္မွတ္ထားေၾကာင္း သိရသည္။
အဆိုပါ ေလထုအရည္အေသြး ၫႊန္းကိန္း (AQI) အဆင့္ကို သတ္မွတ္ရာတြင္ (ဝ-၅၀)သည္ ေလထုအရည္ အေသြးေကာင္းမြန္ ေသာအဆင့္(အစိမ္း ေရာင္)၊ (၅၁-၁၀ဝ) သည္ လက္ခံႏိုင္ ေသာေလထုအရည္ အေသြးရွိ သည့္အဆင့္ (အဝါေရာင္)ႏွင့္ (၁၀၁-၁၅၀)သည္ ခံႏိုင္ရည္နည္းပါးသူမ်ားအတြက္ က်န္းမာေရးကိုထိခိုက္ေစႏိုင္ ေသာအဆင့္ (လိေမၼာ္ေရာင္)တို႔ သတ္မွတ္ထားေၾကာင္း သိရသည္။
ထို႔ျပင္ (၁၅၁-၂၀ဝ)သည္ က်န္းမာေရးကို ထိခိုက္ေစႏိုင္ေသာအဆင့္ (အနီေရာင္)၊ (၂၀၁- ၃၀ဝ) က်န္းမာေရးကိုအလြန္ထိခိုက္ေစႏိုင္ေသာ အဆင့္ (ခရမ္းေရာင္)ႏွင့္ (၃၁၀-၅၀ဝ) က်န္းမာေရးအ တြက္ ေဘးအႏၲရာယ္ရွိေသာ အဆင့္ (အနီရင့္ေရာင္)ဟူ၍ သတ္မွတ္ထားသည္။
ေလထုအပူခ်ိန္၊ ေလတိုက္ႏႈန္း၊ ေလတိုက္ခတ္ရာလမ္းေၾကာင္း၊ စိုထိုင္းမႈ၊ မိုး႐ြာသြန္းမႈအေျခအ ျခအေန၊ ေမာ္ေတာ္ယာဥ္အသုံးျပဳမႈအေျခအေန၊ ပူျပင္းေျခာက္ေသြ႕မႈေၾကာင့္ ဖုန္မႈန႔္ပ်ံ႕လြင့္မႈ၊ စက္႐ုံမ်ားမွ ထုတ္လႊတ္အခိုးအေငြ႕မ်ား ထုတ္လႊတ္မႈအေျခအေနႏွင့္ ဝန္းက်င္ေလထုအရည္အေသြးတိုင္းတာသည့္ ေနရာအနီးဝန္းက်င္ အေျခအေနတို႔အေပၚမူတည္၍ တိုင္းတာရရွိသည့္ ဝန္းက်င္ေလထုအရည္အေသြးရလဒ္ မ်ားသည္ ေျပာင္းလဲမႈရွိႏိုင္ပါေၾကာင္း ပတ္ဝန္းက်င္ထိန္းသိမ္းေရးဦးစီးဌာနက သုံးသပ္ထားသည္။
ပုံစာ - ဝန္းက်င္ေလထု အရည္အေသြး တိုင္းတာစစ္ေဆးျခင္းမ်ား ေဆာင္႐ြက္ေနသည့္ပုံ