နော်ဝေးအိမ်ရှေ့မင်းသမီးရဲ့သားကို အဓ္ဓမပြုကျင့်မှုသုံးခုနဲ့ သံသယရှိတယ်လို့ နော်ဝေးရဲတပ်ဖွဲ့ပြော

 478

Pika (NP News) - ဇွန် ၂၉

နော်ဝေးနိုင်ငံ အိမ်ရှေ့မင်းသမီးရဲ့ အသက်(၂၈)နှစ်အရွယ်သားဖြစ်သူဟာ အဓမ္မပြုကျင့်မှု(၃)ခုနဲ့ အခြားပြစ်မှု တစ်ဒါဇင်ကျော် ကျူးလွန်ခဲ့တယ်လို့ သံသယရှိတယ်လို့ နော်ဝေးရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့အချိန်(၁၀)လခန့်က စတင်ခဲ့တဲ့ စုံစမ်းစစ်ဆေးမှုတွေကို ပိတ်ပစ်ပစ်လိုက်ပြီလို့ ထုတ်ပြန်ကြေညာမှုနဲ့အတူ ယခုလိုပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ အဲဒီစုံစမ်းစစ်ဆေးမှုတွေကို စွဲချက်တင်မလားဆိုတာ ဆုံးဖြတ်မယ့် အစိုးရရှေ့နေ့တွေဆီကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ရဲရှေ့နေ Andreas Kruszweski က ပြောကြားခဲ့ ပါတယ်။
နော်ဝေးအိမ်ရှေ့မင်းသမီး Mette-Marit ရဲ့ သားဖြစ်သူ Marius Borg Hoiby ဟာ ၎င်းရဲ့ချစ်သူကောင်မလေးကို ကိုယ်ထိလက်ရောက်ကျူးလွန်မှုသံသယတွေနဲ့အတူ (၂၀၂၄)ခုနှစ် ဩဂုတ်လ(၄)ရက်မှာ ဖမ်းဆီးခံခဲ့ရပြီး နောက်ပိုင်းကတည်းက စုံစမ်းစစ်ဆေးမှုတွေကို ခံနေရတာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် Marius Borg Hoiby ကို အလိုတူအဓမ္မပြုကျင့်မှုတစ်ခု၊ အလိုမတူအဓ္ဓမပြုကျင့်မှုနှစ်ခုတို့နဲ့ သံသယရှိတယ်လို့ Andreas Kruszweski က ထပ်မံပြောကြားခဲ့ပါတယ်။

Zawgyi Version:
ေနာ္ေဝးအိမ္ေရွ႕မင္းသမီးရဲ႕သားကို အဓၶမျပဳက်င့္မႈသုံးခုနဲ႔ သံသယရွိတယ္လို႔ ေနာ္ေဝးရဲတပ္ဖြဲ႕ေျပာ
Pika (NP News) - ဇြန္ ၂၉
ေနာ္ေဝးႏိုင္ငံ အိမ္ေရွ႕မင္းသမီးရဲ႕ အသက္(၂၈)ႏွစ္အ႐ြယ္သားျဖစ္သူဟာ အဓမၼျပဳက်င့္မႈ(၃)ခုနဲ႔ အျခားျပစ္မႈ တစ္ဒါဇင္ေက်ာ္ က်ဴးလြန္ခဲ့တယ္လို႔ သံသယရွိတယ္လို႔ ေနာ္ေဝးရဲတပ္ဖြဲ႕က ေျပာၾကားခဲ့ပါတယ္။
ၿပီးခဲ့တဲ့အခ်ိန္(၁၀)လခန႔္က စတင္ခဲ့တဲ့ စုံစမ္းစစ္ေဆးမႈေတြကို ပိတ္ပစ္ပစ္လိုက္ၿပီလို႔ ထုတ္ျပန္ေၾကညာမႈနဲ႔အတူ ယခုလိုေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ အဲဒီစုံစမ္းစစ္ေဆးမႈေတြကို စြဲခ်က္တင္မလားဆိုတာ ဆုံးျဖတ္မယ့္ အစိုးရေရွ႕ေန႔ေတြဆီကို လႊဲေျပာင္းေပးအပ္ခဲ့တယ္လို႔ ရဲေရွ႕ေန Andreas Kruszweski က ေျပာၾကားခဲ့ ပါတယ္။
ေနာ္ေဝးအိမ္ေရွ႕မင္းသမီး Mette-Marit ရဲ႕ သားျဖစ္သူ Marius Borg Hoiby ဟာ ၎ရဲ႕ခ်စ္သူေကာင္မေလးကို ကိုယ္ထိလက္ေရာက္က်ဴးလြန္မႈသံသယေတြနဲ႔အတူ (၂၀၂၄)ခုႏွစ္ ဩဂုတ္လ(၄)ရက္မွာ ဖမ္းဆီးခံခဲ့ရၿပီး ေနာက္ပိုင္းကတည္းက စုံစမ္းစစ္ေဆးမႈေတြကို ခံေနရတာျဖစ္တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ Marius Borg Hoiby ကို အလိုတူအဓမၼျပဳက်င့္မႈတစ္ခု၊ အလိုမတူအဓၶမျပဳက်င့္မႈႏွစ္ခုတို႔နဲ႔ သံသယရွိတယ္လို႔ Andreas Kruszweski က ထပ္မံေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.