ကျွန်းစုမြို့နယ်တွင် အကြမ်းဖက်အဖွဲ့က ကျေးရွာအုပ်ချုပ်ရေးမှူးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ပစ်ခတ်သတ်ဖြတ်ခဲ့

527

Pearl (NP News) - ဇူလိုင် ၈
ကျွန်းစုမြို့နယ်တွင် အကြမ်းဖက်အဖွဲ့က ကျေးရွာအုပ်ချုပ်ရေးမှူးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင် ၆ ရက် နံနက် ၆ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ မဲတောကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးအောင်မြင့်(၆၀) နှစ်သည် ဇနီးဖြစ်သူ ဒေါ်ခင်မူ(၅၉)နှစ်၊ သား/သမီးဖြစ်ကြသည့် ကိုကျော်ကျော်ရဲရင့်(၂၈)နှစ်၊ ကိုသန့်ဇင်ရဲရင့် (၂၇)နှစ်၊ မဟန်နီစိုး(၂၃)နှစ်တို့နှင့်အတူ ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အဖွဲ့ ၄၀ ဦးခန့်(စိစစ်ဆဲ)က ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ထိုသို့ရောက်ရှိလာခဲ့ပြီး ၎င်းတို့ငါးဦးအား ချောင်းကြီးဝကျေးရွာဘက်သို့ စက်လှေဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကာ ချောင်းကြီးဝကျေးရွာသင်္ချိုင်းအရောက်၌ ဦးအောင်မြင့်အား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်၍ ဒေါ်ခင်မူပါ မိသားစုဝင် လေးဦးတို့အား ပြန်လည်စေလွှတ်ပေးခဲ့သဖြင့် ဦးအောင်မြင့်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါ အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

Zawgyi Version:
ကြၽန္းစုၿမိဳ႕နယ္တြင္ အၾကမ္းဖက္အဖြဲ႕က ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးကို ဖမ္းဆီးေခၚေဆာင္သြားၿပီး ပစ္ခတ္သတ္ျဖတ္ခဲ့
Pearl (NP News) - ဇူလိုင္ ၈
ကြၽန္းစုၿမိဳ႕နယ္တြင္ အၾကမ္းဖက္အဖြဲ႕က ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးကို ဖမ္းဆီးေခၚေဆာင္သြားၿပီး ပစ္ခတ္သတ္ျဖတ္ခဲ့ေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ဇူလိုင္ ၆ ရက္ နံနက္ ၆ နာရီတြင္ တနသၤာရီတိုင္းေဒသႀကီး၊ ကြၽန္းစုၿမိဳ႕နယ္၊ မဲေတာေက်း႐ြာတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။
အဆိုပါေက်း႐ြာေန ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးျဖစ္သူ ဦးေအာင္ျမင့္(၆၀) ႏွစ္သည္ ဇနီးျဖစ္သူ ေဒၚခင္မူ(၅၉)ႏွစ္၊ သား/သမီးျဖစ္ၾကသည့္ ကိုေက်ာ္ေက်ာ္ရဲရင့္(၂၈)ႏွစ္၊ ကိုသန႔္ဇင္ရဲရင့္ (၂၇)ႏွစ္၊ မဟန္နီစိုး(၂၃)ႏွစ္တို႔ႏွင့္အတူ ၎၏ေနအိမ္၌ ရွိေနစဥ္ PDF အဖြဲ႕ ၄၀ ဦးခန႔္(စိစစ္ဆဲ)က ေရာက္ရွိလာခဲ့ေၾကာင္း သိရသည္။
ထိုသို႔ေရာက္ရွိလာခဲ့ၿပီး ၎တို႔ငါးဦးအား ေခ်ာင္းႀကီးဝေက်း႐ြာဘက္သို႔ စက္ေလွျဖင့္ ဖမ္းဆီးေခၚေဆာင္သြားခဲ့ကာ ေခ်ာင္းႀကီးဝေက်း႐ြာသခ်ႋဳင္းအေရာက္၌ ဦးေအာင္ျမင့္အား ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္၍ ေဒၚခင္မူပါ မိသားစုဝင္ ေလးဦးတို႔အား ျပန္လည္ေစလႊတ္ေပးခဲ့သျဖင့္ ဦးေအာင္ျမင့္တြင္ က်ည္ထိမွန္ဒဏ္ရာမ်ားရရွိကာ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ အဆိုပါ အၾကမ္းဖက္သမားမ်ားအား ေဖာ္ထုတ္ဖမ္းဆီး၍ ဥပေဒႏွင့္အညီ အေရးယူႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္းသိရသည္။