နေတိုးအဖွဲ့က ကမ္ဘာလုံးဆိုင်ရာလက်နက်ပြိုင်ဆိုင်မှုကို အရှိန်မြှင့်တင်နေတယ်လို့ ဘရာဇီးသမ္မတ စွပ်စွဲပြောဆို

 57

Pika (NP News) - ဇူလိုင် ၉
နေတိုးအဖွဲ့ဟာ စစ်ဘက်ဆိုင်ရာအသုံးစရိတ်တွေ တိုးမြင့်လာစေဖို့ တွန်းအားပေးပြီး ကမ္ဘာလုံးဆိုင်ရာ လက်နက် ပြိုင်ဆိုင်မှုကို အရှိန်မြှင့်တင်နေတယ်လို့ ဘရာဇီးလ်သမ္မတလူလာဒီဆေးလ်ဗားက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
အမေရိကန်ဦးဆောင်တဲ့ နေတိုးအဖွဲ့ဟာ ကာကွယ်ရေးအသုံးစရိတ်ကို ဂျီဒီပီရဲ့(၅)ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲဖို့ အစီအစဉ်ကို ပြီးခဲ့တဲ့လမှာ အတည်ပြုခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ကမ္ဘာကြီးဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခ စံချိန်တင်အရေအတွက်ကို ကြုံတွေ့နေရတယ် လို့လည်း လူလာဒီဆေးလ်ဗားက ပြောကြားခဲ့ပါတယ်။ ပြီးတော့ နေတိုးအဖွဲ့ရဲ့မူဝါဒတွေဟာ အခြေအနေတွေကို ပိုမိုဆိုးရွားလာစေတယ်လို့လည်း လူလာဒီဆေးလ်ဗားက သတိပေးပြောဆိုခဲ့ပါတယ်။ လူလာဒီဆေးလ်ဗားက “ကာကွယ်ရေးအသုံးစရိတ်ကိုမြှင့်တင်ဖို့ နေတိုးအဖွဲ့ရဲ့မကြာသေးခင်ကဆုံးဖြတ်ချက်ဟာ ကမ္ဘာလုံးဆိုင်ရာ လက်နက်ပြိုင်ဆိုင်မှုကို အရှိန်မြင့်လာစေပါတယ်။ ငြိမ်းချမ်းရေးရရှိဖို့ ရင်းနှီးမြှုပ်နှံတာထက် စစ်ပွဲတွေကို ထိန်းသိမ်း ဖို့ ရင်းနှီးမြှုပ်နှံတာတွေက ပိုမိုလွယ်ကူလာပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် ရုရှားရဲ့ကြီးထွားလာနေတဲ့ခြိမ်းခြောက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ ကာကွယ်ရေးအသုံးစရိတ်ကိုမြှင့်တင် တာက တရားမျှတတယ်လို့ အနောက်အုပ်စုနိုင်ငံတွေရဲ့ခေါင်းဆောင်အများအပြားက ထုတ်ဖော်ပြောဆိုခဲ့ကြ ပါတယ်။

Zawgyi Version:
ေနတိုးအဖြဲ႕က ကမာၻလုံးဆိုင္ရာလက္နက္ၿပိဳင္ဆိုင္မႈကို အရွိန္ျမႇင့္တင္ေနတယ္လို႔ ဘရာဇီးသမၼတ စြပ္စြဲေျပာဆို
Pika (NP News) - ဇူလိုင္ ၉
ေနတိုးအဖြဲ႕ဟာ စစ္ဘက္ဆိုင္ရာအသုံးစရိတ္ေတြ တိုးျမင့္လာေစဖို႔ တြန္းအားေပးၿပီး ကမာၻလုံးဆိုင္ရာ လက္နက္ ၿပိဳင္ဆိုင္မႈကို အရွိန္ျမႇင့္တင္ေနတယ္လို႔ ဘရာဇီးလ္သမၼတလူလာဒီေဆးလ္ဗားက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
အေမရိကန္ဦးေဆာင္တဲ့ ေနတိုးအဖြဲ႕ဟာ ကာကြယ္ေရးအသုံးစရိတ္ကို ဂ်ီဒီပီရဲ႕(၅)ရာခိုင္ႏႈန္းအထိ တိုးျမႇင့္သုံးစြဲဖို႔ အစီအစဥ္ကို ၿပီးခဲ့တဲ့လမွာ အတည္ျပဳခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။
ကမာၻႀကီးဟာ ဒုတိယကမာၻစစ္ေနာက္ပိုင္း လက္နက္ကိုင္ပဋိပကၡ စံခ်ိန္တင္အေရအတြက္ကို ႀကဳံေတြ႕ေနရတယ္ လို႔လည္း လူလာဒီေဆးလ္ဗားက ေျပာၾကားခဲ့ပါတယ္။ ၿပီးေတာ့ ေနတိုးအဖြဲ႕ရဲ႕မူဝါဒေတြဟာ အေျခအေနေတြကို ပိုမိုဆိုး႐ြားလာေစတယ္လို႔လည္း လူလာဒီေဆးလ္ဗားက သတိေပးေျပာဆိုခဲ့ပါတယ္။ လူလာဒီေဆးလ္ဗားက “ကာကြယ္ေရးအသုံးစရိတ္ကိုျမႇင့္တင္ဖို႔ ေနတိုးအဖြဲ႕ရဲ႕မၾကာေသးခင္ကဆုံးျဖတ္ခ်က္ဟာ ကမာၻလုံးဆိုင္ရာ လက္နက္ၿပိဳင္ဆိုင္မႈကို အရွိန္ျမင့္လာေစပါတယ္။ ၿငိမ္းခ်မ္းေရးရရွိဖို႔ ရင္းႏွီးျမႇဳပ္ႏွံတာထက္ စစ္ပြဲေတြကို ထိန္းသိမ္း ဖို႔ ရင္းႏွီးျမႇဳပ္ႏွံတာေတြက ပိုမိုလြယ္ကူလာပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ ႐ုရွားရဲ႕ႀကီးထြားလာေနတဲ့ၿခိမ္းေျခာက္မႈေတြကို တုံ႔ျပန္တဲ့အေနနဲ႔ ကာကြယ္ေရးအသုံးစရိတ္ကိုျမႇင့္တင္ တာက တရားမွ်တတယ္လို႔ အေနာက္အုပ္စုႏိုင္ငံေတြရဲ႕ေခါင္းေဆာင္အမ်ားအျပားက ထုတ္ေဖာ္ေျပာဆိုခဲ့ၾက ပါတယ္။

Related news

© 2021. All rights reserved.