အမေရိကန်ဒေါ်လာ အသုံးပြုမှုကိုရပ်တန့်ဖို့ ဘိုလီးဗီးယားသမ္မတ တိုက်တွန်း

357

Pika (NP News) - ဇူလိုင် ၁ဝ
ကမ္ဘာတစ်ဝှမ်းကနိုင်ငံတွေဟာ အမေရိကန်ဒေါ်လာအသုံးပြုမှုကို စွန့်လွှတ်သင့်ပြီး အချင်းချင်းကုန်သွယ်မှုမှာ နိုင်ငံသုံးငွေကြေးတွေကိုသာ အားထားသင့်တယ်လို့ ဘိုလီးဗီးယားသမ္မတ Luis Arce က ထုတ်ဖော်ပြောကြားခဲ့ပါ တယ်။
ရုရှား-ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ရုရှားရဲ့ပိုင်ဆိုင်မှုတွေကို အနောက်အုပ်စုနိုင်ငံတွေက သိမ်းယူခဲ့ပြီးနောက် ဘိုလီးဗီးယားနိုင်ငံဟာ အပြန်အလှန်ကုန်သွယ်မှုမှာ ပြင်ပငွေကြေးတွေအပေါ် မှီခိုအားထားမှုတွေကို လျှော့ချဖို့ ကြိုးပမ်းအားထုတ်မှုတွေကို ပြင်းပြင်းထန်ထန်လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် ဘိုလီးဗီးယားနိုင်ငံဟာ BRICS အဖွဲ့ရဲ့မူဝါဒတွေကို ထောက်ခံတယ်လို့ Luis Arce က ထပ်မံ ပြောကြားခဲ့ပါတယ်။ Luis Arce က “ကမ္ဘာတစ်ဝှမ်းက နိုင်ငံတွေဟာ အမေရိကန်ဒေါ်လာအသုံးပြုမှုကို စွန့်လွှတ် သင့်ပါတယ်။ ကုန်သွယ်မှုတွေမှာ ကျွန်တော်တို့ရဲ့ကိုယ်ပိုင်ငွေကြေးတွေကို အသုံးပြုတာက ပိုကောင်းမှာပါ။ ဒါမှမဟုတ်ရင်လည်း အခြားငွေပေးချေမှုယန္တရားတစ်ခုကို ရှာဖွေသင့်ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် လက်ရှိအချိန်မှာ တိုးတက်လာတဲ့ BRICS အဖွဲ့နဲ့ကျဆင်းလာတဲ့ အမေရိကန်နဲ့ဥရောပတို့ကြားမှာ ရှင်းလင်းတဲ့ရု န်းကန်လှုပ်ရှားမှုတွေ ရှိနေတယ်လို့ Luis Arce က ပြောကြားခဲ့ပါတယ်။

Zawgyi Version:
အေမရိကန္ေဒၚလာ အသုံးျပဳမႈကိုရပ္တန႔္ဖို႔ ဘိုလီးဗီးယားသမၼတ တိုက္တြန္း
Pika (NP News) - ဇူလိုင္ ၁ဝ
ကမာၻတစ္ဝွမ္းကႏိုင္ငံေတြဟာ အေမရိကန္ေဒၚလာအသုံးျပဳမႈကို စြန႔္လႊတ္သင့္ၿပီး အခ်င္းခ်င္းကုန္သြယ္မႈမွာ ႏိုင္ငံသုံးေငြေၾကးေတြကိုသာ အားထားသင့္တယ္လို႔ ဘိုလီးဗီးယားသမၼတ Luis Arce က ထုတ္ေဖာ္ေျပာၾကားခဲ့ပါ တယ္။
႐ုရွား-ယူကရိန္းစစ္ပြဲနဲ႔ပတ္သက္ၿပီး ႐ုရွားရဲ႕ပိုင္ဆိုင္မႈေတြကို အေနာက္အုပ္စုႏိုင္ငံေတြက သိမ္းယူခဲ့ၿပီးေနာက္ ဘိုလီးဗီးယားႏိုင္ငံဟာ အျပန္အလွန္ကုန္သြယ္မႈမွာ ျပင္ပေငြေၾကးေတြအေပၚ မွီခိုအားထားမႈေတြကို ေလွ်ာ့ခ်ဖို႔ ႀကိဳးပမ္းအားထုတ္မႈေတြကို ျပင္းျပင္းထန္ထန္လုပ္ေဆာင္ခဲ့တယ္လို႔လည္း သိရပါတယ္။
ဒါ့ျပင္ ဘိုလီးဗီးယားႏိုင္ငံဟာ BRICS အဖြဲ႕ရဲ႕မူဝါဒေတြကို ေထာက္ခံတယ္လို႔ Luis Arce က ထပ္မံ ေျပာၾကားခဲ့ပါတယ္။ Luis Arce က “ကမာၻတစ္ဝွမ္းက ႏိုင္ငံေတြဟာ အေမရိကန္ေဒၚလာအသုံးျပဳမႈကို စြန႔္လႊတ္ သင့္ပါတယ္။ ကုန္သြယ္မႈေတြမွာ ကြၽန္ေတာ္တို႔ရဲ႕ကိုယ္ပိုင္ေငြေၾကးေတြကို အသုံးျပဳတာက ပိုေကာင္းမွာပါ။ ဒါမွမဟုတ္ရင္လည္း အျခားေငြေပးေခ်မႈယႏၲရားတစ္ခုကို ရွာေဖြသင့္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ လက္ရွိအခ်ိန္မွာ တိုးတက္လာတဲ့ BRICS အဖြဲ႕နဲ႔က်ဆင္းလာတဲ့ အေမရိကန္နဲ႔ဥေရာပတို႔ၾကားမွာ ရွင္းလင္းတဲ့႐ု န္းကန္လႈပ္ရွားမႈေတြ ရွိေနတယ္လို႔ Luis Arce က ေျပာၾကားခဲ့ပါတယ္။