နတ်မောက်မြို့နယ်ကော်မရှင်ရုံးမှ အကြီးတန်းစာရေးတစ်ဦးကို အကြမ်းဖက်အဖွဲ့က ဖမ်းဆီး

979

Pearl (NP News) - ဇူလိုင် ၁၀
နတ်မောက်မြို့နယ်ကော်မရှင်ရုံးမှ အကြီးတန်းစာရေးတစ်ဦးကို အကြမ်းဖက်အဖွဲ့က ဖမ်းဆီးသွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင် ၈ ရက် ညနေ ၅ နာရီ ၁၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
မြို့သစ်မြို့နယ်၊ မကြီးကုန်းလေးကျေးရွာနေ နတ်မောက်မြို့နယ်ကော်မရှင်ရုံးမှ အကြီးတန်းစာရေးဖြစ်သူ အသက်(၂၇)နှစ်အရွယ်ရှိ ဦးမင်းသူ သည် နတ်မောက်မြို့မှ မကြီးကုန်းလေးကျေးရွာသို့ နတ်မောက်-မြို့သစ်လမ်းအတိုင်း ဆိုင်ကယ်ဖြင့် တစ်ဦးတည်းပြန်လာခဲ့ကြောင်း သိရသည်။
ထိုသို့ပြန်လာစဉ် မကြီးကုန်းလေးကျေးရွာ လမ်းဆုံအရောက် PDF အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)က ဆိုင်ကယ်အား တားဆီး၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ထိုသို့ နိုင်ငံ့ဝန်ထမ်းများအား ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများ စသော ရာဇဝတ်မှုများအား ကျူးလွန် လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက် သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေးနှင့် ဖမ်းဆီးခံရသူအား ပြန်လည်ကယ်တင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
နတ္ေမာက္ၿမိဳ႕နယ္ေကာ္မရွင္႐ုံးမွ အႀကီးတန္းစာေရးတစ္ဦးကို အၾကမ္းဖက္အဖြဲ႕က ဖမ္းဆီး
Pearl (NP News) - ဇူလိုင္ ၁၀
နတ္ေမာက္ၿမိဳ႕နယ္ေကာ္မရွင္႐ုံးမွ အႀကီးတန္းစာေရးတစ္ဦးကို အၾကမ္းဖက္အဖြဲ႕က ဖမ္းဆီးသြားခဲ့ေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ဇူလိုင္ ၈ ရက္ ညေန ၅ နာရီ ၁၅ မိနစ္တြင္ မေကြးတိုင္းေဒသႀကီး၊ ၿမိဳ႕သစ္ၿမိဳ႕နယ္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။
ၿမိဳ႕သစ္ၿမိဳ႕နယ္၊ မႀကီးကုန္းေလးေက်း႐ြာေန နတ္ေမာက္ၿမိဳ႕နယ္ေကာ္မရွင္႐ုံးမွ အႀကီးတန္းစာေရးျဖစ္သူ အသက္(၂၇)ႏွစ္အ႐ြယ္ရွိ ဦးမင္းသူ သည္ နတ္ေမာက္ၿမိဳ႕မွ မႀကီးကုန္းေလးေက်း႐ြာသို႔ နတ္ေမာက္-ၿမိဳ႕သစ္လမ္းအတိုင္း ဆိုင္ကယ္ျဖင့္ တစ္ဦးတည္းျပန္လာခဲ့ေၾကာင္း သိရသည္။
ထိုသို႔ျပန္လာစဥ္ မႀကီးကုန္းေလးေက်း႐ြာ လမ္းဆုံအေရာက္ PDF အၾကမ္းဖက္အဖြဲ႕ အင္အား(စိစစ္ဆဲ)က ဆိုင္ကယ္အား တားဆီး၍ ဖမ္းဆီးေခၚေဆာင္သြားခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ ထိုသို႔ ႏိုင္ငံ့ဝန္ထမ္းမ်ားအား ပစ္မွတ္ထားဖမ္းဆီး၍ ၿခိမ္းေျခာက္ေငြေတာင္းခံျခင္း၊ သတ္ျဖတ္ျခင္းမ်ား စေသာ ရာဇဝတ္မႈမ်ားအား က်ဴးလြန္ လုပ္ေဆာင္လ်က္ရွိသည့္ အၾကမ္းဖက္ သမားမ်ားအား ေဖာ္ထုတ္ဖမ္းဆီးအေရးယူႏိုင္ေရးႏွင့္ ဖမ္းဆီးခံရသူအား ျပန္လည္ကယ္တင္ႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက လိုအပ္သည့္ လုံၿခဳံေရးလုပ္ငန္းစဥ္မ်ားႏွင့္အညီ ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။