မြန်မာမှ ပို့ကုန်များကို အခွန် (၁၀)ရာခိုင်နှုန်းမှ(၂၀) ရာခိုင်နှုန်းနှင့် သွင်းကုန်များ အပေါ် (၀)ရာခိုင် နှုန်းမှ (၁၀) ရာခိုင်နှုန်းကြား ချိန်ညှိကောက်ခံသွားရန် နစက ဥက္ကဋ္ဌ က အမေရိကန်သမ္မတကို အဆိုပြု

1029

သုတကျော် (NP News) - ဇူလိုင် ၁၀
မြန်မာမှပို့ကုန်များကို အခွန် (၁၀)ရာခိုင်နှုန်းမှ(၂၀) ရာခိုင်နှုန်းနှင့် မြန်မာသို့ သွင်းကုန်များ အပေါ် (၀)ရာခိုင်နှုန်းမှ (၁၀) ရာခိုင်နှုန်းကြား ချိန်ညှိကောက်ခံသွားရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို စာပေးပို့ အဆိုပြုလိုက်ကြောင်း သိရသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မြန်မာနိုင်ငံအပါအဝင် ဂျပန်၊ တောင်ကိုရီးယား၊ မလေးရှား၊ ကာဇက်စတန်၊ တူနီးရှား၊ ဘောစနီးယား ဟာဇီဂိုးဗီးနား၊တောင်အာဖရိက ၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ဆားဘီးယား၊ ကမ္ဘောဒီးယား၊ ထိုင်း၊ လာအို စသည့် စုစုပေါင်းနိုင်ငံ ၁၄ နိုင်ငံအား သွင်းကုန်ခွန်တိုးမြှင့်စည်းကြပ်ထားမှုနှင့်ပတ်သက်၍ ဇူလိုင် ၇ ရက်နေ့တွင် သက်ဆိုင်ရာနိုင်ငံများသို့ သဝဏ်လွှာ/အကြောင်းကြားစာများ ပေးပို့ခဲ့ရာ နစက ဥက္ကဋ္ဌ ကညှိနှိုင်း ပြန်ကြားသည့် သဝဏ်လွှာ/ အကြောင်းကြားစာအား ဇူလိုင် ၉ ရက်က ပေးပို့ခဲ့ သည်။
မိမိတို့မြန်မာနိုင်ငံအား လက်ရှိကမ္ဘာ့နံပါတ်(၁)ဈေးကွက်နှင့် အလွန်ကောင်းမွန်သော စီးပွားရေးရှိနေသည့် အမေရိကန်ပြည်ထောင်စုနှင့် ဆက်လက် ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်မှုအတွက်လည်း ကျေးဇူးတင်ဝမ်းမြောက်ကြောင်းကိုလည်း ပြောကြားလိုကြောင်း စာတွင်ဖော်ပြထားသည်။
အမေရိကန်နိုင်ငံအနေဖြင့် မြန်မာ့ပို့ကုန်များအပေါ် (၄၄)ရာခိုင်နှုန်း အခွန် ကောက်ယူရန် မူလလျာထားချက်ကို၊ (၄၀)ရာခိုင်နှုန်း ပြင်ဆင်လျာထား ဆောင်ရွက် ပေးမှုအတွက်လည်း များစွာကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အမေရိကန်ပြည်ထောင်စုနှင့် သမိုင်းကြောင်း ရှည်လျားကောင်းမွန်သည့် ဆက်ဆံရေး ရှိခဲ့ပြီး၊ ကုန်သွယ်မှုဆက်ဆံရေး ခိုင်မာမှုကတိကဝတ်များကိုလည်း အစဉ်အမြဲ ထိန်းသိမ်းခဲ့ကြပါကြောင်း၊ အမေရိကန်ပြည်ထောင်စုနှင့် ကုန်သွယ်ရေး တိုးမြှင့်နိုင်ရန် အတွက်လည်း မိမိတို့အစဉ်အမြဲ မျှော်လင့်ကြိုးပမ်းလျက်ရှိကြောင်း ရေးသားထားသည်။
အမေရိကန်နိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြားကုန်သွယ်မှုမမျှတသဖြင့် အမေရိကန် ဘက်မှ လိုငွေကြီးမားစွာပြခြင်းအတွက် အဆွေတော်သမ္မတကြီးအနေဖြင့် အမေရိကန် နိုင်ငံ၏ အကျိုးစီးပွားအတွက် ဆောင်ရွက်ခြင်းအပေါ် မိမိအပြည့်အဝ နားလည်ကြောင်း၊ကနဦးအနေဖြင့် မြန်မာ-အမေရိကန် နှစ်နိုင်ငံ ဘက်ညီမျှသော ကုန်သွယ်မှု ဖေါ်ဆောင်နိုင်ရေးအတွက် မြန်မာနိုင်ငံမှ အမေရိကန်နိုင်ငံသို့ ပို့ကုန်များအပေါ် အခွန် (၁၀)ရာခိုင်နှုန်းမှ(၂၀) ရာခိုင်နှုန်းနှင့် အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံသို့ သွင်းကုန်များ အပေါ် (၀)ရာခိုင်နှုန်းမှ (၁၀) ရာခိုင်နှုန်းကြား ချိန်ညှိကောက်ခံသွားရန် အဆိုပြုညှိနှိုင်း လိုပါကြောင်း၊ လိုအပ်ပါက မြန်မာနိုင်ငံမှ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ အမြန် စေလွှတ်၍ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံညှိနှိုင်းဆောင်ရွက်လိုကြောင်း ဖော်ပြထားသည်။
လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံသည် ကမ္ဘာ့အဆင်းရဲဆုံး(LDC)နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်နေသည့်အပြင် လွန်ခဲ့သည့် (၅)နှစ်တာကာလအတွင်း ကိုဗစ်(၁၉)ကပ် ရောဂါ၊ သဘာဝဘေးအန္တရာယ်များဖြစ်သည့် မိုခါဆိုင်ကလုံးမုန်တိုင်း၊ ရာဂီမုန်တိုင်း ရေကြီးရေလျှံမှုနှင့် ၇.၇ မဂ္ဂနီကျုရှိ မန္တလေးငလျင်ကြီးများကြောင့် ပြင်းထန်သော စိန်ခေါ်မှုများ ဆက်တိုက်ကြုံတွေ့ခဲ့ရသဖြင့် မြန်မာပြည်သူများသည် ကြီးမားသော စိန်ခေါ်မှုများကို ကြံ့ကြံ့ခံရင်ဆိုင်ဖြေရှင်းနေရသည့် အချိန်လည်း ဖြစ်ကြောင်းရေးသားထားသည်။
အလျဉ်းသင့်၍ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေတွင် မြန်မာအစိုးရနှင့် ပြည်သူများ၏ ကြိုးပမ်းဆောင်ရွက်နေမှုများကို အဆွေတော်အား အသိပေးလိုပါ ကြောင်း၊ ၂၀၂၀ ပြည့်နှစ် အမေရိကန်နိုင်ငံရွေးကောက်ပွဲတွင် အဆွေတော်သမ္မတကြီး ကြုံတွေ့ခဲ့ရသလို မိမိတို့နိုင်ငံ ရွေးကောက်ပွဲတွင်လည်း ကြီးမားသည့် မဲမသမာမှုများ ဖြစ်ပေါ်ခဲ့ပါကြောင်း၊ ၎င်းဖြစ်ရပ်များအတွက် အာဏာရပါတီနှင့် ရွေးကောက်ပွဲ ကော်မရှင်အား ပြန်လည်စိစစ်ပေးရန် အကြိမ်ကြိမ်တောင်းဆို ခဲ့သော်လည်း ဖြေရှင်း ဆောင်ရွက်မှုမပြုဘဲ နိုင်ငံတော်အာဏာကို မဲမသမာမှုများဖြင့် ပေါ်ထွက်လာသည့် ရလဒ်အရ တရားမဲ့ရယူရန်ကြိုးပမ်းမှုသည် တရားမျှတမှုမရှိကြောင်း၊ အာဏာရပါတီ မဟုတ်သည့် အခြားသော နိုင်ငံရေးပါတီများက လက်ခံယုံကြည်ကြသောကြောင့် အခြေခံဥပဒေကအပ်နှင်းထားသော တာဝန်အရ တပ်မတော်မှ နိုင်ငံတော်တာဝန်ကို လွှဲပြောင်း တာဝန်ယူဆောင်ရွက်ခဲ့ရခြင်းဖြစ်ပါကြောင်း၊ မီဒီယာများ၏ မဟုတ်မမှန် ထုတ်လွှင့်ခဲ့မှုများကြောင့်သာ မြန်မာ့နိုင်ငံရေးဖြစ်စဉ်အပေါ် နိုင်ငံတကာ အထင်အမြင် မှားမှုများဖြစ်ပေါ်ခဲ့ရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
တပ်မတော်က နိုင်ငံတော်အာဏာကို တာဝန်ယူဆောင်ရွက်ချိန်တွင် ရွေးကောက်ပွဲကော်မရှင်ကို ပြန်လည်ဖွဲ့စည်း၍ ဥပဒေနှင့်အညီ စိစစ်ခဲ့ရာ မဲအရေ အတွက်(၁၁ ဒသမ ၃)သန်း (တစ်နိုင်ငံလုံး ၂၉ ဒသမ ၅၄ ရာခိုင်နှုန်း) မသမာမဲအဖြစ် စိစစ်တွေ့ရှိခဲ့ရပါကြောင်း၊ မဲမသမာမှုများအတွက် ထိုစဉ်ကတာဝန်ရှိသည့် ရွေးကောက် ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို ဥပဒေနှင့်အညီ စစ်ဆေးဆောင်ရွက်ချိန်တွင် ၎င်းတို့၏ထွက်ဆိုချက်များအရ မဲမသမာမှုဖြစ်စဉ်များတွင် ပါဝင်ပတ်သက် ဆောင်ရွက် ခဲ့သည်ကို စစ်ဆေးပေါ်ပေါက်ခဲ့မှုကြောင့် ၎င်းတို့အပေါ် တရားရုံးက ချမှတ်သည့် ပြစ်ဒဏ်များကိုခံယူပြီး ယခုအခါ ပြန်လည်လွတ်မြောက်နေကြပြီဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲကော်မရှင်ကို ပြန်လည်ဖွဲ့စည်းကာ မဲမသမာမှုများကို စစ်ဆေးဖော်ထုတ် ခဲ့မှုအခြေအနေသည်လည်း မှန်ကန်မျှတမှုရှိကြောင်း တရားဝင်ရပ်တည်လျက်ရှိသည့် နိုင်ငံရေးပါတီများနှင့် ပြည်သူအများစုက လက်ခံယုံကြည်ခဲ့ကြကြောင်း ရေးသားထားသည်။
အဆွေတော်သမ္မတကြီးအနေဖြင့် ကမ္ဘာ့တည်ငြိမ်အေးချမ်းမှုကိုရှေ့ရှု၍ ပဋိပက္ခ များ တိုးပွားစေသည့် သတင်းဌာနများနှင့် ရန်ပုံငွေစနစ်များကို ထိန်းချုပ်ပေးခြင်း အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း၊ မမှန်မကန် သတင်းအချက်အလက်များ ကိုသာ တစ်ဖက်သတ်ထုတ်လွှင့်ခဲ့မှုများကြောင့် မြန်မာနိုင်ငံ၏ ပကတိအခြေအနေမှန် များကို နိုင်ငံတကာကသိရှိမှုမရှိဘဲ သတင်းမှားများကို အခြေခံကာ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများချမှတ်ခဲ့ခြင်းများ ဖြစ်ပေါ်ခဲ့ရပါကြောင်း၊ အမေရိကန်ပြည်ထောင်စု ကလည်း မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများချမှတ်ထားရာ ထိုအရေးယူ ပိတ်ဆို့ ထားမှုများသည် မိမိတို့ နှစ်နိုင်ငံအတွက် မည်သို့မျှအကျိုးမရှိခြင်းကြောင့် နှစ်နိုင်ငံ ပြည်သူများ၏ အကျိုးစီးပွားကိုရှေ့ရှု၍ ယခင်ကချမှတ်ခဲ့သည့် စီးပွားရေး ပိတ်ဆို့မှု များကို ဖြေလျော့ရုပ်သိမ်းပေးရန်လည်း အထူး မေတ္တာရပ်ခံကြောင်း ဖော်ပြထားသည်။
မြန်မာနိုင်ငံအနေဖြင့် အစဉ်အဆက် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူဝါဒကို ကျင့်သုံးခဲ့ပြီး၊ မည်သည့်နိုင်ငံနှင့်မျှ ပဋိပက္ခအငြင်းပွားမှုမရှိခဲ့ဘဲ ၎င်းအစဉ် အလာကောင်းကိုလည်း ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ပါကြောင်း၊ အလားတူစွာပင် မြန်မာနိုင်ငံအနေဖြင့် အမေရိကန်ပြည်ထောင်စုအပါအဝင် အခြားမည်သည့် ကမ္ဘာ့နိုင်ငံ များကိုမျှ အနှောင့်အယှက်ပေးမှုမရှိခဲ့သည်ကိုလည်း ပြောကြားလိုပါကြောင်း၊အဆွေတော်၏ အဆိုပြုချက်အတိုင်း ကုန်သွယ်ရေးဆိုင်ရာ အတားအဆီးများ ဖယ်ရှားခြင်း၊ အပြန်အလှန် အခွန်ကောက်ခံမှုထိန်းသိမ်းခြင်းတို့ဖြင့် မြန်မာ-အမေရိကန် နှစ်နိုင်ငံ ကုန်သွယ်ရေးတိုးမြှင့်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ အဆွေတော်အား အစဉ် ချစ်ကြည်လေးစားလျက် ရှိပါကြောင်း၊ အဆွေတော်နှင့် အမေရိကန် ပြည်သူ ပြည်သားများ ကျန်းမာရွှင်လန်းကြပါစေကြောင်း၊ အနာဂတ်လုပ်ငန်းစဉ်များတွင် အောင်မြင်မှုများ ဆွတ်ခူးနိုင်စေရန် ဆုမွန်ကောင်းတောင်းအပ်ကြောင်း လည်း ရေးသားထားသည်။

zawgyi version
ျမန္မာမွ ပို႔ကုန္မ်ားကို အခြန္ (၁၀)ရာခိုင္ႏႈန္းမွ(၂၀) ရာခိုင္ႏႈန္းႏွင့္ သြင္းကုန္မ်ား အေပၚ (၀)ရာခိုင္ ႏႈန္းမွ (၁၀) ရာခိုင္ႏႈန္းၾကား ခ်ိန္ညႇိေကာက္ခံသြားရန္ နစက ဥကၠ႒ က အေမရိကန္သမၼတကို အဆိုျပဳ
သုတေက်ာ္ (NP News) - ဇူလိုင္ ၁၀
ျမန္မာမွပို႔ကုန္မ်ားကို အခြန္ (၁၀)ရာခိုင္ႏႈန္းမွ(၂၀) ရာခိုင္ႏႈန္းႏွင့္ ျမန္မာသို႔ သြင္းကုန္မ်ား အေပၚ (၀)ရာခိုင္ႏႈန္းမွ (၁၀) ရာခိုင္ႏႈန္းၾကား ခ်ိန္ညႇိေကာက္ခံသြားရန္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ကို စာေပးပို႔ အဆိုျပဳလိုက္ေၾကာင္း သိရသည္။
အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ျမန္မာႏိုင္ငံအပါအဝင္ ဂ်ပန္၊ ေတာင္ကိုရီးယား၊ မေလးရွား၊ ကာဇက္စတန္၊ တူနီးရွား၊ ေဘာစနီးယား ဟာဇီဂိုးဗီးနား၊ေတာင္အာဖရိက ၊ အင္ဒိုနီးရွား၊ ဘဂၤလားေဒ့ရွ္၊ဆားဘီးယား၊ ကေမာၻဒီးယား၊ ထိုင္း၊ လာအို စသည့္ စုစုေပါင္းႏိုင္ငံ ၁၄ ႏိုင္ငံအား သြင္းကုန္ခြန္တိုးျမႇင့္စည္းၾကပ္ထားမႈႏွင့္ပတ္သက္၍ ဇူလိုင္ ၇ ရက္ေန႔တြင္ သက္ဆိုင္ရာႏိုင္ငံမ်ားသို႔ သဝဏ္လႊာ/အေၾကာင္းၾကားစာမ်ား ေပးပို႔ခဲ့ရာ နစက ဥကၠ႒ ကညႇိႏႈိင္း ျပန္ၾကားသည့္ သဝဏ္လႊာ/ အေၾကာင္းၾကားစာအား ဇူလိုင္ ၉ ရက္က ေပးပို႔ခဲ့ သည္။
မိမိတို႔ျမန္မာႏိုင္ငံအား လက္ရွိကမာၻ႔နံပါတ္(၁)ေဈးကြက္ႏွင့္ အလြန္ေကာင္းမြန္ေသာ စီးပြားေရးရွိေနသည့္ အေမရိကန္ျပည္ေထာင္စုႏွင့္ ဆက္လက္ ပူးေပါင္းပါဝင္ရန္ ဖိတ္ေခၚမႈအတြက္လည္း ေက်းဇူးတင္ဝမ္းေျမာက္ေၾကာင္းကိုလည္း ေျပာၾကားလိုေၾကာင္း စာတြင္ေဖာ္ျပထားသည္။
အေမရိကန္ႏိုင္ငံအေနျဖင့္ ျမန္မာ့ပို႔ကုန္မ်ားအေပၚ (၄၄)ရာခိုင္ႏႈန္း အခြန္ ေကာက္ယူရန္ မူလလ်ာထားခ်က္ကို၊ (၄၀)ရာခိုင္ႏႈန္း ျပင္ဆင္လ်ာထား ေဆာင္႐ြက္ ေပးမႈအတြက္လည္း မ်ားစြာေက်းဇူးတင္ရွိပါေၾကာင္း၊ ျမန္မာႏိုင္ငံအေနျဖင့္ အေမရိကန္ျပည္ေထာင္စုႏွင့္ သမိုင္းေၾကာင္း ရွည္လ်ားေကာင္းမြန္သည့္ ဆက္ဆံေရး ရွိခဲ့ၿပီး၊ ကုန္သြယ္မႈဆက္ဆံေရး ခိုင္မာမႈကတိကဝတ္မ်ားကိုလည္း အစဥ္အၿမဲ ထိန္းသိမ္းခဲ့ၾကပါေၾကာင္း၊ အေမရိကန္ျပည္ေထာင္စုႏွင့္ ကုန္သြယ္ေရး တိုးျမႇင့္ႏိုင္ရန္ အတြက္လည္း မိမိတို႔အစဥ္အၿမဲ ေမွ်ာ္လင့္ႀကိဳးပမ္းလ်က္ရွိေၾကာင္း ေရးသားထားသည္။
အေမရိကန္ႏိုင္ငံႏွင့္ ျမန္မာႏိုင္ငံတို႔အၾကားကုန္သြယ္မႈမမွ်တသျဖင့္ အေမရိကန္ ဘက္မွ လိုေငြႀကီးမားစြာျပျခင္းအတြက္ အေဆြေတာ္သမၼတႀကီးအေနျဖင့္ အေမရိကန္ ႏိုင္ငံ၏ အက်ိဳးစီးပြားအတြက္ ေဆာင္႐ြက္ျခင္းအေပၚ မိမိအျပည့္အဝ နားလည္ေၾကာင္း၊ကနဦးအေနျဖင့္ ျမန္မာ-အေမရိကန္ ႏွစ္ႏိုင္ငံ ဘက္ညီမွ်ေသာ ကုန္သြယ္မႈ ေဖၚေဆာင္ႏိုင္ေရးအတြက္ ျမန္မာႏိုင္ငံမွ အေမရိကန္ႏိုင္ငံသို႔ ပို႔ကုန္မ်ားအေပၚ အခြန္ (၁၀)ရာခိုင္ႏႈန္းမွ(၂၀) ရာခိုင္ႏႈန္းႏွင့္ အေမရိကန္ႏိုင္ငံမွ ျမန္မာႏိုင္ငံသို႔ သြင္းကုန္မ်ား အေပၚ (၀)ရာခိုင္ႏႈန္းမွ (၁၀) ရာခိုင္ႏႈန္းၾကား ခ်ိန္ညႇိေကာက္ခံသြားရန္ အဆိုျပဳညႇိႏႈိင္း လိုပါေၾကာင္း၊ လိုအပ္ပါက ျမန္မာႏိုင္ငံမွ အဆင့္ျမင့္ကိုယ္စားလွယ္အဖြဲ႕တစ္ဖြဲ႕ အျမန္ ေစလႊတ္၍ သက္ဆိုင္ရာတာဝန္ရွိသူမ်ားႏွင့္ ေတြ႕ဆုံညႇိႏႈိင္းေဆာင္႐ြက္လိုေၾကာင္း ေဖာ္ျပထားသည္။
လက္ရွိအေျခအေနတြင္ ျမန္မာႏိုင္ငံသည္ ကမာၻ႔အဆင္းရဲဆုံး(LDC)ႏိုင္ငံမ်ားထဲမွ တစ္ႏိုင္ငံျဖစ္ေနသည့္အျပင္ လြန္ခဲ့သည့္ (၅)ႏွစ္တာကာလအတြင္း ကိုဗစ္(၁၉)ကပ္ ေရာဂါ၊ သဘာဝေဘးအႏၲရာယ္မ်ားျဖစ္သည့္ မိုခါဆိုင္ကလုံးမုန္တိုင္း၊ ရာဂီမုန္တိုင္း ေရႀကီးေရလွ်ံမႈႏွင့္ ၇.၇ မဂၢနီက်ဳရွိ မႏၲေလးငလ်င္ႀကီးမ်ားေၾကာင့္ ျပင္းထန္ေသာ စိန္ေခၚမႈမ်ား ဆက္တိုက္ႀကဳံေတြ႕ခဲ့ရသျဖင့္ ျမန္မာျပည္သူမ်ားသည္ ႀကီးမားေသာ စိန္ေခၚမႈမ်ားကို ႀကံ့ႀကံ့ခံရင္ဆိုင္ေျဖရွင္းေနရသည့္ အခ်ိန္လည္း ျဖစ္ေၾကာင္းေရးသားထားသည္။
အလ်ဥ္းသင့္၍ ျမန္မာႏိုင္ငံ၏ လက္ရွိအေျခအေနတြင္ ျမန္မာအစိုးရႏွင့္ ျပည္သူမ်ား၏ ႀကိဳးပမ္းေဆာင္႐ြက္ေနမႈမ်ားကို အေဆြေတာ္အား အသိေပးလိုပါ ေၾကာင္း၊ ၂၀၂၀ ျပည့္ႏွစ္ အေမရိကန္ႏိုင္ငံေ႐ြးေကာက္ပြဲတြင္ အေဆြေတာ္သမၼတႀကီး ႀကဳံေတြ႕ခဲ့ရသလို မိမိတို႔ႏိုင္ငံ ေ႐ြးေကာက္ပြဲတြင္လည္း ႀကီးမားသည့္ မဲမသမာမႈမ်ား ျဖစ္ေပၚခဲ့ပါေၾကာင္း၊ ၎ျဖစ္ရပ္မ်ားအတြက္ အာဏာရပါတီႏွင့္ ေ႐ြးေကာက္ပြဲ ေကာ္မရွင္အား ျပန္လည္စိစစ္ေပးရန္ အႀကိမ္ႀကိမ္ေတာင္းဆို ခဲ့ေသာ္လည္း ေျဖရွင္း ေဆာင္႐ြက္မႈမျပဳဘဲ ႏိုင္ငံေတာ္အာဏာကို မဲမသမာမႈမ်ားျဖင့္ ေပၚထြက္လာသည့္ ရလဒ္အရ တရားမဲ့ရယူရန္ႀကိဳးပမ္းမႈသည္ တရားမွ်တမႈမရွိေၾကာင္း၊ အာဏာရပါတီ မဟုတ္သည့္ အျခားေသာ ႏိုင္ငံေရးပါတီမ်ားက လက္ခံယုံၾကည္ၾကေသာေၾကာင့္ အေျခခံဥပေဒကအပ္ႏွင္းထားေသာ တာဝန္အရ တပ္မေတာ္မွ ႏိုင္ငံေတာ္တာဝန္ကို လႊဲေျပာင္း တာဝန္ယူေဆာင္႐ြက္ခဲ့ရျခင္းျဖစ္ပါေၾကာင္း၊ မီဒီယာမ်ား၏ မဟုတ္မမွန္ ထုတ္လႊင့္ခဲ့မႈမ်ားေၾကာင့္သာ ျမန္မာ့ႏိုင္ငံေရးျဖစ္စဥ္အေပၚ ႏိုင္ငံတကာ အထင္အျမင္ မွားမႈမ်ားျဖစ္ေပၚခဲ့ရျခင္းျဖစ္ေၾကာင္း ေဖာ္ျပထားသည္။
တပ္မေတာ္က ႏိုင္ငံေတာ္အာဏာကို တာဝန္ယူေဆာင္႐ြက္ခ်ိန္တြင္ ေ႐ြးေကာက္ပြဲေကာ္မရွင္ကို ျပန္လည္ဖြဲ႕စည္း၍ ဥပေဒႏွင့္အညီ စိစစ္ခဲ့ရာ မဲအေရ အတြက္(၁၁ ဒသမ ၃)သန္း (တစ္ႏိုင္ငံလုံး ၂၉ ဒသမ ၅၄ ရာခိုင္ႏႈန္း) မသမာမဲအျဖစ္ စိစစ္ေတြ႕ရွိခဲ့ရပါေၾကာင္း၊ မဲမသမာမႈမ်ားအတြက္ ထိုစဥ္ကတာဝန္ရွိသည့္ ေ႐ြးေကာက္ ပြဲေကာ္မရွင္ဥကၠ႒ႏွင့္ အဖြဲ႕ဝင္မ်ားကို ဥပေဒႏွင့္အညီ စစ္ေဆးေဆာင္႐ြက္ခ်ိန္တြင္ ၎တို႔၏ထြက္ဆိုခ်က္မ်ားအရ မဲမသမာမႈျဖစ္စဥ္မ်ားတြင္ ပါဝင္ပတ္သက္ ေဆာင္႐ြက္ ခဲ့သည္ကို စစ္ေဆးေပၚေပါက္ခဲ့မႈေၾကာင့္ ၎တို႔အေပၚ တရား႐ုံးက ခ်မွတ္သည့္ ျပစ္ဒဏ္မ်ားကိုခံယူၿပီး ယခုအခါ ျပန္လည္လြတ္ေျမာက္ေနၾကၿပီျဖစ္ပါေၾကာင္း၊ ေ႐ြးေကာက္ပြဲေကာ္မရွင္ကို ျပန္လည္ဖြဲ႕စည္းကာ မဲမသမာမႈမ်ားကို စစ္ေဆးေဖာ္ထုတ္ ခဲ့မႈအေျခအေနသည္လည္း မွန္ကန္မွ်တမႈရွိေၾကာင္း တရားဝင္ရပ္တည္လ်က္ရွိသည့္ ႏိုင္ငံေရးပါတီမ်ားႏွင့္ ျပည္သူအမ်ားစုက လက္ခံယုံၾကည္ခဲ့ၾကေၾကာင္း ေရးသားထားသည္။
အေဆြေတာ္သမၼတႀကီးအေနျဖင့္ ကမာၻ႔တည္ၿငိမ္ေအးခ်မ္းမႈကိုေရွ႕ရႈ၍ ပဋိပကၡ မ်ား တိုးပြားေစသည့္ သတင္းဌာနမ်ားႏွင့္ ရန္ပုံေငြစနစ္မ်ားကို ထိန္းခ်ဳပ္ေပးျခင္း အတြက္ အထူးေက်းဇူးတင္ရွိပါေၾကာင္း၊ မမွန္မကန္ သတင္းအခ်က္အလက္မ်ား ကိုသာ တစ္ဖက္သတ္ထုတ္လႊင့္ခဲ့မႈမ်ားေၾကာင့္ ျမန္မာႏိုင္ငံ၏ ပကတိအေျခအေနမွန္ မ်ားကို ႏိုင္ငံတကာကသိရွိမႈမရွိဘဲ သတင္းမွားမ်ားကို အေျခခံကာ ျမန္မာႏိုင္ငံအေပၚ အေရးယူပိတ္ဆို႔မႈမ်ားခ်မွတ္ခဲ့ျခင္းမ်ား ျဖစ္ေပၚခဲ့ရပါေၾကာင္း၊ အေမရိကန္ျပည္ေထာင္စု ကလည္း ျမန္မာႏိုင္ငံအေပၚ အေရးယူပိတ္ဆို႔မႈမ်ားခ်မွတ္ထားရာ ထိုအေရးယူ ပိတ္ဆို႔ ထားမႈမ်ားသည္ မိမိတို႔ ႏွစ္ႏိုင္ငံအတြက္ မည္သို႔မွ်အက်ိဳးမရွိျခင္းေၾကာင့္ ႏွစ္ႏိုင္ငံ ျပည္သူမ်ား၏ အက်ိဳးစီးပြားကိုေရွ႕ရႈ၍ ယခင္ကခ်မွတ္ခဲ့သည့္ စီးပြားေရး ပိတ္ဆို႔မႈ မ်ားကို ေျဖေလ်ာ့႐ုပ္သိမ္းေပးရန္လည္း အထူး ေမတၱာရပ္ခံေၾကာင္း ေဖာ္ျပထားသည္။
ျမန္မာႏိုင္ငံအေနျဖင့္ အစဥ္အဆက္ ၿငိမ္းခ်မ္းစြာအတူယွဥ္တြဲေနထိုင္ေရး မူဝါဒကို က်င့္သုံးခဲ့ၿပီး၊ မည္သည့္ႏိုင္ငံႏွင့္မွ် ပဋိပကၡအျငင္းပြားမႈမရွိခဲ့ဘဲ ၎အစဥ္ အလာေကာင္းကိုလည္း ဆက္လက္ထိန္းသိမ္းသြားမည္ျဖစ္ပါေၾကာင္း၊ အလားတူစြာပင္ ျမန္မာႏိုင္ငံအေနျဖင့္ အေမရိကန္ျပည္ေထာင္စုအပါအဝင္ အျခားမည္သည့္ ကမာၻ႔ႏိုင္ငံ မ်ားကိုမွ် အေႏွာင့္အယွက္ေပးမႈမရွိခဲ့သည္ကိုလည္း ေျပာၾကားလိုပါေၾကာင္း၊အေဆြေတာ္၏ အဆိုျပဳခ်က္အတိုင္း ကုန္သြယ္ေရးဆိုင္ရာ အတားအဆီးမ်ား ဖယ္ရွားျခင္း၊ အျပန္အလွန္ အခြန္ေကာက္ခံမႈထိန္းသိမ္းျခင္းတို႔ျဖင့္ ျမန္မာ-အေမရိကန္ ႏွစ္ႏိုင္ငံ ကုန္သြယ္ေရးတိုးျမႇင့္ႏိုင္မည္ဟု ယုံၾကည္ပါေၾကာင္း၊ အေဆြေတာ္အား အစဥ္ ခ်စ္ၾကည္ေလးစားလ်က္ ရွိပါေၾကာင္း၊ အေဆြေတာ္ႏွင့္ အေမရိကန္ ျပည္သူ ျပည္သားမ်ား က်န္းမာ႐ႊင္လန္းၾကပါေစေၾကာင္း၊ အနာဂတ္လုပ္ငန္းစဥ္မ်ားတြင္ ေအာင္ျမင္မႈမ်ား ဆြတ္ခူးႏိုင္ေစရန္ ဆုမြန္ေကာင္းေတာင္းအပ္ေၾကာင္း လည္း ေရးသားထားသည္။