ဂျပန်တိုက်လေယာဉ်တွေအနီးမှာ ကပ်ပြီးပျံသန်းတာကို ရပ်တန့်ဖို့ တရုတ်ကို ဂျပန် တောင်းဆို

644
Pika (NP News) - ဇူလိုင် ၁၂
တရုတ်တိုက်လေယာဉ်တွေက ဂျပန်တိုက်လေယာဉ်တွေရဲ့အနားမှာ နီးနီးကပ်ကပ်ပျံသန်းနေတာတွေကို ရပ်တန့်ဖို့ တရုတ်အစိုးရကို ဂျပန်အစိုးရက တောင်းဆိုခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် အဲ့ဒီလိုမျိုး နီးနီးကပ်ကပ် ပျံသန်းမှုတွေဟာ တိုက်မိမှုတွေကို ဖြစ်ပေါ်စေနိုင်တယ်လို့လည်း ဂျပန်အစိုးရက ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက တရုတ်စစ်တပ်ရဲ့ JH-7 ဗုံးကြဲလေယာဉ်ဟာ ဂျပန်လေတပ်ရဲ့အီလက်ထရွန်းနစ် ထောက်လှမ်း ရေးလေယာဉ်နဲ့ မီတာ(၃၀)အကွာကနေ ပျံသန်းခဲ့တယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
အဲဒီဖြစ်ရပ်ဟာ အရှေ့တရုတ်ပင်လယ်ပြင်က ဂျပန်လေပိုင်နက်အပြင်ဘက်မှာ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဂျပန် ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲဒီဖြစ်ရပ်အတွင်း ဂျပန်တိုက်လေယာဉ်တွေ ဘက်က ထိခိုက်ပျက်စီးခဲ့တာမျိုး မရှိခဲ့ဘူးလို့လည်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့ပါ တယ်။ ဂျပန်အစိုးရဘက်က ထုတ်ပြန်ခဲ့တဲ့အစီရင်ခံစာနဲ့ပတ်သက်ပြီး လက်ရှိအချိန်အထိ တရုတ်အစိုးရဘက်က ချက်ချင်းပြန်လည်မှတ်ချက်ပြုပြောဆိုတာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။

Zawgyi Version:
ဂ်ပန္တိုက္ေလယာဥ္ေတြအနီးမွာ ကပ္ၿပီးပ်ံသန္းတာကို ရပ္တန႔္ဖို႔ တ႐ုတ္ကို ဂ်ပန္ ေတာင္းဆို
Pika (NP News) - ဇူလိုင္ ၁၂
တ႐ုတ္တိုက္ေလယာဥ္ေတြက ဂ်ပန္တိုက္ေလယာဥ္ေတြရဲ႕အနားမွာ နီးနီးကပ္ကပ္ပ်ံသန္းေနတာေတြကို ရပ္တန္႔ဖို႔ တ႐ုတ္အစိုးရကို ဂ်ပန္အစိုးရက ေတာင္းဆိုခဲ့တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ အဲ့ဒီလိုမ်ိဳး နီးနီးကပ္ကပ္ ပ်ံသန္းမႈေတြဟာ တိုက္မိမႈေတြကို ျဖစ္ေပၚေစႏိုင္တယ္လို႔လည္း ဂ်ပန္အစိုးရက ေျပာၾကားခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ရက္ပိုင္းတုန္းက တ႐ုတ္စစ္တပ္ရဲ႕ JH-7 ဗုံးႀကဲေလယာဥ္ဟာ ဂ်ပန္ေလတပ္ရဲ႕အီလက္ထ႐ြန္းနစ္ ေထာက္လွမ္း ေရးေလယာဥ္နဲ႔ မီတာ(၃၀)အကြာကေန ပ်ံသန္းခဲ့တယ္လို႔ ဂ်ပန္ကာကြယ္ေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့ပါတယ္။
အဲဒီျဖစ္ရပ္ဟာ အေရွ႕တ႐ုတ္ပင္လယ္ျပင္က ဂ်ပန္ေလပိုင္နက္အျပင္ဘက္မွာ ျဖစ္ပြားခဲ့တာျဖစ္တယ္လို႔ ဂ်ပန္ ကာကြယ္ေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့ပါတယ္။ ဒါေပမယ့္လည္း အဲဒီျဖစ္ရပ္အတြင္း ဂ်ပန္တိုက္ေလယာဥ္ေတြ ဘက္က ထိခိုက္ပ်က္စီးခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔လည္း ဂ်ပန္ကာကြယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ေျပာၾကားခဲ့ပါ တယ္။ ဂ်ပန္အစိုးရဘက္က ထုတ္ျပန္ခဲ့တဲ့အစီရင္ခံစာနဲ႔ပတ္သက္ၿပီး လက္ရွိအခ်ိန္အထိ တ႐ုတ္အစိုးရဘက္က ခ်က္ခ်င္းျပန္လည္မွတ္ခ်က္ျပဳေျပာဆိုတာမ်ိဳး မရွိေသးဘူးလို႔လည္း သိရပါတယ္။