နောက်ထပ် F-35 တိုက်လေယာဉ်(၁၅)စင်းကို ဝယ်ယူဖို့ ဂျာမနီအစိုးရ စီစဉ်နေ

170

Pika (NP News) - ဇူလိုင် ၁၂
ဂျာမနီအစိုးရက နောက်ထပ် F-35တိုက်လေယာဉ်(၁၅)စင်းကို ဝယ်ယူဖို့ စီစဉ်နေတယ်လို့ အဲဒီကိစ္စနဲ့ရင်းနှီးတဲ့ သတင်းရင်းမြစ်တွေရဲ့ပြောကြားချက်ကို ကိုးကားပြီး Politico သတင်းဌာနက ရေးသားဖော်ပြခဲ့ပါတယ်။ အဲဒီ ဝယ်ယူမှုဟာ ဂျာမနီစစ်တပ်မှာ အမေရိကန်ထုတ် F-35 တိုက်လေယာဉ်အစီးရေ(၅၀)စီးအထိ ရှိလာမယ့် လှုပ်ရှား မှုတစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။
ပြင်သစ်-ဂျာမနီတိုက်လေယာဉ် FCAS ပူးတွဲပရောဂျက်နဲ့ပတ်သက်ပြီး ပြင်သစ်နဲ့ဂျာမနီနိုင်ငံကြား တင်းမာမှုတွေ မြင့်တက်နေချိန်မှာပဲ အဲဒီအစီရင်ခံစာတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒါ့ပြင် အဲဒီအစီရင်ခံစာတွေနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုမှုတွေကို ဂျာမနီကာကွယ်ရေးဝန်ကြီးဌာနက ချက်ချင်းပြန်လည်တုံ့ပြန် ဖြေကြားတာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။ အလုပ်ခွဲဝေမှုနဲ့နှောင့်နှေးမှုတွေကြောင့် ပြင်သစ်-ဂျာမနီ တိုက်လေယာဉ်ပရောဂျက်ရဲ့ဖွဲ့စည်းပုံမှာ ကွဲပြားမှုတွေရှိနေဆဲဖြစ်တယ်လို့ ဂျာမန်အဓိပတိ Friedrich Merzက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် ပြင်သစ်-ဂျာမနီတိုက်လေယာဉ်ပရောဂျက်ရဲ့အလုပ်ရှယ်ယာ(၈၀)ရာခိုင်နှုန်းကို လိုချင်တယ်လို့ ပြင်သစ် အစိုးရက ယခုသီတင်းပတ်အစောပိုင်းမှာ ထုတ်ပြန်ပြောဆိုခဲ့ပြီးနောက် Friedrich Merz ရဲ့ ပြောဆိုချက်တွေ ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။

Zawgyi Version:
ေနာက္ထပ္ F-35 တိုက္ေလယာဥ္(၁၅)စင္းကို ဝယ္ယူဖို႔ ဂ်ာမနီအစိုးရ စီစဥ္ေန
Pika (NP News) - ဇူလိုင္ ၁၂
ဂ်ာမနီအစိုးရက ေနာက္ထပ္ F-35တိုက္ေလယာဥ္(၁၅)စင္းကို ဝယ္ယူဖို႔ စီစဥ္ေနတယ္လို႔ အဲဒီကိစၥနဲ႔ရင္းႏွီးတဲ့ သတင္းရင္းျမစ္ေတြရဲ႕ေျပာၾကားခ်က္ကို ကိုးကားၿပီး Politico သတင္းဌာနက ေရးသားေဖာ္ျပခဲ့ပါတယ္။ အဲဒီ ဝယ္ယူမႈဟာ ဂ်ာမနီစစ္တပ္မွာ အေမရိကန္ထုတ္ F-35 တိုက္ေလယာဥ္အစီးေရ(၅၀)စီးအထိ ရွိလာမယ့္ လႈပ္ရွား မႈတစ္ခုျဖစ္တယ္လို႔လည္း သိရပါတယ္။
ျပင္သစ္-ဂ်ာမနီတိုက္ေလယာဥ္ FCAS ပူးတြဲပေရာဂ်က္နဲ႔ပတ္သက္ၿပီး ျပင္သစ္နဲ႔ဂ်ာမနီႏိုင္ငံၾကား တင္းမာမႈေတြ ျမင့္တက္ေနခ်ိန္မွာပဲ အဲဒီအစီရင္ခံစာေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ ဒါ့ျပင္ အဲဒီအစီရင္ခံစာေတြနဲ႔ ပတ္သက္ၿပီး မွတ္ခ်က္ေပးဖို႔ ေတာင္းဆိုမႈေတြကို ဂ်ာမနီကာကြယ္ေရးဝန္ႀကီးဌာနက ခ်က္ခ်င္းျပန္လည္တုံ႔ျပန္ ေျဖၾကားတာမ်ိဳး မရွိေသးဘူးလို႔လည္း သိရပါတယ္။ အလုပ္ခြဲေဝမႈနဲ႔ေႏွာင့္ေႏွးမႈေတြေၾကာင့္ ျပင္သစ္-ဂ်ာမနီ တိုက္ေလယာဥ္ပေရာဂ်က္ရဲ႕ဖြဲ႕စည္းပုံမွာ ကြဲျပားမႈေတြရွိေနဆဲျဖစ္တယ္လို႔ ဂ်ာမန္အဓိပတိ Friedrich Merzက ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ ျပင္သစ္-ဂ်ာမနီတိုက္ေလယာဥ္ပေရာဂ်က္ရဲ႕အလုပ္ရွယ္ယာ(၈၀)ရာခိုင္ႏႈန္းကို လိုခ်င္တယ္လို႔ ျပင္သစ္ အစိုးရက ယခုသီတင္းပတ္အေစာပိုင္းမွာ ထုတ္ျပန္ေျပာဆိုခဲ့ၿပီးေနာက္ Friedrich Merz ရဲ႕ ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာပဲျဖစ္ပါတယ္။