၂၀၂ဝ ပြည့်နှစ်နောက်ပိုင်း လူငယ်အများအပြား ပြည်ပထွက်ခွာမှု ပိုမိုပြုလုပ်လာကြောင်း နစကဒုဥက္ကဋ္ဌက ပြော

297

ချယ်ရီ (NP News) - ဇူလိုင် ၁၂
၂၀၂၀ ပြည့်နှစ်နောက်ပိုင်း အလုပ်အကိုင်အခွင့်အလမ်းများ လျော့ကျလာပြီး လူငယ်အများအပြားသည်လည်း ပြည်ပထွက်ခွာမှုများ ပိုမိုပြုလုပ်လာသည်ကိုတွေ့ရကြောင်း ဗဟိုသန်းခေါင်စာရင်းကော်မရှင်နာယက၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားသည်။
အဆိုပါစကားကို ယမန်နေ့ (ဇူလိုင်လ ၁၁ ရက်) က နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ကျင်းပသည့် (၂၀၂၅) ခုနှစ်၊ ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ်အခမ်းအနား၌ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ၏ လူဦးရေပြောင်းလဲလာမှုကို လေ့လာကြည့်ပါက (၂၀၁၄) ခုနှစ်၊ သန်းခေါင်စာရင်းအရ လူဦးရေ (၅၁ ဒသမ ၄) သန်းကျော် ရှိခဲ့ပြီး (၂၀၂၄) ခုနှစ်တွင် လူဦးရေ (၅၆ ဒသမ ၂) သန်းခန့် ဖြစ်လာမည်ဟု ခန့်မှန်းခဲ့ကြသော် လည်း (၂၀၂၄) ခုနှစ် သန်းခေါင်စာရင်း ရှေ့ပြေးလူဦးရေစာရင်းအရ လက်ရှိ လူဦးရေတွင် (၅၁ ဒသမ ၃)သန်း ကျော်သာရှိသည်ကို တွေ့ရှိရပြီး (၂၀၂၄) ခုနှစ် သန်းခေါင်စာရင်းအချက်အလက်များအရ (၁၀) နှစ်တာ ကာလ အတွင်း လူဦးရေတိုးပွားလာခြင်းမရှိသည်ကို တွေ့ရသောကြောင့် လူဦးရေတိုးနှုန်းကို တိုက်ရိုက်သက်ရောက်စေ သည့် ကလေးမွေးဖွားနှုန်း၊ သေဆုံးနှုန်း၊ ပြည်ပရွှေ့ပြောင်းနှုန်းများကို ဆန်းစစ်လေ့လာရန်လိုအပ်ကြောင်း နစက ဒုတိယဥက္ကဋ္ဌက ပြောသည်။
မိမိတို့နိုင်ငံတွင် (၁၉၈၃) ခုနှစ် သန်းခေါင်စာရင်းအရ အမျိုးသမီးတစ်ဦး ကလေးမွေးဖွားနှုန်းသည် (၄ ဒသမ ၇) ဦး ရှိခဲ့သော်လည်း (၂၀၁၄) ခုနှစ် သန်းခေါင်စာရင်းတွင် ကလေး (၂ ဒသမ ၃) ဦးနှုန်းလောက်ထိ ကျဆင်းလာပြီး (၂၀၁၉) ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ မိဘနှစ်ပါးနေရာကိုသာ ပြန်လည်အစားထိုးနိုင်မည့် (၂ ဒသမ ၁) ဦး နှုန်းအောက်ကို ကျဆင်းလာခဲ့သည်ကို တွေ့ရှိရပြီး မိမိတို့နိုင်ငံ၏ မွေးဖွားနှုန်းသည် အစဉ်တစိုက်ကျဆင်းလာ သည်ဖြစ်၍ လက်ရှိတွင်လည်း ပိုမိုကျဆင်းလာခြင်းဖြစ်နိုင်ကာ မိခင်တစ်ဦး၏ ကလေးမွေးဖွားနှုန်းသည် (၂) ဦး အောက်ကို လျော့ကျလာပြီဆိုပါက မိမိတို့နိုင်ငံ၏ လူဦးရေသည် တဖြည်းဖြည်းသိသိသာသာလျော့နည်းကျဆင်း လာမည်ဖြစ်ကြောင်း နစကဒုတိယဥက္ကဌက ပြောကြားထားသည်။
ထို့နောက် မိမိတို့နိုင်ငံ၌ (၂၀၂၀) ပြည့်နှစ်ဝန်းကျင်တွင် ဖြစ်ပွားခဲ့သည့် ကိုဗစ် - ၁၉ ကပ်ရောဂါဆိုးနှင့် (၂၀၂၁) ခုနှစ် နောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်ဖြစ်စဉ်များ၊ သဘာဝဘေးအန္တရာယ်များကြောင့် ကလေးမွေးဖွားနှုန်း၊ သေဆုံးနှုန်းများအပေါ်သက်ရောက်မှုများရှိခဲ့သည့်အပြင် အလုပ်အကိုင်အခွင့်အလမ်းများ လျော့ကျလာပြီး လူငယ်အများအပြားသည်လည်း ပြည်ပထွက်ခွာမှုများ ပိုမိုပြုလုပ်လာသည်ကို တွေ့ရကြောင်း နစကဒုတိယ ဥက္ကဋ္ဌက ထည့်သွင်းပြောကြားထားသည်။
ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံများတွင် သက်ကြီးရွယ်အိုလူဦးရေများပြားလာမှုနှင့်အတူ ပိုမိုကောင်းမွန်သည့် အလုပ်အကိုင်အခွင့်အလမ်းများ များပြားပြီး လုပ်သားကဏ္ဍလိုအပ်ချက် များလာခြင်းကြောင့် လုပ်သားအင်အား ရွှေ့ပြောင်းမှုများ ရှိနေကြခြင်းကြောင့် မိမိတို့နိုင်ငံတွင် လည်း လူဦးရေလျော့နည်းလာသည့်အပြင် လူ့စွမ်းအား အရင်းအမြစ်များ လေလွင့်ဆုံးရှုံးမှုမဖြစ်စေရေး၊ ကုန်ထုတ်လုပ်မှုစွမ်းအင်မထိခိုက်စေရေးတို့အတွက် ရွှေ့ပြောင်း နေထိုင်လာမှုများကို သတိထားကိုင်တွယ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း နစကဒုတိယဥက္ကဋ္ဌက ပြောသည်။

Zawgyi Version:
၂၀၂ဝ ျပည့္ႏွစ္ေနာက္ပိုင္း လူငယ္အမ်ားအျပား ျပည္ပထြက္ခြာမႈ ပိုမိုျပဳလုပ္လာေၾကာင္း နစကဒုဥကၠ႒က ေျပာ
ခ်ယ္ရီ (NP News) - ဇူလိုင္ ၁၂
၂၀၂၀ ျပည့္ႏွစ္ေနာက္ပိုင္း အလုပ္အကိုင္အခြင့္အလမ္းမ်ား ေလ်ာ့က်လာၿပီး လူငယ္အမ်ားအျပားသည္လည္း ျပည္ပထြက္ခြာမႈမ်ား ပိုမိုျပဳလုပ္လာသည္ကိုေတြ႕ရေၾကာင္း ဗဟိုသန္းေခါင္စာရင္းေကာ္မရွင္နာယက၊ ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဒုတိယဥကၠ႒၊ ဒုတိယဝန္ႀကီးခ်ဳပ္၊ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းက ေျပာၾကားသည္။
အဆိုပါစကားကို ယမန္ေန႔ (ဇူလိုင္လ ၁၁ ရက္) က ေနျပည္ေတာ္ရွိ မဂၤလာသီရိဟိုတယ္၌က်င္းပသည့္ (၂၀၂၅) ခုႏွစ္၊ ကမာၻ႔လူဦးေရေန႔ အထိမ္းအမွတ္အခမ္းအနား၌ ထည့္သြင္းေျပာၾကားခဲ့ျခင္း ျဖစ္သည္။
ျမန္မာႏိုင္ငံ၏ လူဦးေရေျပာင္းလဲလာမႈကို ေလ့လာၾကည့္ပါက (၂၀၁၄) ခုႏွစ္၊ သန္းေခါင္စာရင္းအရ လူဦးေရ (၅၁ ဒသမ ၄) သန္းေက်ာ္ ရွိခဲ့ၿပီး (၂၀၂၄) ခုႏွစ္တြင္ လူဦးေရ (၅၆ ဒသမ ၂) သန္းခန႔္ ျဖစ္လာမည္ဟု ခန႔္မွန္းခဲ့ၾကေသာ္ လည္း (၂၀၂၄) ခုႏွစ္ သန္းေခါင္စာရင္း ေရွ႕ေျပးလူဦးေရစာရင္းအရ လက္ရွိ လူဦးေရတြင္ (၅၁ ဒသမ ၃)သန္း ေက်ာ္သာရွိသည္ကို ေတြ႕ရွိရၿပီး (၂၀၂၄) ခုႏွစ္ သန္းေခါင္စာရင္းအခ်က္အလက္မ်ားအရ (၁၀) ႏွစ္တာ ကာလ အတြင္း လူဦးေရတိုးပြားလာျခင္းမရွိသည္ကို ေတြ႕ရေသာေၾကာင့္ လူဦးေရတိုးႏႈန္းကို တိုက္႐ိုက္သက္ေရာက္ေစ သည့္ ကေလးေမြးဖြားႏႈန္း၊ ေသဆုံးႏႈန္း၊ ျပည္ပေ႐ႊ႕ေျပာင္းႏႈန္းမ်ားကို ဆန္းစစ္ေလ့လာရန္လိုအပ္ေၾကာင္း နစက ဒုတိယဥကၠ႒က ေျပာသည္။
မိမိတို႔ႏိုင္ငံတြင္ (၁၉၈၃) ခုႏွစ္ သန္းေခါင္စာရင္းအရ အမ်ိဳးသမီးတစ္ဦး ကေလးေမြးဖြားႏႈန္းသည္ (၄ ဒသမ ၇) ဦး ရွိခဲ့ေသာ္လည္း (၂၀၁၄) ခုႏွစ္ သန္းေခါင္စာရင္းတြင္ ကေလး (၂ ဒသမ ၃) ဦးႏႈန္းေလာက္ထိ က်ဆင္းလာၿပီး (၂၀၁၉) ခုႏွစ္ ၾကားျဖတ္သန္းေခါင္စာရင္းအရ မိဘႏွစ္ပါးေနရာကိုသာ ျပန္လည္အစားထိုးႏိုင္မည့္ (၂ ဒသမ ၁) ဦး ႏႈန္းေအာက္ကို က်ဆင္းလာခဲ့သည္ကို ေတြ႕ရွိရၿပီး မိမိတို႔ႏိုင္ငံ၏ ေမြးဖြားႏႈန္းသည္ အစဥ္တစိုက္က်ဆင္းလာ သည္ျဖစ္၍ လက္ရွိတြင္လည္း ပိုမိုက်ဆင္းလာျခင္းျဖစ္ႏိုင္ကာ မိခင္တစ္ဦး၏ ကေလးေမြးဖြားႏႈန္းသည္ (၂) ဦး ေအာက္ကို ေလ်ာ့က်လာၿပီဆိုပါက မိမိတို႔ႏိုင္ငံ၏ လူဦးေရသည္ တျဖည္းျဖည္းသိသိသာသာေလ်ာ့နည္းက်ဆင္း လာမည္ျဖစ္ေၾကာင္း နစကဒုတိယဥကၠဌက ေျပာၾကားထားသည္။
ထို႔ေနာက္ မိမိတို႔ႏိုင္ငံ၌ (၂၀၂၀) ျပည့္ႏွစ္ဝန္းက်င္တြင္ ျဖစ္ပြားခဲ့သည့္ ကိုဗစ္ - ၁၉ ကပ္ေရာဂါဆိုးႏွင့္ (၂၀၂၁) ခုႏွစ္ ေနာက္ပိုင္းတြင္ ျဖစ္ပြားခဲ့သည့္ အၾကမ္းဖက္ျဖစ္စဥ္မ်ား၊ သဘာဝေဘးအႏၲရာယ္မ်ားေၾကာင့္ ကေလးေမြးဖြားႏႈန္း၊ ေသဆုံးႏႈန္းမ်ားအေပၚသက္ေရာက္မႈမ်ားရွိခဲ့သည့္အျပင္ အလုပ္အကိုင္အခြင့္အလမ္းမ်ား ေလ်ာ့က်လာၿပီး လူငယ္အမ်ားအျပားသည္လည္း ျပည္ပထြက္ခြာမႈမ်ား ပိုမိုျပဳလုပ္လာသည္ကို ေတြ႕ရေၾကာင္း နစကဒုတိယ ဥကၠ႒က ထည့္သြင္းေျပာၾကားထားသည္။
ဖြံ႕ၿဖိဳးတိုးတက္သည့္ႏိုင္ငံမ်ားတြင္ သက္ႀကီး႐ြယ္အိုလူဦးေရမ်ားျပားလာမႈႏွင့္အတူ ပိုမိုေကာင္းမြန္သည့္ အလုပ္အကိုင္အခြင့္အလမ္းမ်ား မ်ားျပားၿပီး လုပ္သားက႑လိုအပ္ခ်က္ မ်ားလာျခင္းေၾကာင့္ လုပ္သားအင္အား ေ႐ႊ႕ေျပာင္းမႈမ်ား ရွိေနၾကျခင္းေၾကာင့္ မိမိတို႔ႏိုင္ငံတြင္ လည္း လူဦးေရေလ်ာ့နည္းလာသည့္အျပင္ လူ႔စြမ္းအား အရင္းအျမစ္မ်ား ေလလြင့္ဆုံးရႈံးမႈမျဖစ္ေစေရး၊ ကုန္ထုတ္လုပ္မႈစြမ္းအင္မထိခိုက္ေစေရးတို႔အတြက္ ေ႐ႊ႕ေျပာင္း ေနထိုင္လာမႈမ်ားကို သတိထားကိုင္တြယ္ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း နစကဒုတိယဥကၠ႒က ေျပာသည္။