လာမယ့်ရက်ပိုင်းအတွင်း ဓါးစာခံလွှတ်ပေးရေး သဘောတူညီချက်ရရှိဖို့ မျှော်လင့်ထားတယ်လို့ အစ္စရေးပြော

70

Pika (NP News) - ဇူလိုင် ၁၂
ဟားမက်လက်နက်ကိုင်အဖွဲ့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ နောက်ထပ်အစ္စရေးဓါးစာခံတွေ လွတ်မြောက်လာစေဖို့ အတွက် သဘောတူညီချက်ကို လာမယ့်ရက်ပိုင်းအတွင်း ရရှိဖို့ မျှော်လင့်ထားတယ်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုက ပြောကြားခဲ့ပါတယ်။
လက်ရှိအချိန်အထိ ဟားမက်လက်နက်ကိုင်အဖွဲ့က ဓါးစာခံ(၅၀)ဦးကို ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်တယ်လို့ နေတန်ရာဟုက ပြောကြားခဲ့ပါတယ်။ အဲဒီအရေအတွက်ထဲမှာ လူ(၂၀)ဦးသာ အသက်ရှင်ကျန်ရစ်ပုံပေါ်တယ် လို့လည်း နေတန်ရာဟုကပြောကြားခဲ့ပါတယ်။ နေတန်ရာဟုက ”ဖမ်းဆီးခံထားရ တဲ့ဓါးစာခံတွေအားလုံးကို ပြန်လည်လွတ်မြောက်လာစေချင်ပါတယ်။ ဓါးစာခံတွေထဲမှာ တစ်ဝက်က အသက်ရှင်ပြီး တစ်ဝက်က သေဆုံးနေ ပြီလို့လည်း ယူဆထားပါတယ်။ ဒီဓါးစာခံလွှတ်ပေးရေးသဘောတူညီချက်ကို လာမယ့်ရက်အနည်းငယ်အတွင်း ရရှိဖို့ မျှော်လင့်ထားပါတယ်” လို့ ပြောခဲ့ပါတယ်။
(၂၀၂၃)ခုနှစ် အောက်တိုဘာလ(၇)ရက်နေ့မှာ ဟားမက်လက်နက်ကိုင်အဖွဲ့က အစ္စရေးကို ဒုံးကျည်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေး-ဟားမက်စစ်ပွဲ စတင်ပေါ်ပေါက်ခဲ့တာလည်းဖြစ်ပါတယ်။ ဒါ့ပြင် အစ္စရေးနဲ့ ဟားမက်လက်နက်ကိုင်အဖွဲ့တို့ဟာ (၂၀၂၃)ခုနှစ် နိုဝင်ဘာလနဲ့ (၂၀၂၅)ခုနှစ် ဇန်နဝါရီလတို့မှာ အပစ်အခတ် ရပ်စဲရေး နှစ်ကြိမ် ရယူနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
လာမယ့္ရက္ပိုင္းအတြင္း ဓါးစာခံလႊတ္ေပးေရး သေဘာတူညီခ်က္ရရွိဖို႔ ေမွ်ာ္လင့္ထားတယ္လို႔ အစၥေရးေျပာ
Pika (NP News) - ဇူလိုင္ ၁၂
ဟားမက္လက္နက္ကိုင္အဖြဲ႕ ဖမ္းဆီးထိန္းသိမ္းထားတဲ့ ေနာက္ထပ္အစၥေရးဓါးစာခံေတြ လြတ္ေျမာက္လာေစဖို႔ အတြက္ သေဘာတူညီခ်က္ကို လာမယ့္ရက္ပိုင္းအတြင္း ရရွိဖို႔ ေမွ်ာ္လင့္ထားတယ္လို႔ အစၥေရးဝန္ႀကီးခ်ဳပ္ ေနတန္ရာဟုက ေျပာၾကားခဲ့ပါတယ္။
လက္ရွိအခ်ိန္အထိ ဟားမက္လက္နက္ကိုင္အဖြဲ႕က ဓါးစာခံ(၅၀)ဦးကို ဖမ္းဆီးထိန္းသိမ္းထားဆဲျဖစ္တယ္လို႔ ေနတန္ရာဟုက ေျပာၾကားခဲ့ပါတယ္။ အဲဒီအေရအတြက္ထဲမွာ လူ(၂၀)ဦးသာ အသက္ရွင္က်န္ရစ္ပုံေပၚတယ္ လို႔လည္း ေနတန္ရာဟုကေျပာၾကားခဲ့ပါတယ္။ ေနတန္ရာဟုက ”ဖမ္းဆီးခံထားရ တဲ့ဓါးစာခံေတြအားလုံးကို ျပန္လည္လြတ္ေျမာက္လာေစခ်င္ပါတယ္။ ဓါးစာခံေတြထဲမွာ တစ္ဝက္က အသက္ရွင္ၿပီး တစ္ဝက္က ေသဆုံးေန ၿပီလို႔လည္း ယူဆထားပါတယ္။ ဒီဓါးစာခံလႊတ္ေပးေရးသေဘာတူညီခ်က္ကို လာမယ့္ရက္အနည္းငယ္အတြင္း ရရွိဖို႔ ေမွ်ာ္လင့္ထားပါတယ္” လို႔ ေျပာခဲ့ပါတယ္။
(၂၀၂၃)ခုႏွစ္ ေအာက္တိုဘာလ(၇)ရက္ေန႔မွာ ဟားမက္လက္နက္ကိုင္အဖြဲ႕က အစၥေရးကို ဒုံးက်ည္ေတြနဲ႔ ပစ္ခတ္ တိုက္ခိုက္ခဲ့ၿပီးေနာက္ အစၥေရး-ဟားမက္စစ္ပြဲ စတင္ေပၚေပါက္ခဲ့တာလည္းျဖစ္ပါတယ္။ ဒါ့ျပင္ အစၥေရးနဲ႔ ဟားမက္လက္နက္ကိုင္အဖြဲ႕တို႔ဟာ (၂၀၂၃)ခုႏွစ္ ႏိုဝင္ဘာလနဲ႔ (၂၀၂၅)ခုႏွစ္ ဇန္နဝါရီလတို႔မွာ အပစ္အခတ္ ရပ္စဲေရး ႏွစ္ႀကိမ္ ရယူႏိုင္ခဲ့တယ္လို႔လည္း သိရပါတယ္။