ကာကွယ်ရေး နှင့် စွမ်းအင်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကို တူရကီနှင့် ပါကစ္စတန်တို့ဆွေးနွေး

 68

Pika (NP News) - ဇူလိုင် ၁၂
တူရကီနိုင်ငံခြားရေးဝန်ကြီးနှင့် ကာကွယ်ရေးဝန်ကြီးတို့သည် ပါကစ္စတန်နိုင်ငံကို သွားရောက်လည်ပတ်စဉ်အချိန် အတွင်း ကာကွယ်ရေးနှင့်စွမ်းအင်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကို ပါကစ္စတန်အရာရှိများနှင့် ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။ တူရကီ နှင့် ပါကစ္စတန်နိုင်ငံကြားတွင် ခိုင်မာသောဆက်ဆံရေးများရှိပြီး ပြီးခဲ့သည့်မေလက အိန္ဒိယနှင့်ဖြစ်ပွားခဲ့သောပဋိပက္ခအတွင်း ပါကစ္စတန်နှင့်စည်းလုံးညီညွတ်မှုများကို တူရကီအစိုးရက ထုတ်ဖော် ပြသခဲ့ခြင်းကြောင့် အိန္ဒိယအစိုးရဘက်က စိတ်ဆိုးဒေါသဖြစ်မှုများ ရှိခဲ့ကြောင်းလည်း သိရသည်။
အဆိုပါခရီးစဉ်အတွင်း တူရကီနိုင်ငံခြားရေးဝန်ကြီး ဟာကန်ဖီဒန် နှင့် ကာကွယ်ရေးဝန်ကြီး ယာဆာဂူလာတို့သည် ပါကစ္စတန်ဝန်ကြီးချုပ် ရှီဘတ်ရှရစ်ဖ်၊ ပါကစ္စတန်လေတပ်အကြီးအကဲ Zaheer Ahmad Babar တို့အပြင် အခြားအရာရှိများနှင့်တွေ့ဆုံခဲ့ကြောင်းလည်း သိရသည်။ ယာဆာဂူလာ နှင့် Zaheer Ahmad Babar တို့သည် ဒေသအတွင်း ကာကွယ်ရေးနှင့် လုံ ခြုံရေးအပြင် ကာကွယ်ရေးစက်မှုလုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်ရေး ကဏ္ဍများကို ဆွေးနွေးခဲ့ကြကြောင်း တူရကီကာကွယ်ရေးဝန်ကြီးဌာနက ဆွေးနွေးပွဲအပြီးတွင် ထုတ်ပြန်ပြော ကြားခဲ့သည်။
ထို့ပြင် အဆင့်မြင့်လေ့ကျင့်ရေးစစ်ဆင်ရေးများနှင့် လေကြောင်းနည်းပညာများတွင် ဆက်ဆံရေးများကို မြှင့်တင် လိုသည့် ပါကစ္စတန်၏ဆန္ဒများကို Zaheer Ahmad Babar က ထုတ်ဖော်ပြသခဲ့ကြောင်း တူရကီကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
Zaheer Ahmad Babar သည် လေကြောင်း နှင့် ဒရုန်းများ အပါအဝင် ကာကွယ်ရေးစက်မှုလုပ်ငန်းတွင် ပူးတွဲပရောဂျက်များ၏ အရေးပါမှုကိုလည်း အလေးပေးပြောကြားခဲ့ကြောင်း တူရကီကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောကြားခဲ့သည်။

Zawgyi Version:
ကာကြယ္ေရး ႏွင့္ စြမ္းအင္ဆိုင္ရာပူးေပါင္းေဆာင္႐ြက္မႈမ်ားကို တူရကီႏွင့္ ပါကစၥတန္တို႔ေဆြးေႏြး
Pika (NP News) - ဇူလိုင္ ၁၂
တူရကီႏိုင္ငံျခားေရးဝန္ႀကီးႏွင့္ ကာကြယ္ေရးဝန္ႀကီးတို႔သည္ ပါကစၥတန္ႏိုင္ငံကို သြားေရာက္လည္ပတ္စဥ္အခ်ိန္ အတြင္း ကာကြယ္ေရးႏွင့္စြမ္းအင္ဆိုင္ရာပူးေပါင္းေဆာင္႐ြက္မႈမ်ားကို ပါကစၥတန္အရာရွိမ်ားႏွင့္ ေဆြးေႏြးခဲ့ၾက ေၾကာင္း သိရသည္။ တူရကီ ႏွင့္ ပါကစၥတန္ႏိုင္ငံၾကားတြင္ ခိုင္မာေသာဆက္ဆံေရးမ်ားရွိၿပီး ၿပီးခဲ့သည့္ေမလက အိႏၵိယႏွင့္ျဖစ္ပြားခဲ့ေသာပဋိပကၡအတြင္း ပါကစၥတန္ႏွင့္စည္းလုံးညီၫြတ္မႈမ်ားကို တူရကီအစိုးရက ထုတ္ေဖာ္ ျပသခဲ့ျခင္းေၾကာင့္ အိႏၵိယအစိုးရဘက္က စိတ္ဆိုးေဒါသျဖစ္မႈမ်ား ရွိခဲ့ေၾကာင္းလည္း သိရသည္။
အဆိုပါခရီးစဥ္အတြင္း တူရကီႏိုင္ငံျခားေရးဝန္ႀကီး ဟာကန္ဖီဒန္ ႏွင့္ ကာကြယ္ေရးဝန္ႀကီး ယာဆာဂူလာတို႔သည္ ပါကစၥတန္ဝန္ႀကီးခ်ဳပ္ ရွီဘတ္ရွရစ္ဖ္၊ ပါကစၥတန္ေလတပ္အႀကီးအကဲ Zaheer Ahmad Babar တို႔အျပင္ အျခားအရာရွိမ်ားႏွင့္ေတြ႕ဆုံခဲ့ေၾကာင္းလည္း သိရသည္။ ယာဆာဂူလာ ႏွင့္ Zaheer Ahmad Babar တို႔သည္ ေဒသအတြင္း ကာကြယ္ေရးႏွင့္ လုံ ၿခဳံေရးအျပင္ ကာကြယ္ေရးစက္မႈလုပ္ငန္းတြင္ ပူးေပါင္းေဆာင္႐ြက္ေရး က႑မ်ားကို ေဆြးေႏြးခဲ့ၾကေၾကာင္း တူရကီကာကြယ္ေရးဝန္ႀကီးဌာနက ေဆြးေႏြးပြဲအၿပီးတြင္ ထုတ္ျပန္ေျပာ ၾကားခဲ့သည္။
ထို႔ျပင္ အဆင့္ျမင့္ေလ့က်င့္ေရးစစ္ဆင္ေရးမ်ားႏွင့္ ေလေၾကာင္းနည္းပညာမ်ားတြင္ ဆက္ဆံေရးမ်ားကို ျမႇင့္တင္ လိုသည့္ ပါကစၥတန္၏ဆႏၵမ်ားကို Zaheer Ahmad Babar က ထုတ္ေဖာ္ျပသခဲ့ေၾကာင္း တူရကီကာကြယ္ေရး ဝန္ႀကီးဌာနက ေျပာၾကားခဲ့သည္။
Zaheer Ahmad Babar သည္ ေလေၾကာင္း ႏွင့္ ဒ႐ုန္းမ်ား အပါအဝင္ ကာကြယ္ေရးစက္မႈလုပ္ငန္းတြင္ ပူးတြဲပေရာဂ်က္မ်ား၏ အေရးပါမႈကိုလည္း အေလးေပးေျပာၾကားခဲ့ေၾကာင္း တူရကီကာကြယ္ေရးဝန္ႀကီးဌာနက ထုတ္ေဖာ္ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.