ဂါဇာအပစ်အခတ်ရပ်စဲရေးကို လာမည့်သီတင်းပတ်(၂)ပတ်အတွင်း ရရှိနိုင်ဖွယ်ရှိကြောင်း အစ္စရေးအစိုးရပြော

56

Pika (NP News) - ဇူလိုင် ၁၂
အစ္စရေးနှင့် ဟားမက်လက်နက်ကိုင်အဖွဲ့တို့သည် ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေးနှင့် ဓါးစာခံလွှတ် ပေးရေးသဘောတူညီချက်တို့ကို ချက်ချင်းရရှိရန် မဖြစ်နိုင်သော်လည်း လာမည့်သီတင်းပတ်(၁)ပတ် သို့မဟုတ် (၂)ပတ်အတွင်း ရရှိနိုင်ဖွယ်ရှိကြောင်း အစ္စရေးအကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
ထို့ပြင် အဆိုပြုထားသောရက်ပေါင်း(၆၀)ကြာ အပစ်အခတ်ရပ်စဲရေးကို နှစ်ဖက်စလုံးက သဘောတူညီခဲ့ပါက အစ္စရေးသည် အမြဲတမ်းအပစ်အခတ်ရပ်စဲရေးအတွက် တွန်းအားပေးမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အစ္စရေးအကြီးတန်းအရာရှိက ပြောကြားခဲ့သည်။
အစ္စရေးအစိုးရသည် ဟားမက်လက်နက်ကိုင်အဖွဲ့၏ လက်နက်ဖျက်သိမ်းရေးကိုလည်း တွန်းအားပေးလုပ်ဆောင် သွားမည်ဖြစ်ကြောင်း အဆိုပါအရာရှိက ထပ်မံပြောကြားခဲ့သည်။ သို့သော်လည်း ဟားမက်လက်နက်ကိုင်အဖွဲ့က အဆိုပြုချက်ကို ငြင်းဆိုခဲ့မည်ဆိုပါက စစ်ဘက်ဆိုင်ရာစစ်ဆင်ရေးများကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အစ္စရေးအရာရှိက ပြောကြားခဲ့သည်။
ထို့ပြင် မကြာသေးမီက လုပ်ဆောင်ခဲ့သော အစ္စရေး၏လေကြောင်းတိုက်ခိုက်မှုများမတိုင်မီ အီရန်အစိုးရသည် Fordow၊ Natanz နှင့် Isfahan မြို့တို့ရှိ နျူကလီးယားစက်ရုံများမှ သန့်စင်ထားသောယူရေနီယမ်များကို ရွှေ့ပြောင်းခဲ့ခြင်းမျိုးမရှိခဲ့ဟု ထောက်လှမ်းရေးအချက်အလက်များက ပြသခဲ့ကြောင်း အဆိုပါအစ္စရေးအရာရှိက ပြောကြားခဲ့သည်။ ၎င်းက ”အီရန်ဟာ Isfahan မြို့မှာရှိတဲ့ယူရေနီယမ်တွေကို သုံးစွဲနေဆဲဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီယူရေနီယမ်တွေဟာ ဖယ်ရှားဖို့ အလွန်ခက်ခဲလို့ပဲဖြစ်ပါတယ်” ဟု ပြောခဲ့သည်။

Zawgyi Version:
ဂါဇာအပစ္အခတ္ရပ္စဲေရးကို လာမည့္သီတင္းပတ္(၂)ပတ္အတြင္း ရရွိႏိုင္ဖြယ္ရွိေၾကာင္း အစၥေရးအစိုးရေျပာ
Pika (NP News) - ဇူလိုင္ ၁၂
အစၥေရးႏွင့္ ဟားမက္လက္နက္ကိုင္အဖြဲ႕တို႔သည္ ဂါဇာကမ္းေျမာင္ေဒသ အပစ္အခတ္ရပ္စဲေရးႏွင့္ ဓါးစာခံလႊတ္ ေပးေရးသေဘာတူညီခ်က္တို႔ကို ခ်က္ခ်င္းရရွိရန္ မျဖစ္ႏိုင္ေသာ္လည္း လာမည့္သီတင္းပတ္(၁)ပတ္ သို႔မဟုတ္ (၂)ပတ္အတြင္း ရရွိႏိုင္ဖြယ္ရွိေၾကာင္း အစၥေရးအႀကီးတန္းအရာရွိတစ္ဦးက ေျပာၾကားခဲ့သည္။
ထို႔ျပင္ အဆိုျပဳထားေသာရက္ေပါင္း(၆၀)ၾကာ အပစ္အခတ္ရပ္စဲေရးကို ႏွစ္ဖက္စလုံးက သေဘာတူညီခဲ့ပါက အစၥေရးသည္ အၿမဲတမ္းအပစ္အခတ္ရပ္စဲေရးအတြက္ တြန္းအားေပးမႈမ်ား လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း အစၥေရးအႀကီးတန္းအရာရွိက ေျပာၾကားခဲ့သည္။
အစၥေရးအစိုးရသည္ ဟားမက္လက္နက္ကိုင္အဖြဲ႕၏ လက္နက္ဖ်က္သိမ္းေရးကိုလည္း တြန္းအားေပးလုပ္ေဆာင္ သြားမည္ျဖစ္ေၾကာင္း အဆိုပါအရာရွိက ထပ္မံေျပာၾကားခဲ့သည္။ သို႔ေသာ္လည္း ဟားမက္လက္နက္ကိုင္အဖြဲ႕က အဆိုျပဳခ်က္ကို ျငင္းဆိုခဲ့မည္ဆိုပါက စစ္ဘက္ဆိုင္ရာစစ္ဆင္ေရးမ်ားကို ဆက္လက္လုပ္ေဆာင္သြားမည္ ျဖစ္ေၾကာင္း အစၥေရးအရာရွိက ေျပာၾကားခဲ့သည္။
ထို႔ျပင္ မၾကာေသးမီက လုပ္ေဆာင္ခဲ့ေသာ အစၥေရး၏ေလေၾကာင္းတိုက္ခိုက္မႈမ်ားမတိုင္မီ အီရန္အစိုးရသည္ Fordow၊ Natanz ႏွင့္ Isfahan ၿမိဳ႕တို႔ရွိ န်ဴကလီးယားစက္႐ုံမ်ားမွ သန႔္စင္ထားေသာယူေရနီယမ္မ်ားကို ေ႐ႊ႕ေျပာင္းခဲ့ျခင္းမ်ိဳးမရွိခဲ့ဟု ေထာက္လွမ္းေရးအခ်က္အလက္မ်ားက ျပသခဲ့ေၾကာင္း အဆိုပါအစၥေရးအရာရွိက ေျပာၾကားခဲ့သည္။ ၎က ”အီရန္ဟာ Isfahan ၿမိဳ႕မွာရွိတဲ့ယူေရနီယမ္ေတြကို သုံးစြဲေနဆဲျဖစ္ႏိုင္ပါတယ္။ ဘာလို႔လဲဆိုေတာ့ အဲဒီယူေရနီယမ္ေတြဟာ ဖယ္ရွားဖို႔ အလြန္ခက္ခဲလို႔ပဲျဖစ္ပါတယ္” ဟု ေျပာခဲ့သည္။