အမေရိကန်က ယူကရိန်းကို စစ်လက်နက်ပစ္စည်းပေးပို့မှုတွေ ပြန်လည်စတင်ခဲ့တယ်လို့ ယူကရိန်းသမ္မတပြော

 145

Pika (NP News) - ဇူလိုင် ၁၃
အမေရိကန်နိုင်ငံဟာ ယူကရိန်းကို စစ်ဘက်ဆိုင်ရာပစ္စည်းထောက်ပံ့မှုတွေကို ပြန်လည်စတင်လိုက်ပြီဖြစ် တယ်လို့ ယူကရိန်းသမ္မတဇီလန်စကီးက အတည်ပြုပြောကြားခဲ့ပါတယ်။ ဒါ့ပြင် ယူကရိန်းစစ်တပ်ခေါင်းဆောင်တွေဟာ လာမယ့်သီတင်းပတ်မှာ အမေရိကန်အထူးသံတမန် ကိတ်ကယ်လော့နဲ့ တွေ့ဆုံမှုတွေလုပ်ဆောင်သွားလိမ့်မယ်လို့ လည်း ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။ ကိတ်ကယ်လော့ဟာ ၎င်းရဲ့သီတင်းပတ်တစ်ပတ်ကြာခရီးစဉ်အတွင်း ယူကရိန်းနိုင်ငံကို ဇူလိုင်လ(၁၄)ရက်မှာ ရောက်ရှိလာနိုင်ဖွယ်ရှိနေတယ်လို့လည်း ယူကရိန်းမီဒီယာတွေက ရေးသားဖော်ပြခဲ့ပါတယ်။
ယူကရိန်းကို အမေရိကန်ဒေါ်လာသန်း(၃၀၀)တန်ဖိုးရှိ စစ်လက်နက်ပစ္စည်းတွေ ပေးပို့ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အတည်ပြုခဲ့ပြီးနောက် ဇီလန်စကီးရဲ့ပြောဆိုချက်တွေထွက်ပေါ်လာတာဖြစ်ပါတယ်။ဒါ့ပြင် ယူကရိန်းကိုပေးပို့မယ့် အမေရိကန်ရဲ့စစ်လက်နက်ပစ္စည်းပေးပို့မှုအသစ်ထဲမှာ ပက်ထရီယော့ဒုံးကျည်တွေနဲ့ တာလတ်ပစ်ဒုံးကျည်တွေ ပါဝင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။
တရားဝင်ထုတ်ပြန်ထားတဲ့သတင်းအချက်အလက်တွေအရ ပက်ထရီယော့ဒုံးကျည်တစ်စင်းအတွက် ကုန်ကျစရိတ် မှာ အမေရိကန်ဒေါ်လာ(၄)သန်းခန့်ရှိတယ်လို့လည်းသိရပါတယ်။

Zawgyi Version:
အေမရိကန္က ယူကရိန္းကို စစ္လက္နက္ပစၥည္းေပးပို႔မႈေတြ ျပန္လည္စတင္ခဲ့တယ္လို႔ ယူကရိန္းသမၼတေျပာ
Pika (NP News) - ဇူလိုင္ ၁၃
အေမရိကန္ႏိုင္ငံဟာ ယူကရိန္းကို စစ္ဘက္ဆိုင္ရာပစၥည္းေထာက္ပံ့မႈေတြကို ျပန္လည္စတင္လိုက္ၿပီျဖစ္ တယ္လို႔ ယူကရိန္းသမၼတဇီလန္စကီးက အတည္ျပဳေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ ယူကရိန္းစစ္တပ္ေခါင္းေဆာင္ေတြဟာ လာမယ့္သီတင္းပတ္မွာ အေမရိကန္အထူးသံတမန္ ကိတ္ကယ္ေလာ့နဲ႔ ေတြ႕ဆုံမႈေတြလုပ္ေဆာင္သြားလိမ့္မယ္လို႔ လည္း ဇီလန္စကီးက ေျပာၾကားခဲ့ပါတယ္။ ကိတ္ကယ္ေလာ့ဟာ ၎ရဲ႕သီတင္းပတ္တစ္ပတ္ၾကာခရီးစဥ္အတြင္း ယူကရိန္းႏိုင္ငံကို ဇူလိုင္လ(၁၄)ရက္မွာ ေရာက္ရွိလာႏိုင္ဖြယ္ရွိေနတယ္လို႔လည္း ယူကရိန္းမီဒီယာေတြက ေရးသားေဖာ္ျပခဲ့ပါတယ္။
ယူကရိန္းကို အေမရိကန္ေဒၚလာသန္း(၃၀၀)တန္ဖိုးရွိ စစ္လက္နက္ပစၥည္းေတြ ေပးပို႔ဖို႔ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က အတည္ျပဳခဲ့ၿပီးေနာက္ ဇီလန္စကီးရဲ႕ေျပာဆိုခ်က္ေတြထြက္ေပၚလာတာျဖစ္ပါတယ္။ဒါ့ျပင္ ယူကရိန္းကိုေပးပို႔မယ့္ အေမရိကန္ရဲ႕စစ္လက္နက္ပစၥည္းေပးပို႔မႈအသစ္ထဲမွာ ပက္ထရီေယာ့ဒုံးက်ည္ေတြနဲ႔ တာလတ္ပစ္ဒုံးက်ည္ေတြ ပါဝင္မွာျဖစ္တယ္လို႔လည္း သိရပါတယ္။
တရားဝင္ထုတ္ျပန္ထားတဲ့သတင္းအခ်က္အလက္ေတြအရ ပက္ထရီေယာ့ဒုံးက်ည္တစ္စင္းအတြက္ ကုန္က်စရိတ္ မွာ အေမရိကန္ေဒၚလာ(၄)သန္းခန႔္ရွိတယ္လို႔လည္းသိရပါတယ္။

Related news

© 2021. All rights reserved.