အဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များနှင့်အညီ အစိုးရဌာနနှင့်ပုဂ္ဂလိကလုပ်ငန်းရှင်များက ဆောင်ရွက်သင့်

 180

ပုံစာ- ရန်ကုန်မြို့တွင် MNBC စနစ်ဖြင့် တည်ဆောက်နေသည့် အဆောက်အအုံတစ်ခု

စော(NP News)-ဇူလိုင် ၁၃
အဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များ (၂၀၂၅) (Myanmar National Building Code-2025)နှင့်အညီ အစိုးရဌာနနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များက လိုက်နာဆောင်ရွက်သင့်ကြောင်း The Statesman ဂျာနယ်က ဆောက်လုပ်ရေးပညာရှင်နှင့် လုပ်ငန်းရှင်များထံ မေးမြန်းထားချက်များအရ သိရသည်။
အဆိုပါ Myanmar National Building Code တွင် အဆောက်အအုံများအား ရေကြီးမှုဒဏ်၊ လေပြင်းတိုက်ခတ်မှုဒဏ်၊ မြေပြိုမှုဒဏ်၊ မြေငလျင်ဒဏ်အစရှိသည့် ဘေးအန္တရာယ်များခံနိုင်ရည်ရှိရန် ဒီဇိုင်းပြုတည်ဆောက်ရမည့်စံနှုန်းများကို သတ်မှတ်ထားပြီး လိုအပ်သည့် အချက်အလက်များ၊ သဘာဝအန္တရာယ်ပြမြေပုံအစရှိသည်တို့ကို ထည့်သွင်းထားကြောင်းသိရသည်။
ယင်းMNBC 2025ကို မြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာတို့ဖြင့် ပုံနှိပ်ထားရှိပြီဖြစ်၍ အဆောက်အအုံတည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လိုက်နာကျင့်သုံးရန် ဆောက်လုပ်‌ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးက ညွှန်ကြားထားကြောင်း သိရသည်။
ထို့ကြောင့် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီတွင် မှတ်ပုံတင်ထားသော လက်မှတ်ရ အင်ဂျင်နီယာအားလုံးသည် ဇူလိုင်လ (၁)ရက်နေ့မှ စတင်၍ အဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များကို လို က်နာကျင့်သုံးရမည်ဖြစ်ကြောင်း ယခုရက်ပိုင်းတွင် ထုတ်ပြန်ထားသည်။
“အခုအခြေအနေမှာပြင်ရမဲ့ဟာတွေဖြစ်တဲ့အတွက် လုပ်တာကောင်းပါတယ်။ အဲဒါတွေက လိုက်လည်းလိုက်နာရမဲ့ဟာပဲ။ ဒါပေမဲ့ တချို့ဆောက်လုပ်ရေးသမားတွေကတော့ အဲဒီအတိုင်းလုပ်ရင် ကုန်ကျစရိတ်ကုန်မယ်တို့၊ ကာစတန်မာတွေ ဝယ်နိုင်မလား စိုးရိမ်တာပေါ့။ ဒါပေမဲ့လည်း ကာစတန်မာကို Knowledge ပေးပြီးတော့ ဒါတွေက ဈေးကို ပြန်ပြင်ရမဲ့ ပုံစံပဲပေါ့နော်။ အမှန်တော့ ဒီနေ့အထိက ဈေးနည်းတယ်ဆိုပြီးဖြစ်ခဲ့ပေမဲ့ အသက်တွေက တည်ဆောက်ခဲ့တယ်ဟာတွေက စိတ်မချရဘူးလေနော်“ ဟု ဝါရင့်ဆောက်လုပ်ရေးပညာရှင်တစ်ဦးက The Statesman ဂျာနယ်ကိုပြောသည်။
လက်ရှိတွင် ရန်ကုန်မြို့နှင့် မန္တလေးမြို့များရှိ (၁၂)ထပ်နှင့်အထက် အဆောက်အအုံများသည် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီက ကြီးကြပ်သည့်အတွက် အဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များ(MNBC) ဖြင့် လိုက်နာကျင့်သုံးလျက်ရှိကြောင်း သိရသည်။
“MNBC ကတော့ အထူးအဆန်းတော့မဟုတ်ဘူး။ (၁၂)ထပ်နှင့်အထပ်တွေမှာ နဂိုထဲက ကျင့်သုံးနေတာပဲ။ အခုအသစ်က နည်းနည်းပဲပြောင်းတာ။အခုကတော့ အကုန်လုံးထည့်ခိုင်းမဲ့ပုံရှိတယ်။ (၆)ထပ်တွေ၊ (၈)ထပ်တွေမှာ စလုပ်ရမဲ့ပုံဖြစ်သွားတာပေါ့”ဟု ၎င်းကဆက်လက်ပြောသည်။
ထို့ပြင် မြန်မာနိုင်ငံဗိသုကာကောင်စီတွင် မှတ်ပုံတင်ထားသော အကြီးတန်းလိုင်စင်ရဗိသုကာ၊ လိုင်စင်ရ ဗိသုကာနှင့် မှတ်ပုံတင်ဗိသုကာများအားလုံးအနေဖြင့် ဇူလိုင်(၁)ရက်နေ့မှစ၍ လိုက်နာကျင့်သုံးရမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသေးသည်။
“အဓိက ဌာနကလုပ်တဲ့လုပ်ငန်းတွေလည်း ဒီစံချိန်စံညွှန်းနဲ့ကိုက်ညီဖို့လိုတာပေါ့နော်။ ဌာနက ဘာဖြစ်လို့လဲဆိုတော့ ရန်ကုန်ကလူတွေကအဲဒါ သိပ်မသိဘူး။ တိုင်းဒေသကြီးကလူတွေကပိုသိတယ်။ ဌာနကလုပ်ငန်းတွေ ဝင်လုပ်တာကို အဆောက်အအုံတွေဝင်ဆောက်တယ်။ လမ်းတွေ ဝင်ရှင်းတယ်။ တံတားတွေဝင်ဆောက်တယ်။ သူတို့တွေဝင်လုပ်ရင် တင်ဒါတွေမခေါ်ဘူးလေ။ သူတို့ကိုယ်တိုင်က လိုက်နာဖို့လိုတာပေါ့”ဟု တင်ဒါဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
အဆိုပါ အဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းမရှိသည့်ဆောက်လုပ်ရေးလုပ်ငန်းများကို အရေးယူခြင်းနှင့်ပတ်သက်၍လည်း သက်ဆိုင်ရာမှ ထုတ်ပြန်သင့်ကြောင်း ၎င်းကတိုက်တွန်းပြောသည်။

Zawgyi Version:
အေဆာက္အအုံဆိုင္ရာ စံခ်ိန္စံၫႊန္းလမ္းၫႊန္ခ်က္မ်ားႏွင့္အညီ အစိုးရဌာနႏွင့္ပုဂၢလိကလုပ္ငန္းရွင္မ်ား က ေဆာင္႐ြက္သင့္
ေစာ(NP News)-ဇူလိုင္ ၁၃
အေဆာက္အအုံဆိုင္ရာ စံခ်ိန္စံၫႊန္းလမ္းၫႊန္ခ်က္မ်ား (၂၀၂၅) (Myanmar National Building Code-2025)ႏွင့္အညီ အစိုးရဌာနႏွင့္ ပုဂၢလိက လုပ္ငန္းရွင္မ်ားက လိုက္နာေဆာင္႐ြက္သင့္ေၾကာင္း The Statesman ဂ်ာနယ္က ေဆာက္လုပ္ေရးပညာရွင္ႏွင့္ လုပ္ငန္းရွင္မ်ားထံ ေမးျမန္းထားခ်က္မ်ားအရ သိရသည္။
အဆိုပါ Myanmar National Building Code တြင္ အေဆာက္အအုံမ်ားအား ေရႀကီးမႈဒဏ္၊ ေလျပင္းတိုက္ခတ္မႈဒဏ္၊ ေျမၿပိဳမႈဒဏ္၊ ေျမငလ်င္ဒဏ္အစရွိသည့္ ေဘးအႏၲရာယ္မ်ားခံႏိုင္ရည္ရွိရန္ ဒီဇိုင္းျပဳတည္ေဆာက္ရမည့္စံႏႈန္းမ်ားကို သတ္မွတ္ထားၿပီး လိုအပ္သည့္ အခ်က္အလက္မ်ား၊ သဘာဝအႏၲရာယ္ျပေျမပုံအစရွိသည္တို႔ကို ထည့္သြင္းထားေၾကာင္းသိရသည္။
ယင္းMNBC 2025ကို ျမန္မာဘာသာႏွင့္ အဂၤလိပ္ဘာသာတို႔ျဖင့္ ပုံႏွိပ္ထားရွိၿပီျဖစ္၍ အေဆာက္အအုံတည္ေဆာက္ေရးလုပ္ငန္းမ်ားေဆာင္႐ြက္ရာတြင္ လိုက္နာက်င့္သုံးရန္ ေဆာက္လုပ္‌ေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး႐ုံးက ၫႊန္ၾကားထားေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ျမန္မာႏိုင္ငံအင္ဂ်င္နီယာေကာင္စီတြင္ မွတ္ပုံတင္ထားေသာ လက္မွတ္ရ အင္ဂ်င္နီယာအားလုံးသည္ ဇူလိုင္လ (၁)ရက္ေန႔မွ စတင္၍ အေဆာက္အအုံဆိုင္ရာ စံခ်ိန္စံၫႊန္းလမ္းၫႊန္ခ်က္မ်ားကို လို က္နာက်င့္သုံးရမည္ျဖစ္ေၾကာင္း ယခုရက္ပိုင္းတြင္ ထုတ္ျပန္ထားသည္။
“အခုအေျခအေနမွာျပင္ရမဲ့ဟာေတြျဖစ္တဲ့အတြက္ လုပ္တာေကာင္းပါတယ္။ အဲဒါေတြက လိုက္လည္းလိုက္နာရမဲ့ဟာပဲ။ ဒါေပမဲ့ တခ်ိဳ႕ေဆာက္လုပ္ေရးသမားေတြကေတာ့ အဲဒီအတိုင္းလုပ္ရင္ ကုန္က်စရိတ္ကုန္မယ္တို႔၊ ကာစတန္မာေတြ ဝယ္ႏိုင္မလား စိုးရိမ္တာေပါ့။ ဒါေပမဲ့လည္း ကာစတန္မာကို Knowledge ေပးၿပီးေတာ့ ဒါေတြက ေဈးကို ျပန္ျပင္ရမဲ့ ပုံစံပဲေပါ့ေနာ္။ အမွန္ေတာ့ ဒီေန႔အထိက ေဈးနည္းတယ္ဆိုၿပီးျဖစ္ခဲ့ေပမဲ့ အသက္ေတြက တည္ေဆာက္ခဲ့တယ္ဟာေတြက စိတ္မခ်ရဘူးေလေနာ္“ ဟု ဝါရင့္ေဆာက္လုပ္ေရးပညာရွင္တစ္ဦးက The Statesman ဂ်ာနယ္ကိုေျပာသည္။
လက္ရွိတြင္ ရန္ကုန္ၿမိဳ႕ႏွင့္ မႏၲေလးၿမိဳ႕မ်ားရွိ (၁၂)ထပ္ႏွင့္အထက္ အေဆာက္အအုံမ်ားသည္ ျမန္မာႏိုင္ငံအင္ဂ်င္နီယာေကာင္စီက ႀကီးၾကပ္သည့္အတြက္ အေဆာက္အအုံဆိုင္ရာ စံခ်ိန္စံၫႊန္းလမ္းၫႊန္ခ်က္မ်ား(MNBC) ျဖင့္ လိုက္နာက်င့္သုံးလ်က္ရွိေၾကာင္း သိရသည္။
“MNBC ကေတာ့ အထူးအဆန္းေတာ့မဟုတ္ဘူး။ (၁၂)ထပ္ႏွင့္အထပ္ေတြမွာ နဂိုထဲက က်င့္သုံးေနတာပဲ။ အခုအသစ္က နည္းနည္းပဲေျပာင္းတာ။အခုကေတာ့ အကုန္လုံးထည့္ခိုင္းမဲ့ပုံရွိတယ္။ (၆)ထပ္ေတြ၊ (၈)ထပ္ေတြမွာ စလုပ္ရမဲ့ပုံျဖစ္သြားတာေပါ့”ဟု ၎ကဆက္လက္ေျပာသည္။
ထို႔ျပင္ ျမန္မာႏိုင္ငံဗိသုကာေကာင္စီတြင္ မွတ္ပုံတင္ထားေသာ အႀကီးတန္းလိုင္စင္ရဗိသုကာ၊ လိုင္စင္ရ ဗိသုကာႏွင့္ မွတ္ပုံတင္ဗိသုကာမ်ားအားလုံးအေနျဖင့္ ဇူလိုင္(၁)ရက္ေန႔မွစ၍ လိုက္နာက်င့္သုံးရမည္ျဖစ္ေၾကာင္းလည္း ထုတ္ျပန္ထားေသးသည္။
“အဓိက ဌာနကလုပ္တဲ့လုပ္ငန္းေတြလည္း ဒီစံခ်ိန္စံၫႊန္းနဲ႔ကိုက္ညီဖို႔လိုတာေပါ့ေနာ္။ ဌာနက ဘာျဖစ္လို႔လဲဆိုေတာ့ ရန္ကုန္ကလူေတြကအဲဒါ သိပ္မသိဘူး။ တိုင္းေဒသႀကီးကလူေတြကပိုသိတယ္။ ဌာနကလုပ္ငန္းေတြ ဝင္လုပ္တာကို အေဆာက္အအုံေတြဝင္ေဆာက္တယ္။ လမ္းေတြ ဝင္ရွင္းတယ္။ တံတားေတြဝင္ေဆာက္တယ္။ သူတို႔ေတြဝင္လုပ္ရင္ တင္ဒါေတြမေခၚဘူးေလ။ သူတို႔ကိုယ္တိုင္က လိုက္နာဖို႔လိုတာေပါ့”ဟု တင္ဒါေဆာက္လုပ္ေရးလုပ္ငန္းရွင္တစ္ဦးက ေျပာသည္။
အဆိုပါ အေဆာက္အအုံဆိုင္ရာ စံခ်ိန္စံၫႊန္းလမ္းၫႊန္ခ်က္မ်ားႏွင့္အညီ လိုက္နာေဆာင္႐ြက္ျခင္းမရွိသည့္ေဆာက္လုပ္ေရးလုပ္ငန္းမ်ားကို အေရးယူျခင္းႏွင့္ပတ္သက္၍လည္း သက္ဆိုင္ရာမွ ထုတ္ျပန္သင့္ေၾကာင္း ၎ကတိုက္တြန္းေျပာသည္။

Related news

© 2021. All rights reserved.