နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ပေးစက်ရုံများတည်ဆောက်ရေးအတွက် မြန်မာ - ရုရှားဆွေးနွေး

389

Pearl (NP News) - ဇူလိုင် ၁၅
နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ပေးစက်ရုံများတည်ဆောက်ရေးအတွက် မြန်မာ - ရုရှား နှစ်နိုင်ငံကြား ဆွေးနွေးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
ယမန်နေ့ (ဇူလိုင်လ ၁၄ရက်) က နစကအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး နှင့် ရုရှား နိုင်ငံ ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့ (Fund RC- Investments) ၏ ညွှန်ကြားရေးမှူး Alexander Sergeevich Shatirov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံစဉ် ရုရှားနိုင်ငံက အိန္ဒိယနိုင်ငံမွမ်ဘိုင်းဆိပ်ကမ်းမှ ရန်ကုန်ဆိပ်ကမ်းသို့ချိတ်ဆက်၍ ကုန်သွယ်မှုလမ်းကြောင်းသစ်တိုးချဲ့ရေး၊ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့နှင့် ပူးပေါင်းဆောင် ရွက်လျက်ရှိသော နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ပေးစက်ရုံများတည်ဆောက်ရေး တို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် အရည်အသွေးကောင်းမွန်သော သဘာဝမြေဩဇာများတင်သွင်းရေး နှင့် အီလက်ထရောနစ် ကူးသန်းရောင်းဝယ်မှုများ မြှင့်တင်ဆောင်ရွက်ရေးအတွက်လည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အလားတူ ငလျင်ဒဏ်ခံနိုင်သော ဆောက်လုပ်ရေးနည်းပညာများ မျှဝေရေးနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းဆိုင်ရာများအပေါ် နှစ်ဖက်အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

Zawgyi Version:
ေနေရာင္ျခည္စြမ္းအင္သုံးလွ်ပ္စစ္ဓာတ္အား ေပးစက္႐ုံမ်ားတည္ေဆာက္ေရးအတြက္ ျမန္မာ - ႐ုရွားေဆြးေႏြး
Pearl (NP News) - ဇူလိုင္ ၁၅
ေနေရာင္ျခည္စြမ္းအင္သုံးလွ်ပ္စစ္ဓာတ္အား ေပးစက္႐ုံမ်ားတည္ေဆာက္ေရးအတြက္ ျမန္မာ - ႐ုရွား ႏွစ္ႏိုင္ငံၾကား ေဆြးေႏြးခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ယမန္ေန႔ (ဇူလိုင္လ ၁၄ရက္) က နစကအဖြဲ႕ဝင္ ဒုတိယဝန္ႀကီးခ်ဳပ္ႏွင့္ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဗိုလ္ခ်ဳပ္ႀကီးျမထြန္းဦး ႏွင့္ ႐ုရွား ႏိုင္ငံ ေရာ့စ္ကြန္ဂရက္ရင္းႏွီးျမႇဳပ္ႏွံမႈရန္ပုံေငြအဖြဲ႕ (Fund RC- Investments) ၏ ၫႊန္ၾကားေရးမႉး Alexander Sergeevich Shatirov ဦးေဆာင္ေသာ ကိုယ္စားလွယ္အဖြဲ႕တို႔ ေတြ႕ဆုံခဲ့ေၾကာင္း သိရသည္။
ထိုသို႔ေတြ႕ဆုံစဥ္ ႐ုရွားႏိုင္ငံက အိႏၵိယႏိုင္ငံမြမ္ဘိုင္းဆိပ္ကမ္းမွ ရန္ကုန္ဆိပ္ကမ္းသို႔ခ်ိတ္ဆက္၍ ကုန္သြယ္မႈလမ္းေၾကာင္းသစ္တိုးခ်ဲ႕ေရး၊ ေရာ့စ္ကြန္ဂရက္ ရင္းႏွီးျမႇဳပ္ႏွံမႈရန္ပုံေငြအဖြဲ႕ႏွင့္ ပူးေပါင္းေဆာင္ ႐ြက္လ်က္ရွိေသာ ေနေရာင္ျခည္စြမ္းအင္သုံးလွ်ပ္စစ္ဓာတ္အား ေပးစက္႐ုံမ်ားတည္ေဆာက္ေရး တို႔ကို ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ အရည္အေသြးေကာင္းမြန္ေသာ သဘာဝေျမဩဇာမ်ားတင္သြင္းေရး ႏွင့္ အီလက္ထေရာနစ္ ကူးသန္းေရာင္းဝယ္မႈမ်ား ျမႇင့္တင္ေဆာင္႐ြက္ေရးအတြက္လည္း ထည့္သြင္းေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
အလားတူ ငလ်င္ဒဏ္ခံႏိုင္ေသာ ေဆာက္လုပ္ေရးနည္းပညာမ်ား မွ်ေဝေရးႏွင့္ ဆက္လက္ ေဆာင္႐ြက္မည့္ လုပ္ငန္းဆိုင္ရာမ်ားအေပၚ ႏွစ္ဖက္အျမင္ခ်င္း ဖလွယ္ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။