မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့ အချို့ နှင့် PDF အဖွဲ့တို့ စစ်ရာဇဝတ်မှုကျူးလွန်နေသော်လည်း နိုင်ငံတကာက နှုတ်ဆိတ်နေ

529

Pearl (NP News)-ဇူလိုင် ၁၇
မြန်မာနိုင်ငံရှိလက်နက်ကိုင်အဖွဲ့ အချို့ နှင့် PDF အဖွဲ့တို့က စစ်ရာဇဝတ်မှုကျူးလွန်နေသော်လည်း နိုင်ငံတကာက နှုတ်ဆိတ်နေ ကြောင်း သေနင်္ဂဗျူဟာအဖွဲ့၏ တာဝန်ရှိသူ ဦးသိန်းထွန်းဦးက NP News သို့ ပြောကြားချက်အရ သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့၌ PDF အဖွဲ့ဝင်များက အမျိုးသား (၄)ဦးကို သေနတ်များဖြင့် ဝိုင်းဝန်းပစ်ခတ်နေသည့် ရုပ်သံတစ်ခု ထွက်ပေါ်လာခဲ့ပြီး အဆိုပါ ရုပ်သံတွင် ဆိုင်ခန်းတစ်ခုအတွင်း၌ အရပ်ဝတ် ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးက ၎င်းအား မပစ်ခတ်ရန် ပြောဆိုနေသော်လည်း PDF အဖွဲ့ဝင်တစ်ဦးက သေနတ်ဖြင့် ခေါင်းကိုတေ့၍ပစ်ခတ်ခဲ့သည် တွေ့ရှိခဲ့ရသည်။
အဆိုပါ ဖြစ်စဉ်သည် ကျောင်းကားလုံခြုံရေး လိုက်စောင့်ပေးပြီးပြန်လာသည့် လုံခြုံရေးတပ်ဖွဲ့ဝင်နှင့် ပြည်သူ့စစ်အဖွဲ့ဝင်အချို့ကို ကန့်ဘလူ ခရိုင် ပကဖက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တပ်ကြပ်ကြီး (၁)ဦး နှင့် ပြည်သူ့စစ် (၃)ဦး သေဆုံးကာ သေနတ် (၃)လက် ရရှိခဲ့ကြောင်း ပြည်ပရောက်မီဒီယာများက ရေးသားဖြန့်ဝေထား သည်ကိုလည်း တွေ့ရသည်။
“ကလေးတွေ ကျောင်းပို့ကျောင်းကြို လုပ်ရင်းနဲ့ဘေးနားက ပါလာတဲ့လူတွေလို့ ပြောထားတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် လုံခြုံရေးအရ လိုက်ပို့တဲ့လူပေါ့။ လက်နက် မပါဘူးဆိုရင်တော့ ပိုဆိုးသွားပြီ။ သတ်ပြီးကာမှ ပြည်သူ့စစ်တွေ လို့ ခေါင်းစဉ် တပ်တာမျိုးလား။ လူတွေကို ပစ်လိုက်ပြီးကာမှ လက်နက်တွေက ဘယ်ကမဆို ဆွဲထုတ်ပြီး ပြလို့ရတယ်လေ။ ဖြစ်နိုင်ချေက အများကြီးရှိတယ်။ အခု လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်နေကြတဲ့ တချို့သော လက်နက်ကိုင်အဖွဲ့တွေနဲ့ PDF တွေရဲ့ လုပ်တဲ့ လုပ်ရပ်တွေ အကုန်လုံးက အကြမ်းဖက်လုပ်ရပ်ကို တော်တော်ကြီးကို တွင်တွင်ကျယ်ကျယ်လုပ်နေကြတာ။ စစ်ရာဇဝတ်မှုမြောက် လားဆိုတာ ပြောစရာကိုမလိုဘူး။ စစ်ရာဇဝတ်မှု က စလုပ်ကတည်းကကို မြောက်နေကြတာ” ဟု ဦးသိန်းထွန်းဦးက The Statesman ဂျာနယ်သို့ ပြောသည်။
နိုင်ငံတကာအနေဖြင့် တပ်မတော်၏ အချို့သော လုပ်ငန်းစဉ်များကို စစ်ရာဇဝတ်မှုမြောက်ကြောင်း ပြောဆိုကြသော်လည်း တပ်မတော်နှင့် နိုင်ငံတော်ကို ပျက်စီးရာ ပျက်စီးကြောင်း ဆောင်ရွက်နေသည့် လက်နက်ကိုင်အဖွဲ့အချို့နှင့် PDF အဖွဲ့၏ စစ်ရာဇဝတ်မှု ကျူးလွန်သည့် လုပ်ရပ်များကို လျစ်လျူရှုထားကြောင်း သိရသည်။
“တပ်မတော်ကဲ့သို့ တရားဝင် လက်နက်ကိုင်အဖွဲ့အစည်း မဟုတ်ဘဲနဲ့ ကိုယ့် ဘာသာ လက်နက်ကိုင်ပြီးတော့ စစ်ရာဇဝတ်မှု ကျူးလွန်နေတဲ့လူတွေကို ဘာလို့ မပြောလဲဆိုရင် ရှင်းရှင်းလေး။ နိုင်ငံ တစ်ခုက အထူးသဖြင့် မြန်မာနိုင်ငံပဲပေါ့လေ။ ဘယ်သူပဲ ဖြစ်ဖြစ် အုပ်စိုးချင်တဲ့အချိန်၊ အာဏာထိန်းချုပ်ချင်တဲ့အချိန် ၊ လွှမ်းမိုးချင်တဲ့အချိန်ကျရင် အဲဒီလုပ်ငန်းစဉ်တွေကို ပြန်ပြီးတော့ ကာကွယ်နိုင်တာ တပ်မတော် တစ်ရပ်ပဲ ရှိတာကိုး။ အဲဒီတော့ တပ်မတော်တစ်ရပ်ကိုပဲ ရနိုင်လောက်တဲ့ စွပ်စွဲမှုတွေ လုပ်ဆောင်မှုတွေ သွေးခွဲမှုတွေ သူတို့ လုပ်ကြတာ။ ကျန်တဲ့အဖွဲ့အစည်းတွေ ဘာလို့ မလုပ်လဲ ဆိုရင် တပ်မတော်နဲ့ တိုင်းပြည်ကို ပျက်စီးရာ ပျက်စီးကြောင်းလုပ်တဲ့အခါမှာ တစ်ခုခုလုပ်တဲ့အခါ လျစ်လျူရှုထားတဲ့သဘောပေါ့နော်။ ဒါက နိုင်ငံတကာက မညီမျှတဲ့အပိုင်းပါ” ဟု ဦးသိန်းထွန်းဦးက ဆက်လက်ပြောသည်။

Zawgyi Version:
ျမန္မာႏိုင္ငံရွိ လက္နက္ကိုင္အဖြဲ႕ အခ်ိဳ႕ ႏွင့္ PDF အဖြဲ႕တို႔ စစ္ရာဇဝတ္မႈက်ဴးလြန္ေနေသာ္လည္း ႏိုင္ငံတကာက ႏႈတ္ဆိတ္ေန
Pearl (NP News)-ဇူလိုင္ ၁၇
ျမန္မာႏိုင္ငံရွိလက္နက္ကိုင္အဖြဲ႕ အခ်ိဳ႕ ႏွင့္ PDF အဖြဲ႕တို႔က စစ္ရာဇဝတ္မႈက်ဴးလြန္ေနေသာ္လည္း ႏိုင္ငံတကာက ႏႈတ္ဆိတ္ေန ေၾကာင္း ေသနဂၤဗ်ဴဟာအဖြဲ႕၏ တာဝန္ရွိသူ ဦးသိန္းထြန္းဦးက The Statesman ဂ်ာနယ္သို႔ ေျပာၾကားခ်က္အရ သိရသည္။
ၿပီးခဲ့သည့္ ရက္ပိုင္းက စစ္ကိုင္းတိုင္းေဒသႀကီး၊ ကန္႔ဘလူၿမိဳ႕နယ္၊ ဇီးကုန္းၿမိဳ႕၌ PDF အဖြဲ႕ဝင္မ်ားက အမ်ိဳးသား (၄)ဦးကို ေသနတ္မ်ားျဖင့္ ဝိုင္းဝန္းပစ္ခတ္ေနသည့္ ႐ုပ္သံတစ္ခု ထြက္ေပၚလာခဲ့ၿပီး အဆိုပါ ႐ုပ္သံတြင္ ဆိုင္ခန္းတစ္ခုအတြင္း၌ အရပ္ဝတ္ ဝတ္ဆင္ထားသည့္ အမ်ိဳးသားတစ္ဦးက ၎အား မပစ္ခတ္ရန္ ေျပာဆိုေနေသာ္လည္း PDF အဖြဲ႕ဝင္တစ္ဦးက ေသနတ္ျဖင့္ ေခါင္းကိုေတ့၍ပစ္ခတ္ခဲ့သည္ ေတြ႕ရွိခဲ့ရသည္။
အဆိုပါ ျဖစ္စဥ္သည္ ေက်ာင္းကားလုံၿခဳံေရး လိုက္ေစာင့္ေပးၿပီးျပန္လာသည့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ႏွင့္ ျပည္သူ႔စစ္အဖြဲ႕ဝင္အခ်ိဳ႕ကို ကန႔္ဘလူ ခ႐ိုင္ ပကဖက တိုက္ခိုက္ခဲ့ျခင္းျဖစ္ၿပီး တပ္ၾကပ္ႀကီး (၁)ဦး ႏွင့္ ျပည္သူ႔စစ္ (၃)ဦး ေသဆုံးကာ ေသနတ္ (၃)လက္ ရရွိခဲ့ေၾကာင္း ျပည္ပေရာက္မီဒီယာမ်ားက ေရးသားျဖန႔္ေဝထား သည္ကိုလည္း ေတြ႕ရသည္။
“ကေလးေတြ ေက်ာင္းပို႔ေက်ာင္းႀကိဳ လုပ္ရင္းနဲ႔ေဘးနားက ပါလာတဲ့လူေတြလို႔ ေျပာထားတယ္။ ဘယ္လိုပဲ ျဖစ္ျဖစ္ လုံၿခဳံေရးအရ လိုက္ပို႔တဲ့လူေပါ့။ လက္နက္ မပါဘူးဆိုရင္ေတာ့ ပိုဆိုးသြားၿပီ။ သတ္ၿပီးကာမွ ျပည္သူ႔စစ္ေတြ လို႔ ေခါင္းစဥ္ တပ္တာမ်ိဳးလား။ လူေတြကို ပစ္လိုက္ၿပီးကာမွ လက္နက္ေတြက ဘယ္ကမဆို ဆြဲထုတ္ၿပီး ျပလို႔ရတယ္ေလ။ ျဖစ္ႏိုင္ေခ်က အမ်ားႀကီးရွိတယ္။ အခု လက္ရွိ ျမန္မာႏိုင္ငံမွာ ျဖစ္ေနၾကတဲ့ တခ်ိဳ႕ေသာ လက္နက္ကိုင္အဖြဲ႕ေတြနဲ႔ PDF ေတြရဲ႕ လုပ္တဲ့ လုပ္ရပ္ေတြ အကုန္လုံးက အၾကမ္းဖက္လုပ္ရပ္ကို ေတာ္ေတာ္ႀကီးကို တြင္တြင္က်ယ္က်ယ္လုပ္ေနၾကတာ။ စစ္ရာဇဝတ္မႈေျမာက္ လားဆိုတာ ေျပာစရာကိုမလိုဘူး။ စစ္ရာဇဝတ္မႈ က စလုပ္ကတည္းကကို ေျမာက္ေနၾကတာ” ဟု ဦးသိန္းထြန္းဦးက The Statesman ဂ်ာနယ္သို႔ ေျပာသည္။
ႏိုင္ငံတကာအေနျဖင့္ တပ္မေတာ္၏ အခ်ိဳ႕ေသာ လုပ္ငန္းစဥ္မ်ားကို စစ္ရာဇဝတ္မႈေျမာက္ေၾကာင္း ေျပာဆိုၾကေသာ္လည္း တပ္မေတာ္ႏွင့္ ႏိုင္ငံေတာ္ကို ပ်က္စီးရာ ပ်က္စီးေၾကာင္း ေဆာင္႐ြက္ေနသည့္ လက္နက္ကိုင္အဖြဲ႕အခ်ိဳ႕ႏွင့္ PDF အဖြဲ႕၏ စစ္ရာဇဝတ္မႈ က်ဴးလြန္သည့္ လုပ္ရပ္မ်ားကို လ်စ္လ်ဴရႈထားေၾကာင္း သိရသည္။
“တပ္မေတာ္ကဲ့သို႔ တရားဝင္ လက္နက္ကိုင္အဖြဲ႕အစည္း မဟုတ္ဘဲနဲ႔ ကိုယ့္ ဘာသာ လက္နက္ကိုင္ၿပီးေတာ့ စစ္ရာဇဝတ္မႈ က်ဴးလြန္ေနတဲ့လူေတြကို ဘာလို႔ မေျပာလဲဆိုရင္ ရွင္းရွင္းေလး။ ႏိုင္ငံ တစ္ခုက အထူးသျဖင့္ ျမန္မာႏိုင္ငံပဲေပါ့ေလ။ ဘယ္သူပဲ ျဖစ္ျဖစ္ အုပ္စိုးခ်င္တဲ့အခ်ိန္၊ အာဏာထိန္းခ်ဳပ္ခ်င္တဲ့အခ်ိန္ ၊ လႊမ္းမိုးခ်င္တဲ့အခ်ိန္က်ရင္ အဲဒီလုပ္ငန္းစဥ္ေတြကို ျပန္ၿပီးေတာ့ ကာကြယ္ႏိုင္တာ တပ္မေတာ္ တစ္ရပ္ပဲ ရွိတာကိုး။ အဲဒီေတာ့ တပ္မေတာ္တစ္ရပ္ကိုပဲ ရႏိုင္ေလာက္တဲ့ စြပ္စြဲမႈေတြ လုပ္ေဆာင္မႈေတြ ေသြးခြဲမႈေတြ သူတို႔ လုပ္ၾကတာ။ က်န္တဲ့အဖြဲ႕အစည္းေတြ ဘာလို႔ မလုပ္လဲ ဆိုရင္ တပ္မေတာ္နဲ႔ တိုင္းျပည္ကို ပ်က္စီးရာ ပ်က္စီးေၾကာင္းလုပ္တဲ့အခါမွာ တစ္ခုခုလုပ္တဲ့အခါ လ်စ္လ်ဴရႈထားတဲ့သေဘာေပါ့ေနာ္။ ဒါက ႏိုင္ငံတကာက မညီမွ်တဲ့အပိုင္းပါ” ဟု ဦးသိန္းထြန္းဦးက ဆက္လက္ေျပာသည္။