ဇူလိုင် ၂၅ ရက်နောက်ဆုံးထား၍ ဖြေရှင်းချက်နှင့်အတူ အခကြေးငွေ မပေးဆောင်ပါက ဆက်သွယ်ရေးကုမ္ပဏီ (၄)ခုကို လုပ်ငန်းလိုင်စင်ပယ်ဖျက်မည်

 2198

Pearl (NP News) - ဇူလိုင် ၁၇

ဇူလိုင် ၂၅ ရက် နောက်ဆုံးထား၍ ဖြေရှင်းချက်နှင့်အတူ သက်ဆိုင်ရာအခကြေးငွေ မပေးဆောင်ပါက ကုမ္ပဏီ(၄)ခုကို လုပ်ငန်းလိုင်စင်ပယ်ဖျက်မည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန က ထုတ်ပြန်ထားသည်။
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ရရှိသူများက ဆက်သွယ်ရေးဥပဒေ၊ နည်းဥပဒေများ၊ လိုင်စင်ပါစည်းကမ်းချက်များ၊ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်မှုမရှိခြင်းအပေါ် ဥပဒေ၊ နည်းဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် Everlasting Rainbow Construction Co., Ltd၊ Myanmar Golden 11 Investment International Co., Ltd ၊ Tai Telecom Development (TTD) Co., Ltd နှင့် VNG Myanmar Co., Ltd တို့အနေဖြင့် ဆက်သွယ်ရေးဥပဒေပုဒ်မ(၁၅) အရ လိုင်စင်ရရှိသူများလိုက်နာဆောင်ရွက်ရမည့်တာဝန်များအား လိုက်နာရန်ပျက်ကွက်ခြင်း၊ လိုင်စင်စည်းကမ်းချက်များအရပေးပို့တင်ပြရမည့် လုပ်ငန်း ဆောင်ရွက်ထားရှိမှု သုံးလပတ်အစီရင်ခံစာပေးပို့တင်ပြမှုမရှိခြင်း၊ လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ နည်းဥပဒေအပိုဒ် ၂၄(က) (၃)အရ ပေးဆောင်ရမည့် သက်ဆိုင်သောဝင်ငွေ၏ ရာခိုင်နှုန်းကိုအခြေခံသည့် နှစ်စဉ်ကြေးများအားပေး ဆောင်မှုမရှိခြင်းတို့အတွက် လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာနည်းဥပဒေများအပိုဒ် ၄၁(၄) နှင့်အညီ လိုင်စင်ကို ပယ်ဖျက်မည် ဖြစ်ကြောင်း အသိပေးထားသည်။
လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာနည်းဥပဒေများ အပိုဒ် ၃၉(က) (၂) အရ ထိုက်သင့်သော အခွင့်အရေးပေးသည့်အနေဖြင့် ဇူလိုင် ၂၅ ရက်နောက်ဆုံးထား၍ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသို့ဖြေရှင်းချက်နှင့်အတူ ပေးဆောင်ရမည့် သက်ဆိုင်ရာအခကြေးငွေများကိုလာရောက်ပေးသွင်းပါရန်နှင့် သတ်မှတ်ကာလထိ ဖြေရှင်းတင်ပြလာခြင်းမရှိပါက လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာနည်းဥပဒေများအပိုဒ် ၄၁(၄)နှင့်အညီ လိုင်စင်ကို ပယ်ဖျက်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အသေးစိတ်သိရှိလိုပါက ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ရုံးအမှတ်(၂) နေပြည်တော်သို့ လူကိုယ်တိုင်သော်လည်းကောင်း၊ တယ်လီဖုန်းအမှတ် ၀၆၇-၃၄၀၇၄၇၉ သို့လည်းကောင်း စုံစမ်းမေးမြန်းနိုင်ကြောင်းလည်း သိရသည်။

Zawgyi Version:
ဇူလိုင္ ၂၅ ရက္ေနာက္ဆုံးထား၍ ေျဖရွင္းခ်က္ႏွင့္အတူ အခေၾကးေငြ မေပးေဆာင္ပါက ဆက္သြယ္ေရးကုမၸဏီ (၄)ခုကို လုပ္ငန္းလိုင္စင္ပယ္ဖ်က္မည္
Pearl (NP News) - ဇူလိုင္ ၁၇

ဇူလိုင္ ၂၅ ရက္ ေနာက္ဆုံးထား၍ ေျဖရွင္းခ်က္ႏွင့္အတူ သက္ဆိုင္ရာအခေၾကးေငြ မေပးေဆာင္ပါက ကုမၸဏီ(၄)ခုကို လုပ္ငန္းလိုင္စင္ပယ္ဖ်က္မည္ျဖစ္ေၾကာင္း ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာန၊ ဆက္သြယ္ေရးၫႊန္ၾကားမႈဦးစီးဌာန က ထုတ္ျပန္ထားသည္။
ဆက္သြယ္ေရးၫႊန္ၾကားမႈဦးစီးဌာနသည္ ဆက္သြယ္ေရးဝန္ေဆာင္မႈလုပ္ငန္းလိုင္စင္ရရွိသူမ်ားက ဆက္သြယ္ေရးဥပေဒ၊ နည္းဥပေဒမ်ား၊ လိုင္စင္ပါစည္းကမ္းခ်က္မ်ား၊ ၫႊန္ၾကားခ်က္မ်ားကို လိုက္နာေဆာင္႐ြက္မႈမရွိျခင္းအေပၚ ဥပေဒ၊ နည္းဥပေဒပါျပ႒ာန္းခ်က္မ်ားႏွင့္အညီ အေရးယူမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ Everlasting Rainbow Construction Co., Ltd၊ Myanmar Golden 11 Investment International Co., Ltd ၊ Tai Telecom Development (TTD) Co., Ltd ႏွင့္ VNG Myanmar Co., Ltd တို႔အေနျဖင့္ ဆက္သြယ္ေရးဥပေဒပုဒ္မ(၁၅) အရ လိုင္စင္ရရွိသူမ်ားလိုက္နာေဆာင္႐ြက္ရမည့္တာဝန္မ်ားအား လိုက္နာရန္ပ်က္ကြက္ျခင္း၊ လိုင္စင္စည္းကမ္းခ်က္မ်ားအရေပးပို႔တင္ျပရမည့္ လုပ္ငန္း ေဆာင္႐ြက္ထားရွိမႈ သုံးလပတ္အစီရင္ခံစာေပးပို႔တင္ျပမႈမရွိျခင္း၊ လိုင္စင္ထုတ္ေပးျခင္းဆိုင္ရာ နည္းဥပေဒအပိုဒ္ ၂၄(က) (၃)အရ ေပးေဆာင္ရမည့္ သက္ဆိုင္ေသာဝင္ေငြ၏ ရာခိုင္ႏႈန္းကိုအေျခခံသည့္ ႏွစ္စဥ္ေၾကးမ်ားအားေပး ေဆာင္မႈမရွိျခင္းတို႔အတြက္ လိုင္စင္ထုတ္ေပးျခင္းဆိုင္ရာနည္းဥပေဒမ်ားအပိုဒ္ ၄၁(၄) ႏွင့္အညီ လိုင္စင္ကို ပယ္ဖ်က္မည္ ျဖစ္ေၾကာင္း အသိေပးထားသည္။
လိုင္စင္ထုတ္ေပးျခင္းဆိုင္ရာနည္းဥပေဒမ်ား အပိုဒ္ ၃၉(က) (၂) အရ ထိုက္သင့္ေသာ အခြင့္အေရးေပးသည့္အေနျဖင့္ ဇူလိုင္ ၂၅ ရက္ေနာက္ဆုံးထား၍ ဆက္သြယ္ေရးၫႊန္ၾကားမႈဦးစီးဌာနသို႔ေျဖရွင္းခ်က္ႏွင့္အတူ ေပးေဆာင္ရမည့္ သက္ဆိုင္ရာအခေၾကးေငြမ်ားကိုလာေရာက္ေပးသြင္းပါရန္ႏွင့္ သတ္မွတ္ကာလထိ ေျဖရွင္းတင္ျပလာျခင္းမရွိပါက လိုင္စင္ထုတ္ေပးျခင္းဆိုင္ရာနည္းဥပေဒမ်ားအပိုဒ္ ၄၁(၄)ႏွင့္အညီ လိုင္စင္ကို ပယ္ဖ်က္သြားမည္ျဖစ္ေၾကာင္းလည္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
အေသးစိတ္သိရွိလိုပါက ဆက္သြယ္ေရးၫႊန္ၾကားမႈဦးစီးဌာန ႐ုံးအမွတ္(၂) ေနျပည္ေတာ္သို႔ လူကိုယ္တိုင္ေသာ္လည္းေကာင္း၊ တယ္လီဖုန္းအမွတ္ ၀၆၇-၃၄၀၇၄၇၉ သို႔လည္းေကာင္း စုံစမ္းေမးျမန္းႏိုင္ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.