“အကျပ်အတည်းများကြားက အညာမြေဘဝများ”

29

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်းရှိ ကျောက်ပန်းတောင်းမြို့နယ်သည် ယခင်က အညာဒေသအလျောက် လယ်ယာနှင့် ထန်းတောလုပ်ငန်းတို့ဖြင့် အေးချမ်းစွာနေထိုင်ခဲ့သည့် ဒေသတစ်ခု ဖြစ်ခဲ့သည်။ လက်ရှိတွင်မူ အညာ င်္ဏီ လက်နက်ကိုင်များကြောင့် ဒေသတွင်းစီးပွားရေး၊ လူမှုရေးတို့ များ စွာ ထိခိုက်ကာ အကြမ်းဖက်သတ်ဖြတ်ခံရမှုများလည်း ဖြစ်ပွားနေကြောင်း သိရသည်။ ထို့ပြင် တိုက်ပွဲ များကြောင့် ဒေသခံများစွာ နေရပ်စွန်ခွာတိမ်းရှောင်နေကြရပြီး တစ်ရက်ထက်တစ်ရက် အကျပ်အတည်း များနှင့် ရင်ဆိုင်လာရကြောင်းသိရသည်။ အဆိုပါအခြေအနေများနှင့်ပတ်သက်၍ ကျောက်ပန်းတောင်း မြို့ခံတစ်ဦးထံ NP News က ဆက်သွယ်မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။
သန့်ဇင် (NP News) - ဇူလိုင် ၁၈
မေး-ပထမဆုံးမေးချင်တဲ့မေးခွန်းကတော့ လက်ရှိ ကျောက်ပန်းတောင်းမြို့နဲ့ မြို့နယ်အတွင်းက အခြေအနေတွေ ဘယ်လိုရှိပါသလဲခင်ဗျ။
ဖြေ-မျက်စိထဲမြင်အောင်ပြောရရင်တော့ အမြန် လမ်းကဆင်းလာရင် မိုင်တိုင် (၂၈၅) ကနေပြီးတော့ ကျောက်ပန်းတောင်း-မိတ္ထီလာလမ်း။ အဲဒီလမ်း ကျော်သွားလိုက်တာနဲ့ ကျွန်တော်တို့ ညာဘက်အခြမ်း ကတော့ လက်ပံပြား။ လက်ပံပြားကျော်သွားလိုက်တာ နဲ့ ညာဘက်အခြမ်းတွေလုံးဝမကောင်းတော့ဘူး။ ဘယ်အထိမကောင်းလဲဆိုတော့ အဲဒီကနေ ပုပ္ပားအထိ ညာဘက်အခြမ်းတွေလုံးဝမကောင်းတော့ ဘူး။ ဘယ်ဘက်အခြမ်းတွေကတော့ ကောင်းသေး တယ်ပေါ့။ အဲဒီပုပ္ပားကနေပြီးတော့ ဗျတ္တပန်းဆက် လမ်း အတိုင်းလာမယ်ဆိုရင် ညာဘက်တို့ ဘယ်ဘက် တို့လုံးဝမကောင်းတော့ဘူးပေါ့နော်။ အဲဒီကနေ ညောင် ဦးနယ်ထဲရောက်သွားရင်တော့ ဘယ်နယ်မှ စိတ်မချရတော့ဘူး။
မေး-အစ်ကိုပြောသလိုမကောင်းတဲ့ဒေသမှာနေထိုင် တဲ့လူတွေအနေနဲ့ကော ဘယ်လိုရှင်သန်နေထိုင် နေကြလဲ။
ဖြေ-တော်တော်များများတော့ ရှောင်နေကြရတာဗျ။
မေး-ကျန်ခဲ့တဲ့လူတွေကကော ဘယ်လိုနေထိုင်နေကြရလဲ။
ဖြေ-ကျန်ခဲ့တဲ့လူတွေက ပြောရရင်တော့ တချို့ရွာတွေက စည်းလုံးတဲ့ရွာတွေပေါ့နော်။ စည်းလုံးတဲ့ရွာ ဆိုတာက ဘယ်ဘက်မှမပါဘူး။ လက်မခံဘူး။ ကိုယ့်ရွာလေးနဲ့ကိုယ်လည်းစည်းလုံးတယ်။ ရွာမှာကလည်း သစ္စာဖောက် မရှိဘူးဆိုတဲ့အနေအထားမျိုး ရွာလေးတွေကတော့ ဘာမှမဖြစ်ဘူး။ ဟိုလိုလို ဒီလိုလိုရွာ တွေကတော့ ပါကုန်တယ်။ ပြေးရတဲ့ရွာတွေကလည်း ဟိုလိုလိုဒီလိုလိုရွာတွေက ပြေးရတာ။ ရွာခံကိုမရှိ တော့တဲ့ပုံစံမျိုးတွေဖြစ်ကုန်တာ။ အဲဒီကမှ တအားရဲတဲ့ရွာမျိုးတွေဆိုရင် ပြောင်ကုန်ရော။ အဓိကကတော့ လာတိုက်ပြီဆိုရင် PDF ကိုလက်ခံလိုက်တယ်။ ရွာ တွေတော်တော်များများဖြစ်နေတာ ကလည်း PDF ကိုလက်ခံလိုက်တယ်။ တချို့ကကျတော့ ရွာတွေမှာ လူ(၁၀ဝ)ရှိတယ်ဆိုရင် (၁၀ဝ) လုံး က လက်ခံချင်တာ မဟုတ်ဘူး။ (၇၀) ရာခိုင်နှုန်းက လက်ခံလိုက်ရင်ကို (၃၀)ရာခိုင်နှုန်းက Auto ကို လက်ခံလိုက်ရတော့တာ။ လက်မခံရင် အသတ်ခံရမှာကိုး။ အဲဒီလိုဖြစ်တော့ တစ်ရွာလုံးက အင်းအင်းတွေ ဖြစ်ကုန်ပြီး ဆန္ဒပြတုန်း ကလိုပေါ့ လက်ခုပ်လိုက်တီး။ မတီးတဲ့ကောင်က ဒလန်၊ သူလျှိုဖြစ်ကုန်တာပေါ့။ အဲဒီမှာ ရွာတွေအကုန်လုံးက လက်ခုတ်တီးတဲ့ပုံစံဖြစ်သွားပြီး အဲဒီရွာတွေကို PDF ကလာပြီးတော့ အုပ်စိုး၊ ကြီးစိုး၊ အုပ်ချုပ်နဲ့ တပ်မတော်က စစ်ကြောင်းထိုးတဲ့အချိန်ကျလို့ရှိရင် PDF က ရွာထဲဝင်ပြေး။ အဲဒီမှာ တပ်ကလိုက်အဲဒီလိုမျိုးတွေဖြစ်ကုန်တာ။ ကြားညပ်သွားတာ ပေါ့နော်။ ကြားညပ်တယ်ဆိုတာထက် အညပ်ခံတာပေါ့။
မေး-စီးပွားရေးအခြေအနေကော ကျောက်ပန်းတောင်းနဲ့ မြို့နယ်အတွင်းမှာ ဘယ်လိုအခြေအနေ ရှိနေ လဲ။ အကျပ်အတည်းတွေပိုပြီး ရင်ဆိုင်လာရလား။
ဖြေ-အရင်ကတော့ တစ်နှစ်နဲ့တစ်နှစ်ဆိုးတာပေါ့နော်။ အခုက တစ်ပတ်နဲ့တစ်ပတ်ကိုပိုဆိုးလာတာ။ ဆိုးတာက ဘာကြောင့်ပိုဆိုးလာလဲဆိုတော့ စစ်ရှိန် မြင့်လာတာရယ်။ နဂိုတုန်းက ကျွန်တော်တို့အမြင် ပေါ့နော်။ တပ်ကတိုက်စစ်ဖွင့်တဲ့အနေအထားမျိုးမ ရှိဘူးဗျ။ အခုက တပ်ကတိုက်စစ်ဖွင့်လာတာမျိုးဖြစ် လာတာရယ်။ PDF ကခံတိုက်တာရယ်။ ရွာတွေက တိုက်ပွဲဖြစ်လို့ ပြေးကြတာရယ်။ နောက်တစ်ခုက လိုင်စင်မဲ့ယာဉ်တွေဖမ်းတဲ့အခါကျတော့ ရွာကလူတွေက ကြောက်လန့်ပြီး မလာရဲတာရယ်ဆိုတော့ မြို့ပေါ်မှာ စီးပွားရေးတွေက တော်တော်ကို ဇောက်ထိုးတွေဖြစ်ကုန်တာ။ တော်တော်ကို ထိုးဆင်းသွား တာပေါ့။ လမ်းပေါ်မှာဆိုရင် အကုန်ရှင်း။ ရွာက ဈေးဝယ်တွေ လည်းမလာဘူး။ ပဲ၊ နှမ်းတွေဆိုရင်လည်း လူကြုံနဲ့ ထည့်ပေးလိုက်တာ။ အဲဒီလိုမျိုးတွေဖြစ်ကုန်တာ။ အဓိကတော့ တိုက်ပွဲနဲ့ လိုင်စင်မဲ့ယာဉ်တွေ ကြောင့် ပေါ့နော်။ အဲဒီတော့ ရွာကတော်တော်များများက ကြောက်လန့်ပြီး မလာရဲကြတော့ဘူး။
မေး-အဲဒီအခြေအနေတွေကြောင့် အလုပ်အကိုင် ပိုင်းမှာကော ဘယ်လောက်အထိသွားပြီးသက်ရောက် မှုရှိသွားတယ်လို့ မြင်ရလဲခင်ဗျ။
ဖြေ-အခုဆိုရင် လမ်းပေါ်မှာက ယောကျာ်းသားဆိုရင် လုံးဝကိုမရှိတော့ဘူး။ တွေ့ချင်ပါတယ်ဆိုရင် တောင်မှ မတွေ့ရတော့ဘူး။ ဘယ်လိုဖြစ်လဲဆိုတော့ ပွဲရုံတွေမှာ လည်း အလုပ်အကိုင်တွေက အလုပ် သမားတွေမရှိ တော့ ပြဿနာတွေတက်။ အလုပ်အကိုင်အခွင့် အလမ်းတွေကလည်းအရင်လို အလုပ် သမားတွေကလည်း မရှိ။ တချို့ကလည်း နိုင်ငံခြားကို ကျိတ်ထွက်။ အဲဒီလိုမျိုးတွေ တော်တော်ကို ဆိုးဆိုး ရွားရွားတွေ ဖြစ်ကုန်တာ။ ဘက်ပေါင်းစုံကနေဝိုင်းပြီးတော့ ထိုးနှက်သလိုကြီးဖြစ်နေတာပေါ့နော်။ ဘယ် လိုပဲဖြစ်ဖြစ် အောက်ကလူတွေပဲခံနေရတာ။ တောသူတောင်သားတွေပဲခံနေရတာပေါ့နော်။ မြို့ပေါ် အသိုင်းအဝိုင်းတွေကတော့ အဆင်ပြေသလိုလုပ်ကြတာပေါ့။ မရှိ တဲ့လူတွေကတော့ ပိုပြီးမရှိတော့တဲ့ အခြေအနေ ဖြစ်ကုန်တာပေါ့။ အခက်အခဲတွေတော့ အများကြီး ဖြစ်ကုန်တာပေါ့။ ကျန်တဲ့ နေရာတွေ တော့မသိဘူး။ ရန်ကုန်အသိုင်းအဝိုင်းနဲ့ နေပြည်တော် အသိုင်းအဝိုင်းကတော့ မြို့လည်းကြီးလို့လား မသိ ဘူး။ အဲဒီလောက် ကြီးတော့ မဆိုးသေးဘူး။ ကျွန်တော်တို့ အညာအသိုင်းအဝိုင်းက တော်တော်လေးကို ခံနေရတာ။ တော်တော် ကြီးကို စုတ်ပြတ်သတ်ကုန်တာ။ တကယ်ကိုလည်း လူလည်းမရှိတော့ဘူး။ မိန်းကလေးလောက်ပဲရှိတော့ တယ်။ ကြားနေရတာ သေတာတွေဘာတွေကလည်း အခါတိုင်း ထက်ပိုပြီး တော့ သေကျေတာတွေ ပိုများလာတယ်။ တိုက်ပွဲဖြစ်တာတွေပိုများလာတယ်။ ထိပ်တိုက်ရင်ဆိုင်တာ တွေ ပိုများလာတယ်။ ပိုပြီး ကြားလာရတယ်ပေါ့နော်။
မေး-အရင်က ကျောက်ပန်းတောင်းမြို့နယ်မှာ PDF အဖွဲ့က ဖမ်းဆီးသတ်ဖြတ်တာတွေမကြာခဏကြား ခဲ့ရတယ်။ လက်ရှိမှာကော ရှိနေသေးလားခင်ဗျ။
ဖြေ-ဟိုတစ်လောက သစ်တောဝန်ထမ်း (၄) ယောက်အဖမ်းခံရတယ်။ အဲဒါပြီးတော့ နောက်ပိုင်းတော့ မကြားရသေးဘူး။ ရှေ့တစ်လောကတော့ ခဏခဏဖြစ်တယ်။ အခုနောက်ပိုင်းတော့ ပညာရေးဝန်ထမ်း တွေ အဖမ်းခံရတာလည်း မကြားရတော့ဘူး။
မေး-ကျောက်ပန်းတောင်းမြို့နယ်မှာ ဘယ်လိုစီးပွားရေးတွေလုပ်ကိုင်ကြလဲခင်ဗျ။ ဘယ်လိုသီးနှံတွေကို စိုက်ပျိုးကြလဲ။ လက်ရှိပဋိပက္ခတွေဖြစ်နေတော့ အခြေအနေတွေဘယ်လိုဖြစ်ကုန်လဲ။
ဖြေ-အဓိကတော့ စိုက်ပျိုးရေးမှာတော့ ပဲစင်းငုံရယ်၊ နှမ်းရယ်စိုက်ပျိုးကြတယ်။ အဓိကပေါ့။ ဈေးနှုန်း တွေကတော့ ကောင်းပါတယ်။ လုပ်မယ့်သူပဲမရှိတာ။ အထူးသဖြင့် ထန်းဆိုရင် တက်မယ့်သူမရှိတော့ဘူး လေ။ ထန်းဆိုတာကလည်း နှစ်ချို့ပင်လေ။ တခြားပဲ တို့ နှမ်းတို့လိုမျိုး ရာသီအချိန်လေးပဲလုပ်ရတာ မဟုတ်ဘူး။ နှစ်ပေါက်အောင် ပြုစုရတာလေ။ ထန်း ပင်ကို ချိုင်ရတာနဲ့ ခုတ်ရတာနဲ့မျိုးစုံလုပ်ရတာ ဆို တော့ ထန်းတက်မယ့်သူဆိုသိပ်မရှိတော့ဘူး။ ထန်း လျက်တောင်ရှားသွားမလားပဲ။ ကျောက်ပန်းတောင်း ထန်းလျက်လို့သာပြောတာပါ။ ညောင်ဦး၊ ကျောက် ပန်းတောင်း၊ တောင်သာမှာလည်း ထန်းပင်တွေရှိ တယ်လေ။ ထန်းပင်များတာကတော့ ညောင်ဦးနဲ့ ကျောက်ပန်းတောင်းပေါ့နော်။
မေး- PDF တွေကြီးစိုးတဲ့နယ်မြေတော်တော်ကို ကျယ့်ပြန့်လာတာလား။
ဖြေ-ဘယ်လိုပြောရမလဲဆိုတော့ တစ်ခါတလေကျ တော့လည်း တပ်မတော်ကို အားမရတာပေါ့ဗျာ။ ထုပ်စည်းတိုးသလိုဖြစ်နေတာ။ စစ်ကြောင်းဝင်လိုက် PDF ကပြေးလိုက်။ ပြန်ဝင်လာလိုက်နဲ့ ထုပ်စည်း တိုးသလိုဖြစ်နေတာပါ။
မေး- ဆက်သွယ်ရေးလည်းမကောင်းဘူးထင်တယ်။ အခုစကားပြောနေတာတောင် လိုင်းကပြတ်တောက် သွားတာမျိုးတွေရှိနေတယ်။ ဆက်သွယ်ရေး အဆင်ပြေလားခင်ဗျ။
ဖြေ- ဖုန်လိုင်းတွေကတော့ တော်တော်အဆင်မပြေတာပါဗျာ။ ကျွန်တော်တို့သိသလောက်ပေါ့နော်။ နဂိုတုန်းကဆိုရင် အခုလိုမျိုး မိုးအုံ့နေတယ်ဆိုရင် ဒီဇယ်နဲ့မောင်းတာဗျ။ ဆိုလာနဲ့မဟုတ်တော့ဘူး။ အခုဒီဇယ်လိုက်မထည့်တော့ဘူး။ ဒီဇယ်ထည့်ရင် ရှုံးတာရယ်။ နောက်တစ်ခု အဆိုးဆုံးက ဒီဇယ်ထည့်တဲ့ ကားတွေကို PDF က ဖမ်းတဲ့အခါကျတော့ ဆီလိုက် မထည့်တော့ဘူးလေ။ အဲဒီမှာ Tower တိုင်တွေက မ run နိုင်တော့ဘူး။ အခုလိုမိုးအုံ့ရင် မီးလာရင်မီး၊ မီးမလာရင်ဆိုလာနဲ့ဆိုရင်တောင် ဖုန်းလိုင်းကောင်းသေး တယ်။ ဆိုလာကလည်း အားမဝင်တဲ့အခါကျတော့ ဆီကလည်းလိုက်မထည့်နိုင်တော့တဲ့အခါကျတော့ ဖုန်းလိုင်းတွေက အဲဒီလိုတွေဖြစ်ကုန်တာ။ ဆက်သွယ်ရေးကလည်း ကျွန်တော်တို့ဘက်မှာ လုံးဝ အဆင် မပြေတော့တာ။ အဓိကကတော့ ဒီဇယ်လိုက်ထည့်နိုင်ရင် အဆင်ပြေတာပေါ့။
မေး-ကျောက်ပန်းတောင်းတစ်နယ်လုံး အဲဒီလိုဖြစ်နေတာလား။
ဖြေ-ကျောက်ပန်းတောင်းတစ်နယ်လုံးတင်မဟုတ်ဘူး။ တော်တော်များများ မကွေးတိုင်းဘက်တွေလည်း အဲဒီလိုဖြစ်နေတာ။ ဒီဇယ်လိုက်ထည့်တဲ့ကားတွေက တော်တော်ကိုနည်းသွားပြီ။ ဖုန်းလိုင်းတွေက တော် တော်ဆိုးဆိုးတွေဖြစ်ကုန်တာ။ ဒီဇယ်လိုက် ထည့်တဲ့ကားတွေကလည်း 4 Wheels ကားတွေ ဖြစ်နေတော့ အဲဒါတွေကို ပစ်မှတ်ထားတာပေါ့။ အဲဒီကားတွေက နေရာဒေသမရွေးမောင်းလို့ရတော့ ပိုပြီးလိုချင်တာ ပေါ့။ အဲဒီမှာ Mytel ဆိုပြီးအရင် ကဖြစ်ပေမယ့် အခုနောက်ပိုင်း MPT ကားလည်းယူ တာပဲ။ Ooredoo ကားလည်း ယူတာပဲ။ အဲဒီတော့ ဘာကားမှလာမပြောနဲ့ ယူတာပဲ။ ဟိုတစ်နေ့က ကိုဒင်္ဂါးဆိုရင် စဉ်းစား ကြည့်လိုက်တော့ သူဆိုရင် သစ်ပင် စိုက်တာလေ။ ဘာမှလုပ်တာမဟုတ်ဘူး။ ဒါပေမဲ့ တစ်ဖက်က စစ် တပ်နဲ့ပေါင်းစိုက်တယ်ဆိုပြီး မြင်သွား တော့ ခေါင်းစဉ်ကပြောင်းသွားတာ။ မလွယ်တာချည်း ပဲ။ ကြား နေသမားကိုမရတော့ဘူး။ တစ်ဖက်ကိုတွန်း ပို့တော့တာ။ အေးအေးချမ်းချမ်းပဲ နေချင်တယ်။ ဘယ်သူပဲ အုပ်ချုပ်အုပ်ချုပ်ဆိုတဲ့ လူတောင်မရတော့ ဘူး။ တစ်ဖက်ဖက်ကို ရပ်တည် ခိုင်းနေတာပဲ။ အကုန်လုံး အဲဒီလိုချည်းဖြစ်ကုန်တယ်။
မေး-အခြေခံစားသောက်ကုန်ဈေးနှုန်းပိုင်းတွေကော ကုန်ဈေးနှုန်းအခြေအနေဘယ်လိုရှိပါသလဲ။
ဖြေ-ကျွန်တော်တို့ဘက်ကတော့ ကိစ္စမရှိပါဘူး။ ကျွန် တော်တို့ဘက်နဲ့ပြောရမယ်ဆိုရင် ပခုက္ကူဘက် ဆိုရင် တားမြစ်ဘက်ရောက်သွားပြီလေ။ ကျွန်တော်တို့ဘက် ကတော့မပါသေးဘူး။ နောက်ပြီး ချောက် တံတား ကျော်သွားတာနဲ့ တားမြစ်ထဲပါသွားပြီလေ။ မင်းဘူး တံတားကျော်တာနဲ့ တားမြစ်ထဲ ပါသွား ပြီလေ။ အဲဒီလို ဆိုတော့ ဟိုဘက်တွေအကုန်လုံးကို ကုန်သွယ်မှုကို နည်းနည်းလေး စိစစ်တဲ့ အပိုင်းပေါ့ နော်။ စိစစ်တယ်ဆိုတာ မသယ်ရ၊ မပြုရဆိုပြီးမဟုတ်ဘူးပေါ့။ သူတို့တား မြစ်ထားတဲ့ဟာလေးတွေ ပါတော့ အဲဒီဘက်တွေက တော့ ပထမတစ်ဖြတ် ဟားခါး-ပခုက္ကူဆိုရင် ကျွန်တော်တို့ ကျောက်ပန်း တောင်း ကားတွေမလိုက်ရဲဘူး။ ဘာလို့မလိုက်ရဲတာလဲဆိုတော့ ကားတွေကို ချောဆွဲတာရယ်။ PDF က ခေါ်မှာကြောင့် မလိုက်ရဲတာရယ်ကြောင့် ကားရှား။ ကားရှားတော့ ကားခတိုးကောက်။ ကားခတိုး ကောက်တော့ ကုန်ဈေးနှုန်းတက် တာပေါ့။ ဒါပါပဲ။ နောက်ဆုံးတော့ အောက်ဆုံးက End User မှာပဲသွား ပြီးတော့ ပြဿနာတက်တာ ပေါ့။ အကုန်လုံးက အောက်ကလူတွေပဲထိတာ။
မေး-အရင်ရက်က ပုဂံ၊ ညောင်ဦးဘက်မှာ PDF က တိုက်ပွဲတွေဖော်ဆောင်မယ်ဆိုပြီး သတင်းတွေ ထွက် လာခဲ့တော့ အဲဒီဘက်ကဒေသခံတွေနဲ့ ကျောက်ပန်း တောင်းဒေသခံတွေ ဘယ်လိုမျိုး စိုးရိမ်မှုတွေရှိနေ ကြလဲ။
ဖြေ-ရှိတာပေါ့။ ပြောရရင် ရွာတစ်ရွာမှာ (၁၀)အိမ်ရှိတယ်။ စစ်ကြောင်းထိုးလာတာပဲဖြစ်ဖြစ်။ PDF ဝင် လာတာပဲဖြစ်ဖြစ်ပေါ့။ အဲဒီမှာဖြစ်နေတာက PDF က (၁၀)အိမ်ကို ဝိုင်းလိုက်တယ်။ ဒီ (၁၀)အိမ်က နေ တစ်အိမ်ကို ယောကျာ်းသားတစ်ယောက်ပေးရမယ်။ ခင်ဗျားတို့ ဘယ်သူလိုက်နိုင်လဲ။ မလိုက်နိုင်ရင် အဲဒီအိမ် ဒလန် သူလျှိုလုပ်။ အိမ်ကိုမီးရှို့။ စစ်တပ်က ရောက်လာရင် ဘာဖြစ်လဲဆိုတော့ အကုန်လုံးက ထွက်ပြေးကြရော။ အဲဒီမှာ စစ်တပ်ကလာရင်လည်း ဒီမှာ PDF က ဘယ်သူလဲ ဘယ်ဝါလဲ မေးရော။ မဖြေရင်လည်း အရိုက်ခံရဦးမယ်။ ဖြေရင်လည်း စစ်တပ်ပြန်သွားရင် အသတ်ခံရဦးမယ်။ အဲဒီတော့ အဲဒီ ရွာကလူတွေက ထွက်ပြေးကြရော။ အခုနောက်ပိုင်း ဘယ်သူလာလာ အကုန်လုံးက ပြေးနေရတာ ဖြစ် သွားရာ။ တော်တော် လေးကို ဆိုးပါတယ်။ အညာက တော်တော်လေးကို ကပ်ဆိုက်တဲ့နေရာကို ဖြစ်သွား တာ။ ဘုရားဖူးဆိုရင် မလာတော့သလောက်ပဲ။ လမ်းပေါ်မှာလည်း လူမရှိ သလောက်ပဲ။ ယောကျာ်းသား ဆိုရင်လည်း မမြင်ရသလောက်ပဲ။
မေး-ပုပ္ပားဘက်ကော ခရီးသွားဝင်ရောက်မှု အခြေအနေနဲ့ ဒေသခံတွေအခြေအနေကော ဘာထူးခြားလဲ ခင်ဗျ။
ဖြေ-လောလောဆယ်ဆယ်တော့ ခရီးသွားကတော့ လုံးလုံးမလာဘူး။ တော်တော်ပါးတယ်။ လက်ချိုး ရေရလောက်တယ်။ တော်တော် ရှားတယ်။ သစ်တော လက်ထောက်òန်ကြားရေးမှူးကို ခေါ်သွားပြီး နောက်ဆိုရင်ပိုတောင်ဆိုးဦးမယ်။ ပိုလို့တောင်မလာ ရဲတော့ဘူး။ အားလုံးကလည်း လိုင်းပေါ်မှာ ဒါကိုပဲ အသံစွင့်နေတာလေ။ တောင်ကလပ်နဲ့တိုင်းမယ် ဆိုရင်တော့ အခုဖြစ်သွားတဲ့နေရာက (၃) မိုင်လောက် တော့ ဝေးသေးတာပေါ့နော်။ အဲဒါကြောင့် ဘယ်လာ ရဲကြတော့မလဲ။ အားလုံးကလည်း ပုပ္ပားခေါင်းစဉ်ပဲ တပ်တာကိုး။ အဲဒီတော့ ပုပ္ပားကိုမလာရဲတော့ဘူးပေါ့နော်။
မေး-ရှေ့မှာလည်း သစ်တောလက်ထောက် ညွှန်ကြားရေးမှူး အဖမ်းခံရတယ်ဆိုတော့ တခြားဌာန ဆိုင် ရာ ဝန်ထမ်းတွေကော စိုးရိမ်နေကြလား။ ဘယ်လိုအခြေအနေရှိလဲခင်ဗျ။
ဖြေ-စိုးရိမ်တာပေါ့။ ကျွန်တော်တို့ ကျောက်ပန်းတောင်းမှာဆိုရင် ဝန်ထမ်းအိမ်ရာရှိတယ်လေ။ အဲဒီ မှာ ဝန်ထမ်းတွေစုနေကြတာပေါ့။ အဲဒီမှာ ဘယ်နှလုံးရှိ လဲဆိုရင် (၈)လုံးလောက်ရှိတယ်။ (၈)လုံးဆိုတာ (၄) ထပ် (၈) လုံးနော်။ အဲဒီ(၄)ထပ် (၈)လုံးမှာဆိုရင် မိသားစုတွေ အများကြီးစုနေတာနော်။ အဲဒီလောက် မိသားစုတွေအများကြီးစုနေတာတောင်မှ သူတို့တောင်မှ ချောက်ချားတယ်။ ကျန်တဲ့လူတွေကတော့ မပြောနဲ့တော့။ ဘယ်အချိန်မှာဝင်စီးမလဲဆိုတဲ့ဟာ မျိုးပေါ့။ ဥပမာ-တောင်သာဖြစ်စဉ်လေ။ တောင်သာ မှာဆိုရင်လည်း ဝန်ထမ်းအိမ်ရာကို ဝင်ပစ်တာကိုး။ အဲဒီလိုဖြစ်တဲ့ဟာမျိုးဆိုရင် ဖြစ်တဲ့ဖြစ်စဉ်ကို ကြည့် ပြီးတော့ တို့ဆီလည်း ဘယ်တော့လာမလဲဆိုတဲ့ ဟာမျိုးပေါ့။ ကိုယ်ချင်းစာကြည့်လိုက်ရင် ကိုယ်လည်း သူတို့နေရာမှာဆိုရင်လည်း ဒီလိုမျိုးပဲတွေးမှာပဲလေ။
မေး-အဲဒီဒေသမှာ ဌာနဆိုင်ရာဝန်ထမ်းတွေ ခရီးသွားလာရေးအပိုင်းမှာကော အခက်အခဲတွေရှိလား။ စိတ်မလုံခြုံမှုတွေ ခံစားနေရမှာပေါ့နော်။
ဖြေ-ဖြစ်တာပေါ့။ ကျွန်တော်တို့ ထွက်တာတောင်မှပဲ စာရွက်စာတမ်းတွေ ယူမသွားရဲဘူး။ ကျွန်တော်တို့ ဆိုရင် တပ်နဲ့ပတ်သက်တာ မဟုတ်ဘူး။ စာရွက်စာ တမ်းတွေဆိုရင်လည်း တစ်နေရာရာမှာ ဖွက်သွားရ တယ်။ ဘယ်အချိန်မှာများ ဘယ်တော့ပေါ်လာမလဲ ဆိုတဲ့ အသိပေါ့နော်။ အရင်တုန်းက ဒီနေရာတွေဆို တာ (၂၄)နာရီ ကြိုက်တဲ့အချိန်သွား။ သူခိုး၊ ဂျပိုး လည်းမရှိဘူး။ အဲဒီလိုက အခုဆိုရင် ကျွန်တော်တို့ တောင်ကြောက်နေရတယ်။ ဘယ်အချိန်မှာ ဘယ်နေရာကများ ဘွားခနဲပေါ်လာမလဲပေါ့။ ဖုန်းတောင်မှပဲ စစ်ကြည့်လိုက်ရင် အလုပ်လုပ်နေတဲ့လူတွေပဲ ဌာနဆိုင်ရာတွေနဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီးတွေ့သွားရင် သွားရော။ အဲဒီတော့ ဖုန်းနံပါတ်ကို ပလိန်းကြီးထား ထားရတယ်။ ဟန်ပြပုံလေးတွေလည်း ထားထားရ တယ်။ အခုနောက်ပိုင်း ဝန်ထမ်းလေးတွေအဆင် ပြေနေတယ်။ ဝန်ထမ်းလေးတွေကို သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေက မှတ်ပုံတင်ထဲမှာ ရာထူးတွေ၊ အလုပ်တွေဖျောက်ထားပေးတော့ အဆင် ပြေနေတယ်။ ဥပမာ-ကုန်သည်တို့၊ ပွဲစားတို့လို မျိုးပေါ့နော်။ အဲဒါကတော့ လဝကမှာ သွားပြီးတော့ မှတ်ပုံတင်ကို ပြန်ပြင်လုပ်ခိုင်းထားတာ။ ကုန်သည်လို့ တော့ မထည့်ခိုင်းဘူး။ PDF ခေါ်သွားရင် ပြန်ရွေး ရင် ကြေးကြီးမှာစိုးလို့လေ။ အဲဒါကြောင့် ပွဲစားတို့ ကျပန်းတို့၊ မှီခိုတို့ပေါ့။ မှတ်ပုံတင်စစ်ကြည့်ရင်တော့ တော်သေးတာပေါ့။
မေး-ပညာရေးအပိုင်းမှာကော ဘယ်လိုအခက် အခဲတွေရှိလဲ။ ကလေးတွေကျောင်းတက်ရတာ အဆင်ပြေ လား။ တခြားနီးစပ်ရာဒေသတွေ မှာကော ဘယ်လိုတွေဖြစ်နေလဲ။
ဖြေ-ပညာရေးပိုင်းက ညောင်ဦးဘက်ကကျောင်းတွေ တော်တော်များများ ပိတ်ထားရတယ်။ တော်တော် များများ ပိတ်ကုန်တယ်။ အဓိကတော့ တစ်ခါတလေ ကျတော့လည်း တပ်ကိုအားမရဘူး။ ရပေါက်ရလမ်း ဖြစ်တဲ့နေရာလောက်ပဲ နေချင်ကြတာကိုး။ ရဖို့ကလည်း စဉ်းစားလေ။ တစ်ဖက်ကလည်း လုံခြုံရေးကို လည်း ကြည့်ပေးပေါ့။ အထူးသဖြင့် ဝန်ထမ်းတွေဆို အခက်အခဲကြားထဲကနေ ရပ်တည်နေတဲ့အခါကျ တော့ ရပ်တည်မှုကို လုံခြုံမှုပေးသင့်တာပေါ့။ မျက်နှာလွှဲပြီးထားခဲ့တာဆိုတော့ ဒီယန္တရားကြီး ပြိုလဲသွား မှာကို ကျွန်တော်တို့ကတော့ စိတ်ပူရတာပေါ့နော်။
မေး-ကျောက်ပန်းတောင်းဘက်ကကော ဘယ်လိုအခြေနေရှိလဲ။
ဖြေ-ကျောက်ပန်းတောင်းဘက်ကတော့ အဲဒီလောက်ထိ မဆိုးသေးဘူး။ ရှေ့မှာကျွန်တော်ပြောတဲ့ ပုပ္ပား သွားတဲ့ ညာဘက်ကဒေသတွေကတော့ အကုန် လုံးမီးဖြတ်ထားတာ (၄) လလောက်ရှိပြီလေ။ PDF က မီတာခ မဆောင်ရဘူးဆိုပြီးလုပ်တော့ မီတာ မဆောင်လို့ဆိုပြီး လျှပ်စစ်က မီးဖြတ်ပစ်လိုက်ရော။ အဲဒီတစ်ဖက်လုံး မီးဖြတ်ထားတာ။ မီတာမဆောင်ဘဲနဲ့ သုံးခဲ့တုန်းကလည်း ဒီဘက်မှာက မီတာဆောင် တယ်။ အဲဒီမှာ သူတို့ဘက်လည်း မျှပေးရသေးတယ်။ မီတာ လည်းမဆောင်ဘူးပေါ့။ အခုကျတော့ မီး ဖြတ်လိုက်တော့ ဆောင်တဲ့လူက မီးပိုရသွားတာပေါ့။ ဒီလိုဖြစ်သွားတာပေါ့။
ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Zawgyi Version:
“အက်ပ္အတည္းမ်ားၾကားက အညာေျမဘဝမ်ား”
မႏၲေလးတိုင္းေဒသႀကီး ေညာင္ဦးခ႐ိုင္အတြင္းရွိ ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္သည္ ယခင္က အညာေဒသအေလ်ာက္ လယ္ယာႏွင့္ ထန္းေတာလုပ္ငန္းတို႔ျဖင့္ ေအးခ်မ္းစြာေနထိုင္ခဲ့သည့္ ေဒသတစ္ခု ျဖစ္ခဲ့သည္။ လက္ရွိတြင္မူ အညာ ဏႌ လက္နက္ကိုင္မ်ားေၾကာင့္ ေဒသတြင္းစီးပြားေရး၊ လူမႈေရးတို႔ မ်ား စြာ ထိခိုက္ကာ အၾကမ္းဖက္သတ္ျဖတ္ခံရမႈမ်ားလည္း ျဖစ္ပြားေနေၾကာင္း သိရသည္။ ထို႔ျပင္ တိုက္ပြဲ မ်ားေၾကာင့္ ေဒသခံမ်ားစြာ ေနရပ္စြန္ခြာတိမ္းေရွာင္ေနၾကရၿပီး တစ္ရက္ထက္တစ္ရက္ အက်ပ္အတည္း မ်ားႏွင့္ ရင္ဆိုင္လာရေၾကာင္းသိရသည္။ အဆိုပါအေျခအေနမ်ားႏွင့္ပတ္သက္၍ ေက်ာက္ပန္းေတာင္း ၿမိဳ႕ခံတစ္ဦးထံ NP News က ဆက္သြယ္ေမးျမန္းထားသည္မ်ားကို ေကာက္ႏုတ္ေဖာ္ျပအပ္ပါသည္။
သန႔္ဇင္ (NP News) - ဇူလိုင္ ၁၈
ေမး-ပထမဆုံးေမးခ်င္တဲ့ေမးခြန္းကေတာ့ လက္ရွိ ေက်ာက္ပန္းေတာင္းၿမိဳ႕နဲ႔ ၿမိဳ႕နယ္အတြင္းက အေျခအေနေတြ ဘယ္လိုရွိပါသလဲခင္ဗ်။
ေျဖ-မ်က္စိထဲျမင္ေအာင္ေျပာရရင္ေတာ့ အျမန္ လမ္းကဆင္းလာရင္ မိုင္တိုင္ (၂၈၅) ကေနၿပီးေတာ့ ေက်ာက္ပန္းေတာင္း-မိတၳီလာလမ္း။ အဲဒီလမ္း ေက်ာ္သြားလိုက္တာနဲ႔ ကြၽန္ေတာ္တို႔ ညာဘက္အျခမ္း ကေတာ့ လက္ပံျပား။ လက္ပံျပားေက်ာ္သြားလိုက္တာ နဲ႔ ညာဘက္အျခမ္းေတြလုံးဝမေကာင္းေတာ့ဘူး။ ဘယ္အထိမေကာင္းလဲဆိုေတာ့ အဲဒီကေန ပုပၸားအထိ ညာဘက္အျခမ္းေတြလုံးဝမေကာင္းေတာ့ ဘူး။ ဘယ္ဘက္အျခမ္းေတြကေတာ့ ေကာင္းေသး တယ္ေပါ့။ အဲဒီပုပၸားကေနၿပီးေတာ့ ဗ်တၱပန္းဆက္ လမ္း အတိုင္းလာမယ္ဆိုရင္ ညာဘက္တို႔ ဘယ္ဘက္ တို႔လုံးဝမေကာင္းေတာ့ဘူးေပါ့ေနာ္။ အဲဒီကေန ေညာင္ ဦးနယ္ထဲေရာက္သြားရင္ေတာ့ ဘယ္နယ္မွ စိတ္မခ်ရေတာ့ဘူး။
ေမး-အစ္ကိုေျပာသလိုမေကာင္းတဲ့ေဒသမွာေနထိုင္ တဲ့လူေတြအေနနဲ႔ေကာ ဘယ္လိုရွင္သန္ေနထိုင္ ေနၾကလဲ။
ေျဖ-ေတာ္ေတာ္မ်ားမ်ားေတာ့ ေရွာင္ေနၾကရတာဗ်။
ေမး-က်န္ခဲ့တဲ့လူေတြကေကာ ဘယ္လိုေနထိုင္ေနၾကရလဲ။
ေျဖ-က်န္ခဲ့တဲ့လူေတြက ေျပာရရင္ေတာ့ တခ်ိဳ႕႐ြာေတြက စည္းလုံးတဲ့႐ြာေတြေပါ့ေနာ္။ စည္းလုံးတဲ့႐ြာ ဆိုတာက ဘယ္ဘက္မွမပါဘူး။ လက္မခံဘူး။ ကိုယ့္႐ြာေလးနဲ႔ကိုယ္လည္းစည္းလုံးတယ္။ ႐ြာမွာကလည္း သစၥာေဖာက္ မရွိဘူးဆိုတဲ့အေနအထားမ်ိဳး ႐ြာေလးေတြကေတာ့ ဘာမွမျဖစ္ဘူး။ ဟိုလိုလို ဒီလိုလို႐ြာ ေတြကေတာ့ ပါကုန္တယ္။ ေျပးရတဲ့႐ြာေတြကလည္း ဟိုလိုလိုဒီလိုလို႐ြာေတြက ေျပးရတာ။ ႐ြာခံကိုမရွိ ေတာ့တဲ့ပုံစံမ်ိဳးေတြျဖစ္ကုန္တာ။ အဲဒီကမွ တအားရဲတဲ့႐ြာမ်ိဳးေတြဆိုရင္ ေျပာင္ကုန္ေရာ။ အဓိကကေတာ့ လာတိုက္ၿပီဆိုရင္ PDF ကိုလက္ခံလိုက္တယ္။ ႐ြာ ေတြေတာ္ေတာ္မ်ားမ်ားျဖစ္ေနတာ ကလည္း PDF ကိုလက္ခံလိုက္တယ္။ တခ်ိဳ႕ကက်ေတာ့ ႐ြာေတြမွာ လူ(၁၀ဝ)ရွိတယ္ဆိုရင္ (၁၀ဝ) လုံး က လက္ခံခ်င္တာ မဟုတ္ဘူး။ (၇၀) ရာခိုင္ႏႈန္းက လက္ခံလိုက္ရင္ကို (၃၀)ရာခိုင္ႏႈန္းက Auto ကို လက္ခံလိုက္ရေတာ့တာ။ လက္မခံရင္ အသတ္ခံရမွာကိုး။ အဲဒီလိုျဖစ္ေတာ့ တစ္႐ြာလုံးက အင္းအင္းေတြ ျဖစ္ကုန္ၿပီး ဆႏၵျပတုန္း ကလိုေပါ့ လက္ခုပ္လိုက္တီး။ မတီးတဲ့ေကာင္က ဒလန္၊ သူလွ်ိဳျဖစ္ကုန္တာေပါ့။ အဲဒီမွာ ႐ြာေတြအကုန္လုံးက လက္ခုတ္တီးတဲ့ပုံစံျဖစ္သြားၿပီး အဲဒီ႐ြာေတြကို PDF ကလာၿပီးေတာ့ အုပ္စိုး၊ ႀကီးစိုး၊ အုပ္ခ်ဳပ္နဲ႔ တပ္မေတာ္က စစ္ေၾကာင္းထိုးတဲ့အခ်ိန္က်လို႔ရွိရင္ PDF က ႐ြာထဲဝင္ေျပး။ အဲဒီမွာ တပ္ကလိုက္အဲဒီလိုမ်ိဳးေတြျဖစ္ကုန္တာ။ ၾကားညပ္သြားတာ ေပါ့ေနာ္။ ၾကားညပ္တယ္ဆိုတာထက္ အညပ္ခံတာေပါ့။
ေမး-စီးပြားေရးအေျခအေနေကာ ေက်ာက္ပန္းေတာင္းနဲ႔ ၿမိဳ႕နယ္အတြင္းမွာ ဘယ္လိုအေျခအေန ရွိေန လဲ။ အက်ပ္အတည္းေတြပိုၿပီး ရင္ဆိုင္လာရလား။
ေျဖ-အရင္ကေတာ့ တစ္ႏွစ္နဲ႔တစ္ႏွစ္ဆိုးတာေပါ့ေနာ္။ အခုက တစ္ပတ္နဲ႔တစ္ပတ္ကိုပိုဆိုးလာတာ။ ဆိုးတာက ဘာေၾကာင့္ပိုဆိုးလာလဲဆိုေတာ့ စစ္ရွိန္ ျမင့္လာတာရယ္။ နဂိုတုန္းက ကြၽန္ေတာ္တို႔အျမင္ ေပါ့ေနာ္။ တပ္ကတိုက္စစ္ဖြင့္တဲ့အေနအထားမ်ိဳးမ ရွိဘူးဗ်။ အခုက တပ္ကတိုက္စစ္ဖြင့္လာတာမ်ိဳးျဖစ္ လာတာရယ္။ PDF ကခံတိုက္တာရယ္။ ႐ြာေတြက တိုက္ပြဲျဖစ္လို႔ ေျပးၾကတာရယ္။ ေနာက္တစ္ခုက လိုင္စင္မဲ့ယာဥ္ေတြဖမ္းတဲ့အခါက်ေတာ့ ႐ြာကလူေတြက ေၾကာက္လန႔္ၿပီး မလာရဲတာရယ္ဆိုေတာ့ ၿမိဳ႕ေပၚမွာ စီးပြားေရးေတြက ေတာ္ေတာ္ကို ေဇာက္ထိုးေတြျဖစ္ကုန္တာ။ ေတာ္ေတာ္ကို ထိုးဆင္းသြား တာေပါ့။ လမ္းေပၚမွာဆိုရင္ အကုန္ရွင္း။ ႐ြာက ေဈးဝယ္ေတြ လည္းမလာဘူး။ ပဲ၊ ႏွမ္းေတြဆိုရင္လည္း လူႀကဳံနဲ႔ ထည့္ေပးလိုက္တာ။ အဲဒီလိုမ်ိဳးေတြျဖစ္ကုန္တာ။ အဓိကေတာ့ တိုက္ပြဲနဲ႔ လိုင္စင္မဲ့ယာဥ္ေတြ ေၾကာင့္ ေပါ့ေနာ္။ အဲဒီေတာ့ ႐ြာကေတာ္ေတာ္မ်ားမ်ားက ေၾကာက္လန႔္ၿပီး မလာရဲၾကေတာ့ဘူး။
ေမး-အဲဒီအေျခအေနေတြေၾကာင့္ အလုပ္အကိုင္ ပိုင္းမွာေကာ ဘယ္ေလာက္အထိသြားၿပီးသက္ေရာက္ မႈရွိသြားတယ္လို႔ ျမင္ရလဲခင္ဗ်။
ေျဖ-အခုဆိုရင္ လမ္းေပၚမွာက ေယာက်ာ္းသားဆိုရင္ လုံးဝကိုမရွိေတာ့ဘူး။ ေတြ႕ခ်င္ပါတယ္ဆိုရင္ ေတာင္မွ မေတြ႕ရေတာ့ဘူး။ ဘယ္လိုျဖစ္လဲဆိုေတာ့ ပြဲ႐ုံေတြမွာ လည္း အလုပ္အကိုင္ေတြက အလုပ္ သမားေတြမရွိ ေတာ့ ျပႆနာေတြတက္။ အလုပ္အကိုင္အခြင့္ အလမ္းေတြကလည္းအရင္လို အလုပ္ သမားေတြကလည္း မရွိ။ တခ်ိဳ႕ကလည္း ႏိုင္ငံျခားကို က်ိတ္ထြက္။ အဲဒီလိုမ်ိဳးေတြ ေတာ္ေတာ္ကို ဆိုးဆိုး ႐ြား႐ြားေတြ ျဖစ္ကုန္တာ။ ဘက္ေပါင္းစုံကေနဝိုင္းၿပီးေတာ့ ထိုးႏွက္သလိုႀကီးျဖစ္ေနတာေပါ့ေနာ္။ ဘယ္ လိုပဲျဖစ္ျဖစ္ ေအာက္ကလူေတြပဲခံေနရတာ။ ေတာသူေတာင္သားေတြပဲခံေနရတာေပါ့ေနာ္။ ၿမိဳ႕ေပၚ အသိုင္းအဝိုင္းေတြကေတာ့ အဆင္ေျပသလိုလုပ္ၾကတာေပါ့။ မရွိ တဲ့လူေတြကေတာ့ ပိုၿပီးမရွိေတာ့တဲ့ အေျခအေန ျဖစ္ကုန္တာေပါ့။ အခက္အခဲေတြေတာ့ အမ်ားႀကီး ျဖစ္ကုန္တာေပါ့။ က်န္တဲ့ ေနရာေတြ ေတာ့မသိဘူး။ ရန္ကုန္အသိုင္းအဝိုင္းနဲ႔ ေနျပည္ေတာ္ အသိုင္းအဝိုင္းကေတာ့ ၿမိဳ႕လည္းႀကီးလို႔လား မသိ ဘူး။ အဲဒီေလာက္ ႀကီးေတာ့ မဆိုးေသးဘူး။ ကြၽန္ေတာ္တို႔ အညာအသိုင္းအဝိုင္းက ေတာ္ေတာ္ေလးကို ခံေနရတာ။ ေတာ္ေတာ္ ႀကီးကို စုတ္ျပတ္သတ္ကုန္တာ။ တကယ္ကိုလည္း လူလည္းမရွိေတာ့ဘူး။ မိန္းကေလးေလာက္ပဲရွိေတာ့ တယ္။ ၾကားေနရတာ ေသတာေတြဘာေတြကလည္း အခါတိုင္း ထက္ပိုၿပီး ေတာ့ ေသေက်တာေတြ ပိုမ်ားလာတယ္။ တိုက္ပြဲျဖစ္တာေတြပိုမ်ားလာတယ္။ ထိပ္တိုက္ရင္ဆိုင္တာ ေတြ ပိုမ်ားလာတယ္။ ပိုၿပီး ၾကားလာရတယ္ေပါ့ေနာ္။
ေမး-အရင္က ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္မွာ PDF အဖြဲ႕က ဖမ္းဆီးသတ္ျဖတ္တာေတြမၾကာခဏၾကား ခဲ့ရတယ္။ လက္ရွိမွာေကာ ရွိေနေသးလားခင္ဗ်။
ေျဖ-ဟိုတစ္ေလာက သစ္ေတာဝန္ထမ္း (၄) ေယာက္အဖမ္းခံရတယ္။ အဲဒါၿပီးေတာ့ ေနာက္ပိုင္းေတာ့ မၾကားရေသးဘူး။ ေရွ႕တစ္ေလာကေတာ့ ခဏခဏျဖစ္တယ္။ အခုေနာက္ပိုင္းေတာ့ ပညာေရးဝန္ထမ္း ေတြ အဖမ္းခံရတာလည္း မၾကားရေတာ့ဘူး။
ေမး-ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္မွာ ဘယ္လိုစီးပြားေရးေတြလုပ္ကိုင္ၾကလဲခင္ဗ်။ ဘယ္လိုသီးႏွံေတြကို စိုက္ပ်ိဳးၾကလဲ။ လက္ရွိပဋိပကၡေတြျဖစ္ေနေတာ့ အေျခအေနေတြဘယ္လိုျဖစ္ကုန္လဲ။
ေျဖ-အဓိကေတာ့ စိုက္ပ်ိဳးေရးမွာေတာ့ ပဲစင္းငုံရယ္၊ ႏွမ္းရယ္စိုက္ပ်ိဳးၾကတယ္။ အဓိကေပါ့။ ေဈးႏႈန္း ေတြကေတာ့ ေကာင္းပါတယ္။ လုပ္မယ့္သူပဲမရွိတာ။ အထူးသျဖင့္ ထန္းဆိုရင္ တက္မယ့္သူမရွိေတာ့ဘူး ေလ။ ထန္းဆိုတာကလည္း ႏွစ္ခ်ိဳ႕ပင္ေလ။ တျခားပဲ တို႔ ႏွမ္းတို႔လိုမ်ိဳး ရာသီအခ်ိန္ေလးပဲလုပ္ရတာ မဟုတ္ဘူး။ ႏွစ္ေပါက္ေအာင္ ျပဳစုရတာေလ။ ထန္း ပင္ကို ခ်ိဳင္ရတာနဲ႔ ခုတ္ရတာနဲ႔မ်ိဳးစုံလုပ္ရတာ ဆို ေတာ့ ထန္းတက္မယ့္သူဆိုသိပ္မရွိေတာ့ဘူး။ ထန္း လ်က္ေတာင္ရွားသြားမလားပဲ။ ေက်ာက္ပန္းေတာင္း ထန္းလ်က္လို႔သာေျပာတာပါ။ ေညာင္ဦး၊ ေက်ာက္ ပန္းေတာင္း၊ ေတာင္သာမွာလည္း ထန္းပင္ေတြရွိ တယ္ေလ။ ထန္းပင္မ်ားတာကေတာ့ ေညာင္ဦးနဲ႔ ေက်ာက္ပန္းေတာင္းေပါ့ေနာ္။
ေမး- PDF ေတြႀကီးစိုးတဲ့နယ္ေျမေတာ္ေတာ္ကို က်ယ့္ျပန႔္လာတာလား။
ေျဖ-ဘယ္လိုေျပာရမလဲဆိုေတာ့ တစ္ခါတေလက် ေတာ့လည္း တပ္မေတာ္ကို အားမရတာေပါ့ဗ်ာ။ ထုပ္စည္းတိုးသလိုျဖစ္ေနတာ။ စစ္ေၾကာင္းဝင္လိုက္ PDF ကေျပးလိုက္။ ျပန္ဝင္လာလိုက္နဲ႔ ထုပ္စည္း တိုးသလိုျဖစ္ေနတာပါ။
ေမး- ဆက္သြယ္ေရးလည္းမေကာင္းဘူးထင္တယ္။ အခုစကားေျပာေနတာေတာင္ လိုင္းကျပတ္ေတာက္ သြားတာမ်ိဳးေတြရွိေနတယ္။ ဆက္သြယ္ေရး အဆင္ေျပလားခင္ဗ်။
ေျဖ- ဖုန္လိုင္းေတြကေတာ့ ေတာ္ေတာ္အဆင္မေျပတာပါဗ်ာ။ ကြၽန္ေတာ္တို႔သိသေလာက္ေပါ့ေနာ္။ နဂိုတုန္းကဆိုရင္ အခုလိုမ်ိဳး မိုးအုံ႔ေနတယ္ဆိုရင္ ဒီဇယ္နဲ႔ေမာင္းတာဗ်။ ဆိုလာနဲ႔မဟုတ္ေတာ့ဘူး။ အခုဒီဇယ္လိုက္မထည့္ေတာ့ဘူး။ ဒီဇယ္ထည့္ရင္ ရႈံးတာရယ္။ ေနာက္တစ္ခု အဆိုးဆုံးက ဒီဇယ္ထည့္တဲ့ ကားေတြကို PDF က ဖမ္းတဲ့အခါက်ေတာ့ ဆီလိုက္ မထည့္ေတာ့ဘူးေလ။ အဲဒီမွာ Tower တိုင္ေတြက မ run ႏိုင္ေတာ့ဘူး။ အခုလိုမိုးအုံ႔ရင္ မီးလာရင္မီး၊ မီးမလာရင္ဆိုလာနဲ႔ဆိုရင္ေတာင္ ဖုန္းလိုင္းေကာင္းေသး တယ္။ ဆိုလာကလည္း အားမဝင္တဲ့အခါက်ေတာ့ ဆီကလည္းလိုက္မထည့္ႏိုင္ေတာ့တဲ့အခါက်ေတာ့ ဖုန္းလိုင္းေတြက အဲဒီလိုေတြျဖစ္ကုန္တာ။ ဆက္သြယ္ေရးကလည္း ကြၽန္ေတာ္တို႔ဘက္မွာ လုံးဝ အဆင္ မေျပေတာ့တာ။ အဓိကကေတာ့ ဒီဇယ္လိုက္ထည့္ႏိုင္ရင္ အဆင္ေျပတာေပါ့။
ေမး-ေက်ာက္ပန္းေတာင္းတစ္နယ္လုံး အဲဒီလိုျဖစ္ေနတာလား။
ေျဖ-ေက်ာက္ပန္းေတာင္းတစ္နယ္လုံးတင္မဟုတ္ဘူး။ ေတာ္ေတာ္မ်ားမ်ား မေကြးတိုင္းဘက္ေတြလည္း အဲဒီလိုျဖစ္ေနတာ။ ဒီဇယ္လိုက္ထည့္တဲ့ကားေတြက ေတာ္ေတာ္ကိုနည္းသြားၿပီ။ ဖုန္းလိုင္းေတြက ေတာ္ ေတာ္ဆိုးဆိုးေတြျဖစ္ကုန္တာ။ ဒီဇယ္လိုက္ ထည့္တဲ့ကားေတြကလည္း 4 Wheels ကားေတြ ျဖစ္ေနေတာ့ အဲဒါေတြကို ပစ္မွတ္ထားတာေပါ့။ အဲဒီကားေတြက ေနရာေဒသမေ႐ြးေမာင္းလို႔ရေတာ့ ပိုၿပီးလိုခ်င္တာ ေပါ့။ အဲဒီမွာ Mytel ဆိုၿပီးအရင္ ကျဖစ္ေပမယ့္ အခုေနာက္ပိုင္း MPT ကားလည္းယူ တာပဲ။ Ooredoo ကားလည္း ယူတာပဲ။ အဲဒီေတာ့ ဘာကားမွလာမေျပာနဲ႔ ယူတာပဲ။ ဟိုတစ္ေန႔က ကိုဒဂၤါးဆိုရင္ စဥ္းစား ၾကည့္လိုက္ေတာ့ သူဆိုရင္ သစ္ပင္ စိုက္တာေလ။ ဘာမွလုပ္တာမဟုတ္ဘူး။ ဒါေပမဲ့ တစ္ဖက္က စစ္ တပ္နဲ႔ေပါင္းစိုက္တယ္ဆိုၿပီး ျမင္သြား ေတာ့ ေခါင္းစဥ္ကေျပာင္းသြားတာ။ မလြယ္တာခ်ည္း ပဲ။ ၾကား ေနသမားကိုမရေတာ့ဘူး။ တစ္ဖက္ကိုတြန္း ပို႔ေတာ့တာ။ ေအးေအးခ်မ္းခ်မ္းပဲ ေနခ်င္တယ္။ ဘယ္သူပဲ အုပ္ခ်ဳပ္အုပ္ခ်ဳပ္ဆိုတဲ့ လူေတာင္မရေတာ့ ဘူး။ တစ္ဖက္ဖက္ကို ရပ္တည္ ခိုင္းေနတာပဲ။ အကုန္လုံး အဲဒီလိုခ်ည္းျဖစ္ကုန္တယ္။
ေမး-အေျခခံစားေသာက္ကုန္ေဈးႏႈန္းပိုင္းေတြေကာ ကုန္ေဈးႏႈန္းအေျခအေနဘယ္လိုရွိပါသလဲ။
ေျဖ-ကြၽန္ေတာ္တို႔ဘက္ကေတာ့ ကိစၥမရွိပါဘူး။ ကြၽန္ ေတာ္တို႔ဘက္နဲ႔ေျပာရမယ္ဆိုရင္ ပခုကၠဴဘက္ ဆိုရင္ တားျမစ္ဘက္ေရာက္သြားၿပီေလ။ ကြၽန္ေတာ္တို႔ဘက္ ကေတာ့မပါေသးဘူး။ ေနာက္ၿပီး ေခ်ာက္ တံတား ေက်ာ္သြားတာနဲ႔ တားျမစ္ထဲပါသြားၿပီေလ။ မင္းဘူး တံတားေက်ာ္တာနဲ႔ တားျမစ္ထဲ ပါသြား ၿပီေလ။ အဲဒီလို ဆိုေတာ့ ဟိုဘက္ေတြအကုန္လုံးကို ကုန္သြယ္မႈကို နည္းနည္းေလး စိစစ္တဲ့ အပိုင္းေပါ့ ေနာ္။ စိစစ္တယ္ဆိုတာ မသယ္ရ၊ မျပဳရဆိုၿပီးမဟုတ္ဘူးေပါ့။ သူတို႔တား ျမစ္ထားတဲ့ဟာေလးေတြ ပါေတာ့ အဲဒီဘက္ေတြက ေတာ့ ပထမတစ္ျဖတ္ ဟားခါး-ပခုကၠဴဆိုရင္ ကြၽန္ေတာ္တို႔ ေက်ာက္ပန္း ေတာင္း ကားေတြမလိုက္ရဲဘူး။ ဘာလို႔မလိုက္ရဲတာလဲဆိုေတာ့ ကားေတြကို ေခ်ာဆြဲတာရယ္။ PDF က ေခၚမွာေၾကာင့္ မလိုက္ရဲတာရယ္ေၾကာင့္ ကားရွား။ ကားရွားေတာ့ ကားခတိုးေကာက္။ ကားခတိုး ေကာက္ေတာ့ ကုန္ေဈးႏႈန္းတက္ တာေပါ့။ ဒါပါပဲ။ ေနာက္ဆုံးေတာ့ ေအာက္ဆုံးက End User မွာပဲသြား ၿပီးေတာ့ ျပႆနာတက္တာ ေပါ့။ အကုန္လုံးက ေအာက္ကလူေတြပဲထိတာ။
ေမး-အရင္ရက္က ပုဂံ၊ ေညာင္ဦးဘက္မွာ PDF က တိုက္ပြဲေတြေဖာ္ေဆာင္မယ္ဆိုၿပီး သတင္းေတြ ထြက္ လာခဲ့ေတာ့ အဲဒီဘက္ကေဒသခံေတြနဲ႔ ေက်ာက္ပန္း ေတာင္းေဒသခံေတြ ဘယ္လိုမ်ိဳး စိုးရိမ္မႈေတြရွိေန ၾကလဲ။
ေျဖ-ရွိတာေပါ့။ ေျပာရရင္ ႐ြာတစ္႐ြာမွာ (၁၀)အိမ္ရွိတယ္။ စစ္ေၾကာင္းထိုးလာတာပဲျဖစ္ျဖစ္။ PDF ဝင္ လာတာပဲျဖစ္ျဖစ္ေပါ့။ အဲဒီမွာျဖစ္ေနတာက PDF က (၁၀)အိမ္ကို ဝိုင္းလိုက္တယ္။ ဒီ (၁၀)အိမ္က ေန တစ္အိမ္ကို ေယာက်ာ္းသားတစ္ေယာက္ေပးရမယ္။ ခင္ဗ်ားတို႔ ဘယ္သူလိုက္ႏိုင္လဲ။ မလိုက္ႏိုင္ရင္ အဲဒီအိမ္ ဒလန္ သူလွ်ိဳလုပ္။ အိမ္ကိုမီးရႈိ႕။ စစ္တပ္က ေရာက္လာရင္ ဘာျဖစ္လဲဆိုေတာ့ အကုန္လုံးက ထြက္ေျပးၾကေရာ။ အဲဒီမွာ စစ္တပ္ကလာရင္လည္း ဒီမွာ PDF က ဘယ္သူလဲ ဘယ္ဝါလဲ ေမးေရာ။ မေျဖရင္လည္း အ႐ိုက္ခံရဦးမယ္။ ေျဖရင္လည္း စစ္တပ္ျပန္သြားရင္ အသတ္ခံရဦးမယ္။ အဲဒီေတာ့ အဲဒီ ႐ြာကလူေတြက ထြက္ေျပးၾကေရာ။ အခုေနာက္ပိုင္း ဘယ္သူလာလာ အကုန္လုံးက ေျပးေနရတာ ျဖစ္ သြားရာ။ ေတာ္ေတာ္ ေလးကို ဆိုးပါတယ္။ အညာက ေတာ္ေတာ္ေလးကို ကပ္ဆိုက္တဲ့ေနရာကို ျဖစ္သြား တာ။ ဘုရားဖူးဆိုရင္ မလာေတာ့သေလာက္ပဲ။ လမ္းေပၚမွာလည္း လူမရွိ သေလာက္ပဲ။ ေယာက်ာ္းသား ဆိုရင္လည္း မျမင္ရသေလာက္ပဲ။
ေမး-ပုပၸားဘက္ေကာ ခရီးသြားဝင္ေရာက္မႈ အေျခအေနနဲ႔ ေဒသခံေတြအေျခအေနေကာ ဘာထူးျခားလဲ ခင္ဗ်။
ေျဖ-ေလာေလာဆယ္ဆယ္ေတာ့ ခရီးသြားကေတာ့ လုံးလုံးမလာဘူး။ ေတာ္ေတာ္ပါးတယ္။ လက္ခ်ိဳး ေရရေလာက္တယ္။ ေတာ္ေတာ္ ရွားတယ္။ သစ္ေတာ လက္ေထာက္òန္ၾကားေရးမႉးကို ေခၚသြားၿပီး ေနာက္ဆိုရင္ပိုေတာင္ဆိုးဦးမယ္။ ပိုလို႔ေတာင္မလာ ရဲေတာ့ဘူး။ အားလုံးကလည္း လိုင္းေပၚမွာ ဒါကိုပဲ အသံစြင့္ေနတာေလ။ ေတာင္ကလပ္နဲ႔တိုင္းမယ္ ဆိုရင္ေတာ့ အခုျဖစ္သြားတဲ့ေနရာက (၃) မိုင္ေလာက္ ေတာ့ ေဝးေသးတာေပါ့ေနာ္။ အဲဒါေၾကာင့္ ဘယ္လာ ရဲၾကေတာ့မလဲ။ အားလုံးကလည္း ပုပၸားေခါင္းစဥ္ပဲ တပ္တာကိုး။ အဲဒီေတာ့ ပုပၸားကိုမလာရဲေတာ့ဘူးေပါ့ေနာ္။
ေမး-ေရွ႕မွာလည္း သစ္ေတာလက္ေထာက္ ၫႊန္ၾကားေရးမႉး အဖမ္းခံရတယ္ဆိုေတာ့ တျခားဌာန ဆိုင္ ရာ ဝန္ထမ္းေတြေကာ စိုးရိမ္ေနၾကလား။ ဘယ္လိုအေျခအေနရွိလဲခင္ဗ်။
ေျဖ-စိုးရိမ္တာေပါ့။ ကြၽန္ေတာ္တို႔ ေက်ာက္ပန္းေတာင္းမွာဆိုရင္ ဝန္ထမ္းအိမ္ရာရွိတယ္ေလ။ အဲဒီ မွာ ဝန္ထမ္းေတြစုေနၾကတာေပါ့။ အဲဒီမွာ ဘယ္ႏွလုံးရွိ လဲဆိုရင္ (၈)လုံးေလာက္ရွိတယ္။ (၈)လုံးဆိုတာ (၄) ထပ္ (၈) လုံးေနာ္။ အဲဒီ(၄)ထပ္ (၈)လုံးမွာဆိုရင္ မိသားစုေတြ အမ်ားႀကီးစုေနတာေနာ္။ အဲဒီေလာက္ မိသားစုေတြအမ်ားႀကီးစုေနတာေတာင္မွ သူတို႔ေတာင္မွ ေခ်ာက္ခ်ားတယ္။ က်န္တဲ့လူေတြကေတာ့ မေျပာနဲ႔ေတာ့။ ဘယ္အခ်ိန္မွာဝင္စီးမလဲဆိုတဲ့ဟာ မ်ိဳးေပါ့။ ဥပမာ-ေတာင္သာျဖစ္စဥ္ေလ။ ေတာင္သာ မွာဆိုရင္လည္း ဝန္ထမ္းအိမ္ရာကို ဝင္ပစ္တာကိုး။ အဲဒီလိုျဖစ္တဲ့ဟာမ်ိဳးဆိုရင္ ျဖစ္တဲ့ျဖစ္စဥ္ကို ၾကည့္ ၿပီးေတာ့ တို႔ဆီလည္း ဘယ္ေတာ့လာမလဲဆိုတဲ့ ဟာမ်ိဳးေပါ့။ ကိုယ္ခ်င္းစာၾကည့္လိုက္ရင္ ကိုယ္လည္း သူတို႔ေနရာမွာဆိုရင္လည္း ဒီလိုမ်ိဳးပဲေတြးမွာပဲေလ။
ေမး-အဲဒီေဒသမွာ ဌာနဆိုင္ရာဝန္ထမ္းေတြ ခရီးသြားလာေရးအပိုင္းမွာေကာ အခက္အခဲေတြရွိလား။ စိတ္မလုံၿခဳံမႈေတြ ခံစားေနရမွာေပါ့ေနာ္။
ေျဖ-ျဖစ္တာေပါ့။ ကြၽန္ေတာ္တို႔ ထြက္တာေတာင္မွပဲ စာ႐ြက္စာတမ္းေတြ ယူမသြားရဲဘူး။ ကြၽန္ေတာ္တို႔ ဆိုရင္ တပ္နဲ႔ပတ္သက္တာ မဟုတ္ဘူး။ စာ႐ြက္စာ တမ္းေတြဆိုရင္လည္း တစ္ေနရာရာမွာ ဖြက္သြားရ တယ္။ ဘယ္အခ်ိန္မွာမ်ား ဘယ္ေတာ့ေပၚလာမလဲ ဆိုတဲ့ အသိေပါ့ေနာ္။ အရင္တုန္းက ဒီေနရာေတြဆို တာ (၂၄)နာရီ ႀကိဳက္တဲ့အခ်ိန္သြား။ သူခိုး၊ ဂ်ပိုး လည္းမရွိဘူး။ အဲဒီလိုက အခုဆိုရင္ ကြၽန္ေတာ္တို႔ ေတာင္ေၾကာက္ေနရတယ္။ ဘယ္အခ်ိန္မွာ ဘယ္ေနရာကမ်ား ဘြားခနဲေပၚလာမလဲေပါ့။ ဖုန္းေတာင္မွပဲ စစ္ၾကည့္လိုက္ရင္ အလုပ္လုပ္ေနတဲ့လူေတြပဲ ဌာနဆိုင္ရာေတြနဲ႔ ဆက္စပ္မႈရွိတယ္ဆိုၿပီးေတြ႕သြားရင္ သြားေရာ။ အဲဒီေတာ့ ဖုန္းနံပါတ္ကို ပလိန္းႀကီးထား ထားရတယ္။ ဟန္ျပပုံေလးေတြလည္း ထားထားရ တယ္။ အခုေနာက္ပိုင္း ဝန္ထမ္းေလးေတြအဆင္ ေျပေနတယ္။ ဝန္ထမ္းေလးေတြကို သက္ဆိုင္ရာ အာဏာပိုင္အဖြဲ႕အစည္းေတြက မွတ္ပုံတင္ထဲမွာ ရာထူးေတြ၊ အလုပ္ေတြေဖ်ာက္ထားေပးေတာ့ အဆင္ ေျပေနတယ္။ ဥပမာ-ကုန္သည္တို႔၊ ပြဲစားတို႔လို မ်ိဳးေပါ့ေနာ္။ အဲဒါကေတာ့ လဝကမွာ သြားၿပီးေတာ့ မွတ္ပုံတင္ကို ျပန္ျပင္လုပ္ခိုင္းထားတာ။ ကုန္သည္လို႔ ေတာ့ မထည့္ခိုင္းဘူး။ PDF ေခၚသြားရင္ ျပန္ေ႐ြး ရင္ ေၾကးႀကီးမွာစိုးလို႔ေလ။ အဲဒါေၾကာင့္ ပြဲစားတို႔ က်ပန္းတို႔၊ မွီခိုတို႔ေပါ့။ မွတ္ပုံတင္စစ္ၾကည့္ရင္ေတာ့ ေတာ္ေသးတာေပါ့။
ေမး-ပညာေရးအပိုင္းမွာေကာ ဘယ္လိုအခက္ အခဲေတြရွိလဲ။ ကေလးေတြေက်ာင္းတက္ရတာ အဆင္ေျပ လား။ တျခားနီးစပ္ရာေဒသေတြ မွာေကာ ဘယ္လိုေတြျဖစ္ေနလဲ။
ေျဖ-ပညာေရးပိုင္းက ေညာင္ဦးဘက္ကေက်ာင္းေတြ ေတာ္ေတာ္မ်ားမ်ား ပိတ္ထားရတယ္။ ေတာ္ေတာ္ မ်ားမ်ား ပိတ္ကုန္တယ္။ အဓိကေတာ့ တစ္ခါတေလ က်ေတာ့လည္း တပ္ကိုအားမရဘူး။ ရေပါက္ရလမ္း ျဖစ္တဲ့ေနရာေလာက္ပဲ ေနခ်င္ၾကတာကိုး။ ရဖို႔ကလည္း စဥ္းစားေလ။ တစ္ဖက္ကလည္း လုံၿခဳံေရးကို လည္း ၾကည့္ေပးေပါ့။ အထူးသျဖင့္ ဝန္ထမ္းေတြဆို အခက္အခဲၾကားထဲကေန ရပ္တည္ေနတဲ့အခါက် ေတာ့ ရပ္တည္မႈကို လုံၿခဳံမႈေပးသင့္တာေပါ့။ မ်က္ႏွာလႊဲၿပီးထားခဲ့တာဆိုေတာ့ ဒီယႏၲရားႀကီး ၿပိဳလဲသြား မွာကို ကြၽန္ေတာ္တို႔ကေတာ့ စိတ္ပူရတာေပါ့ေနာ္။
ေမး-ေက်ာက္ပန္းေတာင္းဘက္ကေကာ ဘယ္လိုအေျခေနရွိလဲ။
ေျဖ-ေက်ာက္ပန္းေတာင္းဘက္ကေတာ့ အဲဒီေလာက္ထိ မဆိုးေသးဘူး။ ေရွ႕မွာကြၽန္ေတာ္ေျပာတဲ့ ပုပၸား သြားတဲ့ ညာဘက္ကေဒသေတြကေတာ့ အကုန္ လုံးမီးျဖတ္ထားတာ (၄) လေလာက္ရွိၿပီေလ။ PDF က မီတာခ မေဆာင္ရဘူးဆိုၿပီးလုပ္ေတာ့ မီတာ မေဆာင္လို႔ဆိုၿပီး လွ်ပ္စစ္က မီးျဖတ္ပစ္လိုက္ေရာ။ အဲဒီတစ္ဖက္လုံး မီးျဖတ္ထားတာ။ မီတာမေဆာင္ဘဲနဲ႔ သုံးခဲ့တုန္းကလည္း ဒီဘက္မွာက မီတာေဆာင္ တယ္။ အဲဒီမွာ သူတို႔ဘက္လည္း မွ်ေပးရေသးတယ္။ မီတာ လည္းမေဆာင္ဘူးေပါ့။ အခုက်ေတာ့ မီး ျဖတ္လိုက္ေတာ့ ေဆာင္တဲ့လူက မီးပိုရသြားတာေပါ့။ ဒီလိုျဖစ္သြားတာေပါ့။
ေက်းဇူးတင္ပါတယ္ခင္ဗ်ာ။