ထိုင်းယာယီဝန်ကြီးချုပ် အသစ်အကြောင်း တစေ့တစောင်း

 97

ဂျန်ဇက် (NP News) - ဇူလိုင် ၁၈
ထိုင်းနိုင်ငံရဲ့ ယာယီဝန်ကြီးချုပ်အဖြစ် တာဝန်ယူနေတဲ့ ဖုံသန်ဝီချာရာချိုင်းက ၎င်းအနေနဲ့ လွှတ် တော်ကို ဖျက်သိမ်းခွင့်ရှိတယ်ဆိုတဲ့စွပ်စွဲချက်ကို ဇူလိုင်လ (၈)ရက်က ငြင်းဆန်ပယ်ချလိုက်ပါတယ်။ အ သက် (၇၁)နှစ်အရွယ်ရှိ ဝီချာရာချိုင်းဟာ ထိုင်း ယာယီဝန်ကြီးချုပ်အဖြစ်တာဝန်ယူပြီးနောက် ရက်ပိုင်းအ ကြာမှာပဲပြောဆိုခဲ့တာဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ (၂၀၂၅) ခုနှစ် ဇွန်လအတွင်း အငြင်းပွားမှုတွေ၊ ဆန္ဒပြပွဲ တွေ အရှိန်မြင့်တက်လာခဲ့ပြီးနောက် ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးဟာ ထိုင်းဝန်ကြီးချုပ်ပေထုံတန် ရှင်နာဝပ်ထရာနဲ့ပတ်သက်တဲ့စွပ်စွဲချက်တွေကို စစ်ဆေးခဲ့ပြီးနောက် ပေထုံတန်ရှင်နာဝပ်ထရာကို ဝန် ကြီးချုပ်ရာထူးက ဆိုင်းငံ့ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ထိုင်းနိုင်ငံနဲ့ကမ္ဘောဒီးယားနိုင်ငံတို့ဟာ မေလအတွင်းမှာ နယ်စပ်ဒေသပိုင်နက်အငြင်းပွားခဲ့ပြီး ထိုင်းဝန်ကြီးချုပ်ပေထုံတန်ရှင်နာဝပ်ထရာနဲ့ ကမ္ဘောဒီးယား ဝန် ကြီး ချုပ်ဟွန်ဆန်တို့ ဇွန်လအတွင်း ဖုန်းဆက်ဆွေးနွေးခဲ့ရာ အဲဒီဖုန်းအသံဖိုင် ပြင်ပကို ပေါက်ကြားခဲ့ပြီး ထိုင်းနိုင်ငံရေးမှာ အလှုပ်အခတ်များစွာ ဖြစ်လာခဲ့တာဖြစ်ပါတယ်။ ပေထုံတန်ရှင်နာဝပ်ထရာရဲ့ ဆွေးနွေး မှုတွေဟာ စစ်တပ်ကိုဝေဖန်ပြစ်တင်ခဲ့သလို အားရကျေနပ်စရာမကောင်းဘူးလို့ စွပ်စွဲမှုတွေမြင့် တက် လာခဲ့ပြီး ရာထူးကနုတ်ထွက်ဖို့ တောင်းဆိုဆန္ဒပြပွဲတွေ၊ လွှတ်တော်အတွင်းမှာလည်း အယုံကြည်မရှိ ကြောင်း အဆိုတင်သွင်းခံရမှုတွေ ဆက်တိုက်ဖြစ်လာခဲ့ပါတယ်။ ပေထုံတန်ရှင်နာဝပ်ထရာ ဝန်ကြီးချုပ် ရာထူးကဆိုင်းငံ့ခံရပြီးနောက်ရက်ပိုင်းအကြာမှာပဲ ထိုင်း နိုင်ငံရေးမှာ အလှည့်အပြောင်းများစွာဖြစ်လာခဲ့ပြီး နှစ်ရက်အတွင်း ယာယီဝန်ကြီးချုပ်နှစ်ဦး ခန့်အပ်ခဲ့ ကာ ဝီချာရာချိုင်းက လက်ရှိမှာ ထိုင်းနိုင်ငံရဲ့ယာယီဝန်ကြီးချုပ်ဖြစ်လာခဲ့သူဖြစ်ပါတယ်။ ဝီချာရာချိုင်း ဟာ ထိုင်းယာယီဝန်ကြီးချုပ်အဖြစ် (၂၀၂၄)ခုနှစ်တုန်းကလည်း တာဝန်ယူခဲ့ဖူးပြီး လက်ရှိအချိန်မှာ ထိုင်း ယာယီ ဝန်ကြီးချုပ်အဖြစ်ထပ်မံတာဝန်ယူခဲ့သူဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ (၂၀၂၄)ခုနှစ်က နိုင်ငံရေး ပြဿနာတွေဖြစ်လာခဲ့ပြီးနောက် ဝန်ကြီးချုပ်ဖြစ်သူ ဆာရက်သာတာဗီဆင် ရာထူးမှဖြုတ်ချခံခဲ့ရပြီး နောက် ယာယီ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သူဖြစ်ပါတယ်။ ဝီချာရာချိုင်းဟာ ထိုင်းအစိုးရအဖွဲ့မှာ ကုန် သွယ်ရေးဝန်ကြီးနဲ့ဒုတိယဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ဖူးသူလည်းဖြစ်ပါတယ်။ ထိုင်းနိုင်ငံရေးလောက မှာ ဩဇာကြီးမားတဲ့ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင် နာဝပ်ထရာမိသားစုနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိတဲ့ ဝီချာရာချိုင်းကို (၁၉၅၃)ခုနှစ် ဒီဇင်ဘာလမှာ မွေးဖွားခဲ့ပါတယ်။ ၎င်းဟာ မွေးရပ်မြေဇာတိဖြစ်တဲ့ ဘန် ကောက်မြို့ ပရာနက်ခွန်ဒေသ Taweethapisek ရှိ စာသင်ကျောင်းမှာ အထက်တန်းအောင်မြင်ခဲ့ပြီး တက္ကသိုလ် ဆက်လက်တက်ရောက်ခဲ့ရာ (၁၉၇၅)ခုနှစ်မှာ ချူလာလောင်ကွန်တက္ကသိုလ်ကကနေ နိုင်ငံ ရေးသိပ်ပ္ပံဘွဲ့ရရှိခဲ့ပါတယ်။ ၎င်းဟာ ချူလာလောင် ကွန်တက္ကသိုလ်ကနေ (၁၉၈၄)ခုနှစ်မှာ နိုင်ငံရေးသိပ္ပံ မဟာဘွဲ့ကို ထပ်မံရရှိခဲ့သူဖြစ်ပါတယ်။ Auan လို့ ချစ်စနိုးအခေါ်ခံရတဲ့ ဝီချာရာချိုင်းဟာ တက္ကသိုလ် ကျောင်းသားဘဝအတွင်းမှာ တက္ကသိုလ်ကျောင်းသားပေါင်း အနည်းဆုံး (၄၀)ခန့်သေဆုံးခဲ့ရတဲ့ Tham­masat Massacre ဆန္ဒပြပွဲမှာ ဦးဆောင်ပါဝင်ခဲ့ပြီးအဲဒီဆန္ဒပြပွဲကိုဖြိုခွင်းဖို့ ထိုင်းစစ်တပ်က ကျည်ဆန် အစစ်အသုံးပြုခဲ့တဲ့အတွက် အနည်းဆုံး လူပေါင်း (၅၀ဝ)ခန့်သေဆုံးခဲ့ပါတယ်။ ဝီချာရာချိုင်း ဟာ ထိုင်း ဝန်ကြီးချုပ်ဟောင်းသက်ဆင် ဦးစီးတည်ထောင်တဲ့ ရှင်ကော်ပိုရေးရှင်းမှာ (၁၉၉၇)ခုနှစ်ကနေ (၁၉၉၈)ခုနှစ်အထိ အုပ်ချုပ်မှုဆိုင်ရာအမှုဆောင်အကြီးအကဲအဖြစ် တာဝန်ယူလုပ်ကိုင်ခဲ့ဖူးတဲ့အတွက် နောက်ပိုင်း မှာ သက်ဆင်ဦးဆောင်တဲ့ ဖြူထိုင်းပါတီမှာ ပါဝင်လှုပ်ရှားခဲ့ပါတယ်။ တကယ်တော့ ဝီချာ ရာချိုင်းဟာ သက်ဆင်ဦးဆောင်တဲ့ ဖြူထိုင်းပါတီကို မဝင်ရောက်ခင် ထိုင်းကွန်မြူနစ်ပါတီနဲ့ ဒီမိုကရက် ပါတီတွေမှာ ပါတီဝင်အဖြစ် ပါဝင်လုပ်ကိုင်ခဲ့ဖူးသူဖြစ်ပါတယ်။ ဝီချာရာ ချိုင်းဟာ ထိုင်းနိုင်ငံရေးလောက ကို တက္ကသိုလ်ကျောင်း သားတွေလှုပ်ရှားမှုနဲ့အတူဝင်ရောက်လာခဲ့ပြီး (၁၉၇၇) ခုနှစ်ကနေ (၁၉၇၈) ခုနှစ် အထိ ထိုင်းကွန်မြူ နစ်ပါတီမှာ ပါတီဝင်အဖြစ်ပါဝင်ခဲ့သလို (၁၉၇၈)ခုနှစ်ကနေ (၁၉၉၇)ခုနှစ်အထိ ဒီမို ကရက်တစ်ပါတီမှာ ပါဝင်လုပ်ကိုင်ခဲ့ဖူးသူဖြစ်ပါတယ်။ ဝီချာရာချိုင်းဟာ ထိုင်းဝန်ကြီးချုပ်ဟောင်း သက် ဆင်ဦးဆောင်တဲ့အစိုးရအဖွဲ့မှာ ပို့ဆောင်ရေးဒုတိယဝန်ကြီးအဖြစ်တာဝန်မယူခင် သက်ဆင်ရဲ့အကြံပေး အဖြစ် တာဝန်ယူလုပ်ကိုင်ခဲ့ဖူးသူလည်းဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ သက်ဆင်ဦးဆောင်တဲ့ အစိုး ရအဖွဲ့တာဝန်ယူချိန်အတွင်း နိုင်ငံရေးအလှုပ်အခတ် များစွာရှိခဲ့ပြီး (၂၀ဝ၆)ခုနှစ်က စစ်အာဏာသိမ်းမှုဖြစ် ပွားချိန်မှာ ဝီချာရာချိုင်းဟာ ထိုင်းနိုင်ငံရေး လောက ကနေ (၅)နှစ်ကြာမပါဝင်ဖို့ ပိတ်ပင်ခံခဲ့ရပါတယ်။ ၎င်းဟာ သက်ဆင် ပြည်ပနိုင်ငံကိုထွက်ပြေးချိန်မှာ သက်ဆင်ဦးဆောင်တည်ထောင်ထားတဲ့ ဖြူထိုင်းပါတီ ဆက်လက်ရပ်တည်နိုင်အောင် ကြိုးပမ်းပေးခဲ့သူ တွေထဲမှာပါဝင်ခဲ့ပြီး (၂၀၁၂)ခုနှစ်ကနေ (၂၀၂၃)ခုနှစ် အထိ ဖြူထိုင်းပါတီရဲ့ အထွေထွေအတွင်းရေးမှူး၊ ပါတီဒုတိယခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သူဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ (၂၀၂၃)ခုနှစ် အထွေထွေရွေး ကောက်ပွဲကျင်းပချိန်အတွင်း ဖြူထိုင်းပါတီအနိုင်ရခဲ့ပြီးနောက် ဝန်ကြီးချုပ်အဖြစ်တာဝန်ယူခဲ့သူဆာရက် သာတာဗီဆင်က ဝီချာရာချိုင်းကို ထိုင်းကုန်သွယ်ရေး ဝန်ကြီးနဲ့ ဒုတိယဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့ပါ တယ်။ (၂၀၂၄)ခုနှစ် ဧပြီလမှာတော့ ထိုင်းနိုင်ငံခြားရေးဝန် ကြီးနုတ်ထွက်သွားခဲ့ပြီးနောက် ဝီချာရာချိုင်း ဟာ နိုင်ငံရေးဝန်ကြီးအဖြစ် ယာယီတာဝန်ယူခဲ့သလို (၂၀၂၄)ခုနှစ်ဩဂုတ်လအတွင်း ထိုင်းဝန်ကြီးချုပ် ဆာရက်သာ တာဗီဆင်ရာထူးက ထုတ်ပယ်ခံရချိန်မှာလည်း ယာယီဝန်ကြီးချုပ်အဖြစ်တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။ ၎င်းဟာ ကွန်မြူနစ်ပါတီဝင်တစ်ဦးဖြစ်ခဲ့ဖူးတဲ့အတွက် ထိုင်းနိုင်ငံရေးလောကမှာ ဝေဖန် ပြစ်တင်မှုတွေ ရင်ဆိုင်ခဲ့ရဖူးပြီး ပြီးခဲ့တဲ့နှစ်မှာ ထိုင်းကွန်ဆာဗေးတစ်တွေနဲ့ စစ်တပ်လိုလားသူတွေက ၎င်းကို ကွန်မြူနစ်လိုလားသူတစ်ဦးအဖြစ် စွပ်စွဲဝေဖန်ခြင်းကို ခံခဲ့ရပါတယ်။ ၎င်းဟာ ထိုင်းဝန်ကြီးချုပ် သက်ဆင် ဝန်ကြီးချုပ်အဖြစ်တာဝန်ယူချိန်အတွင်း ထိုင်းနိုင်ငံရဲ့ စီးပွားရေးကို ကောင်းမွန်အောင် ဦး ဆောင်နိုင်ခဲ့သူ ဖြစ်ပါတယ်။ ၎င်းဟာ လုပ်ငန်းခွင်နဲ့ နိုင်ငံရေးအပေါ် အထူးအာရုံစိုက်ဆောင်ရွက်တတ်သူ တစ်ဦးဖြစ်ပြီး မဟာမိတ်နိုင်ငံတွေအကြား ပူးပေါင်းဆောင်ရွက်နိုင်အောင်ကြိုးပမ်းခဲ့သူတစ်ဦးလည်း ဖြစ် ပါတယ်။ ဝီချာရာချိုင်းဟာ ထိုင်းနိုင်ငံရေးလောကမှာ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သူတစ်ဦးဖြစ်တဲ့ အတွက် အတွေ့ ကြုံရင့်ကျက်သူတစ်ဦးဖြစ်ပြီး ဖြူထိုင်းပါတီရဲ့ကူညီထောက်ပံ့ပေးမှုနဲ့အတူ မြန်မာ၊ ကမ္ဘောဒီးယားနှင့် အိန္ဒိယတို့အပါအဝင် အခြားသော အာရှနိုင်ငံတွေနဲ့လည်း ဆက်ဆံရေးကောင်းမွန် အောင်တည်ဆောက်ထားနိုင်သူဖြစ်ပါတယ်။ ဝီချာရာချိုင်းဟာ နိုင်ငံတကာ နဲ့ဆက်နွှယ်တဲ့အဓိက အရေး ကြီးတဲ့ကိစ္စတွေမှာလည်း တက်ကြွစွာ ပူးပေါင်းပါဝင်လုပ်ကိုင်နိုင်စွမ်းရှိသူတစ်ဦးအဖြစ် ချီးကျူးခံရသူ ဖြစ်ပါတယ်။ ဝီချာရာချိုင်းဟာ သက်ဆင်အပြင် သမီးဖြစ်သူ ပေထုံတန်ရှင် နာဝပ်ထရာနဲ့လည်း ရင်းနှီးသူ ဖြစ်ရာ ပေထုံတန်ရှင်နာဝပ်ထရာ ဝန်ကြီးချုပ်ဖြစ်လာချိန်မှာ ထိုင်းကာကွယ်ရေး ဝန်ကြီးအဖြစ် ပြောင်းလဲ ခန့်အပ်ခံရသူဖြစ်ပါတယ်။ ၎င်းဟာ စီးပွားရေးနဲ့ သံတမန်ဆက်ဆံရေးကောင်းမွန်အောင် ကြိုးပမ်းနိုင်သူ တစ်ဦးဖြစ်တဲ့အတွက် အကျိုးတူ ရင်းနှီးမြှုပ်နှံမှုတွေကို ဦးဆောင်ဆောင်ရွက်မှုတွေအပါ အဝင် ထိုင်းနိုင်ငံ ရဲ့စီးပွားရေး ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းပေးနေသူလည်းဖြစ်ပါတယ်။ ဝီချာရာချိုင်းဟာ ထိုင်း ဝန်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ (၁၉၉၇)ခုနှစ်တည်းကနေ လက်ရှိအချိန်အထိ ရင်းနှီးတဲ့ဆက်ဆံရေး ရှိသူဖြစ်ရာ သက်ဆင်မိသားစုအပေါ် သစ္စာခံသူတစ်ဦးဖြစ် လက်ရှိအချိန်မှာဝေဖန်ခံနေရသူဖြစ်ပါ တယ်။ သက်ဆင်ရဲ့သမီးဖြစ်သူ ပေထုံ တန်ရှင်နာဝပ် ထရာရဲ့အမှုကို ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ရက် ပေါင်း(၉၀)အတွင်း အပြီးသတ် ဆုံးဖြတ်သွား ဖွယ်ရှိနေရာ ပေထုံတန်ရှင်နာဝပ်ထရာဟာ အမှုအနိုင် ရ မယ်လို့ယုံကြည်ကြောင်း ဝီချာရာချိုင်းကပြောပါတယ်။
ပေထုံတန်ရှင်နာဝပ်ထရာဟာ ဝန်ကြီးချုပ် အဖြစ်တာဝန်ယူချိန်အတွင်း ကမ္ဘောဒီးယားနိုင်ငံနဲ့ နယ်စပ်ဒေသအငြင်းပွားရာကတစ်ဆင့် ဝန်ကြီးချုပ်ရာ ထူးဆိုင်းငံ့ခံရခြင်းဖြစ်ရာ ယာယီဝန်ကြီးချုပ် ဝီချာရာ ချိုင်းလက်ထက်မှာလည်း ကမ္ဘောဒီးယားနိုင်ငံနဲ့ နယ် စပ်ဒေသအငြင်းပွားမှုတွေကို ဆက်လက် ရင်ဆိုင်ရ ဖွယ်ရှိနေပါတယ်။ ဒါပေမဲ့ ဝီချာရာချိုင်းဟာ လက်ရှိ အချိန်မှာ ထိုင်းယာယီ ဝန်ကြီးချုပ်အဖြစ် ပြောင်းလဲ တာဝန်ယူခဲ့ပေမယ့် ကမ္ဘောဒီးယားနိုင်ငံနဲ့ ဖြစ်ပွားနေတဲ့ နယ်စပ်ဒေသအငြင်းပွားမှုတွေကို အပြောင်းအလဲ လုပ်ဆောင်မှာမဟုတ်ဘဲ အရင်အတိုင်းပဲရပ်တည်သွားမယ်လို့ပြောပါတယ်။ ဝီချာရာချိုင်းဟာလက်ရှိအချိန်မှာ ယာယီဝန်ကြီးချုပ်အဖြစ်တာဝန်ယူခွင့်ရထားပေမယ့် ပေထုံ တန်ရှင်နာဝပ်ထရာကို ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဝန်ကြီးချုပ်ရာထူးကထုတ်ပယ်ဖို့ဆုံးဖြတ်လိုက်ရင် ဝီ ချာရာချိုင်းက ဝန်ကြီးချုပ်အသစ်ဖြစ်လာဖွယ်ရှိတယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ထိုင်းဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံးဟာ ပေထုံတန်ရှင်နာဝပ်ထရာအပေါ် စွပ်စွဲထားတဲ့အမှုကို ရက်ပေါင်း အနည်းဆုံး(၆၀) ကျော်အတွင်း အပြီးသတ်ဆုံးဖြတ်ဖွယ်ရှိနေရာ ဝီချာရာချိုင်းဟာ ထိုင်းယာယီဝန်ကြီးချုပ်အဖြစ် အနည်း ဆုံး ရက်ပေါင်း (၆၀)ကျော်တာဝန်ယူရမှာလည်းဖြစ်ပါတယ်။
ဝီချာရာချိုင်းဟာ ထိုင်းဝန်ကြီးချုပ်အဖြစ် ယာယီတာဝန်ယူချိန်အတွင်း ထိုင်းနိုင်ငံနဲ့ပတ်သက်တဲ့ အခက်အခဲပြဿနာတွေကို ဘယ်လိုမျိုးကိုင်တွယ် ဖြေရှင်းမလဲဆိုတာ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Zawgyi Version:
ထိုင္းယာယီဝန္ႀကီးခ်ဳပ္ အသစ္အေၾကာင္း တေစ့တေစာင္း
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၁၈
ထိုင္းႏိုင္ငံရဲ႕ ယာယီဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ယူေနတဲ့ ဖုံသန္ဝီခ်ာရာခ်ိဳင္းက ၎အေနနဲ႔ လႊတ္ ေတာ္ကို ဖ်က္သိမ္းခြင့္ရွိတယ္ဆိုတဲ့စြပ္စြဲခ်က္ကို ဇူလိုင္လ (၈)ရက္က ျငင္းဆန္ပယ္ခ်လိုက္ပါတယ္။ အ သက္ (၇၁)ႏွစ္အ႐ြယ္ရွိ ဝီခ်ာရာခ်ိဳင္းဟာ ထိုင္း ယာယီဝန္ႀကီးခ်ဳပ္အျဖစ္တာဝန္ယူၿပီးေနာက္ ရက္ပိုင္းအ ၾကာမွာပဲေျပာဆိုခဲ့တာျဖစ္ပါတယ္။ ထိုင္းႏိုင္ငံမွာ (၂၀၂၅) ခုႏွစ္ ဇြန္လအတြင္း အျငင္းပြားမႈေတြ၊ ဆႏၵျပပြဲ ေတြ အရွိန္ျမင့္တက္လာခဲ့ၿပီးေနာက္ ထိုင္းဖြဲ႕စည္းပုံအေျခခံဥပေဒခုံ႐ုံးဟာ ထိုင္းဝန္ႀကီးခ်ဳပ္ေပထုံတန္ ရွင္နာဝပ္ထရာနဲ႔ပတ္သက္တဲ့စြပ္စြဲခ်က္ေတြကို စစ္ေဆးခဲ့ၿပီးေနာက္ ေပထုံတန္ရွင္နာဝပ္ထရာကို ဝန္ ႀကီးခ်ဳပ္ရာထူးက ဆိုင္းငံ့ဖို႔ဆုံးျဖတ္ခဲ့ပါတယ္။ ထိုင္းႏိုင္ငံနဲ႔ကေမာၻဒီးယားႏိုင္ငံတို႔ဟာ ေမလအတြင္းမွာ နယ္စပ္ေဒသပိုင္နက္အျငင္းပြားခဲ့ၿပီး ထိုင္းဝန္ႀကီးခ်ဳပ္ေပထုံတန္ရွင္နာဝပ္ထရာနဲ႔ ကေမာၻဒီးယား ဝန္ ႀကီး ခ်ဳပ္ဟြန္ဆန္တို႔ ဇြန္လအတြင္း ဖုန္းဆက္ေဆြးေႏြးခဲ့ရာ အဲဒီဖုန္းအသံဖိုင္ ျပင္ပကို ေပါက္ၾကားခဲ့ၿပီး ထိုင္းႏိုင္ငံေရးမွာ အလႈပ္အခတ္မ်ားစြာ ျဖစ္လာခဲ့တာျဖစ္ပါတယ္။ ေပထုံတန္ရွင္နာဝပ္ထရာရဲ႕ ေဆြးေႏြး မႈေတြဟာ စစ္တပ္ကိုေဝဖန္ျပစ္တင္ခဲ့သလို အားရေက်နပ္စရာမေကာင္းဘူးလို႔ စြပ္စြဲမႈေတြျမင့္ တက္ လာခဲ့ၿပီး ရာထူးကႏုတ္ထြက္ဖို႔ ေတာင္းဆိုဆႏၵျပပြဲေတြ၊ လႊတ္ေတာ္အတြင္းမွာလည္း အယုံၾကည္မရွိ ေၾကာင္း အဆိုတင္သြင္းခံရမႈေတြ ဆက္တိုက္ျဖစ္လာခဲ့ပါတယ္။ ေပထုံတန္ရွင္နာဝပ္ထရာ ဝန္ႀကီးခ်ဳပ္ ရာထူးကဆိုင္းငံ့ခံရၿပီးေနာက္ရက္ပိုင္းအၾကာမွာပဲ ထိုင္း ႏိုင္ငံေရးမွာ အလွည့္အေျပာင္းမ်ားစြာျဖစ္လာခဲ့ၿပီး ႏွစ္ရက္အတြင္း ယာယီဝန္ႀကီးခ်ဳပ္ႏွစ္ဦး ခန႔္အပ္ခဲ့ ကာ ဝီခ်ာရာခ်ိဳင္းက လက္ရွိမွာ ထိုင္းႏိုင္ငံရဲ႕ယာယီဝန္ႀကီးခ်ဳပ္ျဖစ္လာခဲ့သူျဖစ္ပါတယ္။ ဝီခ်ာရာခ်ိဳင္း ဟာ ထိုင္းယာယီဝန္ႀကီးခ်ဳပ္အျဖစ္ (၂၀၂၄)ခုႏွစ္တုန္းကလည္း တာဝန္ယူခဲ့ဖူးၿပီး လက္ရွိအခ်ိန္မွာ ထိုင္း ယာယီ ဝန္ႀကီးခ်ဳပ္အျဖစ္ထပ္မံတာဝန္ယူခဲ့သူျဖစ္ပါတယ္။ ထိုင္းႏိုင္ငံမွာ (၂၀၂၄)ခုႏွစ္က ႏိုင္ငံေရး ျပႆနာေတြျဖစ္လာခဲ့ၿပီးေနာက္ ဝန္ႀကီးခ်ဳပ္ျဖစ္သူ ဆာရက္သာတာဗီဆင္ ရာထူးမွျဖဳတ္ခ်ခံခဲ့ရၿပီး ေနာက္ ယာယီ ဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ယူခဲ့သူျဖစ္ပါတယ္။ ဝီခ်ာရာခ်ိဳင္းဟာ ထိုင္းအစိုးရအဖြဲ႕မွာ ကုန္ သြယ္ေရးဝန္ႀကီးနဲ႔ဒုတိယဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ယူခဲ့ဖူးသူလည္းျဖစ္ပါတယ္။ ထိုင္းႏိုင္ငံေရးေလာက မွာ ဩဇာႀကီးမားတဲ့ဝန္ႀကီးခ်ဳပ္ေဟာင္း သက္ဆင္ရွင္ နာဝပ္ထရာမိသားစုနဲ႔ ရင္းႏွီးတဲ့ဆက္ဆံေရးရွိတဲ့ ဝီခ်ာရာခ်ိဳင္းကို (၁၉၅၃)ခုႏွစ္ ဒီဇင္ဘာလမွာ ေမြးဖြားခဲ့ပါတယ္။ ၎ဟာ ေမြးရပ္ေျမဇာတိျဖစ္တဲ့ ဘန္ ေကာက္ၿမိဳ႕ ပရာနက္ခြန္ေဒသ Taweethapisek ရွိ စာသင္ေက်ာင္းမွာ အထက္တန္းေအာင္ျမင္ခဲ့ၿပီး တကၠသိုလ္ ဆက္လက္တက္ေရာက္ခဲ့ရာ (၁၉၇၅)ခုႏွစ္မွာ ခ်ဴလာေလာင္ကြန္တကၠသိုလ္ကကေန ႏိုင္ငံ ေရးသိပ္ပၸံဘြဲ႕ရရွိခဲ့ပါတယ္။ ၎ဟာ ခ်ဴလာေလာင္ ကြန္တကၠသိုလ္ကေန (၁၉၈၄)ခုႏွစ္မွာ ႏိုင္ငံေရးသိပၸံ မဟာဘြဲ႕ကို ထပ္မံရရွိခဲ့သူျဖစ္ပါတယ္။ Auan လို႔ ခ်စ္စႏိုးအေခၚခံရတဲ့ ဝီခ်ာရာခ်ိဳင္းဟာ တကၠသိုလ္ ေက်ာင္းသားဘဝအတြင္းမွာ တကၠသိုလ္ေက်ာင္းသားေပါင္း အနည္းဆုံး (၄၀)ခန႔္ေသဆုံးခဲ့ရတဲ့ Tham­masat Massacre ဆႏၵျပပြဲမွာ ဦးေဆာင္ပါဝင္ခဲ့ၿပီးအဲဒီဆႏၵျပပြဲကိုၿဖိဳခြင္းဖို႔ ထိုင္းစစ္တပ္က က်ည္ဆန္ အစစ္အသုံးျပဳခဲ့တဲ့အတြက္ အနည္းဆုံး လူေပါင္း (၅၀ဝ)ခန႔္ေသဆုံးခဲ့ပါတယ္။ ဝီခ်ာရာခ်ိဳင္း ဟာ ထိုင္း ဝန္ႀကီးခ်ဳပ္ေဟာင္းသက္ဆင္ ဦးစီးတည္ေထာင္တဲ့ ရွင္ေကာ္ပိုေရးရွင္းမွာ (၁၉၉၇)ခုႏွစ္ကေန (၁၉၉၈)ခုႏွစ္အထိ အုပ္ခ်ဳပ္မႈဆိုင္ရာအမႈေဆာင္အႀကီးအကဲအျဖစ္ တာဝန္ယူလုပ္ကိုင္ခဲ့ဖူးတဲ့အတြက္ ေနာက္ပိုင္း မွာ သက္ဆင္ဦးေဆာင္တဲ့ ျဖဴထိုင္းပါတီမွာ ပါဝင္လႈပ္ရွားခဲ့ပါတယ္။ တကယ္ေတာ့ ဝီခ်ာ ရာခ်ိဳင္းဟာ သက္ဆင္ဦးေဆာင္တဲ့ ျဖဴထိုင္းပါတီကို မဝင္ေရာက္ခင္ ထိုင္းကြန္ျမဴနစ္ပါတီနဲ႔ ဒီမိုကရက္ ပါတီေတြမွာ ပါတီဝင္အျဖစ္ ပါဝင္လုပ္ကိုင္ခဲ့ဖူးသူျဖစ္ပါတယ္။ ဝီခ်ာရာ ခ်ိဳင္းဟာ ထိုင္းႏိုင္ငံေရးေလာက ကို တကၠသိုလ္ေက်ာင္း သားေတြလႈပ္ရွားမႈနဲ႔အတူဝင္ေရာက္လာခဲ့ၿပီး (၁၉၇၇) ခုႏွစ္ကေန (၁၉၇၈) ခုႏွစ္ အထိ ထိုင္းကြန္ျမဴ နစ္ပါတီမွာ ပါတီဝင္အျဖစ္ပါဝင္ခဲ့သလို (၁၉၇၈)ခုႏွစ္ကေန (၁၉၉၇)ခုႏွစ္အထိ ဒီမို ကရက္တစ္ပါတီမွာ ပါဝင္လုပ္ကိုင္ခဲ့ဖူးသူျဖစ္ပါတယ္။ ဝီခ်ာရာခ်ိဳင္းဟာ ထိုင္းဝန္ႀကီးခ်ဳပ္ေဟာင္း သက္ ဆင္ဦးေဆာင္တဲ့အစိုးရအဖြဲ႕မွာ ပို႔ေဆာင္ေရးဒုတိယဝန္ႀကီးအျဖစ္တာဝန္မယူခင္ သက္ဆင္ရဲ႕အႀကံေပး အျဖစ္ တာဝန္ယူလုပ္ကိုင္ခဲ့ဖူးသူလည္းျဖစ္ပါတယ္။
ထိုင္းႏိုင္ငံမွာ သက္ဆင္ဦးေဆာင္တဲ့ အစိုး ရအဖြဲ႕တာဝန္ယူခ်ိန္အတြင္း ႏိုင္ငံေရးအလႈပ္အခတ္ မ်ားစြာရွိခဲ့ၿပီး (၂၀ဝ၆)ခုႏွစ္က စစ္အာဏာသိမ္းမႈျဖစ္ ပြားခ်ိန္မွာ ဝီခ်ာရာခ်ိဳင္းဟာ ထိုင္းႏိုင္ငံေရး ေလာက ကေန (၅)ႏွစ္ၾကာမပါဝင္ဖို႔ ပိတ္ပင္ခံခဲ့ရပါတယ္။ ၎ဟာ သက္ဆင္ ျပည္ပႏိုင္ငံကိုထြက္ေျပးခ်ိန္မွာ သက္ဆင္ဦးေဆာင္တည္ေထာင္ထားတဲ့ ျဖဴထိုင္းပါတီ ဆက္လက္ရပ္တည္ႏိုင္ေအာင္ ႀကိဳးပမ္းေပးခဲ့သူ ေတြထဲမွာပါဝင္ခဲ့ၿပီး (၂၀၁၂)ခုႏွစ္ကေန (၂၀၂၃)ခုႏွစ္ အထိ ျဖဴထိုင္းပါတီရဲ႕ အေထြေထြအတြင္းေရးမႉး၊ ပါတီဒုတိယေခါင္းေဆာင္အျဖစ္ တာဝန္ယူခဲ့သူျဖစ္ပါတယ္။ ထိုင္းႏိုင္ငံမွာ (၂၀၂၃)ခုႏွစ္ အေထြေထြေ႐ြး ေကာက္ပြဲက်င္းပခ်ိန္အတြင္း ျဖဴထိုင္းပါတီအႏိုင္ရခဲ့ၿပီးေနာက္ ဝန္ႀကီးခ်ဳပ္အျဖစ္တာဝန္ယူခဲ့သူဆာရက္ သာတာဗီဆင္က ဝီခ်ာရာခ်ိဳင္းကို ထိုင္းကုန္သြယ္ေရး ဝန္ႀကီးနဲ႔ ဒုတိယဝန္ႀကီးခ်ဳပ္အျဖစ္ ခန႔္အပ္ခဲ့ပါ တယ္။ (၂၀၂၄)ခုႏွစ္ ဧၿပီလမွာေတာ့ ထိုင္းႏိုင္ငံျခားေရးဝန္ ႀကီးႏုတ္ထြက္သြားခဲ့ၿပီးေနာက္ ဝီခ်ာရာခ်ိဳင္း ဟာ ႏိုင္ငံေရးဝန္ႀကီးအျဖစ္ ယာယီတာဝန္ယူခဲ့သလို (၂၀၂၄)ခုႏွစ္ဩဂုတ္လအတြင္း ထိုင္းဝန္ႀကီးခ်ဳပ္ ဆာရက္သာ တာဗီဆင္ရာထူးက ထုတ္ပယ္ခံရခ်ိန္မွာလည္း ယာယီဝန္ႀကီးခ်ဳပ္အျဖစ္တာဝန္ယူခဲ့သူ ျဖစ္ပါတယ္။ ၎ဟာ ကြန္ျမဴနစ္ပါတီဝင္တစ္ဦးျဖစ္ခဲ့ဖူးတဲ့အတြက္ ထိုင္းႏိုင္ငံေရးေလာကမွာ ေဝဖန္ ျပစ္တင္မႈေတြ ရင္ဆိုင္ခဲ့ရဖူးၿပီး ၿပီးခဲ့တဲ့ႏွစ္မွာ ထိုင္းကြန္ဆာေဗးတစ္ေတြနဲ႔ စစ္တပ္လိုလားသူေတြက ၎ကို ကြန္ျမဴနစ္လိုလားသူတစ္ဦးအျဖစ္ စြပ္စြဲေဝဖန္ျခင္းကို ခံခဲ့ရပါတယ္။ ၎ဟာ ထိုင္းဝန္ႀကီးခ်ဳပ္ သက္ဆင္ ဝန္ႀကီးခ်ဳပ္အျဖစ္တာဝန္ယူခ်ိန္အတြင္း ထိုင္းႏိုင္ငံရဲ႕ စီးပြားေရးကို ေကာင္းမြန္ေအာင္ ဦး ေဆာင္ႏိုင္ခဲ့သူ ျဖစ္ပါတယ္။ ၎ဟာ လုပ္ငန္းခြင္နဲ႔ ႏိုင္ငံေရးအေပၚ အထူးအာ႐ုံစိုက္ေဆာင္႐ြက္တတ္သူ တစ္ဦးျဖစ္ၿပီး မဟာမိတ္ႏိုင္ငံေတြအၾကား ပူးေပါင္းေဆာင္႐ြက္ႏိုင္ေအာင္ႀကိဳးပမ္းခဲ့သူတစ္ဦးလည္း ျဖစ္ ပါတယ္။ ဝီခ်ာရာခ်ိဳင္းဟာ ထိုင္းႏိုင္ငံေရးေလာကမွာ ႏွစ္ေပါင္းမ်ားစြာ က်င္လည္ခဲ့သူတစ္ဦးျဖစ္တဲ့ အတြက္ အေတြ႕ ႀကဳံရင့္က်က္သူတစ္ဦးျဖစ္ၿပီး ျဖဴထိုင္းပါတီရဲ႕ကူညီေထာက္ပံ့ေပးမႈနဲ႔အတူ ျမန္မာ၊ ကေမာၻဒီးယားႏွင့္ အိႏၵိယတို႔အပါအဝင္ အျခားေသာ အာရွႏိုင္ငံေတြနဲ႔လည္း ဆက္ဆံေရးေကာင္းမြန္ ေအာင္တည္ေဆာက္ထားႏိုင္သူျဖစ္ပါတယ္။ ဝီခ်ာရာခ်ိဳင္းဟာ ႏိုင္ငံတကာ နဲ႔ဆက္ႏႊယ္တဲ့အဓိက အေရး ႀကီးတဲ့ကိစၥေတြမွာလည္း တက္ႂကြစြာ ပူးေပါင္းပါဝင္လုပ္ကိုင္ႏိုင္စြမ္းရွိသူတစ္ဦးအျဖစ္ ခ်ီးက်ဴးခံရသူ ျဖစ္ပါတယ္။ ဝီခ်ာရာခ်ိဳင္းဟာ သက္ဆင္အျပင္ သမီးျဖစ္သူ ေပထုံတန္ရွင္ နာဝပ္ထရာနဲ႔လည္း ရင္းႏွီးသူ ျဖစ္ရာ ေပထုံတန္ရွင္နာဝပ္ထရာ ဝန္ႀကီးခ်ဳပ္ျဖစ္လာခ်ိန္မွာ ထိုင္းကာကြယ္ေရး ဝန္ႀကီးအျဖစ္ ေျပာင္းလဲ ခန႔္အပ္ခံရသူျဖစ္ပါတယ္။ ၎ဟာ စီးပြားေရးနဲ႔ သံတမန္ဆက္ဆံေရးေကာင္းမြန္ေအာင္ ႀကိဳးပမ္းႏိုင္သူ တစ္ဦးျဖစ္တဲ့အတြက္ အက်ိဳးတူ ရင္းႏွီးျမႇဳပ္ႏွံမႈေတြကို ဦးေဆာင္ေဆာင္႐ြက္မႈေတြအပါ အဝင္ ထိုင္းႏိုင္ငံ ရဲ႕စီးပြားေရး ပိုမိုဖြံ႕ၿဖိဳးတိုးတက္ေအာင္ ႀကိဳးပမ္းေပးေနသူလည္းျဖစ္ပါတယ္။ ဝီခ်ာရာခ်ိဳင္းဟာ ထိုင္း ဝန္ႀကီးခ်ဳပ္ေဟာင္း သက္ဆင္နဲ႔ (၁၉၉၇)ခုႏွစ္တည္းကေန လက္ရွိအခ်ိန္အထိ ရင္းႏွီးတဲ့ဆက္ဆံေရး ရွိသူျဖစ္ရာ သက္ဆင္မိသားစုအေပၚ သစၥာခံသူတစ္ဦးျဖစ္ လက္ရွိအခ်ိန္မွာေဝဖန္ခံေနရသူျဖစ္ပါ တယ္။ သက္ဆင္ရဲ႕သမီးျဖစ္သူ ေပထုံ တန္ရွင္နာဝပ္ ထရာရဲ႕အမႈကို ထိုင္းဖြဲ႕စည္းပုံအေျခခံဥပေဒခုံ႐ုံးက ရက္ ေပါင္း(၉၀)အတြင္း အၿပီးသတ္ ဆုံးျဖတ္သြား ဖြယ္ရွိေနရာ ေပထုံတန္ရွင္နာဝပ္ထရာဟာ အမႈအႏိုင္ ရ မယ္လို႔ယုံၾကည္ေၾကာင္း ဝီခ်ာရာခ်ိဳင္းကေျပာပါတယ္။
ေပထုံတန္ရွင္နာဝပ္ထရာဟာ ဝန္ႀကီးခ်ဳပ္ အျဖစ္တာဝန္ယူခ်ိန္အတြင္း ကေမာၻဒီးယားႏိုင္ငံနဲ႔ နယ္စပ္ေဒသအျငင္းပြားရာကတစ္ဆင့္ ဝန္ႀကီးခ်ဳပ္ရာ ထူးဆိုင္းငံ့ခံရျခင္းျဖစ္ရာ ယာယီဝန္ႀကီးခ်ဳပ္ ဝီခ်ာရာ ခ်ိဳင္းလက္ထက္မွာလည္း ကေမာၻဒီးယားႏိုင္ငံနဲ႔ နယ္ စပ္ေဒသအျငင္းပြားမႈေတြကို ဆက္လက္ ရင္ဆိုင္ရ ဖြယ္ရွိေနပါတယ္။ ဒါေပမဲ့ ဝီခ်ာရာခ်ိဳင္းဟာ လက္ရွိ အခ်ိန္မွာ ထိုင္းယာယီ ဝန္ႀကီးခ်ဳပ္အျဖစ္ ေျပာင္းလဲ တာဝန္ယူခဲ့ေပမယ့္ ကေမာၻဒီးယားႏိုင္ငံနဲ႔ ျဖစ္ပြားေနတဲ့ နယ္စပ္ေဒသအျငင္းပြားမႈေတြကို အေျပာင္းအလဲ လုပ္ေဆာင္မွာမဟုတ္ဘဲ အရင္အတိုင္းပဲရပ္တည္သြားမယ္လို႔ေျပာပါတယ္။ ဝီခ်ာရာခ်ိဳင္းဟာလက္ရွိအခ်ိန္မွာ ယာယီဝန္ႀကီးခ်ဳပ္အျဖစ္တာဝန္ယူခြင့္ရထားေပမယ့္ ေပထုံ တန္ရွင္နာဝပ္ထရာကို ဖြဲ႕စည္းပုံအေျခခံဥပေဒခုံ႐ုံးက ဝန္ႀကီးခ်ဳပ္ရာထူးကထုတ္ပယ္ဖို႔ဆုံးျဖတ္လိုက္ရင္ ဝီ ခ်ာရာခ်ိဳင္းက ဝန္ႀကီးခ်ဳပ္အသစ္ျဖစ္လာဖြယ္ရွိတယ္လို႔ သုံးသပ္မႈေတြရွိေနပါတယ္။ ထိုင္းဖြဲ႕စည္းပုံ အေျခခံ ဥပေဒခုံ႐ုံးဟာ ေပထုံတန္ရွင္နာဝပ္ထရာအေပၚ စြပ္စြဲထားတဲ့အမႈကို ရက္ေပါင္း အနည္းဆုံး(၆၀) ေက်ာ္အတြင္း အၿပီးသတ္ဆုံးျဖတ္ဖြယ္ရွိေနရာ ဝီခ်ာရာခ်ိဳင္းဟာ ထိုင္းယာယီဝန္ႀကီးခ်ဳပ္အျဖစ္ အနည္း ဆုံး ရက္ေပါင္း (၆၀)ေက်ာ္တာဝန္ယူရမွာလည္းျဖစ္ပါတယ္။
ဝီခ်ာရာခ်ိဳင္းဟာ ထိုင္းဝန္ႀကီးခ်ဳပ္အျဖစ္ ယာယီတာဝန္ယူခ်ိန္အတြင္း ထိုင္းႏိုင္ငံနဲ႔ပတ္သက္တဲ့ အခက္အခဲျပႆနာေတြကို ဘယ္လိုမ်ိဳးကိုင္တြယ္ ေျဖရွင္းမလဲဆိုတာ စိတ္ဝင္စားဖြယ္ ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။

Related news

© 2021. All rights reserved.