TNLA ၊ DPLA နှင့် MDY – PDF အဖွဲ့ဝင် (၁၄) ဦး တပ်မတော်ထံ အလင်းဝင်လာ

729

Pearl (NP News) - ဇူလိုင် ၁၈
TNLA ၊ DPLA နှင့် MDY – PDF အဖွဲ့ဝင် (၁၄) ဦး တပ်မတော်ထံ အလင်းဝင်လာကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။ တောင်ခမ်းနှင့် နောင်ချို ဒေသအပါအဝင် အချို့ဒေသများတွင် ပြည်သူများက လက်ခံခြင်းမရှိသည့် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များအပေါ် နောင်တရသည့်အပြင် နိုင်ငံတော်နှင့် တပ်မတော်၏ သဘောထားအမှန်တို့ကို နားလည်သဘောပေါက် လက်ခံလာခြင်းတို့ကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်အချို့နှင့် PDF အဖွဲ့ဝင်အချို့တို့သည် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် နယ်မြေအလိုက်ရှိ နီးစပ်ရာတပ်စခန်းများ၊ တာဝန်ရှိသူများနှင့်ချိတ်ဆက်၍ ဥပဒေဘောင်အတွင်း ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဥပဒေဘောင်အတွင်းဝင်ရောက်လျက်ရှိရာ TNLA အဖွဲ့ဝင် အမျိုးသားလေးဦး၊ DPLA အဖွဲ့မှ အဖွဲ့ဝင်အမျိုးသားငါးဦးနှင့် MDY-PDF အမျိုးသားသုံးဦး၊ အမျိုးသမီးနှစ်ဦး စုစုပေါင်းအမျိုးသား ၁၂ ဦး၊ အမျိုးသမီးနှစ်ဦးတို့သည် လက်နက်ကိုင်လမ်းစဉ်အားစွန့်လွှတ်ပြီး နီးစပ်ရာတပ်မတော်စခန်းများမှတစ်ဆင့် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့ကြောင်းလည်း နစကက ထုတ်ပြန်ထားသည်။ လက်ရှိတွင် ၎င်းတို့အားတာဝန်ရှိသူများက ပြန်လည်လက်ခံ၍ လိုအပ်သည့် ကူညီထောက်ပံ့မှုများဆောင်ရွက်ပေးခဲ့ပြီး မိဘအုပ်ထိန်းသူများထံသို့ ပြန်လည်လွှဲပြောင်းအပ်နှံခဲ့ကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့်အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများကိုလည်းလိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိပြီး လက်နက်/ခဲယမ်းများဖြင့် ဝင်ရောက်လာသူများကို ဆုကြေးငွေများ သီးသန့်ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
zawgyi version
TNLA ၊ DPLA ႏွင့္ MDY – PDF အဖြဲ႕ဝင္ (၁၄) ဦး တပ္မေတာ္ထံ အလင္းဝင္လာ
Pearl (NP News) - ဇူလိုင္ ၁၈
TNLA ၊ DPLA ႏွင့္ MDY – PDF အဖြဲ႕ဝင္ (၁၄) ဦး တပ္မေတာ္ထံ အလင္းဝင္လာေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ထုတ္ျပန္ခ်က္အရ သိရသည္။ ေတာင္ခမ္းႏွင့္ ေနာင္ခ်ိဳ ေဒသအပါအဝင္ အခ်ိဳ႕ေဒသမ်ားတြင္ ျပည္သူမ်ားက လက္ခံျခင္းမရွိသည့္ ၎တို႔၏ အၾကမ္းဖက္လုပ္ရပ္မ်ားအေပၚ ေနာင္တရသည့္အျပင္ ႏိုင္ငံေတာ္ႏွင့္ တပ္မေတာ္၏ သေဘာထားအမွန္တို႔ကို နားလည္သေဘာေပါက္ လက္ခံလာျခင္းတို႔ေၾကာင့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ဝင္အခ်ိဳ႕ႏွင့္ PDF အဖြဲ႕ဝင္အခ်ိဳ႕တို႔သည္ သက္ဆိုင္ရာတိုင္းစစ္ဌာနခ်ဳပ္ နယ္ေျမအလိုက္ရွိ နီးစပ္ရာတပ္စခန္းမ်ား၊ တာဝန္ရွိသူမ်ားႏွင့္ခ်ိတ္ဆက္၍ ဥပေဒေဘာင္အတြင္း ဝင္ေရာက္လ်က္ရွိေၾကာင္း သိရသည္။
ထိုသို႔ ဥပေဒေဘာင္အတြင္းဝင္ေရာက္လ်က္ရွိရာ TNLA အဖြဲ႕ဝင္ အမ်ိဳးသားေလးဦး၊ DPLA အဖြဲ႕မွ အဖြဲ႕ဝင္အမ်ိဳးသားငါးဦးႏွင့္ MDY-PDF အမ်ိဳးသားသုံးဦး၊ အမ်ိဳးသမီးႏွစ္ဦး စုစုေပါင္းအမ်ိဳးသား ၁၂ ဦး၊ အမ်ိဳးသမီးႏွစ္ဦးတို႔သည္ လက္နက္ကိုင္လမ္းစဥ္အားစြန႔္လႊတ္ၿပီး နီးစပ္ရာတပ္မေတာ္စခန္းမ်ားမွတစ္ဆင့္ ဥပေဒေဘာင္အတြင္းသို႔ ျပန္လည္ဝင္ေရာက္လာခဲ့ေၾကာင္းလည္း နစကက ထုတ္ျပန္ထားသည္။ လက္ရွိတြင္ ၎တို႔အားတာဝန္ရွိသူမ်ားက ျပန္လည္လက္ခံ၍ လိုအပ္သည့္ ကူညီေထာက္ပံ့မႈမ်ားေဆာင္႐ြက္ေပးခဲ့ၿပီး မိဘအုပ္ထိန္းသူမ်ားထံသို႔ ျပန္လည္လႊဲေျပာင္းအပ္ႏွံခဲ့ေၾကာင္း သိရသည္။
ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအေနျဖင့္ PDF အပါအဝင္ အဖြဲ႕အစည္းအမ်ိဳးမ်ိဳးအမည္ခံ၍ လက္နက္ကိုင္ဆန႔္က်င္လ်က္ရွိသည့္အဖြဲ႕အစည္းမ်ားအတြင္း ေရာက္ရွိေနသူမ်ားအား ဥပေဒေဘာင္အတြင္းသို႔ ျပန္လည္ဝင္ေရာက္ရန္ ဖိတ္ေခၚ၍ ဥပေဒေဘာင္အတြင္းသို႔ ဝင္ေရာက္လာသူမ်ားကိုလည္းလိုအပ္သည့္ ကူညီပံ့ပိုးမႈမ်ား ေဆာင္႐ြက္ေပးလ်က္ရွိၿပီး လက္နက္/ခဲယမ္းမ်ားျဖင့္ ဝင္ေရာက္လာသူမ်ားကို ဆုေၾကးေငြမ်ား သီးသန႔္ေထာက္ပံ့ေပးလ်က္ရွိေၾကာင္း သိရသည္။