အီရန်က ဆွေးနွေးပွဲများ လုပ်ဆောင်လိုနေသော်လည်း အမေရိကန်က အလျင်စလိုလုပ်သွားမည်မဟုတ်ဟု ဒေါ်နယ်ထရမ့်ပြော

159

Pika (NP News) - ဇူလိုင် ၁၉
အီရန်နိုင်ငံက အမေရိကန်နိုင်ငံနှင့် ဆွေးနွေးညှိနှိုင်းမှုများလုပ်ဆောင်လိုနေသော်လည်း ၎င်းအနေဖြင့် ဆွေးနွေးမှု များအတွက် အလျင်စလိုလုပ်ဆောင်သွားမည်မဟုတ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြော ခဲ့သည်။
ဒေါ်နယ်ထရမ့်က “အီရန်က အမေရိကန်နဲ့ဆွေးနွေးညှိနှိုင်းမှုတွေကို လုပ်ဆောင်လိုနေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဘက်က ဆွေးနွေးမှုတွေအတွက် အလျင်စလိုလုပ်မှာမဟုတ်ပါဘူး” ဟု ပြောခဲ့သည်။
အီရန်၏ ယူရေနီယမ်သန့်စင်မှုများကို စွန့်လွှတ်ခိုင်းမည့် အခြေအနေများရှိနေခဲ့မည်ဆိုပါက အမေရိကန်နှင့် နျူကလီးယားဆွေးနွေးပွဲအသစ်များ ရှိလာမည်မဟုတ်ကြောင်း အီရန်အစိုးရက ပြီးခဲ့သည့်ရက်ပိုင်းတွင် ထုတ်ပြန်ခဲ့ သည်။
အီရန်အစိုးရက “ဆွေးနွေးညှိနှိုင်းမှုတွေဟာ ယူရေနီယမ်သန့်စင်မှုကို ရပ်ဆိုင်းခိုင်းမယ့်အခြေအနေတွေအောက်မှာ ရှိနေခဲ့မယ်ဆိုရင် နျူကလီးယားဆွေးနွေးပွဲအသစ်တွေ လုပ်ဆောင်သွားမှာမဟုတ်ပါဘူး” ဟု ပြောခဲ့သည်။ အမေရိကန်နှင့် အီရန်တို့သည် အီရန်၏နျူကလီးယားအစီအစဉ်နှင့်ပတ်သက်ပြီး သဘောတူညီချက်တစ်ခုရရှိရန် အတွက် နျူကလီးယားဆိုင်ရာဆွေးနွေးပွဲများကို ဆက်တိုက်လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။ သို့သော်လည်း အမေရိကန်နှင့် အစ္စရေးတို့က အီရန်၏ နျူကလီးယားစက်ရုံနေရာများကို ဗုံးကြဲတိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ပြီး နောက် အမေရိကန်နှင့်အီရန်ကြား လုပ်ဆောင်လျက်ရှိသော နျူကလီးယားဆိုင်ရာဆွေးနွေးပွဲများမှာ ပြီးခဲ့သည့်လ တွင် ရပ်ဆိုင်းသွားခဲ့ကြောင်းသိရသည်။

Zawgyi Version:
အီရန္က ေဆြးေႏြးပြဲမ်ား လုပ္ေဆာင္လိုေနေသာ္လည္း အေမရိကန္က အလ်င္စလိုလုပ္သြားမည္မဟုတ္ဟု ေဒၚနယ္ထရမ့္ေျပာ
Pika (NP News) - ဇူလိုင္ ၁၉
အီရန္ႏိုင္ငံက အေမရိကန္ႏိုင္ငံႏွင့္ ေဆြးေႏြးညႇိႏႈိင္းမႈမ်ားလုပ္ေဆာင္လိုေနေသာ္လည္း ၎အေနျဖင့္ ေဆြးေႏြးမႈ မ်ားအတြက္ အလ်င္စလိုလုပ္ေဆာင္သြားမည္မဟုတ္ေၾကာင္း အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာ ခဲ့သည္။
ေဒၚနယ္ထရမ့္က “အီရန္က အေမရိကန္နဲ႔ေဆြးေႏြးညႇိႏႈိင္းမႈေတြကို လုပ္ေဆာင္လိုေနပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ဘက္က ေဆြးေႏြးမႈေတြအတြက္ အလ်င္စလိုလုပ္မွာမဟုတ္ပါဘူး” ဟု ေျပာခဲ့သည္။
အီရန္၏ ယူေရနီယမ္သန႔္စင္မႈမ်ားကို စြန႔္လႊတ္ခိုင္းမည့္ အေျခအေနမ်ားရွိေနခဲ့မည္ဆိုပါက အေမရိကန္ႏွင့္ န်ဴကလီးယားေဆြးေႏြးပြဲအသစ္မ်ား ရွိလာမည္မဟုတ္ေၾကာင္း အီရန္အစိုးရက ၿပီးခဲ့သည့္ရက္ပိုင္းတြင္ ထုတ္ျပန္ခဲ့ သည္။
အီရန္အစိုးရက “ေဆြးေႏြးညႇိႏႈိင္းမႈေတြဟာ ယူေရနီယမ္သန႔္စင္မႈကို ရပ္ဆိုင္းခိုင္းမယ့္အေျခအေနေတြေအာက္မွာ ရွိေနခဲ့မယ္ဆိုရင္ န်ဴကလီးယားေဆြးေႏြးပြဲအသစ္ေတြ လုပ္ေဆာင္သြားမွာမဟုတ္ပါဘူး” ဟု ေျပာခဲ့သည္။ အေမရိကန္ႏွင့္ အီရန္တို႔သည္ အီရန္၏န်ဴကလီးယားအစီအစဥ္ႏွင့္ပတ္သက္ၿပီး သေဘာတူညီခ်က္တစ္ခုရရွိရန္ အတြက္ န်ဴကလီးယားဆိုင္ရာေဆြးေႏြးပြဲမ်ားကို ဆက္တိုက္လုပ္ေဆာင္ခဲ့ၾကေၾကာင္း သိရသည္။ သို႔ေသာ္လည္း အေမရိကန္ႏွင့္ အစၥေရးတို႔က အီရန္၏ န်ဴကလီးယားစက္႐ုံေနရာမ်ားကို ဗုံးႀကဲတိုက္ခိုက္မႈမ်ားလုပ္ေဆာင္ခဲ့ၿပီး ေနာက္ အေမရိကန္ႏွင့္အီရန္ၾကား လုပ္ေဆာင္လ်က္ရွိေသာ န်ဴကလီးယားဆိုင္ရာေဆြးေႏြးပြဲမ်ားမွာ ၿပီးခဲ့သည့္လ တြင္ ရပ္ဆိုင္းသြားခဲ့ေၾကာင္းသိရသည္။