ရခိုင်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် လူသောင်းချီရေဘေးသင့်

 576

သက်ပိုင်(NP News) - ဇူလိုင် ၂၄
ရခိုင်ပြည်နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် သောင်းနှင့်ချီသော ပြည်သူများ ရေဘေးနှင့် ကြုံတွေနေရကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ (၈) ရက်မှစတင်ကာ မိုးအဆက်မပြတ်ရွာသွန်းမှုများကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများတွင် ရေကြီးမှုများနှင့် စတင်ကြုံတွေ့ခဲ့ရခြင်း ဖြစ်ပြီး လက်ရှိအချိန်အထိ မိုးသည်းထန်စွာ ရွာသွန်းနေသေးသည့်အတွက် မြောက်ပိုင်းဒေသများဖြစ်သည့် တောင်ကုတ်နှင့် သံတွဲမြို့နယ်များတွင်ပါ ရေကြီးမှုများနှင့် ကြုံတွေ့လာရနေရပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
“ပြီးခဲ့တဲ့ ဇူလိုင်လ ဒုတိယပတ်လောက်ကစပြီးတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ် (၇) ခု လောက်မှာ ရေတွေကြီးနေတာ။ အခုဆိုရင် တောင်ပိုင်းဖြစ်တဲ့ တောင်ကုတ်နဲ့ သံတွဲဘက်တွေမှာလည်း ရေတွေတက်နေပြီ။ရေဘေးသင့်တဲ့သူတွေကတော့ သောင်းနဲ့ချီနေပြီ။ တိုက်ပွဲတွေဖြစ်ထားတော့ လူတွေဒုက္ခရောက်နေပါတယ်ဆိုမှ အခုရေဘေးထပ်ဖြစ်တော့ တော်တော် ဒုက္ခ ရောက်တာပေါ့ ” ဟု ကျောက်တော် ဒေသခံတစ်ဦးက ဆိုသည်။
ရခိုင်ပြည်နယ်မြို့နယ်အများစုတွင် ရေဘေးသင့်နေပြီး လူဦးရေ ၁၂၀၀၀ခန့်မှာ ယင်းသဘာဝဘေးဒဏ် ခံစားနေရသည့်အတွက် ပြည်တွင်းပြည်ပနှင့် နိုင်ငံတကအဖွဲ့အစည်းများအား အကူညီတောင်းခံသည့် စာတစ်စောင်ကိုလည်း AA အဖွဲ့က ဇူလိုင်လ ၂၂ ရက်က ထုတ်ပြန်ထားသည်။
အဆိုပါထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်တွင် ဒုက္ခသည်စခန်းများအပါအဝင် ကျေးရွာ (၉၀) မှ အိမ်ထောင်စု (၃,၄၆၁) စု၊ လူဦးရေ (၁၂,၂၄၉) ဦးရေဘေးသင့်လျက်ရှိကြောင်းနှင့် အရေးပေါ်အကူညီများလိုအပ်လျက်ရှိကြောင်း သိရသည်။
လက်ရှိ ရေဘေးနှင့်ကြုံတွေ့နေရသော နေရာအများစုမှာ AA အဖွဲ့ ထိန်းချုပ်ထားသော နေရာများဖြစ်ပြီး AA ကြောင့် ရခိုင် ပြည်သူများ ရေဘေးကြုံနေရချိန်တွင် ကူညီရရှိမှုနည်းပါးနေရသည်ဟုလည်း ဝေဖန်မှုများ ရှိနေသည်။

Zawgyi Version:
ရခိုင္တြင္ မိုးအဆက္မျပတ္႐ြာသြန္းမႈေၾကာင့္ လူေသာင္းခ်ီေရေဘးသင့္
သက္ပိုင္(NP News) - ဇူလိုင္ ၂၄
ရခိုင္ျပည္နယ္တြင္ မိုးအဆက္မျပတ္႐ြာသြန္းမႈေၾကာင့္ ေသာင္းႏွင့္ခ်ီေသာ ျပည္သူမ်ား ေရေဘးႏွင့္ ႀကဳံေတြေနရေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
ၿပီးခဲ့သည့္ ဇူလိုင္လ (၈) ရက္မွစတင္ကာ မိုးအဆက္မျပတ္႐ြာသြန္းမႈမ်ားေၾကာင့္ ရခိုင္ျပည္နယ္ ေျမာက္ပိုင္းေဒသမ်ားတြင္ ေရႀကီးမႈမ်ားႏွင့္ စတင္ႀကဳံေတြ႕ခဲ့ရျခင္း ျဖစ္ၿပီး လက္ရွိအခ်ိန္အထိ မိုးသည္းထန္စြာ ႐ြာသြန္းေနေသးသည့္အတြက္ ေျမာက္ပိုင္းေဒသမ်ားျဖစ္သည့္ ေတာင္ကုတ္ႏွင့္ သံတြဲၿမိဳ႕နယ္မ်ားတြင္ပါ ေရႀကီးမႈမ်ားႏွင့္ ႀကဳံေတြ႕လာရေနရၿပီျဖစ္ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
“ၿပီးခဲ့တဲ့ ဇူလိုင္လ ဒုတိယပတ္ေလာက္ကစၿပီးေတာ့ ရခိုင္ျပည္နယ္ေျမာက္ပိုင္းက ၿမိဳ႕နယ္ (၇) ခု ေလာက္မွာ ေရေတြႀကီးေနတာ။ အခုဆိုရင္ ေတာင္ပိုင္းျဖစ္တဲ့ ေတာင္ကုတ္နဲ႔ သံတြဲဘက္ေတြမွာလည္း ေရေတြတက္ေနၿပီ။ေရေဘးသင့္တဲ့သူေတြကေတာ့ ေသာင္းနဲ႔ခ်ီေနၿပီ။ တိုက္ပြဲေတြျဖစ္ထားေတာ့ လူေတြဒုကၡေရာက္ေနပါတယ္ဆိုမွ အခုေရေဘးထပ္ျဖစ္ေတာ့ ေတာ္ေတာ္ ဒုကၡ ေရာက္တာေပါ့ ” ဟု ေက်ာက္ေတာ္ ေဒသခံတစ္ဦးက ဆိုသည္။
ရခိုင္ျပည္နယ္ၿမိဳ႕နယ္အမ်ားစုတြင္ ေရေဘးသင့္ေနၿပီး လူဦးေရ ၁၂၀၀၀ခန႔္မွာ ယင္းသဘာဝေဘးဒဏ္ ခံစားေနရသည့္အတြက္ ျပည္တြင္းျပည္ပႏွင့္ ႏိုင္ငံတကအဖြဲ႕အစည္းမ်ားအား အကူညီေတာင္းခံသည့္ စာတစ္ေစာင္ကိုလည္း AA အဖြဲ႕က ဇူလိုင္လ ၂၂ ရက္က ထုတ္ျပန္ထားသည္။
အဆိုပါထုတ္ျပန္ခ်က္အရ ရခိုင္ျပည္နယ္တြင္ ဒုကၡသည္စခန္းမ်ားအပါအဝင္ ေက်း႐ြာ (၉၀) မွ အိမ္ေထာင္စု (၃,၄၆၁) စု၊ လူဦးေရ (၁၂,၂၄၉) ဦးေရေဘးသင့္လ်က္ရွိေၾကာင္းႏွင့္ အေရးေပၚအကူညီမ်ားလိုအပ္လ်က္ရွိေၾကာင္း သိရသည္။
လက္ရွိ ေရေဘးႏွင့္ႀကဳံေတြ႕ေနရေသာ ေနရာအမ်ားစုမွာ AA အဖြဲ႕ ထိန္းခ်ဳပ္ထားေသာ ေနရာမ်ားျဖစ္ၿပီး AA ေၾကာင့္ ရခိုင္ ျပည္သူမ်ား ေရေဘးႀကဳံေနရခ်ိန္တြင္ ကူညီရရွိမႈနည္းပါးေနရသည္ဟုလည္း ေဝဖန္မႈမ်ား ရွိေနသည္။

Related news

© 2021. All rights reserved.