(၂)ရက်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်(၃)ခုရှိ (၁၄)မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်

442

သန့်ဇင်(NP News)-ဇူလိုင် ၂၄
ရန်ကုန်တိုင်းဒေကြီးအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်(၃)ခုရှိ (၁၄)မြို့နယ်တို့တွင် ဇူလိုင်လ ၂၃ရက်နှင့် ၂၄ရက်တို့တွင် မိုးသည်း ထန်စွာရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားသည့် အချက် အလက်များအရ သိရသည်။
လက်ရှိတောင်တရုတ်ပင်လယ်တွင် အားကောင်းနေသော အပူပိုင်းမုန်တိုင်း "ဝီဖာ" ၏အရှိန်ကြောင့် ဇူလိုင် ၂၁ရက်မှ ဇူလိုင် (၂၆)ရက် အတွင်း မြန်မာနိုင်ငံလုံးတွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက် မိုးကြီးခြင်းနှင့် မိုးသက်လေပြင်းတိုက်ခတ်ခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ခဲ့ဖူးသည်။
အဆိုပါ အပူပိုင်းမုန်တိုင်း "ဝီဖာ" ၏အရှိန်ကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဗိုလ်တထောင်မြို့နယ်၊ သန်လျှင်မြို့နယ် ၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ သာကေတမြို့နယ်၊ ရန်ကင်းမြို့နယ်၊ မင်္ဂလာဒုံမြို့နယ် ၊ ဒလမြို့နယ်၊ ဒေါပုံမြို့နယ် ၊ မှော်ဘီမြို့နယ်၊ လှိုင်သာယာမြို့နယ် တို့တွင် (၂)ရက် အတွင်း မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခက်ခြင်းများကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် မွန်ပြည်နယ် ပေါင်မြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်တို့တွင်လည်း မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခက်ခြင်းများကြောင့် နေအိမ်နှင့် သစ်ပင်တချို့ လဲပြိုခြင်းများရှိခဲ့ကြောင်း သိရသည်။
အလားတူ ဧရာဝတီတိုင်းဒေသကြီး ကျိုက်လက်မြို့နယ်နှင့် ဖျာပုံမြို့နယ်တို့တွင်လည်း “ဝီဖာ”မုန်တိုင်းအရှိန်ကြောင့် လေပြင်းတိုက်ခြင်း များနှင့် မိုးသည်းထန်စွာရွာသွန်းခြင်းများ ဖြစ်ပေါ်ခဲ့ကာ သစ်ပင်များလဲပြိုခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။

Zawgyi Version:
(၂)ရက္အတြင္း တိုင္းေဒသႀကီးႏွင့္ ျပည္နယ္(၃)ခုရွိ (၁၄)ၿမိဳ႕နယ္တြင္ မိုးသည္းထန္စြာ႐ြာသြန္းျခင္းႏွင့္ ေလျပင္းတိုက္ခတ္ျခင္းမ်ားျဖစ္ေပၚ
သန႔္ဇင္(NP News)-ဇူလိုင္ ၂၄
ရန္ကုန္တိုင္းေဒႀကီးအပါအဝင္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္(၃)ခုရွိ (၁၄)ၿမိဳ႕နယ္တို႔တြင္ ဇူလိုင္လ ၂၃ရက္ႏွင့္ ၂၄ရက္တို႔တြင္ မိုးသည္း ထန္စြာ႐ြာသြန္းျခင္းႏွင့္ ေလျပင္းတိုက္ခတ္ျခင္းမ်ားျဖစ္ေပၚခဲ့ေၾကာင္း ျမန္မာႏိုင္ငံမီးသတ္ဦးစီးဌာနက ထုတ္ျပန္ထားသည့္ အခ်က္ အလက္မ်ားအရ သိရသည္။
လက္ရွိေတာင္တ႐ုတ္ပင္လယ္တြင္ အားေကာင္းေနေသာ အပူပိုင္းမုန္တိုင္း "ဝီဖာ" ၏အရွိန္ေၾကာင့္ ဇူလိုင္ ၂၁ရက္မွ ဇူလိုင္ (၂၆)ရက္ အတြင္း ျမန္မာႏိုင္ငံလုံးတြင္ ေနရာအႏွံ႔အျပား မိုးထစ္ခ်ဳန္း႐ြာၿပီး ေဒသအလိုက္ မိုးႀကီးျခင္းႏွင့္ မိုးသက္ေလျပင္းတိုက္ခတ္ျခင္းတို႔ ျဖစ္ေပၚႏိုင္ေၾကာင္း မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက ထုတ္ျပန္ခဲ့ဖူးသည္။
အဆိုပါ အပူပိုင္းမုန္တိုင္း "ဝီဖာ" ၏အရွိန္ေၾကာင့္ ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ ဗိုလ္တေထာင္ၿမိဳ႕နယ္၊ သန္လွ်င္ၿမိဳ႕နယ္ ၊ ဒဂုံၿမိဳ႕သစ္ (ဆိပ္ကမ္း)ၿမိဳ႕နယ္၊ သာေကတၿမိဳ႕နယ္၊ ရန္ကင္းၿမိဳ႕နယ္၊ မဂၤလာဒုံၿမိဳ႕နယ္ ၊ ဒလၿမိဳ႕နယ္၊ ေဒါပုံၿမိဳ႕နယ္ ၊ ေမွာ္ဘီၿမိဳ႕နယ္၊ လႈိင္သာယာၿမိဳ႕နယ္ တို႔တြင္ (၂)ရက္ အတြင္း မိုးသည္းထန္စြာ႐ြာသြန္းျခင္းႏွင့္ ေလျပင္းတိုက္ခက္ျခင္းမ်ားေၾကာင့္ ထိခိုက္ပ်က္စီးမႈမ်ား ျဖစ္ေပၚခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ မြန္ျပည္နယ္ ေပါင္ၿမိဳ႕နယ္ႏွင့္ သံျဖဴဇရပ္ၿမိဳ႕နယ္တို႔တြင္လည္း မိုးသည္းထန္စြာ႐ြာသြန္းျခင္းႏွင့္ ေလျပင္းတိုက္ခက္ျခင္းမ်ားေၾကာင့္ ေနအိမ္ႏွင့္ သစ္ပင္တခ်ိဳ႕ လဲၿပိဳျခင္းမ်ားရွိခဲ့ေၾကာင္း သိရသည္။
အလားတူ ဧရာဝတီတိုင္းေဒသႀကီး က်ိဳက္လက္ၿမိဳ႕နယ္ႏွင့္ ဖ်ာပုံၿမိဳ႕နယ္တို႔တြင္လည္း “ဝီဖာ”မုန္တိုင္းအရွိန္ေၾကာင့္ ေလျပင္းတိုက္ျခင္း မ်ားႏွင့္ မိုးသည္းထန္စြာ႐ြာသြန္းျခင္းမ်ား ျဖစ္ေပၚခဲ့ကာ သစ္ပင္မ်ားလဲၿပိဳခဲ့ရေၾကာင္း ျမန္မာႏိုင္ငံမီးသတ္ဦးစီးဌာနက ထုတ္ျပန္ထားသည့္ အခ်က္အလက္မ်ားအရ သိရသည္။