နှစ်ချီဖြစ်နိုင်သောနောက်ဆက်တွဲငလျင်တွင် အင်အားအနည်းငယ်ပြင်းထန်သော ငလျင်ငယ်များ ပါလာ နိုင်သောကြောင့်ဂရုပြုရန်လို

667

သက်ပိုင်(NP News)-ဇူလိုင် ၂၄
မန္တလေးငလျင်လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲငလျင်ငယ်များမှာ နှစ်နှင့်ချီကာ လှုပ်ခတ် နေနိုင်သည့်အပြင် အင်အားအနည်းငယ်ပြင်းထန်သော ငလျင်ငယ်များ ပါလာ နိုင်သောကြောင့် ငလျင်ဒဏ်သင့်အဆောက်ဦးများ၏ ကြံ့ခိုင်မှုများကို ဂရုစိုက်ရန်လိုအပ်ကြောင်း Psc Myanmar Off-Road အဖွဲ့မှ မိုးလေဝသနှင့် သဘာဝဘေးအန္တရာယ် စောင့်ကြည့် လေ့လာသူ ဦးဝင်းနိုင်က The Statesman ဂျာနယ်သို့ပြောသည်။
Psc Myanmar Off-Road အနေဖြင့် ငလျင်လှုပ်ခတ်မှုများနှင့်ပတ်သက်၍ တိကျသော တိုင်းတာမှုများ ပြုလုပ်နိုင်ရန်နှင့် ပိုမိုတိကျသော အချက်အလက်များ ရရှိနိုင်ရေးအတွက် ငလျင်လှုပ်ခတ်ခဲ့သော မြို့အချို့တွင် ငလျင်တိုင်းတာစက်များ တပ်ဆင်ခြင်းများကို လုပ်ဆောင်နေကြောင်း ၎င်းကပြောသည်။
“ပညာရှင်တွေရဲ့ သုံးသပ်ချက်ရော၊ ကျွန်တော်တို့ရဲ့ အတွေ့အကြုံဗဟုသုတတွေအရရော ငလျင်က နောက်ထပ်တစ်နှစ်က လှုပ်အုန်းမှာ။ နောက်ဆက်တွဲတွေကတော့ ရှိနေမှာပဲ ။ အဲ့ဒီမှာအင်အား ရစ်ချ်တာစကေး (၅) ကျော်တာတွေလည်း လှုပ်တာတွေရှိနေအုန်းမယ်။ အဲဒီအောက်တွေလဲ ဖြစ်နိုင်တယ်။ ပြင်းအား အမျိုးမျိုးကတော့ ရှိနေနိုင်တယ်။ ဒီတော့ ငလျင်ဒဏ်ထိထားတဲ့ နေရာတွေ အနေနဲ့ သတိထားဖို့ လိုအပ်တာပေါ့နော်။ ငလျင်ဒဏ်ထိပြီးတော့ အောက်ကမြေသား အက်ကွဲတဲ့ နေရာတွေ၊ ပျော့သွားတဲ့နေရာတွေဆိုရင် နောက်ဆက်တွဲ ငလျင်ကြောင့် အချိန်မရွေး ပြိုကျနိုင်တဲ့အတွက် မပေါ့ဆဖို့လိုအပ်ပါတယ် ”ဟု ဦးဝင်းနိုင်က ဆိုသည်။
မန္တလေးငလျင်ကြီး လှုပ်ခတ်ပြီးနောက် (၄) လတာ ကာလအတွင်းတွင် နောက်ဆက်တွဲငလျင်ငယ် အကြိမ် (၅၀၀) နီးပါးအထိ လှုပ်ခတ်ခဲ့ပြီး ယင်းအထဲတွင် အင်အား (၅) အထက်ပြင်းအားရှိ ငလျင်များလည်း လှုပ်ခတ်ခဲ့ကြောင်း အချက်အလက်များအရ သိရသည်။
ထိုသို့ လှုပ်ခတ်ခဲ့သည့် နောက်ဆက်တွဲငလျင်များကြောင့် ငလျင်ဒဏ်သင့်ဒေသများမှ ငလျင်ဒဏ်သင့် အဆောက်အဦးအချို့မှာ ပြိုကျမှုများနှင့် ယိုင်နဲ့မှုများရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
လက်ရှိတွင် Psc Myanmar Off-rod အဖွဲ့အနေဖြင့် ငလျင်နှင့်ပတ်သက်၍ လေ့လာစောင့်ကြည့်မှုများ ပြုလုပ်ရန်အတွက် ရန်ကုန်အပါအဝင် မြို့ (၇) မြို့တွင် ငလျင်တိုင်းတာစက်များ တပ်ဆင်သွားရန် ဆောင်ရွက်လျက်ရှိပြီး လက်ရှိတွင် မြို့ (၆) မြို့တွင် ငလျင်တိုင်းတာစက်များ တပ်ဆင်ပြီးဖြစ်ကြောင်း ဦးဝင်းနိုင်ကပြောသည်။

Zawgyi Version:
ႏွစ္ခ်ီျဖစ္ႏိုင္ေသာေနာက္ဆက္တြဲငလ်င္တြင္ အင္အားအနည္းငယ္ျပင္းထန္ေသာ ငလ်င္ငယ္မ်ား ပါလာ ႏိုင္ေသာေၾကာင့္ဂ႐ုျပဳရန္လို
သက္ပိုင္(NP News)-ဇူလိုင္ ၂၄
မႏၲေလးငလ်င္လႈပ္ခတ္ၿပီးေနာက္ ေနာက္ဆက္တြဲငလ်င္ငယ္မ်ားမွာ ႏွစ္ႏွင့္ခ်ီကာ လႈပ္ခတ္ ေနႏိုင္သည့္အျပင္ အင္အားအနည္းငယ္ျပင္းထန္ေသာ ငလ်င္ငယ္မ်ား ပါလာ ႏိုင္ေသာေၾကာင့္ ငလ်င္ဒဏ္သင့္အေဆာက္ဦးမ်ား၏ ႀကံ့ခိုင္မႈမ်ားကို ဂ႐ုစိုက္ရန္လိုအပ္ေၾကာင္း Psc Myanmar Off-rod အဖြဲ႕မွ မိုးေလဝသႏွင့္ သဘာဝေဘးအႏၲရာယ္ ေစာင့္ၾကည့္ ေလ့လာသူ ဦးဝင္းႏိုင္က The Statesman ဂ်ာနယ္သို႔ေျပာသည္။
Psc Myanmar Off-rod အေနျဖင့္ ငလ်င္လႈပ္ခတ္မႈမ်ားႏွင့္ပတ္သက္၍ တိက်ေသာ တိုင္းတာမႈမ်ား ျပဳလုပ္ႏိုင္ရန္ႏွင့္ ပိုမိုတိက်ေသာ အခ်က္အလက္မ်ား ရရွိႏိုင္ေရးအတြက္ ငလ်င္လႈပ္ခတ္ခဲ့ေသာ ၿမိဳ႕အခ်ိဳ႕တြင္ ငလ်င္တိုင္းတာစက္မ်ား တပ္ဆင္ျခင္းမ်ားကို လုပ္ေဆာင္ေနေၾကာင္း ၎ကေျပာသည္။
“ပညာရွင္ေတြရဲ႕ သုံးသပ္ခ်က္ေရာ၊ ကြၽန္ေတာ္တို႔ရဲ႕ အေတြ႕အႀကဳံဗဟုသုတေတြအရေရာ ငလ်င္က ေနာက္ထပ္တစ္ႏွစ္က လႈပ္အုန္းမွာ။ ေနာက္ဆက္တြဲေတြကေတာ့ ရွိေနမွာပဲ ။ အဲ့ဒီမွာအင္အား ရစ္ခ်္တာစေကး (၅) ေက်ာ္တာေတြလည္း လႈပ္တာေတြရွိေနအုန္းမယ္။ အဲဒီေအာက္ေတြလဲ ျဖစ္ႏိုင္တယ္။ ျပင္းအား အမ်ိဳးမ်ိဳးကေတာ့ ရွိေနႏိုင္တယ္။ ဒီေတာ့ ငလ်င္ဒဏ္ထိထားတဲ့ ေနရာေတြ အေနနဲ႔ သတိထားဖို႔ လိုအပ္တာေပါ့ေနာ္။ ငလ်င္ဒဏ္ထိၿပီးေတာ့ ေအာက္ကေျမသား အက္ကြဲတဲ့ ေနရာေတြ၊ ေပ်ာ့သြားတဲ့ေနရာေတြဆိုရင္ ေနာက္ဆက္တြဲ ငလ်င္ေၾကာင့္ အခ်ိန္မေ႐ြး ၿပိဳက်ႏိုင္တဲ့အတြက္ မေပါ့ဆဖို႔လိုအပ္ပါတယ္ ”ဟု ဦးဝင္းႏိုင္က ဆိုသည္။
မႏၲေလးငလ်င္ႀကီး လႈပ္ခတ္ၿပီးေနာက္ (၄) လတာ ကာလအတြင္းတြင္ ေနာက္ဆက္တြဲငလ်င္ငယ္ အႀကိမ္ (၅၀၀) နီးပါးအထိ လႈပ္ခတ္ခဲ့ၿပီး ယင္းအထဲတြင္ အင္အား (၅) အထက္ျပင္းအားရွိ ငလ်င္မ်ားလည္း လႈပ္ခတ္ခဲ့ေၾကာင္း အခ်က္အလက္မ်ားအရ သိရသည္။
ထိုသို႔ လႈပ္ခတ္ခဲ့သည့္ ေနာက္ဆက္တြဲငလ်င္မ်ားေၾကာင့္ ငလ်င္ဒဏ္သင့္ေဒသမ်ားမွ ငလ်င္ဒဏ္သင့္ အေဆာက္အဦးအခ်ိဳ႕မွာ ၿပိဳက်မႈမ်ားႏွင့္ ယိုင္နဲ႔မႈမ်ားရွိခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
လက္ရွိတြင္ Psc Myanmar Off-rod အဖြဲ႕အေနျဖင့္ ငလ်င္ႏွင့္ပတ္သက္၍ ေလ့လာေစာင့္ၾကည့္မႈမ်ား ျပဳလုပ္ရန္အတြက္ ရန္ကုန္အပါအဝင္ ၿမိဳ႕ (၇) ၿမိဳ႕တြင္ ငလ်င္တိုင္းတာစက္မ်ား တပ္ဆင္သြားရန္ ေဆာင္႐ြက္လ်က္ရွိၿပီး လက္ရွိတြင္ ၿမိဳ႕ (၆) ၿမိဳ႕တြင္ ငလ်င္တိုင္းတာစက္မ်ား တပ္ဆင္ၿပီးျဖစ္ေၾကာင္း ဦးဝင္းႏိုင္ကေျပာသည္။