၂၀၂၅ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက် (၄၈) ရာခိုင်နှုန်းကျော်ရှိ

1123

သန့်ဇင် ( NP News ) - ဇူလိုင် ၂၇
၂၀၂၅ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက် ၄၈ ဒသမ ဝ၆ ရာခိုင်နှုန်းကျော်ရရှိခဲ့ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါအောင်စာရင်းကို ယနေ့(ဇူလိုင်လ ၂၇ ရက်) နံနက်ပိုင်းက ထုတ်ပြန်ကြေညာလိုက်ခြင်းဖြစ်သည်။
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုသူ စုစုပေါင်း (၂၀၇၈၉၈) ဦး ရှိခဲ့ပြီး အောင်မြင်သူ (၉၉၉၂၄) ဦးရှိခဲ့ကာ အောင်ချက် ၄၈ ဒသမ ဝ၆ ရာခိုင်နှုန်းရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းစာမေးပွဲကို ကချင်ပြည်နယ်တွင် (၈၅၈၄) ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ (၄၁၀၀) ဦးအောင်မြင်ခဲ့ပြီး ၄၇ ဒသမ ၇၆ ရာခိုင်နှုန်း၊ ကယားပြည်နယ်တွင် (၁၃၂ )ဦးဖြေဆိုရာ (၆၈) ဦးအောင်မြင်၍ ၅၁ ဒသမ ၅၂ ရာခိုင်နှုန်း၊ ကရင်ပြည်နယ်တွင် ( ၃၃၄၈ ) ဦးဖြေဆိုရာ (၁၅၀၀ ) ဦး အောင်မြင်၍ ၄၄ ဒသမ ၈ ရာခိုင်နှုန်းနှင့် ချင်းပြည်နယ်တွင် ( ၄၀၈ ) ဦးဖြေဆိုရာ ( ၁၁၀) ဦး အောင်မြင်၍ ၂၆ ဒသမ ၉၆ ရာခိုင်နှုန်းတို့ ရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီးတွင်( ၉၇၀၅) ဦး ဝင်ရောက်ဖြေဆိုရာ (၄၂၄၁) ဦး အောင်မြင်၍ ၄၃ ဒသမ ၇ ရာခိုင်နှုန်း၊ တနင်္သာရီတိုင်းဒေသကြီးတွင် ( ၄၅၄၁) ဦး ဖြေဆိုရာ (၂၂၉၇) ဦး အောင်မြင်၍ ၅၀ ဒသမ ၅၈ ရာခိုင်နှုန်း၊ နေပြည်တော်တွင် (၁၂၄၀၇) ဦး ဖြေဆိုရာ (၅၇၄၁) အောင်မြင်၍ ၄၆ သမ ၂၇ ရာခိုင်နှုန်း၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း) တွင် (၁၂၃၉၆ ) ဦးဖြေဆိုရာ (၅၇၄၄) ဦး အောင်မြင်၍ ၄၆ ဒသမ ၃၄ ရာခိုင်နှုန်း၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) တွင် (၉၆၈၅) ဦး ဖြေဆိုရာ (၃၀၂၇) ဦးအောင်မြင်၍ ၃၁ ဒသမ ၂၅ ရာခိုင်နှုန်း၊ မကွေးတိုင်းဒေသကြီးတွင် (၁၇၈၇၇) ဦး ဖြေဆိုရာ( ၉၂၀၇) ဦးအောင်မြင်၍ ၅၁ ဒသမ ၅ ရာခိုင်နှုန်း၊ မန္တလေးတိုင်းဒေသကြီးတွင် (၃၃၇၉၁) ဦးဖြေဆိုရာ (၁၆၇၆၆) ဦးအောင်မြင်၍ ၄၉ ဒသမ ၆၂ ရာခိုင်နှုန်း၊ မွန်ပြည်နယ်တွင်( ၈၉၇၂) ဦးဖြေဆိုရာ ၅၁၂၈ ဦးအောင်မြင်၍ ၅၇ ဒသမ ၁၆ ရာခိုင်နှုန်း၊ ရခိုင်ပြည်နယ်တွင် (၁၅၆၄) ဦးဖြေဆိုရာ ၅၅၀ ဦးအောင်မြင်၍ ၃၅ ဒသမ ၁၇ရာခိုင်နှုန်းတို့ဖြင့် အောင်မြင်ခဲ့ကြောင်း သိရသည်။
အလားတူ ရန်ကုန်တိုင်းဒေသကြီးတွင် (၃၇၄၆၇)ဦး ဖြေဆိုရာ ၁၉၃၆၆ ဦးအောင်မြင်၍ ၅၁ ဒသမ ၆၉ ရာခိုင်နှုန်း ရှမ်းပြည်နယ်(တောင်ပိုင်း) တွင် (၁၂၄၀၇) ဦး ဖြေဆိုရာ ၆၀၃၅ ဦးအောင်မြင်၍ ၄၈ ဒသမ ၆၄ ရာခိုင်နှုန်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) တွင် (၆၅၈) ဦးဖြေဆိုရာ (၂၇၉) ဦးအောင်မြင်၍ ၄၂ ဒသမ ၄ ရာခိုင်နှုန်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် (၁၆၉၅) ဦးဖြေဆိုရာ ၆၃၉ ဦးအောင်မြင်၍ ၃၇ ဒသမ ၇ ရာခိုင်နှုန်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် (၃၂၂၄၁) ဦး ဖြေဆိုရာ (၁၅၁၀၇) ဦးအောင်မြင်၍ ၄၆ ဒသမ ၈၆ ရာခိုင်နှုန်းနှင့် နိုင်ငံခြားမှ ဖြေဆိုသူ ၂၀ ဦးရှိခဲ့ရာ ၁၉ ဦးဖြင့် ၉၅ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း သိရသည်။
၂ဝ၂၃ ခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုသူ စုစုပေါင်း(၁၆၁၈၅ဝ) ဦး ရှိခဲ့ပြီး အောင်မြင်သူ (၁ဝ၉၈၅၁)ဦး ရှိခဲ့ခြင်းကြောင့် အောင်ချက်ရာခိုင်နှုန်းမှာ (၆၇.၈၇ ရာခိုင်နှုန်း) ဖြစ်ကြောင်း သိရသည်။
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲသို့ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက်ဖြေဆိုသူ (၁၂၈,၈၂၀) ဦးရှိခဲ့ပြီး အောင်မြင်သူ (၇၄,၅၉၂) ဦးရှိကာ အောင်ချက် ၅၇ ဒသမ ၉ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။
ယခုနှစ်တွင် အောင်ချက် ၄၈ ဒသမ ၁ ရာခိုင်နှုန်း ရရှိခဲ့ကာ ယခင်နှစ်များထက် အောင်ချက် သိသိသာသာလျှော့နည်းသွားခဲ့ကြောင်း သိရသည်။

Zawgyi Version: