စစ်မှန်သောစစ်ပွဲအတွက် အဆင်သင့်ပြင်ထားရန် စစ်တပ်ကို မြောက်ကိုရီးယားခေါင်းဆောင် တိုက်တွန်း

 366

Pika (NP News) - ဇူလိုင် ၂၇
စစ်မှန်သောစစ်ပွဲအတွက် အဆင်သင့်ပြင်ထားရန် မြောက်ကိုရီးယားစစ်တပ်ကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က တိုက်တွန်းခဲ့ကြောင်း သိရသည်။ ကင်ဂျုံအန်သည် အမြောက်တပ်ဖွဲ့များ၏ ပစ်ခတ်မှုပြိုင်ပွဲကို ကြည့်ရှု နေစဉ်အချိန်အတွင်း ယခုကဲ့သို့တိုက်တွန်းခဲ့ခြင်းဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းအေဂျင်စီ KCNA က ပြောကြားခဲ့သည်။
ရုရှားနှင့်ယူကရိန်းကြားဖြစ်ပွားနေသောစစ်ပွဲအတွင်း ရုရှားဘက်မှပါဝင်တိုက်ခိုက်ပေးရန်အတွက် တပ်ဖွဲ့ဝင်များ နှင့်စစ်လက်နက်ပစ္စည်းများကို မြောက်ကိုရီးယားအစိုးရက ကူညီပံ့ပိုးပေးခဲ့ပြီး နောက် လပေါင်းများစွာအကြာတွင် ကင်ဂျုံအန်၏ မှတ်ချက်များထွက်ပေါ်လာခြင်းဖြစ်သည်။
မြောက်ကိုရီးယားနိုင်ငံပိုင် ရုပ်မြင်သံကြားလိုင်းမှထုတ်လွှင့်သည့် ဗီဒီယိုဖိုင်တစ်ခုတွင် အမြောက်တပ်ဖွဲ့များမှ စစ်သားများက ပင်လယ်ဘက်သို့ အမြောက်ကျည်ဆန်များ ပစ်လွှတ်နေသည်ကို ပြသထားကြောင်း သိရသည်။ အဆိုပါ ဗီဒီယိုဖိုင်တွင် ကင်ဂျုံအန်သည် စောင့်ကြည့်ရေးစခန်းတစ်ခုမှ မှန်ပြောင်းဖြင့်ကြည့်ရှုနေသည်ကို တွေ့မြင်ခဲ့ ရသော်လည်း ပြိုင်ပွဲကျင်းပသည့်နေရာကို ထုတ်ပြန်ပြောဆိုထားခြင်းမျိုး မရှိကြောင်း သိရသည်။
KCNA က “စစ်မှန်တဲ့စစ်ပွဲအတွက် အချိန်မရွေး အဆင်သင့်ပြင်ထားဖို့နဲ့ တိုက်ပွဲတိုင်းမှာ ရန်သူတွေကို ဖျက်ဆီး ပစ်နိုင်မယ့် စွမ်းရည်တွေရှိကြဖို့ စစ်သားတွေကို မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်က တိုက်တွန်းခဲ့ပါ တယ်” ဟုရေးသား ဖော်ပြခဲ့သည်။ ပြီးခဲ့သည့်နှစ်တွင် မြောက်ကိုရီးယားအစိုးရသည် ရုရှားနိုင်ငံ ကာ့စ်ဒေသသို့ တပ်ဖွဲ့ဝင် (၁၀ဝဝဝ)ကျော်အပြင် အမြောက်ကျည်များ၊ ဒုံးကျည်များ နှင့် တာဝေးပစ်ရော့ကတ်လောင်ချာစနစ်များ စေလွှတ်ပေးပို့ခဲ့ကြောင်း တောင်ကိုရီးယားနှင့် အနောက်အုပ်စုထောက်လှမ်းရေးအေဂျင်စီများက ရေးသားဖော်ပြခဲ့ ကြသည်။
ထို့ပြင် ယူကရိန်းနှင့်ဖြစ်ပွားနေသော တိုက်ပွဲများအတွင်း မြောက်ကိုရီးယားစစ်သား(၆၀ဝ)ကျော် သေဆုံးခဲ့ပြီး အခြားစစ်သား(၁၀ဝဝ)ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တောင်ကိုရီးယားအစိုးရက ထုတ်ပြန်ပြောကြားခဲ့သည်။

Zawgyi Version:
စစ္မွန္ေသာစစ္ပြဲအတြက္ အဆင္သင့္ျပင္ထားရန္ စစ္တပ္ကို ေျမာက္ကိုရီးယားေခါင္းေဆာင္ တိုက္တြန္း
Pika (NP News) - ဇူလိုင္ ၂၇
စစ္မွန္ေသာစစ္ပြဲအတြက္ အဆင္သင့္ျပင္ထားရန္ ေျမာက္ကိုရီးယားစစ္တပ္ကို ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအန္က တိုက္တြန္းခဲ့ေၾကာင္း သိရသည္။ ကင္ဂ်ဳံအန္သည္ အေျမာက္တပ္ဖြဲ႕မ်ား၏ ပစ္ခတ္မႈၿပိဳင္ပြဲကို ၾကည့္ရႈ ေနစဥ္အခ်ိန္အတြင္း ယခုကဲ့သို႔တိုက္တြန္းခဲ့ျခင္းျဖစ္ေၾကာင္း ေျမာက္ကိုရီးယားႏိုင္ငံပိုင္ သတင္းေအဂ်င္စီ KCNA က ေျပာၾကားခဲ့သည္။
႐ုရွားႏွင့္ယူကရိန္းၾကားျဖစ္ပြားေနေသာစစ္ပြဲအတြင္း ႐ုရွားဘက္မွပါဝင္တိုက္ခိုက္ေပးရန္အတြက္ တပ္ဖြဲ႕ဝင္မ်ား ႏွင့္စစ္လက္နက္ပစၥည္းမ်ားကို ေျမာက္ကိုရီးယားအစိုးရက ကူညီပံ့ပိုးေပးခဲ့ၿပီး ေနာက္ လေပါင္းမ်ားစြာအၾကာတြင္ ကင္ဂ်ဳံအန္၏ မွတ္ခ်က္မ်ားထြက္ေပၚလာျခင္းျဖစ္သည္။
ေျမာက္ကိုရီးယားႏိုင္ငံပိုင္ ႐ုပ္ျမင္သံၾကားလိုင္းမွထုတ္လႊင့္သည့္ ဗီဒီယိုဖိုင္တစ္ခုတြင္ အေျမာက္တပ္ဖြဲ႕မ်ားမွ စစ္သားမ်ားက ပင္လယ္ဘက္သို႔ အေျမာက္က်ည္ဆန္မ်ား ပစ္လႊတ္ေနသည္ကို ျပသထားေၾကာင္း သိရသည္။ အဆိုပါ ဗီဒီယိုဖိုင္တြင္ ကင္ဂ်ဳံအန္သည္ ေစာင့္ၾကည့္ေရးစခန္းတစ္ခုမွ မွန္ေျပာင္းျဖင့္ၾကည့္ရႈေနသည္ကို ေတြ႕ျမင္ခဲ့ ရေသာ္လည္း ၿပိဳင္ပြဲက်င္းပသည့္ေနရာကို ထုတ္ျပန္ေျပာဆိုထားျခင္းမ်ိဳး မရွိေၾကာင္း သိရသည္။
KCNA က “စစ္မွန္တဲ့စစ္ပြဲအတြက္ အခ်ိန္မေ႐ြး အဆင္သင့္ျပင္ထားဖို႔နဲ႔ တိုက္ပြဲတိုင္းမွာ ရန္သူေတြကို ဖ်က္ဆီး ပစ္ႏိုင္မယ့္ စြမ္းရည္ေတြရွိၾကဖို႔ စစ္သားေတြကို ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအန္က တိုက္တြန္းခဲ့ပါ တယ္” ဟုေရးသား ေဖာ္ျပခဲ့သည္။ ၿပီးခဲ့သည့္ႏွစ္တြင္ ေျမာက္ကိုရီးယားအစိုးရသည္ ႐ုရွားႏိုင္ငံ ကာ့စ္ေဒသသို႔ တပ္ဖြဲ႕ဝင္ (၁၀ဝဝဝ)ေက်ာ္အျပင္ အေျမာက္က်ည္မ်ား၊ ဒုံးက်ည္မ်ား ႏွင့္ တာေဝးပစ္ေရာ့ကတ္ေလာင္ခ်ာစနစ္မ်ား ေစလႊတ္ေပးပို႔ခဲ့ေၾကာင္း ေတာင္ကိုရီးယားႏွင့္ အေနာက္အုပ္စုေထာက္လွမ္းေရးေအဂ်င္စီမ်ားက ေရးသားေဖာ္ျပခဲ့ ၾကသည္။
ထို႔ျပင္ ယူကရိန္းႏွင့္ျဖစ္ပြားေနေသာ တိုက္ပြဲမ်ားအတြင္း ေျမာက္ကိုရီးယားစစ္သား(၆၀ဝ)ေက်ာ္ ေသဆုံးခဲ့ၿပီး အျခားစစ္သား(၁၀ဝဝ)ေက်ာ္ ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ေတာင္ကိုရီးယားအစိုးရက ထုတ္ျပန္ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.